Border News Agency
သံတွဲ၊ စက်တင်ဘာ ၂၂။
သံတွဲ၊ ဂွစတဲ့မြို့သိမ်းတိုက်ပွဲတွေမှာ လက်နက်ချခဲ့တဲ့စစ်သုံ့ပန်းခုနှစ်ဆယ်ဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ခံဝန်ကတိလက်မှတ်ထိုးခိုင်းပြီး ကင်းလွှတ်ခွင့်ပေးခဲ့တယ်လို့ ဆိုကြပါတယ်။
သူတို့ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ခဲ့ကြသူတွေဖြစ်တာမို့ တဦးကို ငွေဆယ်သိန်းကျပ်စီထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ တောင်ကုတ်စတဲ့မြို့နယ်တွေကစစ်သုံ့ ပန်းတွေ၊ မိသားစုဝင်တွေကိုလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရပြန်လွှတ်ပေးခဲ့ပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာစစ်သုံ့ ပန်းတထောင့်နှစ်ရာခြောက်ဆယ်ခြောက်ဦးထိပြန်လွှတ်ပေးထားပြီဖြစ်ပါတယ်။
အာရက္ခတပ်တော်ဟာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ၊ မိသားစုတွေအပါအဝင်စစ်သုံ့ပန်းတသောင်းကျော်ထိဖမ်းဆီးထိန်းသိမ်းထားပြီးလုံခြုံရေးအခြေအနေပေါ်မူတည်ပြီးပြန်လွှတ်ပေးမယ်လို့ ဆိုထားပါတယ်။
အာရက္ခတပ်တော်ဟာ ပလက်ဝမြို့နယ်အပါအဝင်တဆယ့်ငါးမြို့နယ်အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီးအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပါတယ်။
အာရက္ခတပ်တော်တိုက်ခိုက်သိမ်းပိုက်ရမယ့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်သုံးမြို့နယ်သာကျန်နေပြီး ကျောက်ဖြူမြို့နယ်မှာနှစ်ဘက်ထိတွေ့တိုက်ပွဲတွေပြင်းထန်နေပါတယ်။