သတင်းဆောင်းပါး
သိမ်းစံ ရေးတယ်။
Border News Agency
မြောက်ဦး၊ စက်တင်ဘာ ၁၀။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်(AA)ဟာ ပလက်ဝမြို့နယ်အ ပါအဝင် တဆယ့်ငါးမြို့နယ်ကို အပြီး သတ်တိုက်ခိုက်သိမ်းပိုက်ပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပါတယ်။
အာရက္ခပြည်သူတော်လှန်ရေးအစိုးရမှာအာရက္ခတရားရေးဌာနအပါအဝင် တ ရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(DLE PS)ကိုလည်း ဖွဲ့စည်းထားပြီး တရားဥပဒေစိုးမိုးရေး၊ပြည်သူ့လုံ ခြုံရေး၊တရားစီးရင်ရေးစတဲ့ဝန်ဆောင်မှုတွေ ဆောင်ရွက်နေပါတယ်။
ဒါပေမယ့် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ခုတောက်ပိုင်း မုဒိမ်းမှုသတင်းတွေကို ခပ်စိပ်စိပ်ဆိုသလို ဖြစ်လာနေပြီး သက်ငယ်မုဒိမ်းမှုတွေလည်းပါဝင်တာကို တွေ့ရပါတယ်။
အဲဒါကြောင့် သက်ငယ်မုဒိမ်းမှုတွေအ ပါအဝင် မုဒိမ်းမှုကျူးလွန်သူကို သေဒ ဏ်ပေးဖို့ထိ တောင်းဆိုနေကြသံတွေလ ည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာနေပါတယ်။
အာရက္ခဒေသမှာ သမီးအရင်းဖြစ်သူကိုမုဒိမ်းမှုတွေကျူးလွန်တာတွေအပါအ ဝင် သက်ငယ်မုဒိမ်းမှုတွေလည်း မကြာခဏဖြစ်နေတာမို့ အမျိုးသမီးတွေအပါအဝင် ပြည်သူတွေကတော့ သေဒဏ်ထိပေးဖို့ တောင်းဆိုနေကြပါတယ်။
◼ မုဒိမ်းမှုဆိုတာဘာလဲ
လက်ရှိကျင့်သုံးနေဆဲ အင်္ဂလိပ်အစိုးရလက်ထက် ၁၈၆၁ ခုနှစ်က ပြဌာန်းခဲ့တဲ့ ရာဇသတ်ကြီးဥပဒေမှာ မုဒိမ်းမှုနဲ့ပတ်သက်လို့ ခုလိုပြဋ္ဌာန်းခဲ့ပါတယ်။
ပုဒ်မ (၃၇၅)
ပထမ – မိန်းမက အလိုမတူဘဲငြင်းဆန်တာ။ ဒုတိယ – မိန်းမကခွင့်မပြုတာ။ တတိယ – ခွင့်ပြုပေမဲ့ အဲဒီလိုခွင့်ပြုရတာဟာ အဲဒီမိန်းမကို သေစေမယ် နာကျင်စေမယ်လို့ ကြောက်ရွံ့အောင် ပြုတဲ့အတွက် ခွင့်ပြုရတာ။ စတုတ္ထ – မိန်းမကခွင့်ပြုပေမယ့် ယောကျ်ားက မိမိဟာ အဲဒီမိန်းမရဲ့ လင်မ ဟုတ်ကြောင်းကိုသိသလို အဲဒီမိန်းမကခွင့်ပြုတာဟာလည်း မိမိကိုဥပဒေနဲ့အ ညီလက်ထပ်ထားတာ ဒါမှမဟုတ် အဲဒီလို လက်ထပ်ထားတယ်လို့ ယုံကြည်တဲ့ တခြားယောက်ျားဖြစ်တယ်လို့ ယုံကြ ည်လို့သာ ခွင်ပြုကြောင်းကို အဲဒီယောကျ်ားကသိတာ။ ပဉ္စမ – မိန်းမက ခွင့်ပြုပြု၊မပြုပြု အဲဒီမိန်းမဟာ အသက် ဆယ့်လေးနှစ်အော က်အရွယ်သာရှိသေးတာ။
ဒီလိုအကြောင်းတရပ်ရပ်နဲ့ ယောကျ်ားဟာ မိန်းမကို ကာမစပ်ယှက်ရင် သူဟာ “မုဒိမ်းမှု” ကိုကျူး လွန်တာ ဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ယောကျ်ားရဲ့အင်္ဂါဇာတ်ဟာ မိန်းမရဲ့ အင်္ဂါဇာတ်မှာ သွင်းဝင်မိရင် မုဒိမ်းမှုကျူးလွန်မှုအတွက် လိုအပ်တဲ့ ကာမစပ်ယှက်မှုမြောက်ဖို့ကို လုံလောက်တယ်လို့လည်း ဥပဒေပြဋ္ဌာန်းချက်မှာ ရှင်းလင်းထားပါတယ်။
ဒါပေမယ့်ယောကျ်ားဟာ အသက်ဆယ့်သုံးနှစ်အောက်မဟုတ်တဲ့ မိမိရဲ့မယားနဲ့ ကာမစပ်ယှက်တာကတော့ မုဒိမ်းမှုမဟုတ်ပါဘူး။
ပုဒ်မ(၃၇၆)မှာတော့ အထက်က မုဒိမ်းမှုပြစ်ဒဏ်အတွက် ထောင်ဒဏ် ၁၀ နှစ်မှအမြင့်ဆုံး ထောင်ဒဏ် တသက်တကျွန်းထိ ချမှတ်နိုင်တယ်လို့ ပြဋ္ဌားန်းထားပါတယ်။
အဲဒါကြောင့် တချို့က မုဒိမ်းမှုကျူး လွန်သူတွေကိုသေဒဏ်ပေးပါလို့ ပြောနေကြပေမယ့် လက်ရှိတည်ဆဲဥပဒေအရ သေဒဏ်ပေးနိုင်မှာမဟုတ်သေးပါဘူး။
◼ မုဒိမ်းယဉ်ကျေးမှု
နိုင်ငံတကာပညာရှင်တွေရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်အရ မုဒိမ်းယဉ်ကျေးမှု (Rape Culture)ဆိုတာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ပုံမှန်ဖြစ်ရပ်တခုလို သဘောထားပြီး လျှော့ပေါ့ရှုမြင်တဲ့၊ ကျူးလွန်သူအတွက် ဆင်ခြေပေးတဲ့ လူမှုပတ်ဝန်းကျင်မျိုးကို ဆိုလိုတာပါ။
“သူမက ဘာလို့ ညဘက်ကြီး အပြင်ထွက်တာလဲ”၊ “သူဝတ်စားထားတာက မုဒိမ်းမှုကို ဖိတ်ခေါ်နေသလိုပဲ”၊ “သူမူးနေတာကိုး” စတဲ့ နစ်နာသူတွေကိုအပြစ် တင်တာကလည်း မုဒိမ်းယဉ်ကျေးမှုရဲ့ အဓိကအစိတ်အပိုင်းတခုဖြစ်ပါတယ်။
အဲဒီလိုပြစ်တင်မှုတွေဟာ နစ်နာသူကို ပိုမိုအရှက်ရစေပြီး တရားမျှတမှုဖော်ဆောင်ရေးအတွက် အဟန့်အတားဖြစ်စေပါတယ်။
အဲဒီလိုနစ်နာသူတွေကို ပြစ်တင်မှုရဲ့ အ ဓိကကျတဲ့ အခြေခံအရင်းအမြစ်ဟာ အမျိုးသားတွေဟာ အဆင့်အဆန်းမြင့်သူ၊လွှမ်းမိုးချုပ်ကိုင်သူအဖြစ်သတ်မှ တ်ပြီး အမျိုးသမီးတွေကို အဆင့်အ တန်းနိမ့်သူ၊လက်အောက်ခံဖြစ်သူဆိုတဲ့ ကျားမမညီမျှမှုနဲ့အန္တရာယ်ရှိတဲ့ စံနှုန်းတွေကနေမြစ်ဖျားခံလာတာလို့ ပြောရမှာပါ။
အဲဒါကြောင့် မုဒိမ်းမှုကိုတိုက်ဖျက်ရာမှာ ပြစ်မှုကျူးလွန်သူတွေကို အပြစ် ပေးရုံသာမကဘဲ ပြစ်မှုကျူးလွန်သူတွေကို အကာအကွယ်ပေးနေတဲ့ မုဒိမ်းယဉ်ကျေးမှုပါ တိုက်ဖျက်ဖို့လိုအပ်ပါတယ်။
အာရက္ခလူ့ဘောင်မှာလည်း အမျိုးသမီးတွေကို နိမ့်ကျခွဲခြားဆက်ဆံကြတာတွေအပါအဝင် အမျိုးသမီးတွေရဲ့ဝတ်စားဆင်ယင်တာတွေကို စွပ်စွဲပြောဆိုပြီး မုဒိမ်းမှုကျူးလွန်သူတွေဖက်က ကာကွယ်ပြောဆိုနေကြသူတွေရဲ့”မဒိမ်းယဥ်ကျေးမှူ” လည်း ရှိနေကြသေးပါတယ်။
ဒါပေမယ့် ”မဒိမ်းယဥ်ကျေးမှု” ကို ကန့်ကွက်ရှုပ်ချကြပြီး လိင်အသိပညာပေးမှုတွေပြုလုပ်ပေးဖို့လိုအပ်နေတယ်လို့အပြုသဘောဆောင်ထောက်ပြမြင်ကြသူတွေလည်း ရှိနေကြပါတယ်။
◼ မုဒိမ်းမှုအတွက် ရှေ့ဦးကာကွယ်ရေး
ပြစ်မှုတခုဆိုတာ ဖြစ်ပွားပြီးမှအရေးယူတာထက် ပြစ်မှုမဖြစ်ပွားခင်ကပင် ကြိုတင်ကာကွယ်တာက အထိရောက်ဆုံးနဲ့ရေရှည်အကျိုးရှိဆုံး နည်းလမ်းဖြစ်တယ်လို့ ပညာရှင်တွေက လက်ခံထားကြပါတယ်။
ကြိုတင်ကာကွယ်ဖို့အတွက် လူ့အဖွဲ့ အစည်းရဲ့ အခြေခံသဘောထားတွေ၊ စံနှုန်းတွေနဲ့အပြုအမူတွေကို ပစ်မှတ်ထားပြောင်းလဲရမှာလည်းဖြစ်ပါတယ်။
ကျား၊ မအခြေပြုအကြမ်းဖက်မှုတွေကို ကာကွယ်ဖို့အတွက် ဘက်စုံလွှမ်းခြုံတဲ့ လိင်ပညာပေး(CSE)အစီအစဉ်ကို အ ကောင်အထည်ဖော်တာဟာ အထိရော က်ဆုံးနဲ့ရေရှည်အကျိုးအရှိဆုံးနည်းလ မ်းဖြစ်တယ်လို့ UNESCO နဲ့ WHO ကပါ အခိုင်အမာ ထောက်ခံထားကြပါတယ်။
ဘက်စုံလွှမ်းခြုံတဲ့လိင်ပညာပေး(CSE) ဆိုတာ လိင်ဆက်ဆံခြင်းအကြောင်းသ က်သက်မဟုတ်ဘဲလူ့အခွင့်အရေး၊ ကျား၊မတန်းတူညီမျှမှု၊အပြန်အလှန်လေးစားမှု၊သဘောတူညီချက်ရဲ့ အ ရေးပါမှု၊ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့ကျန်း မာတဲ့ဆက်ဆံရေးတည်ဆောက်ပုံတွေကို အသက်အရွယ်အလိုက် သင်ကြားပေးတဲ့ သင်ရိုးညွှန်းတမ်းတခုဖြစ်ပါတ ယ်။
အဲဒီသင်ရိုးညွှန်းတမ်းမှာအသက် ၅ နှစ်မှ၈နှစ်အရွယ်ကလေးတွေကို မိမိခန္ဓာ ကိုယ်ရဲ့ လုံခြုံရေး၊ကိုယ်ပိုင်နေရာ (privacy)နဲ့အကြမ်းဖက်မှုကြုံတွေ့ရရင် ယုံကြည်ရတဲ့ လူကြီးတဦးကို ဘယ်လိုပြောပြရမယ်ဆိုတာ ပါဝင်ပါတယ်။
အဲဒီအပြင် ဆယ်ကျော်သက်အရွယ်တွေကိုလည်း သဘောတူညီချက်ရဲ့ ပိုမိုရှုပ်ထွေးတဲ့ သဘောတရားတွေ၊ကျား၊ မအခြေပြုအကြမ်းဖက်မှု(GBV)ရဲ့ ပုံစံအမျိုးမျိုး(ဥပမာ- လိင်ပိုင်းဆိုင်ရာနှော င့်ယှက်မှု၊အိမ်တွင်းအကြမ်းဖက်မှု)ကို ခွဲခြားသိရှိနိုင်ဖို့နဲ့ အန္တရာယ်ရှိတဲ့ ဆက် ဆံရေးကနေ ဘယ်လိုရုန်းထွက်ရမယ်ဆိုတာလည်း ပါဝင်ပါတယ်။
အဲဒီသင်ကြားရေးစနစ်က မုဒိမ်းယဉ်ကျေးမှုကို နောင်မျိုးဆက်သစ်တွေမှာ အမြစ်မတွယ်ခင်ကပင် ကြိုတင်တား ဆီးတဲ့ လူမှုရေးဆိုင်ရာ “ကာကွယ်ဆေး” တခုပါပဲ။
အဲဒီအပြင် ပြစ်မှုဖြစ်စေတဲ့ စိတ်နေသဘောထားတွေ မဖြစ်ပေါ်ခင်ကတည်းက ကြိုတင်ကာကွယ်တဲ့ယဉ်ကျေးမှုဆိုင်ရာပြောင်းလဲမှုတရပ်ကို ဦးတည်တာလည်းဖြစ်ပါတယ်။
အာရက္ခဒေသမှာ လိင်ပိုင်းဆိုင်ရာလို့ပြောလိုက်ရင် အပြစ်တခုလို၊စက်ဆုပ် ရွံရှာစရာတခုလို ရှုမြင်နေကြတဲ့ ရှေးရိုးစွဲဝါဒီရှိသူတွေအကြား ဒီသင်ကြားရေးအတွက် အဟန့်အတားတွေ ရှိနိုင်ပါတယ်။
ဒါပေမယ့် ရှေရည်မှာ မုဒိမ်းမှု ဒါမှမဟုတ် ကျား၊ မဆိုင်ရာ အကြမ်းဖက်မှုတွေကို လျှော့ချဖို့အတွက် အာရက္ခဒေသရဲ့ လူ့ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ သင်ရိုးညွှ န်းတမ်းတခုကို ပြုစုဖို့လိုအပ်ပါတယ်။
လက်ရှိမှာလည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်နိုင်ခြေရှိတဲ့ အခြေအနေတခုကိုမြင်တွေ့ရင် ဘေးကနေရပ်မကြ ည့်ဘဲ ဘေးကင်းလုံခြုံစွာ ကြားဝင်ကူ ညီဖို့အတွက် လူထုကိုလည်း စည်းရုံးဖို့လိုအပ်ပါတယ်။
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို တဦးနဲ့တဦးကြားကကိစ္စလို့ သဘောမထားဘဲ၊ လူတိုင်းမှာတာဝန်ရှိတဲ့ ကိစ္စတစ်ရပ်အဖြစ် အားလုံးရှုမြင်ကြဖို့လိုအပ်ပါတ ယ်။
ရဝမ်ဒါနိုင်ငံဟာ ၁၉၉၄ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှုကို အဆိုးရွားဆုံးကြုံ တွေ့ခဲ့ရတဲ့ နိုင်ငံတခုပါ။
အဲဒီဖြစ်ရပ်အတွင်း စနစ်တကျ မုဒိမ်းကျင့်မှုတွေကိုပါ ကြောက်မက်ဖွယ် ကြုံတွေ့ခဲ့ကြရတာလည်းဖြစ်ပါတယ်။
လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်ရပ်အလွန်မှာတော့ ကျား၊ မအခြေပြုအကြမ်းဖက်မှု(GBV)တိုက်ဖျက်ရေးကို နိုင်ငံတော် ပြန်လည်ထူထောင်ရေးရဲ့ အဓိကမဏ္ဍို င်တစ်အဖြစ်သတ်မှတ်ပြီး ကြိုးပမ်းခဲ့တာကြောင့် အောင်မြင်မှုလည်း ရခဲ့ပါတယ်။
◼ မုဒိမ်းမှုနဲ့တရားစီရင်ရေးစနစ်
မုဒိမ်းမှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့အတွက် လက်ရှိဥပဒေက လုံလောက်သလားဆိုတာကို ပထမဆုံး စဉ်းစားဖို့လိုပါတယ်။လိုအပ်ရင် အာရက္ခဒေသနဲ့ ကိုက်ညီတဲ့ ဥပဒေတရပ်ကိုလည်း ပြဋ္ဌာန်းဖို့လိုအပ်ပါတယ်။
အဲဒီဥပဒေကို အကောင်အထည်ဖော်တဲ့ ရဲတပ်ဖွဲ့၊တရားရုံးတွေနဲ့တခြားသက်ဆို င်ရာအဖွဲ့အစည်းတွေရဲ့ လုပ်ငန်းစဉ်တွေဟာလည်း နစ်နာသူတွေကို ဗဟိုပြုရမှာဖြစ်ပါတယ်။
ဆွီဒင်နိုင်ငံဟာ မုဒိမ်းမှုနဲ့ပတ်သက်လို့ ၂၀၁၈ ခုနှစ်မှာ ဥပဒေသစ်တရပ်ကို ပြ ဋ္ဌာန်းခဲ့ပါတယ်။
အဲဒီဥပဒေမှာ“အင်အားသုံးမှု”အစား “နစ်နာသူဘက်က သဘောတူညီချက်မရှိမှု”ဆိုတာကို ပြစ်မှုမြောက်မှုဖို့အတွက် အဓိကအချက်အဖြစ်သတ်မှတ်ခဲ့ပါတ ယ်။
အဲဒီဥပဒေမပြဋ္ဌာန်းခင် ၂၀၁၇ ခုနှစ်မှာ မုဒိမ်းမှုနဲ့တရားစွဲဆိုတဲ့အရေအတွက်ဟာ တနိုင်ငံလုံးမှာ ၂၃၆ မှုသာရှိခဲ့ပေမယ့်ဥပဒေပြဋ္ဌာန်းပြီးနောက် ၂၀၂၀ ခုနှစ်မှာ ၄၅၅ မှုထိ တိုးလာခဲ့ပါတယ်။
ပြစ်ဒဏ်ချမှတ်မှုနှုန်းဟာလည်း ဥပဒေသစ်ပြဋ္ဌားန်းပြီးနောက် ၂၀၁၉ နဲ့ ၂၀၂၀ အကြားမှာ ၇၅ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ မုဒိမ်းမှု ဒါမှမဟုတ် ကျား မ အခြေပြုလိင်ပိုင်းဆိုင်ရာအကြမ်းဖ က်မှုတွေအားလုံးကို အရင်ဥပဒေအရအရေးယူဖို့ခက်ပေမယ့်ဥပဒေသစ်က တရားမျှတမှုပိုမိုရရှိအောင် လမ်းဖွင့်ပေးလိုက်တဲ့ သာဓကတခုလည်းဖြစ်ပါတယ်။
အဲဒါကြောင့် မုဒိမ်းမှုတွေ လျှော့နည်းပပျောက်ဖို့အတွက် လက်ရှိတည်ဆဲဥပ ဒေကအပြည့်အဝလုံလောက်ရဲ့လားဆိုတာကို ပြန်လည်သုံးသပ်ရမှာဖြစ်ပါတယ်။
◼ နစ်နာမှုအတွက် ပူးပေါင်းတုံ့ပြန်မှု
မုဒိမ်းမှုကျူးလွန်ခံရသူတွေအပေါ် ချက်ချင်းလက်ငင်း လိုအပ်ချက်နဲ့ ရေရှ ည်လိုအပ်ချက် နှစ်မျိုးစလုံးကို ဖြည့်ဆ ည်းပေးနိုင်ဖို့လည်းလိုအပ်ပါတယ်။
အဲဒါဟာ ရှည်လျားပြီး ရှုပ်ထွေးတဲ့ ကဏ္ဍတခုလည်းဖြစ်ပါတယ်။
ချက်ချင်းလက်ငင်းတုံ့ပြန်နိုင်ဖို့အတွက် အရေးပေါ်အကူအညီပေးရေးစင်တာတွေကို အာရက္ခဒေသက မြို့နယ်အ သီးသီးမှာ ကြိုတင်ထူထောင်ထားဖို့ လိုအပ်ပါတယ်။
အဲဒီစင်တာအနေနဲ့ နစ်နာသူကို ချက်ချင်းလက်ငင်း စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးတာ၊သတင်းအချက်အလက်တွေပေးတာနဲ့ လိုအပ်တဲ့နေရာတွေကို ညွှန်းပို့ပေးတာ၊လိုက်ပါကူညီတာ၊ဆေး ရုံ၊ရဲစခန်းနဲ့တရားရုံးတွေကို သွားရော က်တဲ့အခါ အဖော်ပြုပြီးလိုက်ပါကူညီပေးတာတွေ လုပ်ဆောင်ဖို့လိုအပ်ပါတယ်။
ရေရှည်ပြန်လည်ထူထောင်ရေးအတွက်ကိုလည်း မူဝါဒတွေချမှတ်ပြီး စနစ်တ ကျဆောင်ရွက်ရမှာဖြစ်ပါတယ်။
မုဒိမ်းမှုဆိုတာ ရှေးခေတ်အဆက်ဆက်ကတည်းကရှိနေခဲ့သလို ခုလည်းရှိနေပါတယ်။နောင်လည်း ရှိနေဦးမှာပါပဲ။
မုဒိမ်းမှုတွေကို တိုက်ဖျက်ဖို့အတွက် လက်ရှိမှာ တည်ဆဲဥပဒေအရ အရေး ယူနေသလို ရေရှည်အတွက်လည်း စီမံချက်တွေရေးဆွဲပြီး ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
အဲဒီအပြင် လက်ရှိဥပဒေတွေက အာရက္ခဒေသနဲ့ ကိုက်ညီသလား။ သီးသန့် အထူးဥပဒေတရပ်ပြဌာန်းဖို့လိုအပ်သလား။ ရေရှည်မှာ မုဒိမ်းယဉ်ကျေးမှုကိုပါ တိုက်ဖျက်ဖို့အတွက် သင်ရိုးညွှန်းတမ်းတွေမှာ ဘယ်လိုထည့်သွင်း သင်ကြားမလဲ။ လက်ရှိမှာ မုဒိမ်းမှု ဒါမှမဟုတ် ကျားမအခြေပြုလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို တားဆီးနိုင်ဖို့ အသိ ပညာတွေကို လူထုအကြားကျယ်ကျ ယ်ပြန့်ပြန့် ရောက်ရှိအောင် ဘယ်လိုဆောင်ရွက်သင့်သလဲဆိုတာတွေကိုပါ ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ အာရက္ခအမျိုးသမီးထုတရ ပ်လုံးကို ဥပဒေအရအကာအကွယ်ပေးရမှာဖြစ်သလို မဒိမ်းမှုကျူးလွန်သူတွေကိုလည်း အထိရောက်ဆုံးအပြစ်ပေးအရေးယူနိုင်မှတိုင်းပြည်တည်ဆောက်ရေးအောင်မြင်မှာဖြစ်ပါတယ်။