Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး သတင်း

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
2
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ အောက်တိုဘာ ၁၄။

ကျွန်းနီလို့အများသိထားကြတဲ့မာဒါဂါစကာကျွန်းနိုင်ငံပေါ်မှာ လူထုအုံကြွမှုတွေဟာ ပြီးခဲ့တဲ့စက်တင်လာလလယ်ခန့်ကစတင်ဖြစ်ပွားနေပါတယ်။

ဂျင်ဇီတွေရဲ့မာဒါဂါစီရိုးရာကောက်ရိုးဦးထုတ်ဆောင်းထားတဲ့ပင်လယ်ဓားပြတံဆိပ်အရိုးခေါင်းအလံတွေဟာ မြို့ တော်အန်တာနာနာရီဗိုနဲ့ကျန်မြို့ကြီးတွေမှာဖြစ်ပွားနေပါတယ်။

သမ္မတအန်ဒရီနိရိနာရာဂျိုးလီနာဟာလ ည်း အောက်တိုလာလ ၁၃ ရက်နေ့မှာနို င်ငံကထွက်ပြေးသွားခဲ့ရပါပြီ။

ဘာကြောင့် ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတာလဲ

အစိုးရက လျှပ်စစ်နဲ့ရေကို ဖြတ်တောက်လိုက်တာကြောင့် ဖြစ်လာတာပါ။

တခါဖြတ်ရင် တရက်မှာ ၁၂ နာရီထိကြာတော့ မြို့တော်အန်တာနာနာရီဗိုနဲ့ တခြားမြို့ကြီးတွေမှာ နေထိုင်သူတွေ ဒုက္ခရောက်ပြီး ဒေါသထွက်လာပါတယ်။

အဲဒီအခါမှာ အစိုးရရဲ့စီမံကိန်းနဲ့ မူဝါဒတွေအပေါ် မေးခွန်းထုတ်လာကြပါတယ်။

အမေရိကန်ဒေါ်လာသန်းပေါင်း ၁၅၂ သန်းတန်တဲ့ကေဘယ်ကား (Cable Car)စီမံကိန်းမျိုးဟာ သမ္မတအန်ဒရီ ရာဂျိုးလီနေတဲ့နေရာနဲ့ ၁၃ ကီလိုမီတာခန့်သာဝေးပါတယ်။

အဲဒီလိုစီမံကိန်းမျိုးကို အမှန်တကယ်လိုအပ်ရဲ့လားလို့ လူထုက မေးခွန်းထုတ်လာပါတယ်။

ပြီးရင် သမ္မတအန်ဒရီ ရာဂျိုးလီရဲ့ မိသားစုလူနေမှုပုံစံနဲ့ကြွယ်ဝချမ်းသာလာမှုတွေကလည်း လူပြောစရာတွေဖြစ်နေပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၂ ခုနှစ်အစီရင်ခံစာအရ လူဦးရေ သန်း ၃၀ရှိတဲ့မာဒါဂါစ ကာမှာ လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှုကိန်းမျဉ်းရဲ့ အောက်ကို ရောက်နေပါတယ်။

အမှန်တော့ သမ္မတအန်ဒရီ ရာဂျိုးလီဟာလည်း မာဒါဂါစကာရဲ့ နိုင်ငံရေးအချိုးအကွေ့တွေမှာ လူထုရှေ့က မားမားရပ်တည်ခဲ့သူပါ။

အာဏာရလာတဲ့နောက်ပိုင်းမှာအာဏာရှင်ဆန်လာပြီး လူမလိုင်ဝန်းကျင်တွေ အားကောင်းအောင်လုပ်နေတဲ့သူလို့ ဝေဖန်မှုတွေရှိလာပါတယ်။

နိုင်ငံရေးသမားတွေဖြစ်ကြတဲ့ကလီမန်စ်ရာဟာရိနိရိနိနဲ့ဘာဘာဖန်နရီရာကိုတိုအာရီဆွာက စက်တင်လာလ ၁၈ ရက်နေ့မှာ လျှပ်စစ်နဲ့ရေဖြတ်တောက်မှု၊ အစိုးရဌာနတွေထဲက အဂတိလိုက်စားမှုစတာတွေကို ဆန့်ကျင်ဆန္ဒပြဖို ပြည်သူ လူထုကို ဆော်ဩပါတော့တယ်။

အဲဒီလိုနဲ့ဂျင်ဇီတွေရဲ့ ကောက်ရိုးဦးထုတ်ဆောင်း ပင်လယ်ဓားပြအလံ (Straw Hat Jolly Roger)တွေ မာဒါဂါစကာရဲ့လမ်းမတွေပေါ်မှာ ပေါ်ထွက်လာပါတော့တယ်။

ဒါဟာဂျင်ဇီ မာဒါဂါစကာလှုပ်ရှားမှု (GZ Madagascar Movement) ပေါ်လာရတဲ့လတ်တလောအကြောင်း ရင်းတွေပါ။

လတ်တလောအကြောင်းရင်းတွေထဲမှာ ငွေကြေးဖောင်းပွပြီး ကုန်ကျစာရိတ်ကြီးမြင့်တာ၊ပညာရေး၊ကျန်းမာရေးတွေမှာ အစိုးရဘက်က ဝန်ဆောင်မှုတွေ အပြည့်အဝမပေးနိုင်တာနဲ့နိုင်ငံတွ င်းမှာ လုပ်ပိုင်ခွင့်ရှိသူတွေက ကြီးပွားသထက်ကြီးပွားပြီး ဆင်းရဲသူတွေက ပိုဆင်းရဲလာတာဆိုတဲ့အချက်တွေပါပါတယ်။

မာဒါဂါစကာ လမ်းမပေါ်က ဆန္ဒပြပွဲများ

ဆန္ဒပြပွဲတွေ အရှိန်မြင့်လာတဲ့အခါ အ စိုးရက AK 47 မောင်းပြန်ရိုင်ဖယ်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့အဖြေပေးလာပါတယ်။

ဒါဟာ ၂၀၀၉ ခုနှစ်၊ မာဒါဂါစကာနိုင်ငံ ရေးအကြပ်အတည်းမှာ ကိုယ့်ကိုကိုယ် “ဒီမိုကရေစီရဲ့နေရာ” (Place Of Democracy)လို့ သင်္ကေတဖော်ခဲ့ပြီး လူထုရှေ့ကမားမားရပ်တည်ခဲ့တဲ့နိုင်ငံရေး သမားတယောက်ရဲ့ ပြောင်းလဲဖောက်ပြန်မှုလည်းဖြစ်ပါတယ်။

ဒါပေမယ့် ဆန္ဒပြပွဲတွေရပ်တန့်မသွားခဲပါဘူး။ စက်တင်ဘာလ ၂၉ ရက်နေ့ကိုရောက်တဲ့အခါ အခြေအနေမဟန်တော့မှန်းသဘောပေါက်လာတဲ့သမ္မတဟာဖမ်းဆီးထားတဲ့လွှတ်တော်အမတ်အန်တိုနီရာဂျာရီဆန်ကို ဝန်ကြီးချုပ်ခန့်ပြီး အစိုးရအဖွဲ့ကို ပြန်ဖွဲ့စည်းမယ်လို့ ထွက်ပေါက်ရှာခဲ့ပါသေးတယ်။

အဲဒီကြားထဲ ကုလသမဂ္ဂရဲ့လူ့အခွင့်အရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌဗော်လ်ကာ တာခ့်က မာဒါဂါစကာဆန္ဒပြပွဲတွေမှာ လူ ၂၂ ဦးသေဆုံးခဲ့ရပြီးလူ ၁၀၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလိုသေဆုံးဒဏ်ရာရမှုဟာ အစိုးရလုံခြုံရေးတပ်ဖွဲတွေနဲ့ ဆန္ဒပြသူတွေထဲ အကြမ်းဖက်နေတဲ့အုပ်စုတွေကြောင့် ဖြစ်တယ်လို့ ပြောလာပါတယ်။

မာဒါဂါစကာအစိုးရဟာ ဗော်လ်ကာ တာခ့်ပြောတာကို ပါယ်ချပါတယ်။

သမ္မတအန်ဒရီရာဂျိုးလီက ဆန္ဒပြသူတွေနဲ့ဆွေးနွေးဖို့ အောက်တိုဘာလ ၈ ရက်နေ့မှာ ကမ်းလှမ်းလာပါတယ်။

အတိုက်အခံတွေက အဲဒီကမ်းလှမ်းချက်ကို ပါယ်ချလိုက်ပါတယ်။

သမ္မတက ဆန္ဒပြပွဲတွေကို ပိုပြီးပြင်း ပြင်းထန်ထန်ကိုင်တွယ်ဖို့ အရှိန်မြင့်လာပါတယ်။

မာဂါဒါစကာစစ်တပ်ဟာ အောက်တို ဘာလ ၁၁ ရက်နေ့မှာ ဆန္ဒပြသူလူထုဘက်က ရပ်တည်လိုက်ပါတယ်။

စစ်တပ်ဟာ အောက်တိုဘာလ ၁၃ ရက်နေ့မှာ အာဏာသိမ်းလိုက်ပြီး သမ္မတလည်း ထွက်ပြေးရပါတော့တယ်။

မာဒါဂါစကာရဲ့ ကောက်ရိုးဦးထုတ် ပင်လယ်ဓားပြအလံတွေကတော့ သမ္မတကိုဖယ်ရှားလိုက်နိုင်ပါပြီ။

ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါလို အသွင်ကူး ပြောင်းရေးအစိုးရတရပ်ကို ဖွဲ့စည်းလာနိုင်မလားတော့ စောင့်ကြည့်ရမှာပါ။

(မှတ်ချက် – ကောက်ရိုးဦးထုတ်ပင်လ ယ်ဓားပြကို မာဒါဂါစီဘာသာစကားနဲ့ ဆထရိုကာဆထရန်နာဂျော်လီရိုဂျာ (Satroka Satrana Jolly Roger) လို့ခေါ်ပါတယ်။)

ကိုးကား…

  • https://apnews.com/article/madagascar-protests-gen-z-rajoelina-e39ef11bd1f4a92f1f4b353900348219?hl=en-GB
  • https://en.wikipedia.org/wiki/2025_Malagasy_protests?hl=en-GB
  • https://en.wikipedia.org/wiki/Politics_of_Madagascar
PrevPreviousစစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ
Nextမယ်သမီခီးကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတချို့ဒဏ်ရာရNext
Previous Post

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ

Next Post

မယ်သမီခီးကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတချို့ဒဏ်ရာရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​တီဟီရန်ရှိဆေးရုံတိုက်ခိုက်ခံရမှုအပေါ် အီရန်ကျန်းမာရေးဝန်ထမ်းတွေဆန္ဒပြ

March 10, 2026
ဓာတ်ပုံ - ယောအလင်းတန်း

ထီးလင်းမှာစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၂ ဦးသေဆုံး

March 10, 2026

လယ်မူလားမှာ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ‎အရပ်သားလေးဦးသေဆုံး

March 10, 2026

ဒုံးပိုက်ရွာအနောက်ဖက် ပင်လယ်ကမ်းခြေမှာအမျိုးသားတလောင်းတွေ့

March 10, 2026

​တီဟီရန်ရှိဆေးရုံတိုက်ခိုက်ခံရမှုအပေါ် အီရန်ကျန်းမာရေးဝန်ထမ်းတွေဆန္ဒပြ

ထီးလင်းမှာစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၂ ဦးသေဆုံး

လယ်မူလားမှာ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ‎အရပ်သားလေးဦးသေဆုံး

ဒုံးပိုက်ရွာအနောက်ဖက် ပင်လယ်ကမ်းခြေမှာအမျိုးသားတလောင်းတွေ့

​မီနပ်မြို့ရှိမူလတန်းကျောင်း တိုက်ခိုက်ခံရမှုအပေါ် ထရမ့်ငြင်းဆို

​အီရန်စစ်ပွဲမှာ သေဆုံးတဲ့ တပ်ကြပ်ကြီးရုပ်အလောင်းကို ဒုသမ္မတကြိုဆို

Releated Post

​တီဟီရန်ရှိဆေးရုံတိုက်ခိုက်ခံရမှုအပေါ် အီရန်ကျန်းမာရေးဝန်ထမ်းတွေဆန္ဒပြ

March 10, 2026
ဓာတ်ပုံ - ယောအလင်းတန်း

ထီးလင်းမှာစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၂ ဦးသေဆုံး

March 10, 2026

လယ်မူလားမှာ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ‎အရပ်သားလေးဦးသေဆုံး

March 10, 2026

ဒုံးပိုက်ရွာအနောက်ဖက် ပင်လယ်ကမ်းခြေမှာအမျိုးသားတလောင်းတွေ့

March 10, 2026

​မီနပ်မြို့ရှိမူလတန်းကျောင်း တိုက်ခိုက်ခံရမှုအပေါ် ထရမ့်ငြင်းဆို

March 10, 2026
Photo - Vice President JD Vance

​အီရန်စစ်ပွဲမှာ သေဆုံးတဲ့ တပ်ကြပ်ကြီးရုပ်အလောင်းကို ဒုသမ္မတကြိုဆို

March 10, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page