Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

အရပ်သားပြည်သူများကို စစ်ကော်မရှင်က အဘယ်ကြောင့်ပစ်မှတ်ထားသနည်း

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
11
VIEWS
Share on FacebookShare on Twitter

ကျော်အောင်ရေးသည်။

Border News Agency
မြောက်ဦး၊ ဒီဇင်ဘာ ၂၉။

အာရက္ခအဆုံးအဖြတ်စစ်ပွဲတွင် အာရက္ခတပ်တော်(AA)သည် ပလက်ဝမြို့နယ်အပါအဝင်တဆယ့်ငါးမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီးအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားဖော်ဆောင်နေသည်။

ထိုအုပ်ချုပ်ရေးယန္တရားများပုံမှန်လည်ပတ်နိုင်စေရန်အတွက် ပြည်သူ့အစိုးရ၏ လုပ်ငန်းတာဝန်များကို ကြိုးစားလုပ်ဆောင်နေပေသည်။

ထိုအပြင် အာရက္ခဒေသအလုံးစုံလွတ် မြောက်ရေးအတွက်သာမက စစ်အာဏာရှင်စနစ်ပြုတ်ကျစေရန်အတွက်လ ည်းတခြားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့်ပူးပေါင်းတိုက်ပွဲဝင်နေသည်။

အာရက္ခနယ်ခြားဒေသများတွင် လက် နက်ကိုင်တော်လှန်ရေးတပ်များနှင့် ပူးပေါင်းတိုက်ပွဲဝင်နေပြီးဧရာဝတီမြစ်အ နောက်ဘက်လွတ်မြောက်ရေးကြိုးစားတိုက်ပွဲဝင်နေသည်ကို တွေ့ရသည်။

ထိုဧရာဝတီမြစ်အနောက်ဘက်နယ်မြေများသည် စစ်ကော်မရှင်တပ်အတွက်အလွန်အရေးပါသည့် စစ်လက်နက်ပစ္စ ည်းများထုတ်လုပ်နေသည့် လက်နက်စက်ရုံများတည်ရှိသည်။

အပူတပြင်း၊ အဓမ္မစုဆောင်းထားသည့် တပ်သားသစ်များအားစုစည်းခုခံနေသဖြင့် စစ်ကောင်မရှင်တပ်သည် ”၁၀၂၇” စစ်ဆင်ရေးကဲ့သို့ ရှက်ဖွယ်လိလိအရှုံးများမရှိသေးပေ။

ရုရှား၊တရုတ်၊ဘီလာရုစ်နိုင်ငံများက စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအကူအညီများ၊ စစ်ရေးနည်းဗျူဟာသုံးသပ်ချက်များ၊ လက်နက်များ၊ စစ်ရေးနည်းပညာများရရှိထားသော စစ်ကော်မရှင်တပ်သည် တိုက်ပွဲများတွင် လေကြောင်းအားကို သိသိသာသာ အသုံးပြုလာခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး” ပထမနှင့်ဒုတိယလှိုင်းများတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ဒရုန်းအသုံးပြုမှုကို မျှော်လင့်မထားသည့် စစ်ကော်မရှင်တပ်သည် လတ်တလောဖြစ်ပွားနေသည့် ယူကရိန်း – ရုရှားစစ်ပွဲများမှလည်း နည်းဗျူဟာ များလေ့လာနိုင်သည်ဖြစ်ရာ တိုက်ခိုက်ရေးနှင့်ထောက်လှန်းရေးဒရုန်းများကို သိသိသာသာ အသုံးပြုလာခဲ့သည်။

ထိုသို့သာလွန်လေကြောင်းအင်အား၊ဒရုန်းအင်အား၊အမြှောက်အင်အားများကို လိုအပ်သည်ထက် ပိုမိုသုံးလာသော်လည်း အာရက္ခတပ်တော်နှင့်မဟာမိတ်များအပေါ်သိသိသာသာ အသာစီးရရှိမှု မရှိသည်ဖြစ်ရာ ၎င်းတို့၏ဖြေသိမ့်စရာနှင့်စိတ်အားတက်စရာအဖြစ် တော်လှန်ရေးနယ်မြေများက အရပ်သားပစ်မှတ်များကို ရွေးချယ်လာကြခြင်းပင်ဖြစ်သ ည်။

စစ်ကော်မရှင်တပ်သည် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများအပါအဝင်ချင်း၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ အညာဒေသများတွင် လေကြောင်းအသာစီးရရှိမှုကိုအသုံးချပြီး အရပ်သားပစ်မှတ်များကို ဦးတည်ရွေးချယ်ပစ်မှတ်ထားလာခဲ့သည်။

အရပ်သားပစ်မှတ်များသည် မြေပြင် ရင်ဆိုင်တိုက်ပွဲများတွင် ရှက်ဖွယ်ရှုံးနိမ့်နေသည့် စစ်ကော်ရှင်တပ်နှင့်၎င်း၏ လော်ဘီများအဖို့ အရှက်ပြေအာသာဖြေစရာဖြစ်လာသည်။

စစ်ကော်မရှင်တပ်သည် အရပ်သားများကို ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သဖြင့် အရပ်သားများစွာသေကြေကြပြီး နိုင်ငံတကာအဖွဲ့အစ ည်းများက ကန့်ကွက်ပြောဆိုနေကြသည်။

ထိုကျူးလွန်မှုများကိုဖုံးကွယ်ရန်အတွက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်များရှိနေသည့်အတွက် တိုက်ခိုက်သည်ဟု နိုင်ငံတော်အဆင့်ကလိမ်ညာဝါဒဖြန့်ရှင်းလင်းခဲ့ရသည်။

သို့သော်လည်း စစ်ကော်မရှင်၏ရှင်းလ င်းပြောဆိုမှုများကို မည်သူမျှယုံကြည်လက်မခံသည်ကို တွေ့ရသည်။

အာရက္ခတပ်တော်သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမတိုင်မီကပင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအမည်ဖြင့် စစ်ဘက်၊ အရပ်ဘက်ပူးပေါင်းပြီး ၎င်းတို့ထိန်းချုပ်နယ်မြေများတွင်အုပ် ချုပ်ရေး၊တရားစီရင်ရေးနှင့်ပြည်သူ့ဝ န်ဆောင်မှုများဆောင်ရွက်နေပြီဖြစ်သည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ တိုင်းပြည်တည်ဆောက်ရေးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုများအကြိမ်ကြိမ်ပြုလုပ်ဖျက်ဆီးနေသည်ကို တွေ့ရသည်။

ထို့ကြောင့် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ထိစစ်ကော်မရှင်တပ်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၁၁၅၂ ဦးသေဆုံးပြီး ၂၁၅၃ ဦးထိခိုက်ဒဏ်ရာရခဲ့သည်။

ထိုအထဲတွင် ၂၀၂၅ ခုနှစ်၊ဇန်နဝါရီလ ၃ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊နိုဝင်ဘာလ ၂၈ ရက်နေ့ထိ၊လေကြောင်းတိုက်ခိုက်မှု ၉၂ ကြိမ်ထိရှိခဲ့ရာ အရပ်သားပြည်သူ သေဆုံးသူ ၁၉၂ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၅၀၂ ဦးရှိခဲ့ပြီး လူနေအိမ် ၅၉၆ လုံးရှိခဲ့ကြောင်း အာရက္ခတပ်တော်၏ လူသားချင်းစာနာထောက်ထားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ၂၀၂၅ ခုနှစ်၊ဒီဇင်ဘာလ ၁၁ ရက်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် မြောက်ဦးပြည်သူ့ဆေးရုံကြီးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁ဝ ရက်တွင် စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခို က်မှုကြောင့် အရပ်သားပြည်သူ ၃၃ ဦးသေဆုံးပြီး ၇၆ ဦးဒဏ်ရာရရှိခဲ့သည်။

ထိုအပြင် ကျောက်ဖြူမြို့နယ်၊ငလုံးစုအထက်ရွာကို ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စစ်ကော်မရှင်တပ်လေကြောင်းတို က်ခိုက်လို့ အရပ်သား ၈ ဦးသေဆုံးပြီး
၁၆ ဦး ဒဏ်ရာရခဲ့သည်။

မြန်မာနိုင်ငံတဝှမ်း အရပ်သားများအစု လိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုများနှင့်စပ်လျဉ်း၍ Institute for Strategy & Policy Myanmar – ISP Myanmar ၂ဝ၂၅ ခုနှစ်၊ဒီဇင်ဘာလ ၁၀ ရက်နေ့ထုတ်ပြန်ချက်တွင်၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့ထိ၊ လူ ၁ဝ ဦးအထက် အစုလိုက်အပြုံလိုက်သတ်ဖြ တ်ခံရမှုဖြစ်စဉ် ၉၅ ကြိမ်ထိရှိသည်ဟုဖော်ပြထားသည်။

အဲဒီထဲက ၉၁ ခုသည်စစ်ကော်မရှင်တ ပ်က ကျူးလွန်၍အရပ်သားစုစုပေါင်း ၁၁၇၆ ဦးသေဆုံးကာ၊၎င်းကျူးလွန်ခဲ့သည့် ၅၉ ရာခိုင်နှုန်းမှာ လေကြောင်းတိုက်ခတ်မှုကြောင့်ဖြစ်သည်။

ထို့ကြောင့် စစ်ကော်မရှင်တပ်သည် အ ရပ်သားများကို စစ်ရေးပစ်မှတ်အဖြစ် ရည်ရွယ်ချက်ရှိရှိ ရွေးချယ်စစ်ဆင်ရေးဆောင်ရွက်နေသည်မှာ မြင်သာစေသ ည်။

ဝေဟင်အသာစီးရရှိမှုသည် စစ်ကော်မ ရှင်၏အားသာချက်ဖြစ်သည်။Non -State Actor အနေအထား မရှိနိုင်ကြသေးသော တော်လှန်ရေးအင်အားစုများသည် ဝေဟင်စိုးမိုးရေးကို ဟန့် တားနှောင့်ယှက်နိုင်သည့် လက်နက်များရရှိရေးမှာ သံတမန်နှင့်နည်းပရိ ယာယ်အရခက်ခဲမှုရှိသည်။

ယူကရိန်း- ရုရှား၊အီရန်-အစ္စရေးနှင့်နော က်ဆုံးထိုင်း-ကမ္ဘောဒီးယားစစ်ပွဲများတွ င် လေကြောင်းအသာစီးရရှိမှုသည် စစ်ရေးကို အတိုင်းအတာတခုထိ အရေးပါသော်လည်း မြို့သိမ်း၊နယ်သိမ်းတိုက်ပွဲများတွင် မြေပြင်တပ်များ၏အခန်းက ဏ္ဍအရေးကြီးဆုံးအဖြစ်ရှိနေဆဲဖြစ်သ ည်။

အာရက္ခဒေသအပါအဝင် တော်လှန်ရေးတပ်များစိုးမိုးသောနေရာများ၌အရပ် သားပစ်မှတ်များကို စစ်ရေးပစ်မှတ်အ ဖြစ် စစ်ကော်မရှင်တပ်ရွေးချယ်ခြင်းသ ည်အုပ်ချုပ်ရေးလုပ်ငန်းများကို အနှော င့်အယှက်ပေးရန်၊လူမှုစီးပွားဘဝမတ ည်မငြိမ်ဖြစ်စေရန်နှင့်ပြည်သူများကို ထိတ်လန့်ကြောက်ရွံ့စေရန်ရည်ရွယ်သည်။

စာသင်ကျောင်းများကို စစ်ရေးပစ်မှတ်အဖြစ် ရွေးချယ်ခြင်းသည် ကလေးသူငယ်များ၊ လူငယ်များအနေဖြင့် ပညာဆက်လက်မသင်ကြားနိုင်အောင်ရည်ရွယ်ပြီး လူညွန့်တုံးစေသည့်အဖြစ်ကိုရင်ဆိုင်ရစေရန်နှင့်ဆေးရုံများကို စစ်ရေးပစ် မှတ်အဖြစ်ရွေးချယ်ခြင်းမှာလည်း တော်လှန်ရေးနယ်မြေများတွင် ဆေးကုသမှုများမပြုလုပ်နိုင်ရန် ရည်ရွယ်ချက်များဖြင့်ဖြစ်ရာ ရက်စက်လူသားမဆန်အခြေခံလူ့အခွင့်အရေးများပင် မရရှိစေရန်ပင်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာ ထောက်ထားမှုဥပဒေနှင့်၎င်းဥပဒေ၏ နောက်ဆက်တွဲသဘောတူညီချက်စာ ချုပ်များအရ စစ်ကော်မရှင်တပ်၏အ ရပ်သားများကို စစ်ရေးပစ်မှတ်အဖြစ် ရည်ရွယ်ပစ်ခတ်မှုများ၊အရပ်သားများဆိုင်သောတိုက်ခိုက်ရေးအတွက်မဟုတ်သည့်၊တိုက်ခိုက်ရေးအတွက် အသုံးမပြုသည့် ဆေးရုံ၊ဆေးခန်း၊စာသင် ကျောင်းများကို စစ်ရေးပစ်မှတ်အဖြစ် ဦးတည်ပစ်ခတ်မှုများနှင့်အရပ်သားများကို ထိတ်လန့်ကြောက်ရွံ့စေရန် ရည်ရွယ်ချက်ဖြင့် ဦးတည်ပစ်ခတ်မှုများအား တားမြစ်ထားသည်။

အာရက္ခတပ်တော်သိမ်းပိုက်ထားသည့် အာရက္ခဒေသအပါအဝင် တော်လှန်ရေးတပ်များထိန်းချုပ်ဒေသများတွင် အုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို တတ်စွမ်းသရွေ့လုပ်ဆော င်နေကြသည်။

စစ်ကော်မရှင်တပ်အပါအဝင်၎င်း၏လ က်အောက်အခိုင်းအစေများသည် ၎င်းတို့ထိန်းချုပ်နိုင်နေသေးသည့် ရန်ကုန်၊ ပဲခူး၊ဧရာဝတီနှင့်နေပြည်တော်ကဲ့သို့နေ ရာများတွင်ပင် သာမန်ပြည်သူ တဦးချ င်းစီကို သံသယတရားခံများပမာသ ဘောထားစောင့်ကြည့်ခြင်း၊ မညှာမတာဆက်ဆံမှုများ၊ခြိမ်းခြောက်အနိုင်ကျင့်မှုများပြုလုပ်နေမြဲဖြစ်သည်။

ရခိုင်၊စစ်ကိုင်း၊မကွေး၊ရှမ်းနှင့်တနင်္သာရီဒေသများ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားကိုင်ဆောင်ထားသူများသည်ခွဲခြား ဆက်ဆံခံရသည့်အပြင် စစ်ကော်မရှင်တပ်နှင့် ၎င်း၏လက်အောက်ဝန်ထမ်းအရာရှိများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ငွေရှာရာလည်းဖြစ်သည်။

ထို့အပြင် စစ်ကော်မရှင်တပ်ထိန်းချုပ်နိုင်သေးသည့်ဒေသများတွင်လည်း စစ်ကော်မရှင်နှင့်၎င်း၏လက်အောက်ငယ် သားများနိစ္စဓူဝကိုယ်ကျိုးရှာလာဘ်စားမှုများ၊အကျင့်ပျက်ခြိမ်းခြောက်ငွေကောက်ခံမှုများ၊လာဘ်ယူမှုများပြုလု ပ်နေကြသည်ဖြစ်၍ ပြည်သူများ၏ ရွံရှာမုန်းတီးမှုများကို ခံနေကြရသည်။

မြန်မာစစ်တပ်အဆက်ဆက်သည် သာ မန်မြန်မာပြည်သူများအား အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံများအဖြစ် အစဉ်အဆက်ရှုမြင်ဆက်ဆံခဲ့ကြသူများဖြစ်သည်။

ထို့ကြောင့် တော်လှန်ရေးတပ်များ စိုးမိုးထိန်းချုပ်သည့်နေရာများတွင် တော်လှ န်ရေးတပ်များနှင့်ပြည်သူတသားတည်း ဖြစ်နေသည်ကို မနာလို၊ မရှုစိမ့်ပုံပေါ်သည်။

ယင်းကြောင့် အဆိုပါဒေသများနေထိုင်သည့် ပြည်သူများအား ၎င်းတို့က ငြိုးမယ်ဖွဲ့ပြီး အကြောက်တရားဖြင့် နေ့စဉ်ရှင်သန်ရစေရန် အရပ်သားပစ်မှတ်များအား စစ်ရေးပစ်မှတ်အဖြစ် ဦးတည်ခြင်းပင်ဖြစ်သည်။

အာရက္ခတပ်တော်ဖမ်းဆီးရမိသည့် စစ် သုံ့ပန်းများကို ကောင်းစွာထားရှိခြင်း၊ ဆေးကုသမှုပြုခြင်း၊မိသားစုဝင်များကို ပြန်လည်လွှတ်ပေးခြင်းများပြုလုပ်လေ့ရှိသော်လည်း စစ်ရာဇဝတ်မှုပေါင်း များစွာကျူးလွန်သည့် မြန်မာစစ်တပ်အဆက်ဆက်နှင့် ၎င်းစစ်တပ်ကို အမွေဆက်ခံထားသည့် လက်ရှိစစ်ကော်မရှင်သည် ယခင်တာဝန်ရှိသူများကဲ့သို့ စစ်ရာဇဝတ်မှုဆိုသည့် အရေးယူခံရခြင်းမှ ကင်းလွတ်နေသေးသည်။

အာရက္ခတပ်တော်သည် အာရက္ခဒေသကမြို့နယ်အများစုကို စစ်ကော်မရှင်တပ်ကင်းစင်အောင်တိုက်ထုတ်နိုင်ခဲ့သော်လည်း စစ်ကော်မရှင်တပ်၏လေကြော င်းရန်ကို မဟန့်တားနိုင်သေးသဖြင့်အရပ်သားပြည်သူများသည် စစ်ရေးပစ်မှ တ်များအဖြစ်ရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်ခံနေကြရသည်။

PrevPreviousသံတောင်ကြီးရှိ စစ်ကော်မရှင်တိုက်ခိုက်ရေးကျောင်းကို ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်
Nextကျိုက်ထိုမှာ ရွေးကောက်ပွဲဆန့်ကျင်ကြောင်း ပြည်သူသုံးထောင်ဆန္ဒပြNext
Previous Post

သံတောင်ကြီးရှိ စစ်ကော်မရှင်တိုက်ခိုက်ရေးကျောင်းကို ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်

Next Post

ကျိုက်ထိုမှာ ရွေးကောက်ပွဲဆန့်ကျင်ကြောင်း ပြည်သူသုံးထောင်ဆန္ဒပြ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​အီရန်အစိုးရပြိုလဲမယ့်အခြေအနေမရှိသေးဘူးလို့ အမေရိကန်ထောက်လှမ်းရေးသုံးသပ်

March 12, 2026
​ဓာတ်ပုံ-ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်

သရက်ချောင်းရှိ နှစ် ၃၀ ကျော်အခြေစိုက် ဝင်းဝစခန်းကို KNLA ပူးပေါင်းတပ်တွေသိမ်းပိုက်

March 12, 2026

​ဒူဘိုင်းရှိ အထပ်မြင့်တိုက်ခန်းကိုဒရုန်းထိမှန်

March 12, 2026
Photo-AA

​အမ်းရှိစစ်သုံ့ပန်းစခန်းလေကြောင်းတိုက်ခိုက်ခံရမှုမှာ ဗိုလ်မှူးချုပ်နဲ့အရာရှိကြီး အများအပြားသေဆုံး

March 12, 2026

​အီရန်အစိုးရပြိုလဲမယ့်အခြေအနေမရှိသေးဘူးလို့ အမေရိကန်ထောက်လှမ်းရေးသုံးသပ်

စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ NUG ကြား အုပ်ချုပ်ရေးဆိုင်ရာလုပ်ပိုင်ခွင့် ၉ ရပ် သဘောတူညီမှုရ

​မဲဆောက်အထည်ချုပ်စက်ရုံတွေက မြန်မာနိုင်ငံသား ၆ ဦး ဖမ်းဆီးခံရ

သရက်ချောင်းရှိ နှစ် ၃၀ ကျော်အခြေစိုက် ဝင်းဝစခန်းကို KNLA ပူးပေါင်းတပ်တွေသိမ်းပိုက်

​ဒူဘိုင်းရှိ အထပ်မြင့်တိုက်ခန်းကိုဒရုန်းထိမှန်

​အမ်းရှိစစ်သုံ့ပန်းစခန်းလေကြောင်းတိုက်ခိုက်ခံရမှုမှာ ဗိုလ်မှူးချုပ်နဲ့အရာရှိကြီး အများအပြားသေဆုံး

Releated Post

​အီရန်အစိုးရပြိုလဲမယ့်အခြေအနေမရှိသေးဘူးလို့ အမေရိကန်ထောက်လှမ်းရေးသုံးသပ်

March 12, 2026

စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ NUG ကြား အုပ်ချုပ်ရေးဆိုင်ရာလုပ်ပိုင်ခွင့် ၉ ရပ် သဘောတူညီမှုရ

March 12, 2026
​ဓာတ်ပုံ-တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန

​မဲဆောက်အထည်ချုပ်စက်ရုံတွေက မြန်မာနိုင်ငံသား ၆ ဦး ဖမ်းဆီးခံရ

March 12, 2026
​ဓာတ်ပုံ-ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်

သရက်ချောင်းရှိ နှစ် ၃၀ ကျော်အခြေစိုက် ဝင်းဝစခန်းကို KNLA ပူးပေါင်းတပ်တွေသိမ်းပိုက်

March 12, 2026

​ဒူဘိုင်းရှိ အထပ်မြင့်တိုက်ခန်းကိုဒရုန်းထိမှန်

March 12, 2026
Photo-AA

​အမ်းရှိစစ်သုံ့ပန်းစခန်းလေကြောင်းတိုက်ခိုက်ခံရမှုမှာ ဗိုလ်မှူးချုပ်နဲ့အရာရှိကြီး အများအပြားသေဆုံး

March 12, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page