Border News Agency
မောင်တော၊ ဇန်နဝါရီ ၂၅။
၁။ နာမည်သညာဖိုဘီးယား
ရိုဟင်ဂျာဆိုသော အမည်အပေါ်တွင် ရခိုင်များက လက်အခံလိုကြပေ။
ထိုနာမည်က သမိုင်းကြောင်းအရ ရခိုင်တို့၏ ဖြစ်တည်မှုနှင့်အနှစ်သာရကို ထိ ခိုက်နိုင်သည်ဟု ခံစားချက်ရှိကြသည်။
ရိုဟင်ဂျာဟူသောအမည်ကို စွဲကိုင်သူ များကလည်း ထိုအမည်သည် အခေါ်အဝေါ်သက်သက်မဟုတ်။နိုင်ငံရေးဆိုင် ရာအာမခံချက်အဖြစ်ရှူမြင်သည်။
ဤကားအမည်သညာပေါ်တွင် ပြဿ နာ၏တင်းမာမှုဖြစ်သည်။
၂။ အာရက္ခပြည်သူအဓိပ္ပါယ်
အာရက္ခပြည်သူဟူသည် ရခိုင်ဗုဒ္ဓဘာသာတမျိုးတည်းကို ခေါ်ဆိုခြင်းမဟုတ်။ အာရက္ခပြည်အတွင်းနေထိုင်သော မည်သည့်လူမျိုးစုဖြစ်စေ။ မည်သည့်ဘာသာဝင်ဖြစ်စေ အာရက္ခပြည်သူဟူသော အဓိပ္ပါယ်ကို ဖွင့်ဆိုပြကြသည်။
အာရက္ခပြည်တွင် ရှင်သန်မှီတင်းနေထိုင်သော မည်သည့်လူမျိုးစုဖြစ်စေ၊ မည်သည့်ဘာသာဝင်ဖြစ်စေ ရခိုင်ဗုဒ္ဓ ဘာသာဝင်များနှင့်တန်းတူညီမျှအခွင့်အရေးရှိသည်ဟု အဓိပ္ပါယ်ဖွင့်ဆိုကြသည်။
ဤကဲ့သို့ အာရက္ခပြည်သူအဓိပ္ပါယ်ကို မြေပြင်တွင် ပီပီပြင်ပြင်လက်တွေ့ အ နှစ်သာရရှိရှိ အကောင်အထည်ဖော်ပြလာနိုင်လျှင်တော့ “နာမည်သညာ ဖိုဘီးယား” လျော့ကျသွားနိုင်ချေရှိသည်။
အထူးသဖြင့် အာရက္ခပြည်သူဟူသော အဓိပ္ပါယ်၏ နက်ရှိုင်းမှုကို ရခိုင်လူမျိုးများကိုယ်တိုင် စတင်ဖော်ဆောင်ရမည် အခြေအနေမျိုးဖြစ်သည်။ အာရက္ခပြည်သူဟူသောအဓိပ္ပါယ်သည် နိုင်ငံရေးသဘောအားဖြင့်အာရက္ခဒေသတွင် မှီ တင်းနေထိုင်သူလူမျိုးစုတိုင်း၊ ဘာသာဝင်တိုင်းမှာအာရက္ခဒေသ၏အမြဲတမ်းအစိတ်အပိုင်း(permanent parts of land)များဖြစ်ကြောင်းကို ခိုင်မာသော အာမခံချက်နှင့်လူမှုပဋိညာဉ် (Social Contract)အဖြစ် ဖော်ဆောင်ပြရန် လိုအပ်သည်။
၃။ ကျင့်ဝတ်ဆိုင်ရာစံနှုန်း
ကျင့်ဝတ်ဆိုင်ရာစံနှုန်းအရ ရခိုင်လူမျိုးများတွင် ရိုဟင်ဂျာဆိုသော အမည်အား သဘောမတူပိုင်ခွင့်ရှိသည်။
သို့သော် မည်သူပင်ဖြစ်စေ ၎င်းတို့၏ နိုင်ငံရေးဆိုင်ရာယုံကြည်ချက်ကြောင့် သေကြေပျက်စီးမှုကို မခံယူထိုက်ဆိုသည့် ကျင့်ဝတ်ကိုလည်း ရခိုင်များဘက်ကလက်ကိုင်ထားနိုင်ရန်လိုအပ်သည်။
ဂျီနိုဆိုက်ဟူသောဖြစ်စဉ်များ မဖြစ် လာစေရန်အတွက် မိမိတို့တွင်လည်း ကျင့်ဝတ်အရ တာဝန်ရှိသည်ဟူသော ခံစားချက်က ရခိုင်တို့တွင်လည်း အား ကောင်းရန်လိုသည်။
ရိုဟင်ဂျာဟူသောအမည်ကို စွဲကိုင်သူ များဘက်မှထိုနာမည်အား သတ်မှတ်ပိုင်ခွင့်ရှိသည်။
သို့သော် မိမိတို့၏ လူ့အခွင့်အရေးနှင့် လူသားဖြစ်တည်မှုအပေါ် ရပ်တည်ချ က်သည် တပါးသူ၏ဖြစ်တည်မှုနှင့်အခွင့်အရေးအပေါ် ထိခိုက်စေရန်မဟုတ်ဆိုသည့်ကျင့်ဝတ်ကိုလည်း ရိုဟင်ဂျာဆိုသူများဘက်မှလည်း အလေးအနက်ထားသင့်သည်။
လက်ရှိအခင်းအကျင်းသည် ဘင်္ဂလားဒုက္ခသည်စခန်းတွင်ရောက်နေသူများအား ပြန်လက်ခံရေးလုပ်ရမည်ဟူသော အချက်ကို ရောက်နေပြီဖြစ်သည်။
ဤသည်က အဆိုပါဘင်္ဂလားဒေ့ရှ်ဒုက္ခ သည်စခန်းတွင်ရှိနေသူများမှာ မြန်မာ နိုင်ငံသားဟုတ်၊ မဟုတ်ဆိုသည့်အချ က်ကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
ထိုသူများသည် မိမိတို့နိုင်ငံသားမဟုတ်ဆိုသည့်အချက်ကို မြန်မာဘက်ကတိကျသောသက်သေအထောက်အထားဖြင့်မချေဖျက်နိုင်ပေ။
ထိုသို့တိကျသောသက်သေအထောက် အထားဖြင့်မချေဖျက်နိုင်ဘဲမြေပြင်တွ င် ပြည်သူများအား “ခိုးဝင်” များဟု ဂျင်းထည့် နေသူများက ရှိနေသည်။
သို့သော် ထိုသူများသည်မိမိတို့နှင့်အ တူယဉ်တွဲနေထိုင်ရမည့်သူများဖြစ်သ ည်ကိုလည်း ဂရုပြုသင့်သည်။အတူယှဥ်တွဲနေထိုင်မှု(Coexistence )ဟူသည်ပင် တဖက်တွင် မြေယာပေါ်တွင်တည်ရှိခြင်း(Shared Soil)ကို အဓိပ္ပါယ်ဖွင့်ဆိုထားခြင်းဖြစ်သည်ကိုလည်း နားလည်ထားသင့်သည်။
အထက်တွင် ဖော်ပြခဲ့သောအချက် ၁၊ ၂ ၊ ၃ က လက်ရှိတွင်ထင်သာမြင်သာသောချဉ်းကပ်မှုရှူဒေါင့်ကို မရသေးပါ။
ICJ အနေဖြင့် အဆိုပါအချက်များအ ပေါ် စေ့ငုံကြားနားနိုင်သော်လည်း အမှုဖြစ်စဉ်၏မူလရည်ရွယ်ချက်သည် ဂျီနိုဆိုက်ပြစ်မှု ဟုတ်၊မဟုတ်ကို စစ်ဆေးနေသည့်အချက်တွင်သာ မဏ္ဍိုင်ပြုထားသည်။
သို့ဖြစ်၍ ICJ သည် “တရားမျှတမှု (justice)” ကို ရှာဖွေပေးနိုင်ပေလိမ့်မည်။
ထိုတရားမျှတမှုက အထက်တွင် ဖော်ပြထားသော အချက်သုံးချက်ကို အားမဖြည့်လျှင် ငြိမ်းချမ်းမှု(peace)ဖြစ်လာရန်မလွယ်ကူပေ။
ရခိုင်နှင့်ရိုဟင်ဂျာကြားတွင် ဂျီနိုဆိုက်နှင့်စစ်ရာဇဝတ်မှုများကို ခံစားရသူများအတွက် တရားမျှတမှုပေါ်လာမည်။
သို့သော် ငြိမ်းချမ်းမှုလည်း ဖြစ်ရန်လိုသေးသည်။
ARSA ဇာတ်ထုတ်
အာဆာ(ARSA)ဇာတ်ထုတ်သည် ရှုပ် ထွေးလှသည်။
၂၀၂၁ ခုနှစ်မြန်မာစစ်တပ်အာဏာမသိ မ်းခင် အာဆာ(ARSA)နှင့် ၂၀၂၁ ခုနှစ်၊ မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းအာဆာ ဟူ၍ နှစ်ပိုင်းခွဲ၍ ကြည့်ပါက အတော် အတန်ဇာတ်ရည်လည်လာနိုင်သည်။
အာဆာမပေါ်ခင်ကပင် ရိုဟင်ဂျာဟု အမည်ခံထားကြသော အစ္စလာမ်ဘာ သာဝင်များအတွက် မြန်မာအစိုးရသည် ကန့်သတ်ချုပ်ချယ်မှုများစွာဖြင့် ဖိနှိပ်ထားခဲ့သည်။
ရခိုင်နှင့်ရိုဟင်ဂျာအမည်ခံသူအစ္စလာမ်ဘာသာဝင်များကြားတွင် အဖုအထစ်ပေါင်းများလည်းရှိနေသည်။
ဤသို့ရေခံမြေခံအကြောင်းတရားများရှိနေသည်။သို့မဟုတ် ထိုသို့ရှိနေစေရန် နိုင်ငံရေးစနစ်ကအကြောင်းဖန်ထားသ ည်။
၂၀၂၁ ခုနှစ်၊ မြန်မာစစ်တပ်အာဏာမသိမ်းခင်အာဆာကြောင့်သက်ရောက်မှု
ထိုသို့အကြောင်းဖန်ထားမှုအောက်တွင် ၂၀၁၂ ခုနှစ်အတွင်း ရခိုင်၌ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခရှိလာခဲ့သည်။
တဖက်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်အတွ င်း မြောက်ပိုင်းသုံးဖွဲ့ NCA စာချုပ်တွင် လက်မှတ်ရေးထိုးမှုကို မြန်မာစစ်တပ်မှ ငြင်းပယ်ခဲ့သည်။
၂၀၁၇ ခုနှစ်ကိုဖီအာနန်ကော်မရှင်အစီ ရင်ခံစာထွက်လာပြီးအာဆာအကြမ်းဖ က်တိုက်ခိုက်မှုစတင်လာခဲ့သည်။
အာဆာအားနှိမ်နှင်းရန်အကြောင်းပြချ က်ဖြင့် လက်လွန်ခြေလွတ်ဥပဒေမဲ့ဖြစ် ရပ်များကို မြန်မာစစ်တပ်မှ ကျူးလွန်ခဲ့ရာ လက်ရှိတွင် ICJ အပါအဝင်နိုင်ငံတ ကာတရားရုံးများ၌ မြန်မာစစ်တပ်ကို တရားစွဲခံထိတော့သည်။
ထိုအချိန်က ခေတ်စားခဲ့သော နိုင်ငံရေး ကစားကွက်တခုရှိသည်။မြန်မာစစ်တပ်က အာဆာအား တိုက်ခိုက်နေချိန် AA ဘာလုပ်နေသနည်းဟူသော ထိုးနှက်ချ က်ဖြစ်သည်။AA သည် ARSA နှင့်ပေး စားခံထားရသည့်အချိန်ဖြစ်သည်။
၂၀၂၁ ခုနှစ်၊မြန်မာစစ်တပ်အာဏာသိ မ်းသောအခါနွေဦးတော်လှန်ရေးလှိုင်း ထခဲ့ပြီးအာဆာအပါအဝင် ရိုဟင်ဂျာ လက်နက်ကိုင်တပ်များက စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်သည်ဟု ကြေညာချက်ထုတ်ခဲ့ကြသေးသည်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ARSA ကြောင့် သက်ရောက်မှု
ARSA နှင့်AA ကို မြန်မာစစ်တပ်ထော က်ခံသူများပေးစားခဲ့သည်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းတွင် AR SA အပါအဝင် ရိုဟင်ဂျာလက်နက်ကိုင် တပ်များသည် မြန်မာစစ်တပ်နှင့်မဟာ မိတ်ဖြစ်သွားသည်။
လက်ရှိ ICJ ကြားနာမှုတွင် စိတ်ဝင်စားစရာကောင်းသောအချက်တခုရှိသည်။
ထိုအချက်က ARSA အပါအဝင် ရိုဟင်ဂျာလက်နက်ကိုင်တပ်များသည် မြန်မာစစ်တပ်နှင့်မဟာမိတ်ဖြစ်နေမှု၏အဓိ ပ္ပါယ်ကို တရားခွင်က မေးခွန်းမည်မျှ ထုတ်/မထုတ် ဆိုသည့်ကိစ္စဖြစ်သည်။
ဥပမာ..
- မြန်မာစစ်တပ်သည် ဂျီနိုဆိုက်ပြုရန် ရည်ရွယ်ချက်မရှိ။
- ARSA ကိုသာနှိမ်နင်းခဲ့ခြင်းဖြစ်သည်ဆိုထားသည်။
ယခု ARSA နှင့်မြန်မာစစ်တပ်သည် အဘယ်ကြောင့် မဟာမိတ်ဖြစ်နေရပါသ နည်းဆိုသော မေးခွန်းမျိုးဖြစ်သည်။
ICJ တရားသူကြီးများ၏ARSAဆိုင်ရာ မေးခွန်းများထဲမှအချို့
ICJ ကြားနာပွဲတွင် တရားသူကြီးများ ဖြစ်ကြသော Judge Cleveland၊ Judge Charlesworth နဲ့ Judge Brant က အောက်ပါအတိုင်း မေးမြန်းခဲ့သည်။
ဂမ်ဘီယာနှင့် မြန်မာဘက်မှ ARSA၏ သဘောသဘာဝကို မည်သို့အဓိပ္ပါယ်ဖွင့်ဆိုပါသနည်း။
အထူးသဖြင့် ရိုဟင်ဂျာလူမှုအသိုင်းအ ဝန်းအတွင်း ARSA ကို ကိုယ်စားပြုသူ၊ အင်အား၊ဖွဲ့စည်းပုံ၊လက်နက်တပ်ဆင်မှု တို့ကို မည်သို့ဖွင့်ဆိုပါသနည်း။
- မြန်မာအနေဖြင့် အဆိုပါကာလအတွ င်း ARSA ဖျက်ဆီးခဲ့သောလူအရေအ တွက်၊ပစ္စည်းဥစ္စာများနှင့် ARSA၏ တို က်ခိုက်မှုစွမ်းရည်ကို ဖော်ပြနိုင်ပါသလား။
ARSAအဖွဲ့ဝင်ဟူသည်ကို မြန်မာက်ဘ က်ကမည်သို့တိတိကျကျအဓိပ္ပါယ်ဖွင့်ဆိုပါသနည်း။
မြန်မာစစ်တပ်ဘက်မှ စစ်ဆင်ရေးကာ လအတွင်း စစ်ရေးဆိုင်ရာပစ်မှတ်များကို မည်သည်စံနှုန်းဖြင့်သတ်မှတ်၍အ ရပ်သားများကို ကာကွယ်ပေးထားပါသနည်း။
မြန်မာဘက်မှတင်ပြသောစစ်ဆင်ရေးကာလပျက်စီးမှုထဲတွင် ARSA အဖွဲ့မည်မျှပါသနည်း။
- ARSAနှင့်မဆိုင်ဘဲ ပျက်စီးခဲ့ရသူမည်မျှရှိသနည်း။
- အရပ်သားမည်မျှသေခဲ့သနည်း။
ထိုမေးခွန်းအပေါ် ဂမ်ဘီယာနှင့်မြန်မာဘက်မှအောက်ပါအတိုင်းဖြေခဲ့ကြသည်။
၁။ ARSA၏သဘောသဘာဝနှင့်ပတ်သက်၍
ဂမ်ဘီယာဘက်မှ ARSAသည် လက်နက်ကိုင်အဖွဲ့ငယ်လေးသာဖြစ်ပြီး ရိုဟင်ဂျာလူထုတရပ်လုံးကို ကိုယ်စားမပြုကြော င်း၊၎င်းတို့တွင် ခေတ်မီလက်နက်များမရှိဘဲ တုတ်၊ဓားနှင့်လက်လုပ်မိုင်းများသာ အဓိကရှိကြောင်း တင်ပြခဲ့သည်။
မြန်မာဘက်က ARSA ကို အကြောင်းပြကာ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ရန် “ဆင်ခြေ” (Pretext)အဖြစ် အသုံးချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
မြန်မာဘက်မှ ARSAအား အကြမ်းဖက်အဖွဲ့အစည်းအဖြစ်အခိုင်အမာပြောဆို သည်။
၎င်းတို့တွင် စနစ်တကျ ဖွဲ့စည်းပုံရှိပြီး ရွာသားများကို လူသားဒိုင်းအဖြစ်အသုံးချကာ စခန်းပေါင်းများစွာကို တပြိုင်နက် တိုက်ခိုက်နိုင်စွမ်းရှိသည်ဟုဖြေကြားခဲ့သည်။
၂။ ARSA အဖွဲ့ဝင် သတ်မှတ်ချက်နှင့် အရပ်သားကာကွယ်မှု
မြန်မာဘက်က ဖြေကြားရာတွင် “ARSA အဖွဲ့ဝင်” ဆိုသည်မှာလက်နက်ကိုင်ဆောင်ပြီးတိုက်ခိုက်မှုတွင် တိုက်ရိုက်ပါဝင်သူများကိုဆိုလိုခြင်းဖြစ်သည်ဟု ဆိုသ ည်။
စစ်တပ်အနေဖြင့် စစ်ရေးပစ်မှတ်များကိုသာ တိုက်ခိုက်ရန် ညွှန်ကြားထားပြီး Rules of Engagement (ROE) ကို လိုက်နာသည်ဟု ဖြေဆိုခဲ့သည်။
သို့သော် တရားသူကြီးများ မေးမြန်းသည့် “တိကျသောစံနှုန်း” နှင့် ပတ်သက် ၍မူ ဝေဝေဝါးဝါးသာ ဖြေကြားနိုင်ခဲ့သည်ကို တွေ့ရသည်။
ဂမ်ဘီယာဘက်က စစ်တပ်သည် ARSA နှင့်သာမန်အရပ်သားကို ခွဲခြားခြင်းမရှိဘဲ ရိုဟင်ဂျာဖြစ်နေလျှင်ပင် ရန်သူဟု သတ်မှတ်ကာ အစုလိုက်အပြုံလိုက် သ တ်ဖြတ်ခြင်း၊ရွာမီးရှို့ခြင်းများ ပြုလုပ်ခဲ့သည်ဟု တန်ပြန်တင်ပြခဲ့သည်။
၃။ ပျက်စီးဆုံးရှုံးမှုနှင့်ကိန်းဂဏန်းများ
မြန်မာဘက်မှစစ်တပ်၏စစ်ဆင်ရေးကြောင့် သေဆုံးသူအရေအတွက်တွင် ARSA အဖွဲ့ဝင် အများအပြားပါဝင်ပြီး အရပ်သားသေဆုံးမှုမှာ”မတော်တဆ” သို့မဟုတ် “ဘေးထွက်ဆိုးကျိုး” (Collateral Damage)သာ ဖြစ်သည်ဟု လျှော့ချဖြေကြားခဲ့သည်။
သို့သော် တရားသူကြီး Cleveland မေး မြန်းသည့် “ARSA မဟုတ်သော သေဆုံးသူအရေအတွက်တိတိကျကျ”ကိုမူ ခိုင် လုံသောစာရင်းဇယားတင်ပြနိုင်ခြင်းမရှိခဲ့ပေ။
ဂမ်ဘီယာဘက်မှကုလသမဂ္ဂအချက်အ လက်ရှာဖွေရေးအဖွဲ့(FFM)၏အစီရင်ခံ စာများကိုကိုးကား၍သေဆုံးသူသော င်းဂဏန်းရှိကြောင်းနှင့်၎င်းတို့မှာ ARS A မဟုတ်ဘဲ အပြစ်မဲ့ကလေးငယ်များ၊ အမျိုးသမီးများနှင့်သက်ကြီးရွယ်အိုများဖြစ်ကြောင်း အထောက်အထားများ ပြသခဲ့သည်။
ဤသို့ဖြင့် မြန်မာဘက်က ARSA၏ခြိ မ်းခြောက်မှုကို ချဲ့ကားတင်ပြပြီးမိမိကို ယ်မိမိ ခုခံကာကွယ်ခြင်းဖြစ်ကြောင်းထုချေခဲ့သော်လည်း၊အရပ်သားနှင့်တို က်ခိုက်ရေးသမားကို မည်သို့ခွဲခြားသန ည်းဆိုသည့်အချက်တွင် တရားသူကြီးများကို ကျေနပ်လောက်သောအဖြေမပေးနိုင်ခဲ့သည်ကို တွေ့ရသည်။
သို့ဖြစ်၍ အဆိုပါအဖြေများတွင် “ဂမ်ဘီယာဘက်မှARSA အား မြန်မာဘက်က ARSAကို အကြောင်းပြကာ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ရန်” ဆင်ခြေ “(Pretext)အဖြစ် အသုံးချခဲ့သောအရာ”ဟု ဆိုထားသည်။
ဤသို့ဆိုပါလျှင် – မြန်မာစစ်တပ်သည် ဂျီနိုဆိုက်ပြုရန် ရည်ရွယ်ချက်မရှိ၊ ARSAကိုသာ နှိမ်နင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။
ယခု ARSA နှင့်မြန်မာစစ်တပ်သည် အဘယ်ကြောင့် မဟာမိတ်ဖြစ်နေရပါသနည်း ဆိုသော မေးခွန်းမျိုးကို မည်သို့ဖြေကြပါမည်နည်း။
ICJ ကြားနာမှုတွင် ဤသို့အရေးကြီးသော အချက်များကို အီလိုက်အလွှာများက လူမှုကွန်ရက်စာမျက်နှာတွင် လူ ထုသိရန်သိပ်မပြောကြပေ။
ဂကျိုးဂကြောင် အက်ကြားအို ဟာမိုနီများကြားတွင် ထိုကဲ့သို ICJ တရားခွင်၏အနှစ်သာရကိုမှိန်ဖျော့ထားကြသည်။
ဆက်ရန်…






