ကံ့ကော်နီရေးပါတယ်။
စစ်အာဏာသိမ်းငါးနှစ်တာမှာ ငွေကြေးဖောင်းကြွမှုတွေပိုမို့ဆိုးလာတာနဲ့အမျှ ကုန်ဈေးနှုန်းတွေက အာရက္ခဒေသမှာ ပိုမိုးဆိုးရွာနေပါတယ်။
စစ်ကော်မရှင်ဟာ ကုန်လမ်း၊ရေလမ်းတွေအပါအဝင် ကုန်စည်စီးဆင်းမှုတွေကိုလည်း တားဆီးပိတ်ခဲ့တော့ အာရက္ခ ပြည်သူတွေ စားဝတ်နေရေးအခက်အခဲတွေဖြစ်ခဲ့ကြရပါတယ်။
အဲဒီလိုကုန်စျေးနှုန်းတွေတရိတ်ရိတ် တက်နေချိန်မှာ မိသားစုသုံးဦးရှိတဲ့အိမ်ထောင်စုတစုအတွက် တရက်ကုန်ကျစားရိတ်ဟာကျပ်ငါးသောင်းထိရှိနေပါတယ်။
အဲဒီကုန်ဈေးနှုန်းတွေကြောင့် ဝင်ငွေမရှိတဲ့မိသားစုတွေမှာ ကလေးတွေရဲ့ ကျောင်းစာရိတ်၊ စားသောက်စာရိတ်၊ စျေးစာရိတ်တွေကို လကုန်ခါနီးလာတို င်းစိတ်ပူနေရတယ်လို့ ဒေါ်လှမေသိန်းက ညည်းတွားပါတယ်။
စစ်ကော်မရှင်ကင်းစင်တဲ့ အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေမှာနေပေမယ့်ပိုက်ဆံအဓိကရှာနေတဲ့အိမ်ထောင် ဦးစီးအမျိုးသားစစ်မှုထမ်းနေချိန်မှာ စားဝတ်နေရေးအတွက် စိုးရိမ်းစိတ်ဖြစ်နေတယ်လို့ဒေါ်လှမေသိန်းက ပြောပါတယ်။
ဒေါ်လှမေသိန်းရဲ့ အမျိုးသားက အသ က်ငါးဆယ်ကျော်ပြီမို့ ပြည်သူ့စစ်သင် တန်းမတက်ခဲ့ရပေမယ့်တပ်သားသစ် စုဆောင်းရေးမှာ ထမင်းချက်တာဝန်နဲ့လအတော်ကြာနေခဲ့ရပါတယ်။
အဲဒီအိမ်ထောင်ဦးစီမရှိတဲ့နောက် ပ ညာရေးစာရိတ်နဲ့စားဝတ်နေရေးအတွ က်မိသားစုတာဝန်တွေကို ဒေါ်လှမေသိ န်းပခုံးထမ်းတာဝန်ယူရချိန်နေ့ရက်တိုင်းဟာ စိုးရိမ်စိတ်မကင်းခဲ့ဘူးလို့ ဆိုပါတယ်။
အဲဒီလို့ခင်ပွန်းမရှိချိန်တွေမှာ မိသားစု ထမင်းဝိုင်းဟာ အရင်လို့မစို့ပြေတော့ပါ။
ဒါပေမယ့်”ကျွန်မကအရာရာကို တောင့်ခံနေပါတယ်။ဘာလို့ တောင့်ခံလဲဆိုရင် ကျွန်မရဲ့သားသမီးလေးယောက်စလုံးကိုပညာမတတ်ဘဲစိတ်ဆင်းရဲကိုယ်ဆ င်းရဲနဲ့စိတ်ဒဏ်ရာရသွားမှာကို အရမ်းကြောက်ပါတယ်။မိခင်ဖြစ်တဲ့ ကျွန်မက ပြိုကွဲပြနေရင် သားသမီးတွေ ပိုစိတ်ထိခိုက်သွားရမယ်။”လို့ ဒေါ်လှမေသိန်းက Border News Agency ကို ပြောပါတယ်။
အာရက္ခတပ်တော်ဟာအာဏာသိမ်းစစ်တပ်ထိန်းချုပ်နယ်မြေအများစုကို သိမ်းယူနိုင်ခဲ့ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေ တွေမှာ အမျိုးသားကာကွယ်ရေးဆိုင် ရာအရေးပေါ်ပြဋ္ဌာန်းချက်(NDEP)ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊မေလကထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်ထဲမှာ တအိမ်ထောင်ကိုလူတဦးနှုန်းနဲ့အမျိုးသမီးတွေမှာ အသက်ဆယ်ရှစ်နှစ်မှနှစ်ဆယ့်ငါးနှစ်၊ အမျိုးသားတွေမှာအသက်ဆယ်ရှစ်နှစ်မှလေးဆယ်ငါးနှစ်ဆိုပြီးသတ်မှတ်ချ က်တွေနဲ့ခေါ်ခဲ့ပါတယ်။
အဲဒီပြည်သူ့စစ်သင်တန်းကြာမြင့်ချိန်မှာလေးဆယ်ငါးရက်ဖြစ်ပြီးသင်တန်းပြီးဆုံးပါကာနှစ်နှစ်တာဝန်ထမ်းဆောင်ရမယ်ဆိုပြီး အာရက္ခတပ်တော်က ပြီးခဲ့ နှစ် ၂၀၂၅ ခုနှစ်၊မတ်လနှစ်ဆယ့်ငါးရက်နေ့ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမယ့် အသက် ဆယ်ရှစ်နှစ်မှ လေးဆယ်ငါး နှစ်လို့ သတ်မှတ်ထားပေမယ်တချို့ မြေပြင်နဲ့ ကျေးလက် တွေမှာ အမျိုးသားတွေ စစ်မှုထမ်းရမယ် ဆိုရင် အသက် ငါးဆယ် ကျော်အရွယ် တွေ တပ်ထဲပါသွားကြတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင်ဝင်ငွေ အဓိကရှာတဲ့ မိသားစု မှာ အမျိုးသားတွေ တပ်တော်ထဲ လိုက်ရတဲ့အခါကျန်ခဲ့တဲ့မိသားစုတွေ၊က လေးငယ်တွေရဲ့ရှင်သန်မှုတိုက်ပွဲက တော့အဆိုးဝါးဆုံးအခြေအနေမှာရှိနေခဲ့ပါတယ်။
“မိခင်တဦးဖြစ်တဲ့ ကျွန်မကိုယ်တိုင်ကလည်းပဲ အာဟာရချိုတဲ့ပြီးကျန်းမာ ရေးမကောင်းတော့ အလုပ်ကြမ်း မလုပ်နိုင်ပါဘူး။ရွာက တခြားအမျိုးသ မီးတွေလို့ ငါးရှာ၊ဟင်းရှာလည်း လိုက်မရှာနိုင်ပါဘူး။တဖက်မှာ နို့စိုးကလေးတွေလည်းရှိသေးတော့ ကလေးကို အ ပ်ထားခဲ့ဖို့ ဆွေးမျိုးသားချင်းညီအစ်ကို မောင်နှမ မရှိပါဘူး။”လို့ သူမက ပြောပါတယ်။
အဲဲဒီအခြေအနေတွေနဲ့”မိသားစုးစားဝ တ်နေရေးဖြေရှင်းနေရချိန်မှာ စစ်သင် တန်းတက်နေရတဲ့ အမျိုးသားက အ သုံးစားရိတ်လှမ်းမှာရင် ထည့်မပေးနိုင်ဘူး။”လို့ ဒေါ်လှမေသိန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်၊အောက်တိုဘာလ မှာ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP)က ရခိုင်ရှိအမျိုးသမီးသုံးဆ ယ့်နှစ်ရာခိုင်နှုန်းမှာ အလုပ်အကိုင်၊ ပညာရေး ဒါမှမဟုတ် သင်တန်းတခုခုတွင် ပါဝင်မှု မရှိတဲ့ အခြေအနေနဲ့ ဖယ်ကျဉ်ခံနေရတယ်လို့ ဆိုထားပါတယ်။
အဲဒီအမျိုးသမီးတွေဟာ အလုပ်အကိုင်အခွင့်အလမ်းတွေမရှိကြပေမယ့်မိသား စုစားဝတ်နေရေးအတွက် နေ့စဥ်ရုန်းက န်နကြရပါတယ်။
အဲဒီအထဲမှာစစ်ရေးပဋိပက္ခဒေသတွေကအမျိုးသမီးတွေဟာ မြေမြုပ်မိုင်းအန္တရာယ်တွေအပါအဝင် ဘေးကင်းလုံခြုံမှု တွေကိုလည်း စိုးရိမ်နေကြရပါတယ်။
“ကျွန်မက တခါမှ အပြင် ထွက်မလုပ်ဖူးတဲ့ မိန်းမ တယောက်ပါ။ ခင်ပွန်းသည် စစ်မှုထမ်းပါသွားတော့ အပြင်ထွက်လုပ်ဖို့ ကျလာပါတယ်။တခါမှ ထင်းခြွေ၊ ဟင်းရှာ ၊ လယ်မလုပ်ဖူးတဲ့ အတွက် အခက်အခဲ ဖြစ်ရပါတယ်။ ဒီကြားထဲ တောထဲ ၊တောင်ထဲ သို့ ဟင်းရှာ ၊ထင်းခြွေ သွားရင် စကစရဲ့ မိုင်းနဲ့ အတူ ARSA တွေရဲ့ ရန်ကို ကြောက်နေရတယ်။”လို့ မောင်တောမြို့နယ်၊ကံပြင်သာစည်း ကျေးရွာမှအမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီလို့မျိုး အပြင်ထွက် လုပ်ကိုင် နေတဲ့ အမျိုးသမီးတွေမှာ အမျိုးသားတွေနဲ့ တန်းတူ လုပ်ခ လစာ မရတဲ့အတွက် အလုပ် ထွက်လုပ်နေရပေမယ့် မိသားစုစားဝတ်နေရေး မကာမိတဲ့ အခြေအနေတွေကို ရင်ဆိုင်နေကြရပါတယ်။
အဲဒီအပြင် ရခိုင်ပြည်ရှိလူဦးရေလေးဆယ့်ရာခိုင်နှုန်းကျော်မှာအလုပ်လက်မဲ့အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့ ကု လသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(UNDP) အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဲဒီအထဲမှာ အမျိုးသမီးတွေဟာ အ ဆိုးဝါးဆုံးအခြေအနေတွေကို ရင်ဆိုင်နေကြရသလိုစိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေကိုလည်း ခံစားကြုံတွေ့နေကြရတ ယ်လို့ ဆိုကြပါတယ်။
“ကျွန်မက ခင်ပွန်း စစ်မှုထမ်း ပါသွားမှ အလုပ် စလုပ်ဖူးတာ ပါ။ကျွမ်းကျင်မှုမရှိတဲ့ ဒီအလုပ်တွေ ကြောင့် အခက်အခဲ တွေကို ရင်ဆိုင်ရသလို အိမ်မှာကျန်ခဲ့တဲ့ လူမမည် သားသမီး တွေကို ကြည့်ပေးမဲ့သူမရှိ တော့ စိတ်ပူနေရတယ်။”လို့ ဒေါ်လှမေသိန်းက ပြောပါတယ်။
အဲဒီလို့အလုပ်ကိုင်အခွင့်အလမ်းနည်း နေချိန်မှာ အမျိုးသမီးတွေရရှိတဲ့ လုပ်ခလစာကလည်း အမျိုးသားတွေနဲ့ယှဉ်ရင် နိမ့်ပါးနေတယ်လို့ဆိုကြပါတယ်။
“ယောကျာ်းဖြစ်သူရဲ့ တနေ့ လုပ်အားခက အိမ်အတွက် ကာမိပေမယ့် အမျိုးသမီး ဖြစ်တဲ့ ကျွန်မတို့ ရဲ့ တနေ့ တာ လုပ်အားခက တရက်တာ စားဝတ်နေရေးအတွက်မကာမိဘူး။”လို့ ဒေါ်လှမေသိန်းက ဆက်ပြောပါတယ်။
အဲဒီပြင် အမျိုးသမီးဆိုရင် အမြဲတမ်း နေ့ထွက်ခပဲ ဖြစ်ဖြစ်၊လစာ ပဲဖြစ်ဖြစ် ယောကျာ်းတွေရဲ့လုပ်အားခနဲ့ ယှဉ်ရင် အမြဲတမ်း ငါးထောင်၊တသောင်း က အစကွာဟမှု ရှိနေတယ်လို့ အမျိုးသ မီးတွေက ဆိုကြပါတယ်။
အဲဒီအမျိုးသမီးတွေဟာ အမျိုးသား ကို စစ်မြေပြင်မှာဆုံးရှုံးခဲ့ရပြီး အိမ်ထောင် ဦးစီးမရှိချိန်မှာ မိသားစု ရှေ့ဆက်နိုင်ဖို့ အိမ်ထောင်ဦးစီးတာဝန်ကိုယူရင် ရတဲ့ အလုပ်ကို ဝင်လုပ်ကာ စားဝတ်နေရေး ဖြေရှင်းနေရသူတွေလည်း အများကြီးရှိနေကြပါတယ်။
“သမီးဖြစ်သူက အထက်တန်းကျောင်း သူဆိုတော့ ကျောင်းစရိတ်က ရှိတော့ ပြိန်းဟင်းတွေရောင်း၊သူများဆီမှာ စို က်ခင်းအငှားဝင်လုပ်ကာရလာတဲ့ ပိုက် ဆံနဲ့ချွေးတာစားသောက်နေတယ်။”လို့အမျိုးသမီးတဦးက ပြောပါတယ်။
သူမတို့ရဲ့ကလေးပညာရေး ဆုံးခန်းတိုင်အောင် ရုန်းကန်နေရကြရတဲ့ မိသားစုရှိသလို ကျောင်းလခ ပေးဖို့ အဆင်မပြေ၊ အလုပ်အကိုင် အဆင်မပြေလို့ စားစရာ မရှိတော့တဲ့အခါ ကလေးတွေကို ကျောင်းထွက်ခိုင်းပြီး လုပ်ငန်းခွင်ထဲ သွင်းလိုက်ရတဲ့ မိသားစုတွေလည်းရှိနေကြတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
အဲဒီလို့ ပြင်ပထွက် လုပ်ကိုင်နေကြရတဲ့ ကလေးငယ်အရေအတွက်ဟာ မြန်မာ နိုင်ငံတဝှမ်းစစ်အာဏာသိမ်းငါးနှစ်မှာ အမြင့်ဆုံးရှိနေတယ်လို့ ဆိုပါတယ်။
“စစ်မှုထမ်း ခေါ်မယ်ဆိုရင်လည်းပဲ သားသမီး အကြီး ရှိတဲ့ အိမ် ၊ သားသမီး အကြီး ရှိမှ ခေါ်စေချင်ပါတယ်။သားသမီးအငယ်နဲ့ အိမ်ထောင်ဦးစီး အမျိုးသားတွေကို အားကိုးနေရတဲ့ သူတွေရဲ့ မိသားစုဝင်တွေ ကိုခေါ်တော့ အခက်အခဲတွေ ဖြစ်ရတယ် ။”လို့ မောင်တောမြို့နယ်၊ ကံပြင်သာစည်းကျေးရွာမှအမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။
မိသားစုစားဝတ်နေရေး အဆင်မပြေမှုတွေအပြင် အိမ်ထောင်ရှင်မ အမျိုးသမီးတွေ အတွက် “လင်မရှိတဲ့ မိန်းမ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အထင်သေးခံရတာတွေကိုလည်း ခံစားနေကြရတာမို့ကိုယ်စိတ်နှစ်ပါးမလုံခြုံကြဘူးလို့ အ မျိုးသမီးတွေက ဆိုကြပါတယ်။
မိသားစု တစုမှာ တယောက်စီ စစ်မှုထမ်း ကြရတဲ့ အခါ အိမ်ထောင်ဦးစီး တွေ နဲ့အတူ စစ်မြေပြင်မှာ ကျဆုံးသွားကြတဲ့ ရဲဘော်တွေရဲ့ ဇနီးသည်တွေက “မုဆိုးမ” အဖြစ် ကျန်ရစ်ခဲ့ကာ လက်ရှိ ၂၀၂၁ခုနှစ်မှ ၂၀၂၆ ခုနှစ် ထိငါးနှစ်တာမှာ ငါးသောင်းကျော် ရှိခဲ့ပြီလို့ ISP-Myanmar ရဲ့ ကိန်းဂဏန်းတွေက ဆိုပါတယ်။
ကလေးမိခင်ဖြစ်စေ အိမ်ထောင်ရှိပြီးသား အမျိုးသမီးတွေအပေါ်မှာ စကားပြောတာတွေက အစ မထီး မဲ့မြင် စနောက်တာတွေ ရှိတာမို့ နေ့စဉ် ဖြတ်သန်းနေရတဲ့ နေ့ရက်တွေမှာ လုံခြုံမှု ဆိုတဲ့ အရိပ်အဝါသတွေ တဖြည်းဖြည်း မှေးမှိန်လာကာ စိုးရိမ်းပူပန်မှုတွေက ဒီကာလမှာ ယခင်ထက် အများကြီး ကြုံတွေနေရတယ်လို့ ဒေသခံ အမျိုးသမီး အများစုက ဆိုကြပါတယ်။
“ဒီလို အခြေအနေမျိုးမှာ ကျွန်မတို့ အိမ်ကနေ့ အပြင် ထွက် အလုပ်လုပ်နေရင် ကျွန်မရဲ့ သားနဲ့ သမီးတွေကို စိတ်ချ လက်ချ အိမ်မှာ မထားခဲ့နိုင်ဘူး။”လို့ မိသားစု စားဝတ်နေရေး ဖြေရှင်းနေရတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။
ဥပေဒစိုးမိုးမှုမရှိတဲ့ အတွက် ကလေးငယ်တွေ မုဒိမ်းအကျင့်ခံရရင် မိဘလုပ်သူတွေပဲ နစ်နာမယ်။ယူကျုံးမရ ဖြစ်မယ်လို့ အမျိုးသမီးတွေက ဆိုကြပါတယ်။
ညနေ နေဝင်ချိန်ရောက်လာရင် နေလယ်ထက် ပိုပြီ စိတ်မလုံခြုံ မှုတွေ ကို ခံစားရတယ်လို့ အမျိုးသမီးတွေက ဆိုကြပါတယ်။
အဲဒီလိုအခြေအနေတွေကို ရင်ဆိုင်နိုင်ဖို့ ခင်ပွန်းသည်စစ်မြေပြင်ကအိမ်ပြန်လာချိန်ကို စောင့်မျှော်နေတယ်လို့ အမျိုး သမီးတွေက ဆိုကြပါတယ်။
မြန်မာပြည်အမျိုးသမီးတွေရဲ့ဘဝ
အာဏာရှင်တော်လှန်ရေးကပေါ်ပေါက်လာတဲ့ ပြည်တွင်းစစ်ဟာ အမျိုးသားတွေကို ရှေ့တန်းစစ်မျက်နှာဆီသို့ ပို့ ဆောင်ခဲ့သလိုကျန်ရစ်သူ အမျိုးသမီး များစွာရဲ့”ဘဝ”ကိုလည်းစားဝတ်နေရေးမြေပြင်တိုက်ပွဲဆီတွန်းပို့ခဲ့ပါတယ်။
မြန်မာပြည်အနှံ့က အမျိုးသမီးတွေ ဟာ မိသားစုစားဝတ်နေရေးအတွက် နောက်ဆုံးခံတပ်အဖြစ် မားမားမတ် မတ်ရပ်တည်နေကြပါတယ်။
ပထဝီ အနေထားအရ ရခိုင်ကမ်းရိုးတန်းမှ စစ်ကိုင်း တိုင်း ထိ ကြည့်မယ် ဆိုရင် ပြာပုံအတိဖြစ်ခဲ့ရတဲ့ ကျေးရွာ တွေ အများကြီး ရှိနေခဲ့ပါတယ်။
အဲဒီအပြင် ကရင်နီတောင်တန်း မှ ရှမ်းမြောက်ပိုင်းဆီသို့ ကူးစက်သွားတဲ့ စစ်မီးတွေက မြူနှင်းများဝေပြီ သာယာ သံ ပြည့်နက် ခဲ့တဲ့ ရှမ်း ပြည် က အမျိုးသမီး များစွာကို သေနတ်သံကြားမှာ ရင့်ကျက်စေခဲ့လို့ ရှိနေခဲ့ပါတယ်။
ဒါပေမယ့် သားသမီး တွေရဲ့ ထမင်းအိုး မကွဲစေရန် ခက်ခဲစွာ ရုန်းကန်နေကြရတဲ့ မိခင်တွေရဲ့ ပခုံးပေါ် တင်ထားရတဲ့ မိသားစုတာဝန်က စားဝတ်နေရေးသာမက ပြိုလဲပျက်စီးနီးပါး ဖြစ်နေတဲ့ လူ့အဖွဲ့အစည်းတွေရဲ့ အနာဂတ်အဖြစ် ရောက်ရှိ နေပါတော့တယ်။
သူမတို့ဟာ စစ်ပွဲတွေရဲ့ သားကောင်း သာမက အမည်မဲ့စစ်သူရဲကောင်းတွေလည်းဖြစ်ကြပါတယ်။
မီးခိုးတိတ်နေတဲ့မီးဖိုချောင်များကို ပြန် လည်အသက်သွင်းကာအမှောင်ထုကြားကမျှော်လင့်ချက်မီးအိမ်တွေကို ကိုင်စွဲထားတဲ့ “အမည်မဲ့ စစ်သူရဲကောင်း “တွေ အဖြစ် ဆက်ရှိနေ ကြအုံ့မှာပါ။
အမျိုးသမီးတွေရဲ့ကြံ့ခိုင်မှုကို အသိအ မှတ်ပြုပေးကာ စစ်မီးတွေငြိမ်းသတ်နိုင်မှသာမြန်မာပြည်ရှိ အိမ်ထောင်စုတိုင်းအတွက် အကောင်းဆုံး ကုထုံးဖြစ်မှာပါ။






