Border News Agency
စစ်ကိုင်း၊ ဒီဇင်ဘာ ၁၀။
အမျိုးသမီးတွေအကြမ်းဖက်မှုပပျောက်ရေး ဆယ်ခြောက်ရက်တာလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)မှ ထုတ်ပြန်ပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂမှ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ကရင်နီပြည်ရှိ ကျေးရွာတချို့က ကျောင်းသားလူငယ်တွေ၊ အိမ်ထောင်သည်အမျိုးသမီးတွေနဲ့ဆွေးနွေးပွဲစကားဝိုင်းတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဆွေးနွေးရာမှာ ဆယ့်ခြောက်ရက်တာလှုပ်ရှားမှု ပေါ်ပေါက်လာပုံသမိုင်းကြောင်းတွေမျှဝေတာ၊ အကြမ်းဖက်မှုဖြစ်စေတဲ့အကြောင်းရင်းတွေနဲ့ အကြမ်းဖက်မှုတွေကို ကာကွယ်တားဆီးဖို့အတွက်ပြဇာတ်နဲ့ ဖျော်ဖြေတင်ဆက်တာတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင်ကျပန်းမေးခွန်းတွေဖြေကြတာနဲ့စကားရည်လုပွဲကျင်းတွေပြုလုပ်ပြီး အချင်းချင်းဆွေးနွေးဖလှယ်တာတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။
ဒီလှုပ်ရှားမှုဟာ ဂျဲန်ဒါအခြေပြုခွဲခြားဆက်ဆံမှုတွေနဲ့ အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုတွေလျော့နည်းလာပြီး သာယာငြိမ်းချမ်းတဲ့ လူမှုဘဝတွေရရှိစေဖို့
ရည်ရွယ်တယ်လို့ ဆိုပါတယ်။










