Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

အာရက္ခအစိုးရသည် ပဋိပက္ခကာလအတွင်း ဒီမိုကရေစီကိုမြင့်တင်နိုင်မည်လား

Author picture

By

BNA Author
Reading Time: 5 mins read
0
A A
0
SHARES
38
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ ဒီဇင်ဘာ ၂၉။

ဤမေးခွန်းမျိုးကို အချို့က ကြိုက်မည်မဟုတ်ချေ။ တူးတူးခါးခါးကန့်ကွက်လာနိုင်စရာလည်းရှိပေသည်။

စစ်ပွဲနှင့်ဒီမိုကရေစီဆိုသည်မှာ တောင်နှင့်မြောက်၊ အရှေ့နှင့်အနောက်ဟု တဖက်သတ်ယူဆနေသူများအတွက် တူးတူးခါးခါးဖြစ်မှုက အပစ်မဆိုသာပေ။

သို့သော်ထိုသူများတွင် “လွတ်လပ်စွာခွဲ ခြမ်းစိတ်ဖြာမှု” အပေါ်တန်ဖိုးထားစိတ်အနည်းငယ်ရှိပါက ဤမေးခွန်းသည် သက်တောင့်သက်သာ ရှိနိုင်မည့်မေး ခွန်းသာဖြစ်ပေလိမ့်မည်။

စစ်ပွဲဟူသည် ရခိုင်တမျိုးတည်းသာ တိုက်ဖူးသောကိစ္စလောဟုဆိုလျှင် ရှေးယခင်ကပင် ယခုအချိန်ထိ လူမျိုးတိုင်း၊ လူ့အဖွဲ့အစည်းတိုင်း တိုက်ဖူးသောကိစ္စဖြစ်သည်ကို သမိုင်းက သက်သေပြနေသည်။

စစ်ပွဲဖြစ်လာလျှင် လူ့အဖွဲ့အစည်း၌ ဒီမိုကရေစီအခွင့်အရေးနောက်ဆုတ်သွားတတ်သည်ကား အဆန်းမဟုတ်ပေ။

သို့သော်အဆန်းမဟုတ်ဟူသော မှတ်ချက်သည် ဒီမိုကရေစီကို လုံးဝပစ်ပယ်သည်ဟု အဓိပ္ပါယ်ထွက်ခြင်းမျိုးတော့မဟုတ်ပေ။

အင်မတန်မှဆတ်ဆတ်ထိမခံနိုင်သော သူများအတွက် သမိုင်း၏နမူနာအချိုးအကွေ့များက ရှိပါသေးသည်။

လူမှုဗေဒပညာရှင်ချားလ်စ်တဲလ်လီ (Charles Tilly)က “စစ်ပွဲက နိုင်ငံတော်အားတည်ဆောက်ပြီးနိုင်ငံတော်က စစ်ပွဲကို ဖန်တီးသည်။” (War made the state, and the state made war)ဟု ကမ္ဘာကျော်ဆိုရိုးစကားပြုခဲ့ဖူးသည်။

ချားလ်စ်တဲလ်လီ၏ဆိုရိုးတွင်အစိတ်အပိုင်းနှစ်ရပ်ရှိသည်။ စစ်ပွဲက နိုင်ငံတော်အားတည်ဆောက်ခြင်းအပိုင်းနှင့် နိုင်ငံတော်မှစစ်ပွဲအားဖန်တီးခြင်းဆိုသည့်အပိုင်းနှစ်ခုဖြစ်သည်။

စစ်ပွဲကနိုင်ငံတော်အားတည်ဆောက်ခြင်း

ဤအပိုင်းအတွက် သမိုင်းနမူနာများက နားလည်ရန်မခက်ချေ။ မင်းစောမွန်ကိုသော်လည်းကောင်း၊ မုတ်ဆိုးဘိုရွာသား အောင်ဇေယျကိုသော်လည်းကောင်း၊ ဂျင်ဂျစ်ခန့်ကိုသော်လည်းကောင်း၊ တီမူးခန့်ကိုသော်လည်းကောင်း၊ အာသောက ကိုသော်လည်းကောင်း၊ အလက်စန္ဒြားကိုသော်လည်းကောင်း ကြည့်ပါက ရိုးရိုးရှင်းရှင်း မြင်တွေ့နိုင်သည်။ ၎င်းတို့က နိုင်ငံထူထောင်ရန်အတွက် စစ်ပွဲကို အသုံးပြုခဲ့သည်။

ထိုခေတ်ကာလက နိုင်ငံထူထောင်မှုဆိုသည်မှာ ၎င်းတို့၏ ဩဇာအာဏာအတွက် နယ်ပယ်ချဲ့ထွင်မှုသာဖြစ်သည်။

သို့သော် ခေတ်သစ်သမိုင်းတွင်တော့ နိုင်ငံထူထောင်မှုဟူသည် စစ်ခေါင်းဆောင်တအုပ်စု၏ အာဏာချဲ့ထွင်မှုဆိုခြင်းထက်ဖိနှိပ်ခံလူထုများလွတ်မြောက်ရေးဆိုသည့်ထိ သက်ဆင်းသွားပြီဖြ စ်သည်။

ပဒေသရာဇ်ခေတ်ကာလ နိုင်ငံထူထောင်မှုနှင့် ခေတ်သစ်ကာလ နိုင်ငံထူထောင်မှုသည်အနှစ်သာရခြင်းကွာဟနေပြီဖြစ် သည်။

ဤနမူနာက စစ်ပွဲက နိုင်ငံတော်အားတည်ဆောက်ခြင်းဆိုသည့် သဘောကိုနားလည်နိုင်တန်ကောင်းသည်။

ချာလ်စ်တဲလ်လီကသူ၏ အနောက်ဥရောပအမျိုးသားနိုင်ငံများ ပေါ်ထွန်းလာခြင်းဆိုသည် ၁၉၇၅ ခုနှစ်တွင်ထု တ်ဝေခဲ့သော The Formation of National States in Western Europe စာအုပ်တွင် စစ်ပွဲနှင့်နိုင်ငံတော်ကြားက အပေးအယူသဘောမျိုးကို ထပ်ရှင်းပြထားသည်။

  • ၁။ စစ်တိုက်ရန်အစိုးရဟူသော အုပ်စုသည်အခွန်များကို ပိုကောက်လာရသည်။
  • ၂။ ပြည်သူများအားစစ်ထဲသွင်းရသည်။
  • ၃။ အရင်းအမြစ်များကိုထိန်းချုပ်ရသည်။

ဤအချက်များကို အုပ်ချုပ်သူအစိုးရဟူသောအုပ်စုက အာဏာအားဗဟိုချက်တွင်(Centralization)စုစည်းမှုကိုပြုလာရသည်။

ဤအချက်များကြောင့် အခွန်အခပိုကောက်ခြင်း၊ ပြည်သူများအားစစ်ထဲသွင်းခြင်းနှင့် အရင်းအမြစ်များကို ထိမ်းချုပ်ခြင်းများကပြည်သူ တဦးချင်းစီလွတ်လပ်ခွင့်အား သွယ်ဝိုက်သို့မဟုတ်တိုက်ရိုက် ကန့်သတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။

ဤအချက်များကို ခွဲခြမ်းစိတ်ဖြာရန် မခက်ပေ။ အခွန်အခပိုကောက်ခံနေရခြင်းဆိုသည်ကိုလည်း ပြည်သူများသိရန် မခက်ပေ။

ပြည်သူများ၏ခရီးသွားလာမှု၊လှုပ်ရှားဆောင်ရွက်မှုစသည့် အခြေခံအခွင့်အရေးများပင်လျှင် လုံခြုံရေးအခြေအနေဟူသောအချက်အောက်တွင် ကန့်သတ်ခံနေရပြီဖြစ်သည်။ ခရီးသွားလာခွင့်ထောက်ခံစာဆိုသည်က လုံခြုံရေးအရ လူအဝင်အထွက်ကို ကြည့်ရန်ဆိုသော်လည်းငွေတောင်းရန်နှင့် အာဏာပြရန် လမ်းကြောင်းတခုဖြစ်လာသည်။

ပြည်သူများအား စစ်ထဲသွင်းခြင်းဆို သည်မှာလည်း နားလည်ရန်မခက်ပေ။ စစ်ဘက်ရေးရာကိစ္စရပ်နှင့် ပြည်သူသည် သာမန်အခြေအနေတွင် ကင်းကွာသ ည်။

အုပ်ချုပ်သူမှစစ်ပွဲအတွက် လိုအပ်သောအထောက်အပံအား ပြည်သူထံမှ ရရှိရန်လိုသည်။

စစ်ပွဲအား ပြည်သူထောက်ခံရန်ကြိုး စားခြင်း၊ ဝါဒဖြန့်ခြင်းကအစဆွဲဆောင်မှုများပြုလုပ်သကဲ့သို့ အတင်းအဓမ္မဆပ်ကြေးကောက်ခြင်း၊ စစ်မှုထမ်းခိုင်းခြ င်း၊ ပေါ်တာဆွဲခြင်းကဲ့သို့ ဖိအားဖြင့်ဆွဲသွင်းခြင်းများရှိလာသည်။

ထိုအရင်းအမြစ်များကို ထိန်းချုပ်ခြင်း မှာလည်းရှုပ်ထွေးသောကိစ္စမဟုတ်ချေ။ လူသားအရင်းအမြစ်အစ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်အရင်းအ မြစ်များကိုထိန်းချုပ်ပြီး စစ်ဘက်နှင့်နီး ကပ်သောအုပ်စုများစီးပွားရေးကို မောင်ပိုင်စီးလာခြင်းဖြစ်သည်အကြောင်းပြချက်ရှိကြသည်။ စစ်တိုက်ရန် လူလိုသည်။ ငွေလိုသည်။

ထို့ကြောင့် စစ်နိုင်ရန်အရင်းအမြစ်ကို ထိန်းချုပ်သည်ဟု အကြောင်းပြနိုင်သည်။

ကာကွယ်ရေးဆိုင်ရာအကြောင်းပြချက်ပေတံအောက် မည်မျှပင်အကြောင်းပြနေစေကာမူ မြေပြင်တွင်လုပ်ပိုင်ခွင့်ရှိသူအဆင့်ဆင့်ကြားတွင် အဂတိဟူသ ည်ရှိစမြဲပင်။ ဤသို့ဖြင့် လူထုအတွက် ဝန်ပိစေသည်။

စစ်တန်းလျားနိုင်ငံတော်သီအိုရီ “The Garrison State”

နိုင်ငံရေးသိပ္ပံပညာရှင်ဟာရိုလ်ဒ်လစ်ဝဲလ်(Harold Lasswell)က ၁၉၄၁ ခုနှစ်တွင် အဆိုပါသီအိုရီကို တင်ပြခဲ့သည်။

သူ၏တင်ပြချက်အား Lasswell, H. D. (1941). The Garrison State, American Journal of Sociology တွင် ဖော်ပြခဲ့သည်။

ဟာရိုလ်ဒ်လစ်ဝဲလ်က စစ်ပွဲဟူသည်ရှည်ကြာလာသည်နှင့် အမျှနိုင်ငံများမှာ “စစ်တန်းလျားနိုင်ငံ” အဖြစ် ပြောင်းလဲသွားသည်ဟုဆိုသည်။

စစ်ပွဲရှည်ကြာလာမှုက အာဏာအား အရပ်သားနိုင်ငံရေးသမားများ လက်ထဲမှ စစ်ရေးကျွမ်းကျင်သူ(Specialists on Violence)များလက်တွင်းရောက်သွားလေ့ရှိပြီး ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ထက် စစ်ရေးအောင်မြင်မှုကိုသာ ဦးစား ပေးတော့သည်။

စစ်ပွဲအတွင်းလွတ်လပ်ခွင့်များကန့်သတ်ခံရမှု

ဤသို့ဆိုလျှင် ကန့်သတ်မှုများက စစ်ပွဲကာလအတွင်းဒီမိုကရေစီနိုင်ငံများတွင်ပင်မရှိတော့ပြီလားဟု မေးစရာရှိသည်။

စစ်ပွဲအတွင်း ပြည်သူ့၏လွတ်လပ်ခွင့်များအား ကန့်သတ်မှုဟူသည် ဒီမိုကရေစီနိုင်ငံကြီးများပင် ရှိခဲ့သည်။

သမိုင်းဝင်သာဓကများအနေဖြင့် ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်ကာလအတွင်း အမေရိကန်နှင့်ဗြိတိန်တွင် ကျင့်သုံးခဲ့သောဥပဒေများရှိသည်။

အမေရိကန်ပြည်ထောင်စု

ပထမကမ္ဘာစစ်အတွင်း Sedition Act of 1918 ဥပဒေတွင် အမေရိကန်အစိုးရအပေါ် ဝေဖန်ပြောဆိုခြင်း၊ အလံကိုစော်ကားခြင်းစသည့်အချက်များအားရာဇဝတ်မှုအဖြစ်သတ်မှတ်ခဲ့သည်။

ဤအချက်သည် လွတ်လပ်စွာပြောဆိုခွင့်(First Amendment)အား ပြင်းထန်စွာ ကန့်သတ်ခဲ့ခြင်းလည်းဖြစ်သည်။

အမေရိကန်သမိုင်းတွင်အဆိုးဝါးဆုံးဒီမိုကရေစီချိုးဖောက်အဖြစ်သမ္မတရုစဗဲ့လက်မှတ်ထိုးခဲ့သော Executive Order 9066 ကို သတ်မှတ်ကြသည်။

ဂျပန်နွယ်ဖွားအမေရိကန်နိုင်ငံသား ၁ သိန်း ၂ သောင်းကျော်အား “ရန်သူဖြစ်နိုင်ခြေရှိသူများ” အဖြစ် သတ်မှတ်ကာ အကျဉ်းစခန်း(Internment Camps) များထဲ အတင်းအဓမ္မပို့ဆောင်ခဲ့သည်။

ထိုဂျပန်နွယ်ဖွားများတွင် မည်သည့်အပြစ်မှမရှိသလို တရားစီရင်ခွင့်လည်း မရခဲ့ချေ။ Executive Order 9066 (Japanese Internment) အား အမေရိကန် အမျိုးသားမော်ကွန်းတိုက် (National Archives)တွင် Executive Order 9066: Resulting in Japanese American Incarceration မူရင်းစာတွဲ အဖြစ် ယခုထိရှိသည်။

နောက်တချက်မှာ War Production Board ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများအား အစိုးရက ဗဟိုမှထိန်းချုပ်ကာ စက်ရုံများတွင် မည်သည့်ပစ္စည်းကို မည်မျှထုတ်ရမည်ဟု အမိန့်ပေးသည်။ War Production Board (Economic Control)နှင့်ပတ်သက်၍ စီးပွားရေးအား အစိုးရက ထိန်းချုပ်ပုံအကြောင်းကို Harry S. Truman Library တွင် လေ့လာနိုင်ပါသည်။

သတင်းမီဒီယာများကို စစ်ဆေးရန်နှင့် စစ်ရေးသတင်းများကို ထိန်းချုပ်ရန် အထူးဌာန(Office of Censorship)ကို ဖွဲ့စ ည်းခဲ့သည်။

ဗြိတိန်နိုင်ငံ

ပထမကမ္ဘာစစ်အတွင်း ဗြိတိန်မှာ Defence of the Realm Act – DORA ဥပဒေပြဋ္ဌာန်းခဲ့ပြီး အစိုးရအနေဖြင့် သတင်းစာများကို ပိတ်ခွင့် လူကို စွဲချ က်မရှိဖမ်းဆီးခွင့်စသော အာဏာကုန် ပေးထားခဲ့သည်။

ဗြိတိန်တွင်“Emergency Powers (Defence) Act 1939” ဥပဒေသည် အစိုးရအား အလွန်ကျယ်ပြန့်သေအာဏာပေးထားခဲ့သည်။

Emergency Powers (Defence) Act 1939: ဗြိတိန်လွှတ်တော် (Parliament) ဝဘ်ဆိုဒ်တွင် Emergency Powers in WWII – UK Parliament ဖတ်ရှူနိုင်သ ည်။

Regulation 18B စည်းမျဉ်းအရ အစိုးရက နိုင်ငံတော်အတွက် အန္တရာယ်ရှိသည်ဟု ယူဆရသူများကို ရုံးတင်စစ်ဆေးခြင်းမပြုဘဲ ဖမ်းဆီးချုပ်နှောင်ထားခွင့် ရရှိခဲ့သည်။

(ဤအချက်သည် ဒီမိုကရေစီ၏ အခြေ ခံ(Habeas Corpus)အခွင့်အရေး ဖမ်း ဆီးခံရသူအားတရားရုံးတင်ရမည်ဟူ သောအချက်ကို ချိုးဖောက်ခြင်းဖြစ် သည်။ Regulation 18B (Detention without trial)အား National Archives ရှိSecurity Service Records: Regulation 18B – The National Archives တွင်ဖတ်နိုင်သည်။)

အရေးပေါ်အခြေအနေနှင့်ခြွင်းချက်ဥပ ဒေ(State of Exception)

ခေတ်သစ်အတွေးအခေါ်ပညာရှင် ဂျော်ဂျီယိုအဂမ်ဘင်(Giorgio Agamben)က စစ်ပွဲ သို့မဟုတ် အရေးပေါ်အခြေအနေတွင် အစိုးရများသည် ပုံမှန်ဥပဒေကို ခေတ္တရပ်ဆိုင်းထားကာ “ခြွင်းချက်အခြေအနေ” (State of Exception)ကို ဖန်တီးတတ်ပြီး ထိုအချိန် ဒီမိုကရေစီနည်းလမ်းကျ ဆုံးဖြတ်မှုထက် အထက်အမိန့် (Executive Decree)က ပိုအသက်ဝင်လာသည်ဟု (Agamben, G. (2005). State of Exception)တွင် မှတ်ချက်ပြုထားသ ည်။

စစ်ပွဲကာလတွင် ဒီမိုကရေစီ ဆုတ်ယုတ်ရသော အကြောင်းရင်းတွင်ဆုံးဖြတ်ချ က် မြန်မြန်ချနိုင်ရန် လွှတ်တော်ထက် အုပ်ချုပ်ရေးပိုင်း (သမ္မတ/ဝန်ကြီးချုပ်) မှ အာဏာပိုယူရခြင်း၊ လုံခြုံရေးကို လွ တ်လပ်မှုထက်ဦးစားပေးခြင်းကာ “နိုင်ငံတော်လုံခြုံရေး” အကြောင်းပြချက်ဖြင့်ထောက်လှမ်းရေးနှင့်ကန့်သတ်မှုများ ပိုလုပ်လာခြင်း၊ စားနပ်ရိက္ခာနှင့်စီးပွား ရေးအပေါ် အစိုးရက ဗဟိုမှထိန်းချုပ်လိုက်ခြင်းပါဝင်သည်။

စစ်ပွဲကာလအတွင်း ဒီမိုကရေစီနှင့် လွ တ်လပ်ခွင့်အားမည်သို့အပေးအယူ လုပ်ခံရသည်ကို Constitutional Rights Foundation ၏ Constitutional Rights in Wartime – CRF USA တွင် ဖတ်နိုင်သည်။

အဆိုပါအချက်အလက်များက အမေရိကန်၊ဗြိတိန်စသော ဒီမိုကရေစီနိုင်ငံများတွင်ပင် စစ်အတွင်း ကန့်သတ်ချက်များရှိနေသည်ကို မီးမောင်းထိုးပြနေသည်။

ဤသို့ဆိုပါလျှင် ထိုနိုင်ငံများတွင် ထိုသို့ကန့်သတ်ချက်များရှိနေခဲ့သည့်တိုင်အောင် အဘယ်ကြောင့်ဒီမိုကရေစီမဆိုက်သုဥ်းသွားခဲ့ပါသနည်းဟူသောအချက်ကို ပို၍မီးမောင်းထိုးပြလာစရာရှိသည်။

စစ်ပွဲနှင့်ဒီမိုကရေစီဆိုသည်မှာတောင်နှင့် မြောက်၊ အရှေ့နှင့်အနောက်ဟု တဖက်သတ်ယူဆကာတူးတူးခါးခါးဖြစ်နေသူများအတွက် ထိုမီးမောင်းထိုးပြမှုကို အော့ကြော့လန်စရာရှိနေသည်။

  • ၁။ ယာယီသဘောဆောင်ခြင်း (Temporary Nature):

အဆိုပါဥပဒေတွေအားလုံးသည် အမေရိကန်နှင့်ဗြိတိန်တွင် “စစ်ပွဲကာလအတွင်းသာ” ဖြစ်သည်ဟု ဥပဒေတွင် အစကတည်းက ထည့်သွင်းထားပြီး စစ်ပြီးသ ည်နှင့်ချက်ချင်းရုပ်သိမ်းခဲ့သည်။

ULA/AA ထုတ်ပြန်အမိန့်များတွင် ထိုအချက်မပါပေ။

  • ၂။ လွှတ်တော်၏ထိန်းကျောင်းမှု:အစိုးရ၏အာဏာသုံးမှုကို လွှတ်တော်မှအမြဲစောင့်ကြည့်နေသည်။

ဥပမာ – ဗြိတိန်တွင် Regulation 18B အရ ဖမ်းဆီးမှုများအပေါ် လွှတ်တော်အမတ်များက အမြဲတမ်းမေးခွန်းထုတ်ဝေဖန်ခဲ့ကြသည်။

ဗြိတိန်အစိုးရအဖွဲ့သည်လွှတ်တော်တွင် အမြဲဖြေရှင်းနေရသည်။

လွှတ်တော်မရှိသေးစေကာမူ မေးခွန်း ထုတ်ဝေဖန်မှုအား ULA/AAလမ်းဖွင့်မထားပေ။

  • ၃။ လွတ်လပ်သောတရားစီရင်ရေး: အမေရိကန်တွင် အစိုးရ၏အမိန့်များကို တရားရုံးချုပ်(Supreme Court)ထိ တက်ရောက်ရင်ဆိုင်ခွင့်ရှိခဲ့သည်။

ULA/AAအမိန့်များအပေါ် ပြည်သူများအဖို့တရားစီရင်ရေးအောက်၌အကာအ ကွယ်ယူခွင့်မရှိပေ။

စစ်ပွဲအတွင်း ဒီမိုကရေစီနိုင်ငံများတွင် “အာဏာရှင်ဆန်သောနည်းလမ်းများ” ကို ခေတ္တအသုံးပြုခဲ့ကြသော်လည်း အာဏာကို အမြဲတမ်းလက်ဝယ်ထားရ န် မကြိုးစားဘဲ စစ်ပြီးသည်နှင့်မူလဒီမိုကရေစီစနစ်ထဲ ပြန်သွားနိုင်ခဲ့သည်။

တူးတူးခါးခါးဖြစ်နေသူများက အကြောင်းပြချက်တခုတော့ အောတိုမတ်တစ်ပေးလာနိုင်သည်။

အမေရိကန်နှင့်ဗြိတိန်ဟူသည် ခိုင်မာသောစနစ်(System)၊ပြည်သူများ၏နိုး ကြားမှုများရှိနေသောနိုင်ငံများဖြစ်၍ ယခုမှစတင်နေရသူများနှင့်မနှိုင်းယှဉ်အပ်ဟုဖြစ်သည်။

ယခုမှစတင်သည်ဖြစ်စေ၊ လမ်းခုလတ်မှ စတင်သည်ဖြစ်စေ ထိုစတင်မှု၌ပင် ခေါင်းဆောင်များ၏ ဒီမိုကရေစီအပေါ် သစ္စာစောင့်သိမှုနှင့် အင်စတီကျူရှင်းများ ဒီမိုကရေစီတန်ဖိုးကို လေးစားမှုရှိနေ၍ထိုသို့စနစ်အထိုင်ကျမှုနှင့် ပြည်သူနိုးကြားမှုများရှိနေသည်ကို မျက်ကွယ်ပြုနေ၍မရချေ။

ထိုစစ်ပွဲကာလအတွင်းမှာပင်အမေရိက န်နှင့်ဗြိတိန်၌ လက်နက်ကိုင်တပ်ဖွဲ့ အင်စတီကျူရှင်းများကို ဒီမိုကရေစီတန်ဖိုးအား လေးစားရန်မောင်းနှင် မှုရှိနေသည်ဟူသောအခြေခံအချက်များကို မျက်ကွယ်ပြုနေ၍မရချေ။

လွတ်လပ်စွာပြောဆိုဝေဖန်မှုကို လမ်းဖွင့်ထားသောလူ့အဖွဲ့အစည်းတရပ်တွင် ဒီမိုကရေစီသည် ခလုတ်ခဏခဏတိုက်တတ်သော်လည်း နိုင်ငံတခုကိုချောက်ထဲတွန်းမချတတ်ချေ။

ခေါင်းဆောင်များ၏ ဒီမိုကရေစီအပေါ် သစ္စာစောင့်သိမှု ကိုကြည့်ပါက ဟစ်တလာကဲ့သို့ပုဂ္ဂိုလ်မျိုးသည် ဒီမိုကရေစီစ နစ်ဖြင့်ရွေးကောက်တင်မြောက်ခံရသည့်တိုင်အောင် အာဏာရှိချိန်တွင်ကား ခေါင်းဆောင်တယောက်၏ ဒီမိုကရေစီသစ္စာစောင့်သိမှုခမ်းခြောက်ခဲ့သည် မဟုတ်ပါလား။

ဟစ်တလာခေတ်တွင် ဟစ်တလာနှင့်နာ ဇီလုပ်ရပ်အပေါ် ဝေဖန်ထောက်ပြမှုက ဘေးမကင်းပေ။

၁၉၄၁ ခုနှစ်၊ အမေရိကန်အခြေအနေကို ကြည့်ပါက ထိုရပ်လဒ်နှင့် ပြောင်းပြန်ကို မြင်ရလိမ့်မည်။

စစ်တန်းလျားနိုင်ငံတော်သီအိုရီ(The Garrison State)ကို နိုင်ငံရေးသိပ္ပံပညာရှင်ဟာရိုလ်ဒ်လစ်ဝဲလ်(Harold Lasswell)တင်ပြခဲ့သည်။

ထိုအချိန်တွင် အမေရိကန်က စစ်ကို မရှောင်လွှဲနိုင်၊ မဟာမိတ်များကို လက်နက်ထောက်ပံနေသည်။

ဤသို့ဂယက်ထနေချိန် သမ္မတဖရန်ကလင်ဒီရုစဗဲ့(Franklin D. Roosevelt) ကိုယ်တိုင် ၁၉၄၁ ခုနှစ်၊ဇန်နဝါရီလ ၆ ရက်နေ့တွင်နိုင်ငံတော်အခြေပြမိန့်ခွ န်း(State of the Union Address)၌ “လွတ်လပ်ခြင်းလေးပါး” (Four Freedoms)ကို စတင်ကြေညာခဲ့သည်။

၁၉၄၁ခုနှစ်၊ ဇန်နဝါရီလမှဒီဇင်ဘာလ ၈ ရက်ထိ ကာလများတွင် အမေရိကန်သည် ဒုတိယကမ္ဘာစစ်ထဲ မဝင်ရသေးချေ။ ဒီဇင်ဘာလ ၇ ရက်တွင် ပုလဲဆိပ် ကမ်းဗုံးကြဲခံရပြီးမှဒီဇင်ဘာလ ၈ ရက်နေ့တွင် စစ်ကြေညာခြင်းဖြစ်သည်။ စစ်မကြေညာခင် ၁၁ လအလိုတွင် လွတ်လပ်ခြင်းလေးပါးထွက်လာခြင်းဖြစ်သည်။

ကမ္ဘာတဝှမ်းအာဏာရှင်စနစ်ကြီးစိုးလာမှုကို တားဆီးရန်နှင့်ဒီမိုကရေစီတန်ဖိုးကိုကာကွယ်ရန် ပြည်သူများကို ထိုလေးချက်နှင့်စည်းရုံးခဲ့ခြင်းဖြစ်သည်။

၁။ လွတ်လပ်စွာပြောဆိုခွင့်(Freedom of Speech and Expression)

ကမ္ဘာ့နေရာတိုင်း၊ လူတိုင်းမိမိ၏ထင်မြင်ယူဆချက်များကို လွတ်လပ်စွာထုတ် ဖော်ပြောဆိုခွင့်ရှိရမည်။

၂။ လွတ်လပ်စွာကိုးကွယ်ခွင့်(Freedom of Worship)

လူတိုင်း မိမိယုံကြည်ရာ ဘာသာတရားအပေါ် မိမိနှစ်သက်သောနည်းလမ်းအတိုင်း လွတ်လပ်စွာကိုးကွယ်ခွင့်ရှိရမည်။

၃။ ချို့တဲ့မှုမှ လွတ်မြောက်ခွင့် (Freedom from Want)

နိုင်ငံတိုင်းက ပြည်သူတိုင်း ကျန်းမာသန်စွမ်းပြီးငြိမ်းချမ်းသောဘဝအတွက်အခြေခံလိုအပ်ချက်(စားဝတ်နေရေး)ပြည့်စုံနေရမည်။

၄။ ကြောက်ရွံ့မှုမှလွတ်ကင်းခွင့် (Freedom from Fear)

ဘယ်နိုင်ငံကမှအခြားအိမ်နီးချင်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်မှုမလုပ်နိုင်အောင် စစ်အင်အားလျှော့ချပြီးပြည်သူ များ စစ်ဘေးစစ်ဒဏ်ကို ကြောက်လန့်စရာမလိုဘဲ နေထိုင်နိုင်ရမည်။

သမ္မတဖရန်ကလင်ဒီရုစဗဲ့(Franklin D. Roosevelt)သည် သူ့ခေတ်သူ့အခါက ထူးခြားသောအရည်အသွေးရှိပြီး လူထုထောက်ခံမှုများသောခေါင်းဆောင်ဖြစ်သည်။

သမ္မတ၏ပြောစကားက ရေပန်းစားသည်။ ဖရန်ကလင်ဒီရုစဗဲ့ခေတ်တွင် သူ့အား ချိုချိုခါးခါးထောက်ခံကြသူများက အမေရိကန်၌လည်းရှိသည်။ ဒီဘက်ခေတ်စကားနှင့်ပြောရလျှင် ဖရန်ကလင်ဒီရုစဗဲ့လော်ဘီအုပ်စုအင်အားများလှသည်။

ပန်းချီဆရာနော်မန်ရော့ခ်ဝဲလ် (Norman Rockwell)က ထိုလွတ်လပ်ခြင်းလေးပါးအားနာမည်ကျော်ပန်းချီကားလေးချပ်ရေးဆွဲလိုက်ရာပြည်သူ များကြား ပိုမိုစွဲထင်ခဲ့သည်။

ရုစဗဲ့မိန့်ခွန်းသည် “စစ်ထဲဝင်ဖို့ပြင်ဆင်ခြင်း” လား

အဖြေကဟုတ်သည်။ လွတ်လပ်ခွင့်လေးပါးအား ရုစဗဲ့က ကမ္ဘာ့နေရာတိုင်းက လူသားတိုင်ရရှိရမည်ဟု ကြွေးကြော်ခြင်းအဓိပ္ပါယ်သည် အမေရိကန်အနေဖြင့် စစ်ထဲတရားဝင်မဝင်သေး။

သို့သော် “ဒီမိုကရေစီလက်နက်တိုက်” (Arsenal of Democracy)အဖြစ် ဗြိတိနှင့်မဟာမိတ်များကို လက်နက်အင်အား အပြည့်အဝကူညီမည်ဟု ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ထိုလွတ်လပ်ခွင့်များကို ခြိမ်းခြောက်နေသောအာဏာရှင်များကို တိုက်ထုတ်ရန် လိုအပ်လျှင် စစ်ပွဲထဲပါဝင်ရမည်ဆိုသော သွယ်ဝိုက်အဓိပ္ပါယ်ဖြစ်သည်။

ဤအချက်ကို နိုင်ငံရေးသိပ္ပံပညာရှင် ဟာရိုလ်ဒ်လစ်ဝဲလ်က စစ်တန်းလျား နိုင်ငံတော် “The Garrison State” စာတမ်းဖြင့် ၁၉၄၁ ခုနှစ်၊ ဇန်နဝါရီလမှာပင် ပြန်ချေပခဲ့သည်။

ထိုခေတ်ကာလ၏အခြေအနေအပေါ် ပညာရှင်တစ်ယောက်အနေဖြင့် သတိပေးချက်ထုတ်ပြန်ခဲ့သည်။

ဖရန်ကလင်ဒီရုစဗဲ့က “လွတ်လပ်ခွင့်” အတွက် စစ်ပြင်ရမည်ဟု ပြောနေချိန်တွင် ဟာရိုလ်ဒ်လစ်ဝဲလ်က “စစ်ပွဲအတွက်အမြဲပြင်ဆင်နေရသောနိုင်ငံ၊ ဘယ်အချိန်ဆုံးမည်မသိသောစစ်မျိုးအတွက်ပြင်ဆင်နေရသောနိုင်ငံမျိုးဖြစ်သွားခဲ့လျှင် အဆိုပါလွတ်လပ်ခွင့်များ အမှန်တကယ်ကျန်ပါမည်လားဟု ပြန်လည်မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။

ဟာရိုလ်ဒ်လစ်ဝဲလ်ကစစ်ရေးကို ဦးစားပေးလွန်းသောအခါနိုင်ငံတော် “လုံခြုံရေး” အကြောင်းပြချက်ဖြင့် ပြည်သူ့အခွင့်အရေးများကန့်သတ်ခံရပြီး စစ်ဘ က်ကျွမ်းကျင်သူများသာ အာဏာရလာမည့် စစ်ဘောင်သွင်းခံထားရသော လူ့အဖွဲ့အစည်း ဖြစ်လာနိုင်ချေကို ထောက်ပြခဲ့ခြင်းဖြစ်သည်။

ထိုသို့ထောက်ပြခဲ့၍ ဟာရိုလ်ဒ်လစ်ဝဲလ်သည် ဖရန်ကလင်ဒီလော်ဘီများတိုက်ခိုက်မှုများကိုလည်းခံရသည်။

ဟစ်တလာနှင့်နာဇီလွမ်းမိုးသော ဂျာမန်တွင် ထိုလိုမျိုးဝေဖန်ပါက ဝေဖန်သူအသက်ပျောက်သွားနိုင်သည်။

မည်သို့ပင်ဖြစ်စေ…။

ဟာရိုလ်ဒ်လစ်ဝဲလ်၏ မေးခွန်းသည် မေးသင့်သောမေးခွန်းဖြစ်သည်ကို အချိန်ကအဆုံးအ​ဖြတ်ပေးခဲ့သည်။

PrevPreviousအောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ်စစ်ကြောင်းမှ ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြ
Nextချင်းဒေသမှာအာရက္ခတပ်တော်မှ ခရစ္စမတ်လက်ဆောင်တွေပေးNext
Previous Post

အောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ်စစ်ကြောင်းမှ ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြ

Next Post

ချင်းဒေသမှာအာရက္ခတပ်တော်မှ ခရစ္စမတ်လက်ဆောင်တွေပေး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ-အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု

ရွှေရေကြည်သပိတ်စစ်ကြောင်းမှ ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြ

January 10, 2026

မူးမြို့နယ်ကိုစစ်ကော်မရှင်တပ်ကြောင်းအရပ်သားလေးဦးသေဆုံး

January 10, 2026

အာရက္ခဒေသက ဖရဲစိုက်တောင်သူတွေ ရောင်းချမယ့်စျေးကွက်လိုအပ်နေ

January 10, 2026
ဓာတ်ပုံ - စစ်ကော်မရှင်

အိုင်စီဂျေကြားနာမှုမှာ စစ်ကော်မရှင်လျှောက်လဲချက်ပေးမယ်

January 10, 2026

ရွှေရေကြည်သပိတ်စစ်ကြောင်းမှ ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြ

မူးမြို့နယ်ကိုစစ်ကော်မရှင်တပ်ကြောင်းအရပ်သားလေးဦးသေဆုံး

အာရက္ခဒေသက ဖရဲစိုက်တောင်သူတွေ ရောင်းချမယ့်စျေးကွက်လိုအပ်နေ

အိုင်စီဂျေကြားနာမှုမှာ စစ်ကော်မရှင်လျှောက်လဲချက်ပေးမယ်

​ထားဝယ်ခရိုင်အမှတ်၂တပ်ရင်းရဲ့ ဆက်သွယ်ရေးနဲ့ ဒရုန်းမွမ်းမံသင်တန်းဆင်းပွဲ

“ကျနော်တို့မှာစျေးကွက်မရှိပါ။ ကျနော်တို့ဒါကိုဘယ်လိုရောင်းရမလဲ။ ဖရဲသီးစျေးကွက်ရှိရင် ကျနော်တို့သုံးထောင်နဲ့လဲရောင်းနိုင်ပါတယ်…။”

Releated Post

ဓာတ်ပုံ-အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု

ရွှေရေကြည်သပိတ်စစ်ကြောင်းမှ ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြ

January 10, 2026

မူးမြို့နယ်ကိုစစ်ကော်မရှင်တပ်ကြောင်းအရပ်သားလေးဦးသေဆုံး

January 10, 2026

အာရက္ခဒေသက ဖရဲစိုက်တောင်သူတွေ ရောင်းချမယ့်စျေးကွက်လိုအပ်နေ

January 10, 2026
ဓာတ်ပုံ - စစ်ကော်မရှင်

အိုင်စီဂျေကြားနာမှုမှာ စစ်ကော်မရှင်လျှောက်လဲချက်ပေးမယ်

January 10, 2026
ဓာတ်ပုံ-ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း

​ထားဝယ်ခရိုင်အမှတ်၂တပ်ရင်းရဲ့ ဆက်သွယ်ရေးနဲ့ ဒရုန်းမွမ်းမံသင်တန်းဆင်းပွဲ

January 10, 2026

“ကျနော်တို့မှာစျေးကွက်မရှိပါ။ ကျနော်တို့ဒါကိုဘယ်လိုရောင်းရမလဲ။ ဖရဲသီးစျေးကွက်ရှိရင် ကျနော်တို့သုံးထောင်နဲ့လဲရောင်းနိုင်ပါတယ်…။”

January 10, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page