Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် အာရက္ခဒေသ

လက်နက်ကိုင်တပ်ဖွဲ့၏ တာဝန်နှင့်သစ္စာခံမှု-၃

Author picture

By

Saw Shin Nyo
Reading Time: 2 mins read
0
A A
0
SHARES
7
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ ဇန်နဝါရီ ၁၈။

လက်နက်ကိုင်တပ်ဖွဲ့အား လူ့အဖွဲ့အစည်းက နေရာပေးလက်ခံထားခြင်းမှာ..

  • ၁။ မိမိတို့လူ့အဖွဲ့အစည်းကို အန္တရာယ်ပေးလာမည့်ရန်သူများမှ ကာကွယ်ရန်အတွက်ဖြစ်သည်။

ထိုသို့ကာကွယ်ရန်အတွက် လူ့အဖွဲ့အစည်းတရပ် ၎င်း၏လက်နက်ကိုင်တပ်ဖွဲ့အား

  • ၂။ တရားဝင်ရက်စက်ကြမ်းကြုတ်ခွင့်ကို ပေးထားသည်။

ထိုသို့တရားဝင်ရက်စက်ကြမ်းကြုတ်ခွင့်မှာ

  • ၃။ မိမိတို့ လူ့အဖွဲ့အစည်းကို အန္တရာယ်ပေးလာမည့်ရန်သူများအပေါ်တွင်သာ ပြုမှုပိုင်ခွင့်ဖြစ်သည်။
  • ၄။ အကယ်၍ ထိုလက်နက်ကိုင်တပ်ဖွဲ့သည် ရက်စက်ကြမ်းကြုတ်မှုအား ပြည်သူလူထုဘက်ကို ဦးတည်ပြုမှုလာပါက ဘယ်လိုလုပ်မည်နည်းဟူသော စိန်ခေါ်ချက်မှာအရပ်ဘက် စစ်ဘက်ဆက်ဆံရေးနယ်ပါယ်တွင် အမြဲတန်းရှိနေသည်။

လက်နက်ကိုင်တပ်ဖွဲ့သည် ရက်စက်ကြမ်းကြုတ်မှုအား ပြည်သူလူထုဘက်ကိုသာ ပြုမှုလာပါကဘယ်လိုလုပ်မည်နည်းဆိုသည့်အချက်ကို ဖြေရှင်းရန်အတွက်ပင် လက်နက်ကိုင်တပ်ဖွဲ့တခု၏ တာဝန်နှင့်သစ္စာခံမှုက အရေးကြီးလာသည်။

လက်နက်ကိုင်တပ်ဖွဲ့တခုတွင် တာဝန်နှင့်သစ္စာခံမှုအပေါ် မည်သို့ အဓိပ္ပါယ်ဖွင့်ဆို၍ မည်သို့လက်တွေ့ကျင့်သုံးသနည်းဆိုသည့်အချက်က အဖြေပေးသည်။

မည်သို့အဓိပ္ပါယ်ဖွင့်ဆိုသည်။ မည်သို့လက်တွေ့ကျင့်သုံးသည်ဆိုသောအချက်တွင် မည်သို့သွန်သင်ညွှန်ကြားသည် ဆိုသောအချက်က အဓိကကျလာသည်။

ရိုသေလေးစားမှု(RESPECT)

လက်နက်ကိုင်တပ်ဖွဲ့တခုထားရှိရမည့် ရိုသေလေးစားမှုဟူသည် အဘယ်နည်း။

လက်နက်ကိုင်တပ်ဖွဲ့တခုသည် မည်သည့်အရာမည်သူတို့ကို ရိုသေလေးစားရမည်နည်း။

လက်နက်ကိုင်တပ်ဖွဲ့တခုထားရှိရမည့် ရိုသေလေးစားမှု၏အခြေခံအကျဆုံးအဆင့်ကိုပြောပါဆိုလျှင်”သာမန်လက် နက်ကိုင်တပ်ဖွဲ့ဝင်တယောက်ချင်းစီအနေဖြင့် ထားရှိရမည့်ရိုသေလေးစားမှုကို အရင်ကြည့်ရမည်ဖြစ်သည်”။

ဆိုလိုချင်သည်က လက်နက်ကိုင်တပ်ဖွဲ့တခုအနေဖြင့် မည်မျှထိပရော်ဖက်ရှင်နယ်ဆန်သည်။ မဆန်သည်ဆိုသောအချက်မှာသူ၏ သာမန်အောက်ခြေအဆင့် တပ်ဖွဲ့ဝင်တယောက်၏ပြုမှုဆောင်ရွက်ပုံက ဖော်ပြနေ၍ဖြစ်သည်။

အမေရိကန်စစ်တပ်တပ်ရင်းအကြပ်ကြီးချုပ်ဂျွန်ခရင်ရှော (Command Sgt. Maj. John Crenshaw)က သူ၏ ရဲဘော်များအားပေးသော လက်ချာတွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်တဦးချင်းစီထားရမည့် ရိုသေလေးစားမှုနှင့်ပတ်သက်၍အောက်ပါအတိုင်းပြောပြခဲ့သည်။

“လူတို့ကိုဆက်ဆံသင့်သည့်အတိုင်း လေးစားသမှုဖြင့်ဆက်ဆံပါ။ ဤသို့သော စည်းကမ်းစနစ်သည်သာလျှင် လွတ်လပ်သောနိုင်ငံတခု၏ စစ်သည်တော်များကို တိုက်ပွဲတွင်ယုံကြည်အား ကိုးထိုက်သူများဖြစ်လာစေသည်။ အခြားသူများအပေါ် ထားရှိသင့်သည့် လေးစားမှုကိုနားလည်သူသည် မိမိအပေါ်တွင်လည်း ပြန်လည်လေးစားလာအောင် မလွဲမသွေစွမ်းဆောင်နိုင်မည် ဖြစ်သည်။

ဆန့်ကျင်ဘက်အားဖြင့်၊ အခြားသူများ (အထူးသဖြင့် မိမိ၏လက်အောက်ငယ်သားများ)အပေါ် မလေးစားစိတ်ရှိပြီး ထိုသို့ပြုမူတတ်သူသည် မိမိအပေါ် အမုန်းတရားများသက်ရောက်လာစေရန် မလွဲမသွေဖန်တီးနေခြင်းသာဖြစ်သည်။

တဦးတယောက်ချင်းစီအပေါ် လေးစားမှုရှိခြင်းသည် ဥပဒေစိုးမိုးရေး၏အခြေခံဖြစ်သလို အမေရိကန်နိုင်ငံကို တည်ဆောက်ထားသည့် အဓိကအနှစ်သာရလည်းဖြစ်သည်။

စစ်တပ်တွင်”လေးစားမှု”ဆိုသည်မှာ လူသားအားလုံး၏မွေးရာပါဂုဏ်သိက္ခာနှင့်တန်ဖိုးကို အသိအမှတ်ပြုခြင်းနှင့်တန်ဖိုးထားခြင်းကို ဆိုလိုသည်။

လူသားအရင်းအမြစ်သည် စစ်တပ်၏အကြီးမားဆုံးသောအင်အားဖြစ်ကြောင်း ဤတန်ဖိုးကသတိပေးနေသည်။

စစ်သည်တော်များသည် လူသားတိုင်း၏ဂုဏ်သိက္ခာကို အမြဲတမ်းတန်ဖိုးထားပြီး လေးစားစွာဆက်ဆံသင့်သည်။

ဤအသက်မွေးဝမ်းကျောင်းလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသူတိုင်းသည်မည်သည့်ယူနီဖောင်း၊ မည်သည့်အဆင့်အတန်းပင်ဖြစ်စေကာမူ လေးစားမှုကိုရရှိထိုက်သူများသာ ဖြစ်သည်။”

သို့ဖြစ်၍ လက်နက်ကိုင်တပ်ဖွဲ့တခု၏ ထားရှိရမည့် ရိုသေလေးစားမှုဟူသည် အဘယ်နည်း။

လက်နက်ကိုင်တပ်ဖွဲ့တခုသည် မည်သည့်အရာ မည်သူတို့ကို ရိုသေလေးစားရမည်နည်းဆိုသော မေးခွန်းအတွက်အဖြေကို တပ်ရင်းအကြပ်ကြီးချုပ်ဂျွန်ခရင်ရှော၏လက်ချာမှ ငှားယူ၍ဖြေရလျှင်

  • ၁။လက်နက်ကိုင်တပ်ဖွဲ့တခု သို့မဟုတ် လက်နက်ကိုင်တပ်ဖွဲ့ဝင်တယောက်သည် “လူသားအားလုံး၏ မွေးရာပါဂုဏ်သိက္ခာ” ကို လေးစားရမည်ဖြစ်သည်။
  • ၂။”လူသားအားလုံး၏မွေးရာပါတန်ဖိုး အသိအမှတ်ပြုလေးစားရမည်”ဖြစ်သ ည်။
  • ၃။“ထိုအချက်များအပေါ် တန်ဖိုးထားရမည်” ဖြစ်သည်။

ဤအချက်များသည် လက်နက်ကိုင်တပ်ဖွဲ့တခု၏ရိုသေလေးစားမှုကို ဖွင့်ဆိုချက်ဖြစ်သည်ဟု တပ်ရင်းအကြပ်ကြီးချုပ်ဂျွန်ခရင်ရှောက ဆိုထားသည်။

သူ၏ဆိုလိုရင်းအား အခြားတဖက်မှအဓိပ္ပါယ်ဖွင့်ဆိုလျှင်”လက်နက်ကိုင်တပ်ဖွဲ့တခု/တပ်မတော်တခုသည် လူသားဂုဏ်သိက္ခာနှင့်လူသားတန်ဖိုးကိုလေးစားမှုဖြင့် လက်နက်ကိုင်ခြင်းဖြစ်သည် “ဟူသော အဓိပ္ပါယ်ရလာပါသည်။

ဤအချက်ကိုလည်း အာဏာအဆီယစ်နေသောသူများမှ ငြင်းဆန်နေမည်ဖြစ်သည်။

ထိုသို့ငြင်းဆန်ပါကလည်း ထိုသူများအားပြန်မေးစရာရှိသည်မှာ “အကယ်၍ လက်နက်ကိုင်တပ်ဖွဲ့တခုသည် လူကိုလူလို့မမြင်ဘဲ။ လူကိုလူ၍မထင်ဘဲလက်နက်ကိုင်သည်ဆိုပါက ထိုလက်နက်ကိုင်တပ်ဖွဲ့၏မူလရည်ရွယ်ချက်ဖြစ်သော “ပြည်သူလူထုအား ကာကွယ်ရန်အတွက်”၊”ပြည်သူလူထုအဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေးအတွက်”၊ “လွတ်လပ်အေးချမ်းသာယာသော လူဘောင်တခုအတွက်” ဆိုသည်များကို ဘယ်ချောင်သို့ ပို့လိုက်သနည်းဟုသာ ပြန်မေးခွန်းထုတ်စရာသာရှိတော့သည်။

ပြည်သူလူထု၏ လေးစားမှုကို လိုချင်လျှင် ပြည်သူလူထုကို ရိုသေလေးစားမှု ထားပေးရမည်ဖြစ်သည်။

ပရော်ဖက်ရှင်နယ်ဆန်သော လက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်လိုလျှင် အခြေအနေတိုင်းတွင် ပရော်ဖက်ရှင်နယ် ပီသအောင် ကြိုးစားရမည်ဖြစ်သည်။

ထိုသို့မဟုတ်ဘဲ ပြည်သူလူထုထက် တမူးပိုရှူပြလာချင်သည့်အခါ မိမိတို့ကပြည်သူလူထုထက်ကြီးမြတ်သည်ဟူသော ခံစားချက်ရှိလာသောအခါ ပြည်သူလူထုမှ ပေးသောလေးစားမှုထက်ပိုလိုချင်လာပြီး အာဏာအဆီယစ်တော့သည်။

အာဏာအဆီယစ်လာပါက”ပြည်သူလူထုအား ရက်စက်ကြမ်းကြုတ်မှုပြုရန် လက်မတွန့်သောလက်နက်ကိုင်တပ်ဖွဲ့” ဖြစ်လာရန်နီးကပ်သွားပြီဖြစ်သည်။

တပ်ရင်းအကြပ်ကြီးချုပ်ဂျွန်ခရင်ရှောက အခြားသူများအပေါ် ထားရှိသင့်သည့် လေးစားမှုကိုနားလည်သူသည် မိမိအပေါ်တွင်လည်း ပြန်လည်လေးစားလာအောင် မလွဲမသွေစွမ်းဆောင်နိုင်မည် ဖြစ်ကြောင်း၊ ဆန့်ကျင်ဘက်အားဖြင့် အခြားသူများ(အထူးသဖြင့် မိမိ၏လက်အောက်ငယ်သားများ)အပေါ် မလေးစားစိတ်ဖြင့်ပြုမူတတ်သူသည် မိမိအပေါ် အမုန်းတရားများ သက်ရောက်လာစေရန် မလွဲမသွေဖန်တီးနေခြင်းသာ ဖြစ်ကြောင်း၊ တဦးတယောက်ချင်းစီအပေါ် လေးစားမှုရှိခြင်းသည် ဥပဒေစိုးမိုးရေး၏ အခြေခံဖြစ်သလို၊ အမေရိကန်နိုင်ငံကို တည်ဆောက်ထားသည့် အဓိကအနှစ်သာရလည်း ဖြစ်ကြောင်း”ဆိုထားသည်။

အခြားတဖက်က ပြန်တွေးကြည့်ပါက တဦးတယောက်ချင်းစီအပေါ် လေးစားမှုရှိခြင်းသည် ဂျွန်ခရင်ရှော ပြောသော အမေရိကန်နိုင်ငံကို တည်ဆောက်ထားသည့် အဓိကအနှစ်သာရပင်မဟုတ် လူ့အဖွဲ့အစည်းအားလုံး၏ အနှစ်သာရလည်း ဖြစ်သည်ပင်မဟုတ်လော။

ဂျွန်ခရင်ရှောက “စစ်တပ်တွင် ‘လေးစားမှု’ ဆိုသည်မှာ လူသားအားလုံး၏ မွေးရာပါဂုဏ်သိက္ခာနှင့်တန်ဖိုးကို အသိအမှတ်ပြုခြင်းနှင့် တန်ဖိုးထားခြင်းကို ဆိုလိုကြောင်း၊ လူသားအရင်းအမြစ်သည် စစ်တပ်၏အကြီးမားဆုံးသော အင်အားဖြစ်ကြောင်း၊ စစ်သည်တော်များသည် လူသားတိုင်း၏ဂုဏ်သိက္ခာကို အမြဲတမ်းတန်ဖိုးထားပြီး လေးစားစွာဆက်ဆံသင့်ကြောင်း၊ ဤအသက်မွေးဝမ်းကြောင်းလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသူတိုင်းသည် မည်သည့်ယူနီဖောင်း၊ မည်သည့်အဆင့်အတန်းပင် ဖြစ်စေကာမူလေးစားမှုကို ရရှိထိုက်သူများသာ ဖြစ်ကြောင်း”ဆိုထားသည်။

ဂျွန်ခရင်ရှော၏ လက်ချာအား အနှစ်ချုပ်ပါက လက်နက်ကိုင်တပ်ဖွဲ့တခုတွင် ရိုသေလေးစားမှု ဟူသည် ရှိရမည်။

ထိုလေးစားမှုသည် အပြန်အလှန်လေးစားမှု (Reciprocity) သဘောကိုဆောင်ရမည်။

သူတပါးကိုလေးစားမှ မိမိကိုလည်းသူတပါးက ပြန်လည်လေးစားမည်ဆိုသောအချက်ကို ဂရုမူရမည်ဖြစ်သည်။

ခေါင်းဆောင်မှု(Leadership)တွင် လက်အောက်ငယ်သားများကို နှိမ်ချခြင်း၊ ဖိနှိပ်ခြင်း၊ ရက်စက်ခြင်းသည်အမုန်းတရားကိုသာဖြစ်စေပြီး တပ်ဖွဲ့၏စည်းလုံးမှုကို ပျက်ပြားစေသည်ဟုဆိုထား သည်။

လက်အောက်ငယ်သားပင်ဖြစ်စေ၊ သာမန်ပြည်သူလူထုပင်ဖြစ်စေ သူတို့တွင်လူသားဂုဏ်သိက္ခာ (Human Dignity) ဟူသည်ရှိသည်။

သို့ဖြစ်၍ ရာထူးသို့မဟုတ်ဝတ်စုံထက် လူတဦးချင်းစီ၏တန်ဖိုးကို ဦးစားပေးရန်လိုအပ်သည်ဟု ဆိုထားသည်။

ဆက်ရန်…

PrevPreviousမုံရွာမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကိုရင်တပါးပျံလွန်တော်မူ
Nextမောင်တောခရိုင်မှာ ကုန်တင်ကားတွေကို အလှည့်ကျစနစ်ပြုလုပ်ပေးဖို့တောင်းဆိုNext
Previous Post

မုံရွာမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကိုရင်တပါးပျံလွန်တော်မူ

Next Post

မောင်တောခရိုင်မှာ ကုန်တင်ကားတွေကို အလှည့်ကျစနစ်ပြုလုပ်ပေးဖို့တောင်းဆို

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - တာ့ခ်ခရိုင်လဝကအဖွဲ့

ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာ ၉ ဦးနဲ့ သယ်လာတဲ့ ထိုင်း ၄ ဦး ဖမ်းဆီးခံရ

March 16, 2026
​ဓာတ်ပုံ - Soar / AIRBUS DS 2026

​ယူအေအီးဖူဂျိုင်ရာဆိပ်ကမ်း ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ လောင်စာဆီကန်တွေ မီးလောင်

March 16, 2026
Photo - PLA

​ပခုက္ကူတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅ ဦး သေဆုံး

March 16, 2026

​ဂန့်ဂေါမှာ မူးယစ်ဆေးနဲ့လောင်းကစားလုပ်သူတွေကို ဖမ်းဆီးမယ်လို့ PDF သတိပေး

March 16, 2026

ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာ ၉ ဦးနဲ့ သယ်လာတဲ့ ထိုင်း ၄ ဦး ဖမ်းဆီးခံရ

​ယူအေအီးဖူဂျိုင်ရာဆိပ်ကမ်း ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ လောင်စာဆီကန်တွေ မီးလောင်

​ပခုက္ကူတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅ ဦး သေဆုံး

​ဂန့်ဂေါမှာ မူးယစ်ဆေးနဲ့လောင်းကစားလုပ်သူတွေကို ဖမ်းဆီးမယ်လို့ PDF သတိပေး

​သံလွင်မြစ်ကမ်းဘေးမှာ ကျင်းပတဲ့အပြည်ပြည်ဆိုင်ရာမြစ်ချောင်းများနေ့

အီရန်ရဲ့ဝါးဒတ်မှသည် မိုစတီးဘဒ်သို့ ၄

Releated Post

ဓာတ်ပုံ - တာ့ခ်ခရိုင်လဝကအဖွဲ့

ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာ ၉ ဦးနဲ့ သယ်လာတဲ့ ထိုင်း ၄ ဦး ဖမ်းဆီးခံရ

March 16, 2026
​ဓာတ်ပုံ - Soar / AIRBUS DS 2026

​ယူအေအီးဖူဂျိုင်ရာဆိပ်ကမ်း ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ လောင်စာဆီကန်တွေ မီးလောင်

March 16, 2026
Photo - PLA

​ပခုက္ကူတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅ ဦး သေဆုံး

March 16, 2026

​ဂန့်ဂေါမှာ မူးယစ်ဆေးနဲ့လောင်းကစားလုပ်သူတွေကို ဖမ်းဆီးမယ်လို့ PDF သတိပေး

March 16, 2026
Photo-KarenYouthOrganization

​သံလွင်မြစ်ကမ်းဘေးမှာ ကျင်းပတဲ့အပြည်ပြည်ဆိုင်ရာမြစ်ချောင်းများနေ့

March 16, 2026

အီရန်ရဲ့ဝါးဒတ်မှသည် မိုစတီးဘဒ်သို့ ၄

March 16, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page