Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
နိုင်ငံတကာ နိုင်ငံရေး သတင်း

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ခံဝန်နဲ့လွတ်လာ

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
7
VIEWS
Share on FacebookShare on Twitter

Border News Agency
ထိုင်း၊​မေ ၁၁။

​ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာဟာ အဂတိမှုနဲ့ ကျခံနေရတဲ့ ထောင်ဒဏ်တနှစ်ထဲက ရှစ်လပြည့်ပြီးတဲ့နောက် မေလ ၁၁ ရက်၊ဒီနေ့မနက်က ခံဝန်နဲ့ ထောင်ကနေ လွတ်လာပြီလို့သိရပါတယ်။

အဲဒီဘန်ကောက်က Klong Prem အကျဉ်းထောင်ကနေဒီနေ့မနက် ၇ နာရီခွဲကျော်မှာထွက်လာတဲ့ သက်ဆင်ကို သမီးဖြစ်သူ ပေတုံတန်နဲ့ ထောက်ခံသူ ရာနဲ့ချီတဲ့လူတွေက အနီရောင်တွေဝတ်ပြီး သွားရောက်ကြိုဆိုခဲ့ကြပါတယ်။

​အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သက်ဆင်ဟာ လာမယ့် ၄ လတာ ခံဝန်ကာလအတွင်းမှာ ခြေရာခံစောင့်ကြည့်တဲ့ လျှပ်စစ်ခြေကျင်းဝတ်ဝတ်ဆင်ထားရမှာပါ။

သူဟာ ၂၀၂၃ ခုနှစ်မှာ ထိုင်းနိုင်ငံကို ပြန်ရောက်လာပြီးနောက် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရပေမယ့် ဘုရင်မင်းမြတ်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ဒဏ် ၁ နှစ်အထိ လျှော့ပေါ့ပေးတာ ခံခဲ့ရသူ ဖြစ်ပါတယ်။

​သက်ဆင်ဟာ ထောင်ကျနေတုန်းက ကျန်းမာရေးအကြောင်းပြချက်နဲ့ ဆေးရုံမှာပဲ အချိန်အတော်ကြာ နေထိုင်ခဲ့တာကြောင့် ဝေဖန်မှုတွေ အများကြီးရှိခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာတော့ တရားရုံးချုပ်က သက်ဆင်ရဲ့ ကျန်းမာရေးဟာ စိုးရိမ်ရတဲ့အခြေအနေ မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တာကြောင့် ကျန်ရှိတဲ့ပြစ်ဒဏ်ကို အကျဉ်းထောင်ထဲမှာပဲ ဆက်ပြီးကျခံခဲ့ရတာပါ။

​အဲဒီ ထိုင်းအစိုးရအဖွဲ့ထဲမှာ သက်ဆင်ရဲ့ ဖြူထိုင်းပါတီက ညွန့်ပေါင်းအဖွဲ့ဝင်အဖြစ် ပါဝင်နေတာကြောင့် သက်ဆင် လွတ်မြောက်လာတာဟာ ပါတီအတွက် အားတခု ဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ရွေးကောက်ပွဲမှာ ဖြူထိုင်းပါတီဟာ တတိယနေရာအထိ ကျဆင်းသွားခဲ့တာကြောင့် သက်ဆင်အနေနဲ့ နိုင်ငံရေးလောကထဲကို ဘယ်လောက်အထိ ပြန်ပြီးလွှမ်းမိုးနိုင်မလဲဆိုတာကတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

​နိုင်ငံရေးလေ့လာသူတွေကတော့ သက်ဆင်လွတ်မြောက်လာတာကို ရှေးရိုးစွဲဝါဒီတွေက မျက်ခြေမပြတ် စောင့်ကြည့်နေကြလိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။

တဖက်မှာလည်း သူ့ကို ထောက်ခံသူတွေကတော့ သက်ဆင်ဟာ ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် လုပ်ဆောင်ပေးခဲ့သူဖြစ်လို့ နိုင်ငံရေးကနေ နုတ်ထွက်သွားမှာ မဟုတ်ဘူးလို့ ယုံကြည်နေကြပါတယ်။

PrevPrevious​အီရန်ရဲ့တောင်းဆိုချက်တွေကို ထရမ့်ပယ်ချ
Nextမန္တလေးတိုင်းမှာ အာဏာသိမ်းစစ်တပ်ကြောင့် ဧပြီလအတွင်း အရပ်သား ၇၂ ဦးသေဆုံးNext
Previous Post

​အီရန်ရဲ့တောင်းဆိုချက်တွေကို ထရမ့်ပယ်ချ

Next Post

မန္တလေးတိုင်းမှာ အာဏာသိမ်းစစ်တပ်ကြောင့် ဧပြီလအတွင်း အရပ်သား ၇၂ ဦးသေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - Al Jazeera

ထရမ့် အီရန်ကို တိုက်မယ့်အစီအစဉ် ထပ်ရပ်ဆိုင်း

June 12, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

ကမ္ဘာ့ဖလား ထုတ်လွှင့်ခွင့် Mytel ကိုပေးတဲ့ FIFA ကို JFM ကန့်ကွက်

June 12, 2026
ဓာတ်ပုံ - မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

မြိုင်မြို့နယ်အတွင်း စစ်ကြောင်းတွေဝင်လာရင် ကြိုတင်ပြင်ဆင်တားဆီးဖို့ အသိပေး

June 12, 2026

မူတြော်ကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်

June 12, 2026

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

Releated Post

ဓာတ်ပုံ - 7 EAO Alliance

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

June 9, 2026
ဓာတ်ပုံ - မီဇိုရမ်ရဲတပ်ဖွဲ့

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

June 9, 2026
ဓာတ်ပုံ - Al Jazeera

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

June 9, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

June 9, 2026
(ဓာတ်ပုံ - ကြိုးဆွဲချသေဆုံးသွားသူ/ပေးပို့)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

June 9, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

June 9, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page