မောင်တူရေးသည်။
Border News Agency
မြောက်ဦး၊ အောက်တိုဘာ ၁၇။
အာဖဂန်နိုင်ငံရေး၏စိတ်ပျက်စရာအ ခြေအနေသည် တနည်းအားဖြင့် အနိုင်ဘက်လှိုင်းကြုံစီးဆင်း(Bandwagon) နှင့်အကျိုးစီးပွားအတွက် ဆရာမွေးတပည့်မွေးခြင်း(Patronage)နှင့်သက်ဆို င်နေသည်။
သာမန်အာဖဂန်လူမျိုးစုများ၏နိုင်ငံ ရေးလိုအင်ဆန္ဒသည် နိုင်ငံရေးအာဏာကို တရားမျှတစွာ ခွဲဝေလိုသည်။ကိုယ် ပိုင်အုပ်ချုပ်ခွင့်နယ်မြေကို ရလိုသည်။ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ချင်သည်။ယ ဉ်ကျေးမှုနှင့်ကိုယ်ပိုင်လက္ခဏာကို ထိ န်းသိမ်းခွင့်ရလိုသည်။
၁။ နိုင်ငံရေးအာဏာကို တရားမျှတစွာ ခွဲဝေမှု၊
အာဖဂန်လူမျိုးစုများအဖို့ ပက်ရှ်တွန် မျိုးနွယ်စုကဲ့သို့ လူဦးရေအများစုအုပ် ချုပ်မှုကိုပဲ မလိုလားချေ။အစိုးရအဖွဲ့၊ လွှတ်တော်နှင့်စစ်တပ်ကဲ့သို့အင်စတီကျုးရှင်းများတွင်မျိုးနွယ်စုတိုင်းက ကို ယ်စားပြုခွင့်ကိုလိုချင်ကြသည်။ဥပမာ- သမ္မတ၊ဒုတိယသမ္မတရာထူးနှင့်ဝန်ကြီး ရာထူးများကို မျိုးနွယ်စုအလိုက်ခွဲဝေပေးမှုမျိုးကို မျှော်လင့်ကြသည်။
ဤမှသာ အာဏာကိုတစုတဖွဲ့မှချုပ်ကို င်ထားမှုမျိုးမဖြစ်အောင် ကာကွယ်နိုင်မည်ဟု ယူဆကြသည်။
၂။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Autonomy)၊
အချို့သောလူမျိုးစုများအနေဖြင့်ဗဟိုအစိုးရအုပ်ချုပ်မှုအောက်က လုံးဝခွဲထွ က်ကာ သီးခြားနိုင်ငံထူထောင်ဖို့အထိမရည်ရွယ်ကြပေ။
၎င်းတို့၏ဒေသများတွင် ကိုယ်ပိုင်အုပ် ချုပ်ခွင့်(autonomy)သာ လိုချင်ကြသ ည်။
၎င်းတို့ဒေသ၏စီးပွားရေး၊ပညာရေးနှင့် ယဉ်ကျေးမှုကို ဗဟိုအစိုးရဝင်ရောက်စွ ပ်ဖက်မှုမရှိဘဲ ၎င်းတို့ဘာသာ စီမံခန့်ခွဲလိုကြသည်။
၃။ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊
အာဏာခွဲဝေမှုတွင်သာမဟုတ် စီးပွား ရေးအခွင့်အလမ်း၊ပညာရေးနှင့်အခြေ ခံအဆောက်အအုံများတွင်လည်းလူ မျိုးစုအားလုံးတန်းတူရရှိရန် လိုလားကြသည်။
သမိုင်းတလျှောက်တွင် အာဏာရသော လူမျိုးစုကသာအခွင့်အရေးတွေပိုရသော မညီမျှမှုစနစ်အား ပြောင်းလဲပစ်ရန် တောင်းဆိုကြသည်။
၄။ ယဉ်ကျေးမှုနှင့်ကိုယ်ပိုင်လက္ခဏာကို ထိန်းသိမ်းခွင့်၊
လူမျိုးစုတခုချင်းစီတွင် ကိုယ်ပိုင်ဘာသာစကား၊ ယဉ်ကျေးမှုနှင့်ဓလေ့ထုံးတမ်းများရှိသည်။ အစိုးရ၏မူဝါဒဘက်မှ ၎င်းတို့၏ယဉ်ကျေးမှုနှင့် ကိုယ်ပိုင်လာက္ခဏာကို လေးစားအသိအမှတ်ပြုပြီး ထိန်းသိမ်းခွင့် ကိုတောင်းဆိုကြသည်။
ထိုအချက်များသည်အာဖဂန်သာမဟုတ် ကမ္ဘာ့နေရာအနှံအပြားက နိုင်ငံရေးမတည်ငြိမ်မှုကိုဖြစ်ပေါ်စေသောလူမျိုးစုများ၏အဓိကလိုလားချက်ဖြစ်သည်။
ထိုအချက်များကအာဖဂန်နိုင်ငံရေး၏ မူလဇစ်မြစ်ဖြစ်သည်။ ပြဿနာက ထိုဇစ်မြစ်သည် အာဖဂန်နိုင်ငံရေးတွင် ဖုံးကွယ်ခံထားရသည်။ ငြင်းဆန်ခြင်းခံရသည်။ သွေဖယ်ခံရသည်။
သာမန်ပက်ရှ်တွန်လူထုဘက်ကတော့ တည်ငြိမ်သော အေးချမ်းသော တိုးတက်သော အာဖဂန်ကိုလိုချင်သည်။ ဘက်အသီးသီးရှိ နိုင်ငံရေးအီလစ်ပက်ရှ်တွန်များထဲတွင် အချို့ကလူမျိုးစုများ၏ရပိုင်ခွင့်အားမပေးဘဲ ဗဟိုချုပ်ကိုင်မှုရှိသော အစိုးရတရပ်ရှိမှ အာဖဂန်အတွက် အဆင်ပြေမည်ဟုထင်ကြသည်။
လူမျိုးစုများ၏ရပိုင်ခွင့်ဟူသည် တိုင်းပြည်တည်ငြိမ်တိုးတက်လာသည့်အခါမှထပ်ဆင့်ဖော်ဆောင်ရမည့်ဆင့်ကဲနိုင်ငံရေးဖြစ်စဉ်ဟု ရှူမြင်သည်။
အာဖဂန်မတည်ငြိမ်ရခြင်းသည်ပင် လူမျိုးစုများ၏ကိုယ်ပိုင်အုပ်ချုပ်ရေးအဆင့်အတန်းတောင်းဆိုမှုနှင့် ထိုတောင်းဆိုမှုကိုအင်အားဖြင့်ဖြေရှင်းလာသည့် အစဉ်အလာကြောင့်ဖြစ်သည်။
လူမျိုးစုအရေးကြောင့်ပင် မတည်ငြိမ်၊ မတည်ငြိမ်သောကြောင့်ပင် လူမျိုးစုတို့၏အခွင့်အရေးကို မပေး၊ အင်အားဖြင့်ဖြေရှင်းရန်ကြိုးစားလာသည်။
အင်အားဖြင့်ဖြေရှင်းရန်ကြိုးစားသည့်အခါ စစ်အင်အားနယ်ပါယ်ကိုချဲ့လာသည်။ စစ်အင်အားချဲ့မှုထက် စစ်ဘက်နယ်ပါယ်ကျယ်လာသောအခါအရင်း အမြစ်များကို စစ်အင်အားအတွက်အသုံးပိုချလာရသည်။
ထိုအရင်းအမြစ်များမှာ ပညာရေး၊ ကျန်းမာရေး၊ဖွံ့ဖြိုးရေးတွင် အသုံးမချနိုင်တော့ပေ။
ဤသို့ဖြင့်လူများစုပက်ရှ်တွန်တို့၏နိုင်ငံရေး၊ စီးပွားရေး၊ တိုးတက်မှုအခွင့်အရေးလည်းဘောင်ကျဉ်းလာတော့သည်။
ဖွံ့ဖြိုးတိုးတက်မှုနှိမ့်ကျ၊ ပညာရေးနှိမ့်ကျပဋိပက္ခဘောင်အောက်တွင်ရှိနေသောလူ့အဖွဲ့အစည်းတရပ်တွင် အစစာအရာရာ ဆုတ်ယုတ်မှုကရှိလာသည်။ ပညာရေးနှင့်လွတ်လပ်မှုမရှိသောပဋိပက္ခအောက်တွင်ရှိနေသည့်လူ့အဖွဲ့အစည်းတွင်အကျိုးအကြောင်းဆန်းစစ်သော အလေ့အထကလည်း လူမှုဝန်း ကျင်တွင် အားနည်းသွားသည်။လူမှုပတ်ဝန်းကျင်၌ကား အင်အားသာ အ ဆုံးအဖြတ်ဖြစ်လာသည်။ အကျိုးအကြောင်းဆန်းစစ်မှုဆိုသည်က အလေး ထားစရာမဟုတ်တော့ပေ။
ထိုအခါအင်အားဆီကိုသာ အလိုလိုချဉ်းကပ်သောအလေ့အထကအားကောင်းလာတော့သည်။
လူဗီဇတွင် အုပ်စုဖွဲ့သည်နှင့်အုပ်စု၏ ခေါင်းဆောင်(Icon)ပုံရိပ်ကိုရှာတတ်သည်။ အုပ်စုကြီးတခုအတွင်းမှာပင် တူရာတူရာကိုယ့်နှင့်အလွမ်းသင့်ရာစုလာကြသည့်အဖွဲ့ငယ်များရှိသည်။
ထိုအဖွဲ့ငယ်များတွင်ခေါင်းဆောင်များရှိနေတတ်သည်။ ပညာကိုအခြေခံသော လူ့အဖွဲ့အစည်းတရပ်တွင်အရင်းအမြစ်နှင့် အာဏာအတွက်အကျိုးအကြောင်းဆန်းစစ်မှုဖြင့် အားပြိုင်ကြသည်။ အင်အားကို အခြေပြုသောလူ့အဖွဲ့အစည်းတရပ်တွင်အရင်းအမြစ်နှင့် အာဏာအတွက် အင်အားဖြင့်သာအားပြိုင်ကြသည်။ အရင်းအမြစ်နှင့်အာဏာဟူသည်လုပ်ပိုင်ခွင့်နှင့် အကျိုးစီးပွားဖြစ်သ ည်။ ဤသဘောတရားနှစ်ခုသည် ဒွန်တွဲ သည်။
အင်အားကို အခြေပြုထားသော လူ့ပတ်ဝန်းကျင်တွင်အုပ်စုတခုမှခေါင်းဆောင်သည် သူ့အင်အားကြီးလာရန်သူအုပ်စု၏အင်အားကြီးမားရန်လိုသည်။
ဤသည်မှာ သဘာဝဖြစ်သည်။ ပြိုင်ဘက်အုပ်စုထက်အင်အားကြီးရမည်။ ထိုအခါ Patronage ဟူခေါ်သောအကျိုးစီးပွားအတွက် အုပ်စုဖွဲ့ခြင်းဓလေ့သည် ထွန်းကားလာတော့သည်။ မိမိအားနာခံပါက အခွင့်အရေးပေးမည်၊ အကျိုးစီးပွားကိုပေးမည်ဟူသောဓလေ့ဖြစ်သည်။
ဤသည်က အုပ်စုများ၏ Icon များပြုလုပ်လေ့ရှိသော ဓလေ့လည်းဖြစ်သည်။
ထိုဓလေ့က သာမန်လူထုအတွက် (Bandwagoning) အလေ့ကို ဖြစ်စေသည်။ သာမန်လူထုအတွက်အာဏာနှင့် အင်အားဖြစ်စဉ်သည် အလှမ်းကွာသည်။ အုပ်စုအသီးသီးထွန်းကားနေသော အင်အားအခြေပြုသည့်ပတ်ဝန်းကျင်တွင် သာမန်လူထုသည် ပို၍အာဏာနှင့် အင်အားဖြစ်စဉ်မှ ဝေးဝေးနေလိုသည်။
အဘယ်ကြောင့်ဆိုသော် အုပ်စုအသီးသီးသည် ပြိုင်ဆိုင်နေကြသည်။ လက်နက်ဖြင့်ဖြေရှင်းနေကြသည်။ သာမန်လူထုက အုပ်စုအားလုံးကို ကြောက်ရသည်။ အနေအထိုင်မတတ်ပါက အသက်နှင့်ခန္ဓာအိုးစားကွဲနိုင်သည်။
ဤသို့ဖြင့် နုတ်ဆိတ်သည်။ အုပ်စုအချင်းချင်းအားပြိုင်ရာတွင် အနိုင်ရသည့်အုပ်စုပေါ်လာသည်နှင့် ထိုအနိုင်ရသည့်အုပ်စုကို ပြေးကပ်သည်။
Bandwagoning ဟူသည် အများယောင်၍ကိုယ်ပါရောယောင်ကာ အများအကြိုက်အခင်းအကျင်းထဲကို ပျော်ဝင်သွားတတ်သည့်ဓလေ့ကို ဆိုလိုသည်။
အုပ်စုတခုအင်အားကောင်းလာသည်နှင့် ထိုအုပ်စုအား တက်ကြွစွာ ထောက်ခံပြထားမည်။ ထိုအုပ်စု မအောင်မြင်ချိန် အနားတောင်မကပ်၊ ယင်းသို့ ဓလေ့စရိုက်ဖြစ်သည်။
သာမန်လူထုတော်တော်များအတွက် Bandwagoning အပြုအမှုသည် ၎င်းတို့၏ရပ်တည်ခွင့်အတွက်ဖြစ်သည်။
သို့သော် အကျိုးစီးပွားမျှော်ကိုးသူများအတွက်တော့ ဆက်သွားရသည့်နောက်တဆင့်ရှိပါသေးသည်။ ကိုယ့်အကျိုးစီးပွားအတွက် ထိုအုပ်စုနှင့် ခေါင်းဆောင်အပေါ် ပြေးကပ်သည်။ ထောက်ခံပြသ ည်။ ပေးဆပ်ပြသည်။
ဤသို့ဖြင့် Patronage ဖြစ်စဉ်ကို ပုံဖော်တော့သည်။ အကျိုးအကြောင်းဆန်းစစ်မှုဆိုသည်က ရှာ၍ပင်မတွေ့နိုင်တော့ပေ။ အကျိုးအကြောင်းထက် အကျိုးစီးပွားက ဦးစားပေးစရာဖြစ်နေသည်။
အာဖဂန်ဘက်ကို ပြန်သွားရပါလျှင်ဟာ ဇရာလူမျိုးစုထဲတွင်လည်းကောင်း၊ တာခ့်လူမျိုးစုထဲတွင်လည်းကောင်း၊ ဥဇ္ဇဘက်လူမျိုးစုထဲတွင်လည်းကောင်း၊ ပက်ရှ်တွန်လူမျိုးစုထဲတွင် လည်းကောင်း ကိုယ့်အဝိုင်းအဝန်းအတွင်းတွင်ပင် အဆိုပါ Patronage အလေ့အထနှင့် Bandwagoning အလေ့အထသည် ထွန်းကားနေပါ၏။
ထိုသို့ ကိုယ်အုပ်စုထဲတွင်လည်း အားပြိုင်သည်။ ထိုပြင် လူမျိုးစုအချင်းချင်းလည်း အားပြိုင်သည်။ အကျိုးအကြောင်းဆန်းစစ်မှုကို မျက်ကွယ်ပြုထားသဖြင့် စံနှုန်း၊ တန်ဖိုး၊ မူဘောင်ဆိုသည့် လူမှုပဋိညာဉ်အလေ့အထဆိုသည်မှာလည်း ပျောက်ဆုံးနေသည်။ အုပ်စုတခုအတွက်ကိစ္စရပ်တခုသည် မည်မျှပင်အကျိုးအကြောင်းမူဘောင်စံနှုန်းဖြင့်ညီနေပါစေ ကိုယ်မကြိုက်လျှင်ပါယ်သည်။လိုလျှင်သုံးသည်။ မူသေသဘောတရားမရှိတော့။
ဤအချက်များကအမေရိကန်ကျောထောက် နောက်ခံပြုထားစဉ်ကာလ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့၏အီလစ်များနှင့် ပက်ရှ်တွန်များ ပါဝင်ဦးဆောင်နေသော အစိုးရတစ်ရပ်သည် အဘယ်ကြောင့် အင်အားချိနှဲ့၍လူထုထောက် ခံမှုကျဆင်းလာရသနည်း ဆိုသည်ကို အဖြေပေးနေပါသည်။
အမေရိကန်ကျောထောက်နောက်ခံပြုထားသည့်ကာလ အာဖဂန်အစိုးရကို ကြည့်မည်ဆိုပါက အောက်ပါ မြင်ကွင်းများကို တွေ့ရမည်ဖြစ်သည်။
ခေါင်းဆောင်တဦးသည်သူ့၏ နောက်လိုက်၊ မိသားစု၊ လူမျိုးစုအားရာထူး၊ အခွင့်အရေး၊ ငွေကြေးကို ခွဲဝေပေးကာသစ္စာခံမှုနှင့် ထောက်ခံမှုကို ရယူသည်။ ဒေသခံခေါင်းဆောင်များသည် အစိုးရ၊ စစ်တပ်စသည့်တွင် လူယုံများကိုသာခန့်ထားသည်။
နိုင်ငံတကာအကူအညီများကိုလည်း ကိုယ့်လူများကိုသာ ခွဲဝေပေးသည်။ သာမန်လူထုအတွက်ရပ်ရွာခေါင်းဆောင်၊ ဒေသတွင်း သြဇာရှိပုဂ္ဂိုလ် သို့မဟုတ် စစ်တပ်အကြီးအကဲများကို မှီခိုလာကြရသည်။
ထိုခေါင်းဆောင်များက ကျောင်းဆောက်ပေးသည်။ ဆေးခန်းဖွင့်ပေးသည်။ သို့မဟုတ် အငြင်းပွားမှုကို ဖြေရှင်းပေးသည်။
ဤလုပ်ရပ်များဖြင့် ကျေးဇူးရှင် (Patronage)ဓလေ့က ထွန်းကားလာသည်။
ဤခေါင်းဆောင်အုပ်စုက ကောင်းသည်ဆိုလျှင် အခြားလူထုကလည်း Bandwagoning လုပ်တော့သည်။
ထိုအလေ့အထက ပြည်သူလူထု၏ သစ္စာခံမှုသည် နိုင်ငံတော်ကို မရောက်တော့ပေ။
၎င်းတို့အတွက် အဆင်ပြေသော သက်ဆိုင်ရာလူမျိုးစု၊မိသားစု သို့မဟုတ် ဒေသခံခေါင်းဆောင်ထံတွင်သာရှိနေတော့သည်။
ဤတွင် မိမိအုပ်စုကသာမှန်သည်၊မိမိအုပ်စုအဝိုင်းအဝန်းထဲမှသူဘာလုပ်လုပ်မှန်သည်ဟူသော ဘက်လိုက်မှုအဂတိတရားကကြီးစိုးလာတော့သည်။ဘက် လိုက်မှုနှင့်အဂတိတရားဒဏ်ကို ကျောကော့အောင်ခံရသူက သာမန်လူထုကပိုခံရသည်။
ပြီးလျှင်အောက်ခြေအနှိမ့်ဆုံးအဆင့်က ခံရသည်။ လူမျိုးစုများ၏နယ်မြေများသည်လည်း တိုးတက်မှုမရှိတော့ပေ။
အီလစ်များ၏ Bandwagoning ဓလေ့
Patronage အလေ့ကြောင့်အစိုးရဟူ သောယန္တရားသည် စွမ်းဆောင်ရည်နှင့် အရည်အချင်းအပေါ်မှာအခြေမခံတော့။ အစိုးရအဖွဲ့ဟူသည် ကိုယ့်အုပ်စုခေါင်း ဆောင်အားသစ္စာစောင့်သိမှုဖြင့်သာတည်ဆောက်ထားသောကွန်ရက်ကြီးတခုကိုသာ ဖြစ်လာစေခဲ့သည်။
အာဖဂန်အခြေအနေတွင် ၂၀၂၁ ခုနှစ်၌တာလီဘန်များ မြို့ကြီးတမြို့ပြီးတမြို့သိမ်းပိုက်လာချိန် အာဖဂန်စစ်တပ်ကအောက်ခြေအဆင့်စစ်ဗိုလ်များက ဗဟိုအစိုးရကို ယုံကြည်မှုမရှိတော့။
သူတို့၏အသက်အန္တရာယ်၊ အဖွဲ့အစည်းနှင့် လက်နက်များကိုကာကွယ်ရန် တနည်း အနေအထားမပျက်စေရန် တာလီဘန်အနိုင်ဘက်ကိုဝင်ရန် ဆုံးဖြတ်ခဲ့ကြတော့သည်။
စစ်မတိုက်ဘဲ လက်နက်ချခြင်း သို့မဟုတ် တာလီဘန်နှင့် သဘောတူညီမှုရယူခြင်းသည်လည်း Bandwagoning ၏ အကျိုးဆက်သာဖြစ်သည်။
လူထု၏ Bandwagoning ဓလေ့
အာဖဂန်ပြည်သူအများစုအဖို့ နှစ်ပေါင်းများစွာ စစ်ပွဲ၊ မတည်ငြိမ်မှု၊ စီးပွားရေးပြိုလဲမှု၊ အကျင့်ပျက်ခြစားမှုများကြောင့်ငြီးငွေ့နေကြပြီဖြစ်သည်။
တာလီဘန်များတမြို့ပြီးတမြို့သိမ်းပို က်လာချိန် အစိုးရတပ်လည်းတိုက်ခိုက်မှုမရှိဘဲထွက်ပြေး၊ လက်နက်ချ၊ ဘက်ကူးမှုများကို မြင်တွေ့ခဲ့ရသည်။
ထိုအခါပြည်သူအတွက် ရွေးချယ်စရာနှစ်ခုသာ ရှိတော့သည်။
၁။ အားနည်းနေသောအစိုးရအား ဆက်ထောက်ခံကာ မိမိအသက်အန္တရာယ်ကို စွန့်စားခြင်း၊
၂။ အနိုင်ဘက်ဖြစ်သောတာလီဘန်ကို လက်ခံကာ အသက်ရှင်ရပ်တည်ရေးအ တွက် Bandwagoning လုပ်ခြင်း၊
အများစုကတော့ ဒုတိယနည်းကို ရွေးချယ်ခဲ့ကြပါသည်။ တာလီဘန်ကို ယုံ ကြည်လို့လွန်း၍တော့မဟုတ်။
စစ်ပွဲများ၊ပဋိပက္ခများ၏ ပူလောင်မှုကို ငြီးငွေ့ကာ မည့်သို့ပင်ဆိုစေ ငြိမ်းချမ်းရေးမှုအောက်က ရပ်တည်ရှင်သန်မှုအခိုက်အတန့်လိုချင်လာ၍သာဖြစ်သည်။
လူလတ်တန်းစားနှင့်ပညာတတ်များ၏ Bandwagoning ဓလေ့
အာဖဂန်တွင် အများစုသောပညာတတ်များ (အထူးသဖြင့်အမျိုးသမီးများနှင့် လစ်ဘရယ်အမြင်ရှိသူများ)အတွက် ၎င်းတို့၏ Bandwagoningမှာ တခြားသူများနှင့်မတူပေ။
အာဖဂန်လူ့ဘောင်တွင် ပညာကိုအခြေခံသည့်အကျိုးအကြောင်းဆန်းစစ်မှုသည်တိုးမပေါက်ပေ။
ထိုတိုးမပေါက်သောဝန်ထုတ်ကို အဆို ပါလစ်ဘရယ်အမြင်ရှိသော ပညာတတ်များနှင့် လူလတ်တန်းစားများက ထမ်းပိုးရသည်။
ဤတွင်အာဏာကို ကိုင်ထားသောအလွှာနှင့် သာမန်အောက်ခြေလူထုအလွှာကြားတွင် ထိုအုပ်စုသည် ကြားညှပ်တော့သည်။ ချောင်ပိတ်တော့သည်။ အမေရိကန်ကျောထောက်နောက်ခံပြုထားသောအချိန်တွင်ပင် ချောင်ပိတ်ကြခြင်းဖြစ်သည်။
ဤသို့ဖြင့်စိတ်ပျက်လာကြသည်။ ထိုအခါ စိတ်ကျွတ်ရာလူမှုဝန်းကျင်မှထွက်သွားခြင်း သို့မဟုတ် နုတ်ဆိတ်ခြင်းဆိုသည့် လှိုင်းနောက်ကိုလိုက်ပါသွားတော့သည်။
တာလီဘန်များအာဏာရလာသောအ ခါတာလီဘန်များထံမှရှောင်ကွင်းခြင်းဆိုသည့်”ပြောင်းပြန် Bandwagoning” လှိုင်းကိုသာ စီးသွားတော့သည်။
နိဂုံး
အာဖဂန်သည် သမိုင်းအရညံသောနေ ရာမဟုတ်ပေ။ လူယဉ်ကျေးမှုအရညံသောနေရာမဟုတ်ပေ။ သမိုင်းအစဉ်အလာကြီးသည်။ ရှေးယခင်ကာလများက ဂန္ဓာရတိုင်း(အမွေးအကြိုင်များထွက်သောနေရာ)အဖြစ်ရှိခဲ့သည်။ သမိုင်း၏ ခမ်းနားမှုကအတိတ်တွင်သာရှိသည်။ ခေတ်သစ်အာဖဂန်၏နိုင်ငံတည်ဆော က်ရေးမအောင်မြင်ရခြင်းသည်အရင်းအမြစ်များနည်းပညာများ ရှားပါးလွန်း ၍မဟုတ်ပေ။
အမေရိကန်ကျောထောက်နောက်ခံပြုထားသည့် နှစ်ပေါင်းနှစ်ဆယ်ကာလသည်အရင်းအမြစ်များနှင့် နည်းပညာမရှားပါးခဲ့ပေ။
အာဖဂန်လူဘောင်အားလုံးအတွက်တ ရားမျှတသော၊ညီမျှသောလူမှုပဋိညာဉ် ကို ဗဟိုပြုသည့်အခင်းအကျင်းမျိုးကို မျက်ကွယ်ပြုထားသော၊ အကျိုးအကြောင်းဆန်းစစ်မှုကို မျက်ကွယ်ပြုထားသော၊ ငါ့ဗဟိုပြုဘက်လိုက်သော၊Patronageနှင့် Bandwagoning ဓလေ့ အားကောင်းသော အခင်းအကျင်းများက စိုးမိုးနေ၍သာ state building မအောင်မြင်ရခြင်းဖြစ်သည်။






