Border News Agency
ပုသိမ်၊မေ ၁၁။
ဧရာဝတီတိုင်း၊ပုသိမ်မြို့ရှိအနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ အာရက္ခတပ်တော်(AA) နဲ့ပြည်သူ့ကာတပ်ဖွဲတပ်ဖွဲ့(PDF) အဖွဲ့ဝင် ၃၁ ဦး လက်နက်တွေနဲ့အတူ အလင်းဝင်လာတယ်လို့ အာဏာသိမ်းစစ်တပ်က မေလ ၁၁ ရက်၊မနေ့က ဝါဒဖြန့်ထုတ်ပြန်ပါတယ်။
အဲဒီအလင်းဝင်လာသူတွေကို အာဏာသိမ်းစစ်တပ်က မေ ၁၁ ရက်မှာ မိဘတွေဆီ ပြန်အပ်ပွဲလုပ်ခဲ့တယ်လို့ဆိုပါတယ်။
ဒါဟာတော်လှန်ရေးအဖွဲ့ဝင်တွေ လက်နက်စွန့်နေကြပြီဆိုတဲ့ ပုံစံမျိုးဖြစ်အောင် စစ်တပ်ဝါဒဖြန့်လိုက်တာပါ။
အဲဒီမှာတိုင်းဝန်ကြီးချုပ်ဆိုသူ ဦးအေးကျော်တက်ပြီး လက်နက်တွေကို လက် ခံတာ၊ဆုငွေနဲ့ ထောက်ပံ့ပစ္စည်းပေး တာတွေ လုပ်ခဲ့ပါတယ်။
အဲဒီအလင်းဝင်လာသူတွေကို ဝန်ခံကတိ လက်မှတ်ရေးထိုးခိုင်းပြီးမိဘတွေဆီ ပြန်အပ်တာလို့ ဆိုပါတယ်။
အဲဒီလိုလုပ်ပြတာဟာ တိုက်ပွဲတွေမှာ အထိနာနေတဲ့စစ်တပ်က သူတို့အားသာချက်ရှိနေသယောင် ပြည်သူတွေကို လိမ်ညာဖို့ ကြိုးစားတာလည်း ဖြစ်ပါတယ်။













