Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး

ယစ်ပလ္လင်ထဲဝတ္ထုပြုခံရခြင်း သို့မဟု တ် အာရက္ခမြေကအမျိုးသမီးများ၏ တိတ်ဆိတ်သံ

Author picture

By

BNA Author
Reading Time: 4 mins read
0
A A
0
SHARES
12
VIEWS
Share on FacebookShare on Twitter

Border News Agency
မောင်တော၊ဒီဇင်ဘာ ၁၀။

ယစ်ပလ္လင်ထဲဝတ္ထုပြုခံရခြင်း (Sacrifice)

ကျား/မတန်းတူအခွင့်အရေးဆိုလိုက်သည်နှင့်အလွန်တရာလက်ဝင်လှသော ကိစ္စဖြစ်သည်။ကျား/ မ တန်းတူညီမျှမှုဟူသည် လူသားတို့၏ခေတ်သစ်ယဉ် ကျေးမှုတွင် တန်ဖိုးအဖြစ်ခံယူလာသ ည်မှာ မကြာသေးပေ။

အမျိုးသမီးများအား Objectification ဆိုသည့် အရာဝတ္ထုတခုသာသာ တန် ဖိုးဖြတ်မှုမှာ လူ့အဖွဲ့အစည်း၌ ရှိခဲ့သည် ။အရာဝတ္ထုတခုသာသာအဖြစ် တန်ဖိုး ဖြတ်ခြင်းဆိုသည့်အမျိုးသမီးတဦး၏ လူသားဖြစ်မှုနှင့်ဆန္ဒသဘောထားကို လျစ်လျူရှုကာ ပိုင်ဆိုင်မှုတခု၊ရောင်း ဝယ်ဖောက်ကားစရာပစ္စည်းတခု၊ရည် ရွယ်ချက်တခုအတွက် အသုံးပြုသည့် ကိရိယာတခုအဖြစ်သာ သဘောထားခြင်းကို ဆိုလိုခြင်းဖြစ်သည်။

ထိုသို့တန်ဖိုးဖြတ်ခြင်းသည် နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊ယဥ်ကျေးမှုအပါ အဝင် လိင်မှုဘဝထိပုံစံအမျိုးမျိုးဖြင့်ရှိနေသည်။

လက်ရှိမျက်မှောက်ကာလတွင်ပင် အ မျိုးသမီးတဦးအား လူသားတဦးအဖြစ်မမြင်ဘဲ လိင်ပိုင်းဆိုင်ရာပစ္စည်း (Sexual Objectification)အဖြစ်ရှုမြင်ကာ ပါးစပ်အရသာခံကြသည်ကို အ များသူငှာနားလည်လွယ်နိုင်ပါလိမ့်မည်။

လူသားသမိုင်းကို တူးဆွရာ၌ အမျိုးသ မီးများအားအသုံးချခံအရာဝတ္ထုတခုအဖြစ်ရှူမြင်သော ဗီဇသဘောတရားကို ကမ္ဘာကြီး၏အစိတ်အပိုင်းအများစုတွင် တွေ့ရသည်။

နိုင်းလ်မြစ်၏သတို့သမီး(The Bride of the Nile)

အီဂျစ်ရိုးရာပုံပြင်များတွင် နိုင်းလ်မြစ် ရေကြီးရေလျှံမှုကောင်းစေရန်နှစ်စဉ် သန့်စင်သောသမီးကညာ(Virgin Maiden) တဦးကို မြစ်ထဲသို့ ပစ်ချယစ်ပူဇော်ခဲ့ရသည်ဟူသော ပုံပြင်ဇာတ်လ မ်းမျိုးကရှိသည်။

ရှေးဟောင်းအီဂျစ်သမိုင်းပညာရှင် အ များစုက ရှေးခေတ်အီဂျစ်တွင် လူသားကို ယစ်ပူဇော်ခြင်းဓလေ့မရှိခဲ့ဟု ငြင်းဆိုကြသည်။

ဤပုံပြင်မျိုးက သမိုင်းဝင် အချက်အ လက်ထက် ဒဏ္ဍာရီဆန်သောပုံပြင်ဇာ တ်လမ်းတခုအဖြစ် အီဂျစ်လူ့အဖွဲ့အစ ည်းတွင်ရှိနေခြင်းဖြစ်သည်။

မြစ်နတ်ဘုရား၏သတို့သမီး(The River God’s Bride)

တရုတ်ပြည်မြောက်ပိုင်းဒေသများတွင် အထူးသဖြင့် မြစ်ဝါမြစ်(Yellow River) နှင့်ဆက်စပ်သည့် နာမည်ကြီးသော ဇာ တ်လမ်းဖြစ်သည်။

ရှေးယခင်က မြစ်နတ်ဘုရားကို နှစ်စဉ် လှပသော သမီးကညာတဦးပေးဆက်ရမည်ဟူသော ဓလေ့ရှိခဲ့သည်။

မြစ်ရေကြီးမှုကို တားဆီးရန်၊ရေကြော င်းသွားလာရေးအဆင်ပြေစေရန်စသ ည့် လူမှု-နိုင်ငံရေးလိုအပ်ချက်များအတွ က် ရွေးချယ်ခံရသူအမျိုးသမီးငယ်ကို မြစ်ထဲသို့ ပစ်ချခဲ့ကြသည်။

နောက်ပိုင်းတွင် ရှီးမင်းပေါင် (Ximen Bao)အမည်ရှိ အုပ်ချုပ်သူတဦးက ဤဓလေ့သည် ငွေညှစ်တတ်ပြီး ကောက် ကျစ်သောနတ်ဟောဆရာများ၏လိမ် ညာဖန်တီးထားခြင်းဖြစ်ကြောင်းသိရှိပြီးတားမြစ်ပိတ်ပင်ခဲ့သည့်သမိုင်းမှတ် တမ်းများလည်းရှိခဲ့သည်။

ကာပါကိုချာ(Capacocha)ဓလေ့အင်ကာယဉ်ကျေးမှု

အမေရိကဌာနေအင်ဒီယန်းယဉ်ကျေး မှုထဲမှအင်ကာ(Inca)ယဉ်ကျေးမှု၌ ကာပါကိုချာ(Capacocha)အမည်ရှိ ဓလေ့တခုရှိသည်။

ထိုဓလေ့တွင် မင်းမျိုးမင်းနွယ်မှ သို့မ ဟုတ် အလှပဆုံးသောမိန်းကလေးငယ်များ၊ကလေးငယ်များနှင့်ဆယ်ကျော်သ က်များကို မီးတောင်ထိပ်များတွင် နတ်ဘုရားများ(အထူးသဖြင့် ရာသီဥတုနတ်ဘုရားများ)ကို ပူဇော်ရန်အတွက် ယစ်ပူဇော်ခဲ့ကြသည်။

နိုင်ငံတော်တွင် ဘုရင်သစ်တက်ခြင်း၊ အာဏာအပြောင်းအလွဲဖြစ်ခြင်း၊သ ဘာဝဘေးအန္တရာယ် သို့မဟုတ် ကပ်ဆိုးများကျရောက်ခြင်းစသည့် ကြီး မားသောအခက်အခဲများကြုံတွေ့ရချိန်တွင် ငြိမ်သက်စေရန် နိုင်ငံတော်အတွ က်ပေးဆပ်မှုအဖြစ် ဆောင်ရွက်ခဲ့သ ည်။

အစ်ဖီဂျီးနိုင်းယာ(Iphigenia)၏ ပေးဆပ်ခြင်း

ဂရိခေါမဒဏ္ဍာရီတွင် ဂရိတပ်များ၏ အကြီးအကဲဘုရင်အာဂါမန်နွန် (Agamemnon)သည် ထရိုဂျန်စစ်ပွဲကို စတင်ရန် ဂရိရေတပ်သင်္ဘောဖြင့် ထွက်ခွာရာတွင် လေပြေမတိုက်သဖြင့်ရပ်တန့်နေရသည်။အကြောင်းရင်းမှာ ဘုရင် အာဂါမန်နွန်(Agamemnon)သည် နတ်ဘုရားမအာတဲမစ်(Artemis)ကို စိတ် ဆိုးအောင်လုပ်မိခဲ့သောကြောင့် ဖြစ်သ ည်။

နတ်ဘုရားမအာတဲမစ်၏အမျက်ကို ပြေစေပြီး လေပြေရရန်အတွက် အာဂါမန်နွန်သည် သူ၏သမီးအကြီးဆုံးဖြစ်သူအစ်ဖီဂျီနိုင်းယား(Iphigenia)ကို ယစ်ပူဇော်ရမည်ဟု ဆိုသည်။

နိုင်ငံရေးနှင့်စစ်ရေးအောင်မြင်မှုအတွ က် မိမိ၏သမီးအရင်းကို ပေးဆပ်ရမ ည့်အခြေအနေဖြစ်သည်။

အာဂါမန်နွန်သည် သမီးဖြစ်သူအား သူ ရဲကောင်းအကီလီးစ်(Achilles)နှင့်လ က်ထပ်ပေးရန်ဟု လိမ်ညာကာ စခန်းသို့ ခေါ်ဆောင်ခဲ့သည်။

နောက်ဆုံးတွင် အစ်ဖီဂျီနိုင်းယားသည် သူမ၏ကံကြမ္မာကို သိရှိသွားပြီး ဂရိနိုင် ငံ၏အောင်မြင်ရေးအတွက် မိမိကိုယ်ကို ဆန္ဒအလျောက် ပေးဆပ်ရန် ဆုံးဖြ တ်ခဲ့သည်။

ဤပုံပြင်ဆန်သော ကမ္ဘာ့ဒေသအသီး သီး၏ဒဏ္ဍာရီ၊ပုံပြင် နမူနာများက လူ သားတို့၏ဗီဇစိတ်တွင်အမျိုးသမီးများကို နိုင်ငံရေးကိရိယာအဖြစ်ရှူမြင်မှုကို တွေ့မြင်နိုင်သည်။

ဤနမူနာများတွင် အမျိုးသမီးများအား Objectification ဆိုသည့် အရာဝတ္ထုတခုသာသာ တန်ဖိုးဖြတ်မှုမှာ”နိုင်ငံရေးအ ရ လိုအပ်ချက်အတွက် အသုံးချအရာဝတ္ထုအဖြစ်”ရှုမြင်မှုကိုလည်း ပေါ်လွင်စေပါသည်။

အချို့လူ့အဖွဲ့အစည်းများတွင်”အမျိုး သမီးများကို မျိုးဆက်ပွားရန် သို့မဟု တ် လူမှုအဖွဲ့အစည်း၏စည်းမျဉ်းများကို ထိန်းသိမ်းရန်အတွက် အသုံးပြုသ ည့်ပုံစံ”အလေ့အထများကိုလည်း တွေ့ရနိုင်သည်။

ဤလူမှုရေးအလေ့အထများနှင့်ဒဏ္ဍာရီလွှမ်းမိုးမှုများက အမျိုးသမီးများကိုလူ မှုရေးအရာဝတ္ထုများ၊ကိရိယာများအဖြ စ်ရှုမြင်တတ်သည်ကို တွေ့မြင်နိုင်သ ည်။

“Theogamy” (နတ်ဘုရားများနှင့် လက်ထပ်ခြင်း)

ပိုလီနီးရှန်း(Polynesian)၊အိုရှင်းနီးယန်း (Oceanian)စသည့် ကမ္ဘာကြီး၏သမုဒ္ဒ ရာပိုင်းဇုန်ဒေသများတွင်”အမျိုးသမီးများကို မျိုးဆက်ပွားရန်”အတွက်အ သုံးပြုသည့် လူမှုစံနှုန်းသည် ၁၈ရာစုနှင့် ၁၉ရာစုကာလတွင်ရှိခဲ့သည်။

ထို့ပြင် အမျိုးသမီးများအား”လူမှုအဖွဲ့အစည်း၏စည်းမျဉ်းများကို ထိန်းသိမ်းရန်အတွက် အသုံးပြုသည့်ပုံစံ”အလေ့ အထများကိုလည်း တွေ့ရသည်။

ပိုလီနီးရှန်း၊အိုရှင်းနီးယန်း ပုံစံကား ရှေးပိုင်းက ဖော်ပြခဲ့သည့်ဒဏ္ဍာရီပုံပြင်မဟု တ်ဘဲ အမှန်တကယ်သမိုင်းနောက်ခံလ ည်းဖြစ်သည်။

အထူးသဖြင့် အဆိုပါသမုဒ္ဒရာပိုင်းဇုန်ဒေသအား ဥရောပသားများ ရောက်ရှိလာချိန်(၁၈ ရာစုနှောင်းပိုင်းနှင့်၁၉ ရာစုအစောပိုင်း)တွင် အဆိုပါ အလေ့အထနှင့်သက်ဆိုင်သောမှတ်တမ်းများ ပိုမိုထင်ရှားလာခဲ့သည်။

ဟာဝိုင်ယီ ဘုရင်များလက်ထက်တွင် နိုင်ငံရေး ဩဇာခံယူရန်အတွက် ဥရောပနှင့်အမေရိကန်ကုန်သည်များနှင့် မ ဟာမိတ်ဖွဲ့ရာတွင် မိသားစုဝင် အမျိုး သမီးများကို အသုံးပြုခဲ့သည့် အလေ့ အထများ ရှိခဲ့သည်။

အချို့သောမင်းမျိုးမင်းနွယ် သို့မဟုတ် မြင့်မြတ်သောအမျိုးသမီးငယ်များကို အရေးပါသည့် ဥရောပသားများ(သ င်္ဘောကပ္ပတိန်များ၊ကုန်သည်များ သို့မ ဟုတ် နောက်ပိုင်းတွင် အုပ်ချုပ်သူများ) ထံသို့ မဟာမိတ်ဖွဲ့ခြင်းအဖြစ် ပေးအပ်ခဲ့ကြသည်။

ဤအမျိုးသမီးများမှာ ခေါင်းဆောင်နှစ်ဦး သို့မဟုတ် နိုင်ငံနှစ်ခုကြား ချုပ်ဆိုထားသော သဘောတူညီချက်၏ သ က်ရှိစာချုပ်(living treaty)ဖြစ်သည်။

သူတို့၏တန်ဖိုးမှာ”ပုဂ္ဂိုလ်”တဦး၏တန် ဖိုးထက်”နိုင်ငံရေးကိရိယာ”တခု၏အခ န်းကဏ္ဍတွင် ပို၍ရှိနေသည်။

ပိုလီနီးရှန်းခေါင်းဆောင်များသည်”န တ်ဘုရားဆန်သော”ဥရောပသားများနှင့်သူတို့၏ အမျိုးသမီးများကို ပေါင်း စည်းပေးခြင်းဖြင့်သာမန်ထက်ထူးကဲ သောစွမ်းအားရှိသည့်သားသမီးများကို ရရှိမည်ဟုယူဆသည်။

ထိုသားသမီးများသည် ၎င်းတို့၏ နိုင်ငံ တော်အတွက် အနာဂတ်ခေါင်းဆောင်များ သို့မဟုတ် စွမ်းအားအရင်းအမြစ်များ ဖြစ်လာမည်ဟု ထင်နေသည်။

ပိုလီနီးရှားဖြစ်စဉ်တွင် အမျိုးသမီးငယ်အား ဥရောပသားမှလာသောမြင့်မြတ် သောစွမ်းအားကို လက်ခံ၍ မျိုးဆက်သစ်ဆီသို့ ကူးပြောင်းပေးသည့်”ဇီဝကိ ရိယာ”(Biological Instrument)တခုအ ဖြစ်ရှုမြင်ထားသည်။

ထိုအမျိုးသမီးငယ်၏ လူသားဖြစ်တည်မှုကိုသူမ၏ပုဂ္ဂိုလ်ရေးဆန္ဒနှင့်အခွင့်အ ရေးအရရှင်သန်ခွင့်ထက် လူ့အဖွဲ့အစ ည်း၏စုပေါင်းအကျိုးအတွက် အသုံး ပြုခြင်းကို ပို၍အလေးထားခဲ့သည်။

ပိုလီနီရှားတွင် မျိုးရိုးဇာတိ၏စွမ်းအား (genealogy as power)သည် အလွန်အရေးကြီးပြီး အာဏာကို ဆုံးဖြတ်သ ည်။

အမျိုးသမီးများသည် မျိုးရိုးဇာတိကို ဆက်ခံသူနှင့်သယ်ဆောင်သူဖြစ်သော ကြောင့် အလွန်အသုံးဝင်သည်။

သို့သော် ဤအသုံးဝင်မှုကြောင့် ပိုလီနီးရှားတွင် သူမ၏ ပုဂ္ဂိုလ်ရေးတန်ဖိုးထ က် မျိုးရိုးလိုက်စွမ်းအားကို ထိန်းချုပ်ရန်၊မြင့်တင်ပေးရန်ကိရိယာတခုအဖြစ် အသုံးချခံရတော့သည်။

အမျိုးသမီးတဦးကို ဥရောပသားထံ ပေးအပ်ခြင်းသည် သူမအား နတ်ဘု ရား/စွမ်းအားရှင်နှင့်ဆက်ဆံရခြင်း၊မြင့်မြ တ်သောကလေးများ(Sacred Children)ကို မွေးဖွားခွင့်ရခြင်းဆိုသည့်မြင့်မြတ်သောရာထူးတခုကို ပေးလိုက်ခြင်းလည်း ဖြစ်သည်။ 

ဤကား ၁၈ရာစု၊၁၉ရာစုကာလက ပိုလီနီးရှား လူ့အဖွဲ့အစည်း၏တွေးခေါ်ပုံဖြ စ်သည်။

ယခုအချိန်ကာလ၌ကား ပိုလီနီးရှားလူ့ အဖွဲ့အစည်းသည် ထိုအလေ့အထနှင့်အတွေးအခေါ်ကို စွန့်ခွာသွားခဲ့ပြီဖြစ်သည္။

အာရက္ခမြေကအမျိုးသမီးများ၏ တိတ်ဆိတ်သံ

အာရက္ခဒေသနေရာအချို့တွင် ထိုအမူအကျင့်များရှိနေသည်။

ပိုလီနီးရှားတွင် အမျိုးသမီးငယ်တဦးအား ဥရောပသားနှင့်ပေးစားခြင်းသည် နတ်ဘုရား/စွမ်းအားရှင်နှင့် ဆက်ဆံခွင့်ရခြင်း၊ဂုဏ်ပြုခြင်းဖြစ်သည်ဟု အ ကြောင်းပြသည်။

အာရက္ခဒေသနေရာအချို့တွင် မိမိကို ယ်ကို နတ်ဘုရား/စွမ်းအားရှင်အဖြစ်အထင်ရောက်လျှက် အမျိုးသမီးများအား အတင်းအကြပ်လက်ထပ်မှု (Forced Marriage)လုပ်သည့် ဖြစ်စဉ်များရှိနေသည်။

ဤသို့ Forced Marriage လုပ်သည်ကိုပင်လျှင် အမျိုးသမီးငယ်အား ဂုဏ်ပြုကာကွယ်မြှင့်တင်ပေးခြင်းသယောင် ယောင်အကြောင်းပြလိုက်သေးသည်။

အမှန်က လူသားတန်ဖိုးအရကြည့်လျှင် ဘာမှတန်ဖိုးထားဂုဏ်ပြုမြှင့်တင်ခြင်းမဟုတ်ပေ။

လူ့အဖွဲ့အစည်းတရပ် သို့မဟုတ် နိုင်ငံ တော်တရပ်၏လူမှု-နိုင်ငံရေးလိုအပ်ချ က်များအတွက်ဟု အကြောင်းပြကာ အ မျိုးသမီးများအား”အသုံးချအရာဝတ္ထုအဖြစ်”ရှုမြင်မှုသာဖြစ်သည်။လူအဖြစ်မှအရာဝတ္ထုအဖြစ် အဆင့်ချပစ်လိုက်ခြင်းသာဖြစ်သည်။

ပိုလီနီးရှန်းလူ့အဖွဲ့အစည်း၏အမူအကျင့်တွင်”အမျိုးသမီးများကို မျိုးဆက်ပွားရန် သို့မဟုတ် လူမှုအဖွဲ့အစည်း၏စ ည်းမျဉ်းများကို ထိန်းသိမ်းရန်အတွက် ဇီဝကိရိယာအဖြစ်သာ”အမျိုးသမီးများကို ရှုမြင်ခြင်းဖြစ်သည်။

အာရက္ခဒေသတွင်လည်း သဘောတ ရားအရ ထိုနည်းအတိုင်းသာဖြစ်သည်။

အာရက္ခဒေသ၏ လူဦးရေပထဝီဝင်လို အပ်ချက်ပြည့်မှီရန် အိမ်ထောင်ပြုရမ ည်။လင်ယူသားမွေးရမည်ဆိုသည့် အ မြင်က အချို့တွင်ရှိနေသည်။ 

ထိုသို့ဖြစ်စဉ်များအတွက် မတိုင်တန်းကြ။မဖော်ထုတ်ကြဟူ၍ အကြောင်းပြ ၍မရပေ။

အာရက္ခဒေသ၏ အခြေအနေအရ အ သံထွက်ဝံသောအနေအထားတွင် မရှိပေ။

လုပ်ပိုင်ခွင့်၊အာဏာရှိသောအမျိုးသားတယောက်သည် ၎င်း၏မျက်စိထဲတွင် အဆင်ပြေသည်ဆိုယုံမျှဖြင့် အမျိုးသ မီးငယ်တဦးအား လက်ထပ်ရန် ဆောင် ရွက်မှုမျိုးက ရှိသည်။

ထိုအမျိုးသမီးငယ်၏ပုဂ္ဂလိက ဆန္ဒအ ပေါ် အလေးထားခြင်းလည်းမရှိပေ။လူ မှုစီးပွားဘဝအစစအရာရာ ကျပ်တည်းနေသောအခြေအနေအောက်တွင် ထိုအ မျိုးသမီးငယ်အတွက် ရွေးချယ်စရာနှင့် လူသားဖြစ်တည်မှုပျောက်ဆုံးခဲ့ပြီဖြစ် သည်။

ထိုလုပ်ပိုင်ခွင့် အာဏာရှိသောအမျိုး သားတယောက်က လက်ထပ်လိုခြင်းသည်ပင်လျှင် ထိုအမျိုးသမီးငယ်အ တွက် ဂုဏ်ပြုခံရခြင်းသယောင်ယောင်ဖြစ်လာသည်။

လူမှုစီးပွားဘဝ ကျပ်တည်းမှုနှင့်လူ သားအဖြစ်မှ ယုတ်လျော့ခံရမှုရှိနေခဲ့သောအခင်းအကျင်းမျိုးတွင် ထိုအမျိုး သမီးငယ်အား မိမိခံစားချက်ကို မတိုင် တန်းပါလော။မဖော်ထုတ်ပါလောဟု ပြောနေ၍မရပေ။လွန်ဆန်နိုင်မှုမရရှိသောအခင်းအကျင်းအောက်တွင် အဆ င်ပြေသလိုနေထိုင်ရင်း ထိုအမျိုးသမီးငယ်သည်လည်း ဖိနှိပ်ခံရသူဘဝမှ ဖိ နှိပ်မှုကိုလက်ခံသွားသူ သာဖြစ်သွားမည်ဖြစ်သည်။

လက်ရှိတွင် ထင်သာမြင်သာ ဖြစ်ခဲ့သောအဖြစ်အပျက်များက ရှိပါသည်။

အမျိုးသမီးသတင်းထောက် မုဒြာအဖမ်းခံရသည့် သတင်းအောက်တွင် “သူမအား တပ်ဖွဲ့ဝင်၊အဖွဲ့ဝင်တယောက်နှင့်ပေးစားပစ်ရမည်”ဟူသောမှတ်ချ က်ပြုသူများ ရခိုင်လူ့အဖွဲ့အစည်းတွင် ရှိနေသည်။

ရိုဟင်ဂျာအမျိုးသမီးငယ်တဦးဖြစ်သူ နူးရ်အဇီဇာ(Noor Azizah)သည် ၂၀၂၅ ခုနှစ်တွင် Marie Claire Women of Year ဆုကို ချီးမြှင့်ခံရသူ ဖြစ်သည်။

ထိုဆုအားလက်ခံရာတွင် သူမသည် ဘူခါခေါင်းမြီးလည်းမခြုံ၊ဟိဂျဘ်(Hijab) လည်းမဝတ်၊ခေတ်မိန်းမပျိုတဦး၏ ဝ တ်စားဆင်ယင်မှု အသွင်ဖြင့် လက်ခံခဲ့သည်။

သူမ၏လွတ်လပ်တက်ကြွသော အနော က်ဥရောပဟန်ပန်အောက်တွင်သူမအား အစ္စလာမ္မစ် ရှေးရိုးစွဲအမြင်ဖြင့် ဝေဖန်သူများရှိလာသည္။

သူမက လူမှုကွန်ရက်တွင် လွတ်လွတ်လပ်လပ်ရယ်မောတတ်သော၊ပျော်ပျော်နေတတ်သောရိုဟင်ဂျာအမျိုးသမီးများကိုကြည့်ရင်း အချို့သောရိုဟင်ဂျာ အမျိုးသားများက ဒေါသထွက်နေကြသည်ဟု ပြောဆိုထားသည်။

ထိုနောက်သူမအား ရိုဟင်ဂျာအမျိုး သားများက Sexual Objectification ဆန်ဆန် လာရေးထားသော မှတ်ချက်များကိုလည်း ပြန်လည်ဖော်ပြထား သည်။

ဤအမျိုးသမီးများသည် ကိုယ်စီ နော က်ခံနှင့်အရည်အချင်းရှိသောသူများဖြစ်ကြသည်။

ဤသို့အမျိုးသမီးများအပေါ်တွင်ပင် ထိုသို့ တုန့်ပြန်မှုအမြင် ကရှိနေလျှင် နောက်ခံနှင့် ပြောပိုင်ခွင့် ဆိုပိုင်ခွင့် ဘာမှမရှိသော ပိတ်လှောင်ကြပ်တည်းနေသည့်အခြေအနေမျိုးတွင်ရှိနေသော အမျိုးသမီးများအတွက်မူဆိုဖွယ်ရာမရှိတော့ပြီ။

ဤဖြစ်စဥ်များက လားရာတခုကို ဦးတည်နေပေသည်။

ထိုလားရာသည် အမျိုးသမီးများအား Objectificationဆိုသည့် အရာဝတ္ထုတခုသာသာ တန်ဖိုးဖြတ်မှုအမှုအကျင့်မှ မရုန်းထွက်နိုင်သော အတွေးအမြင်များက ယခုအချိန်ထိစွဲကပ်နေသူများရှိနေသေးသည်ဟူသောအချက်ပင်ဖြစ်သ ည်။

အာရက္ခဒေသသည် CEDAW စာချုပ် အာဏာသက်ရောက်သောနေရာဖြစ်သ ည်ကို သတိပြုသင့်သည်။

CEDAW စာချုပ် အပိုဒ် ၁၅ သည် အ မျိုးသမီးများသည်လည်း အမျိုးသားများနည်းတူဥပဒေရှေ့မှောက်တွင် တ န်းတူညီမျှခွင့်ရှိသည်ကို ဖော်ပြထားသ ည်။ 

ထိုစာချုပ်အပိုဒ် ၁၆ သည် လက်ထပ်ထိမ်းမြှားခြင်းတွင် အမျိုးသမီးများ၌ အမျိုးသားများနည်းတူ ဂုဏ်သိက္ခာနှင့် အခွင့်အရေးရှိသည်ကို ဖော်ပြထားသ ည်။

အာရက္ခဒေသနှင့်သက်ဆိုင်သူတိုင်းသည် ထိုစံနှုန်းကို လေးစားရန်တာဝန်ရှိ သည်။

လူကို နိုင်ငံရေး၊အာဏာနှင့်မူဝါဒ၏ လိုအပ်ချက်အရ(ယစ်ကောင်အဖြစ်)၊ (အရာဝတ္ထုအဖြစ်)သတ်မှတ်သည့်မည်သည့်တော်လှန်ရေးနှင့်အပြုအမူမှလူပီသစွာဖြင့် အောင်မြင်မည်မဟုတ်ချေ။

မတရားမှုကို နှစ်ခြိုက်သူများက မတ ရားမှုကိုပြုနေသည်က ထုံးစံဖြစ်သော် လည်း မတရားမှုကို တွန်းလှန်သူများက မတရားမှုလုပ်လာလျှင် ဖောက်ပြန်လိ မ်ညာမှုဖြစ်သည်။

အမျိုးသမီးများသည်လည်း လူသားအ ဖြစ်ရှုမြင်ရန်ထိုက်ထန်သောသူများသာဖြစ်သည်။

(ကုလသမဂ္ဂ၏အမျိုးသမီးများအပေါ် အခြေပြုအကြမ်းဖက်မှုတိုက်ဖျက်ရေး ၁၆ ရက်တာလှုပ်ရှားမှု(16 Days of Activism against Gender-Based Violence)ကာလအတွင်း အာရက္ခဒေ သ၏အမျိုးသမီးများအားလုံးအပေါ် ဤဆောင်းပါးဖြင့်ဂုဏ်ပြုပါသည်။)

PrevPreviousပြင်ဦးလွင်မြို့နယ်မှာ ငွေကျပ် ၁၂ ဘီလီယံကျော်ဖိုး မူးယစ်ဆေးဝါးတွေဖမ်းမိ
Nextအမျိုးသမီးတွေအကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှုပြုလုပ်Next
Previous Post

ပြင်ဦးလွင်မြို့နယ်မှာ ငွေကျပ် ၁၂ ဘီလီယံကျော်ဖိုး မူးယစ်ဆေးဝါးတွေဖမ်းမိ

Next Post

အမျိုးသမီးတွေအကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှုပြုလုပ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အီရန်ရဲ့ဝါးဒတ်မှသည်မိုစတီးဘဒ်သို့ ၃

March 13, 2026

နီပေါရွေးကောက်ပွဲမှာ ရာစထရိယဆွာတန်တရပါတီဦးဆောင်နေ

March 11, 2026

အီရန်ရဲ့ဝါးဒတ်မှသည်မိုစတီးဘဒ်သို့ ၂

March 10, 2026

အီရန်ရဲ့ဝါးဒတ်မှသည်မိုစတီးဘဒ်သို့ ၁

March 9, 2026

ပဲခူးတိုင်း PDF အမှတ် ၂ စစ်ဆင်ရေးနယ်မြေ အခြေခံစစ်သင်တန်းဆင်းပွဲ

ထိုင်းမှာ စိတ်ကြွဆေးပြား ၄ သန်းကျော်နဲ့ တရားခံ ၃ ဦး ဖမ်းမိ

အမေရိကန်ဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အီရန်ထုတ်ပြန်

ကစယ်ဒိုမှာ KTLAတပ်ဖွဲ့တိုက်ခိုက်လို့ ဗထူးတပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံး

ထန်းတပင်မှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားသုံးဦးဒဏ်ရာရ

​ယူအေအီးရှိရေနံသိုလှောင်ကန်တွေကို အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ မီးလောင်ကျွမ်း

Releated Post

ဓာတ်ပုံ - ပဲခူးတိုင်းစစ်ဌာန

ပဲခူးတိုင်း PDF အမှတ် ၂ စစ်ဆင်ရေးနယ်မြေ အခြေခံစစ်သင်တန်းဆင်းပွဲ

March 15, 2026
ဓာတ်ပုံ - ထိုင်းဘုရင့်တပ်တော်

ထိုင်းမှာ စိတ်ကြွဆေးပြား ၄ သန်းကျော်နဲ့ တရားခံ ၃ ဦး ဖမ်းမိ

March 15, 2026

အမေရိကန်ဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အီရန်ထုတ်ပြန်

March 15, 2026
ဓာတ်ပုံ - KNU

ကစယ်ဒိုမှာ KTLAတပ်ဖွဲ့တိုက်ခိုက်လို့ ဗထူးတပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံး

March 15, 2026
ဓာတ်ပုံ- KNU

ထန်းတပင်မှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားသုံးဦးဒဏ်ရာရ

March 15, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

​ယူအေအီးရှိရေနံသိုလှောင်ကန်တွေကို အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ မီးလောင်ကျွမ်း

March 15, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page