Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး ဆောင်းပါး နိုင်ငံရေး အာရက္ခဒေသ

အာရက္ခအစိုးရသတိထားကိုင်တွယ်ရမယ့်ဆိုက်ဝါးလက်မည်းကြီးတွေ

Author picture

By

BNA Author
Reading Time: 5 mins read
0
A A
0
SHARES
12
VIEWS
Share on FacebookShare on Twitter

ရီရီလှိုင်(ကစ္ဆပမြီ)ရေးပါတယ်။

လွန်ခဲ့တဲ့ငါးနှစ်က သတင်းအခြေခံသင်တန်းကို လေ့လာသူအဖြစ်တက်ရောက်ဖြစ်ခဲ့ပါတယ်။

အဲဒီသင်တန်းမှာ သတင်းစကားတွေရဲ့ ပြောင်းလဲပျံ့နှံ့နိုင်ခြေနဲ့ပတ်သက်ပြီးတော့ ကစားနည်း(Game)နဲ့ လက်တွေ့ပြသတာကို ကြုံခဲ့ဖူးပါတယ်။

အဲဒီကစားနည်းကို ကစားဖို့အတွက် သင်တန်းသူ၊ သင်တန်းသားတွေအားလုံး ရှေ့နောက်တန်းစီပြီး မတ်တပ်ရပ်လိုက်ကြပါတယ်။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုတာနဲ့ သင်တန်းဆရာက နောက်ဆုံးမှာ မတ်တပ်ရပ်နေတဲ့သင်သားတန်းသားတဦးအနားကိုကပ်ပြီးတော့ သတင်းတပုဒ်ကို တိုးတိုးကလေးပြောပြလိုက်ပါတယ်။

အဲဒီသင်တန်းဆရာပြောပြတဲ့သတင်းကို ပထမဦးဆုံးရရှိသွားသူက သူရရှိခဲ့တဲ့သတင်းကို သူ့ရှေ့ကနောက်ထပ်သင် တန်းသားဆီသို့ တိုးတိုးကလေးကပ်ပြီး ထပ်ဆင့် ဖြန့်ဝေလိုက်ပါတယ်။ 

အဲဒီလိုနဲ့တဦးပြီးတဦး ထပ်ဆင့်ဖြန့်ဝေလာလိုက်တာ အတန်းရဲ့ရှေ့ဆုံးကလူဆီကိုရောက်တာနဲ့“ မူရင်းသတင်း”ရဲ့ ပုံ သဏ္ဍာန်ရော အဓိပ္ပါယ်ပါပြောင်းလဲသွားတာကို အံ့သြဖွယ်မြင်တွေ့ရပါတော့တယ်။

ဥပမာ မူရင်းသတင်းက “မြိုင်ကြီးမှာ မိုးကြီးပြီး မြေပြိုနေတဲ့အတွက် ကားလမ်းပြတ်တောက်နေတယ်။”ဆိုတဲ့ သတင်းဆိုပါတော့။

အဲဒီသတင်းကို ပထမဦးဆုံးရရှိလိုက်တဲ့သင်တန်းသားက သူကြားလိုက်ရတဲ့ သတင်းစကားရဲ့အစီအစဉ်နဲ့ အဓိပ္ပါယ်ကို အတတ်နိုင်ဆုံး စဉ်းစားပြီးတော့ပြန် လည်ဖြန့်ဝေလိုက်တဲ့အခါမှာ“မြိုင်ကြီးမှာမိုးကြီးမြေပြိုလို့ ကားလမ်းပြတ်နေတယ်။”လို့ ဖြစ်သွားပါတယ်။

နောက်ထပ်တယောက်ကို ထပ်ဆင့်ဖြန့်ဝေလိုက်တဲ့အခါမှာတော့ သတင်းက “မြိုင်ကြီးမှာ မိုးကြီး မြေမြိုလို့ ကားလမ်းဖြတ်ထားတယ်။”လို့ ဖြစ်သွားပါတယ်။

အဲဒီလိုနဲ့ တယောက်ပြီးတယောက် ထပ် ဆင့်ဖြန်ဝေလာပြီးတဲ့အခါမှာတော့ နောက်ဆုံးတယောက်ဆီမှာသတင်းက“ မြိုင်ကြီးမှာမျိုးကြီးတယောက် မြေမြို့လို့ ခြေထောက်ဖြတ်တောက်ခံလိုက် ရတယ်။”ဆိုပြီး ဖြစ်သွားပါတော့တယ်။ 

အဲဒါဟာ သတင်းစကားရဲ့ပျံ့နှံ့ ပြောင်းလဲသွားနိုင်ခြေကို တက်ရောက်လေ့ လာခဲ့တဲ့ သတင်တန်းမှာကြုံဖူးခဲ့တာပဲ ဖြစ်ပါတယ်။

ပါးစပ်နဲ့ဖြန့်ဝေတဲ့ သတင်းစကားဟာ သတင်းလက်ခံပြီး ဖြန့်ဝေသူတွေရဲ့ နား လည်နိုင်စွမ်း၊ဆင်ခြင်သုံးသပ်နိုင်မှု၊ ရိုး သားမှုနဲ့တာဝန်ယူ၊တာဝန်ခံနိုင်မှုအပေါ်မှာမူတည်ပြီးတော့ ဆင့်ကဲပြောင်းလဲသွားနိုင် စေပါတယ်။ 

မူရင်းသတင်းရဲ့ဆိုလိုရင်း ပျောက်ပြီးတော့ အဆိုးဖက်ကို ပြောင်းလဲသွားစေနိုင်သလို အကောင်းဖက်ကိုလည်း ဦးတ ည်ပြီးလည်း ပြောင်းလဲသွားစေနိုင်ပါတယ်။ 

မူရင်းဖြန့်ဝေနေသူတွေကိုယ်တိုင်ကိုက အဆိုးဖက်ကို ဦးတည်ထုတ်လွှင့်ဖြန့်ဝေတဲ့သတင်းမျိုးဆိုရင်တော့ ပြောဖွယ်ပင်မရှိတော့ပါဘူး။ပြီးတော့ သတင်းရဲ့ ပျံ့နှံ့နိုင်ခြေဟာလည်း တစက္ကန့်၊ တမိနစ်အတွင်းမှာတင် လူပေါင်းများစွာထံသို့ ပျံ့နှံ့သွားစေနိုင်ပါတယ်။ 

သတင်းကို လူတယောက်ကလူတယောက်ချင်းစီကိုပဲ ဖြန့်ဝေတယ်ဆိုရင်တောင် နာရီပိုင်းအတွင်းမှာတင် ကြီးမားကျ ယ်ပျံ့သွားနိုင်တာ အမှန်ပါပဲ။လူစည်ကားရာနေရာမျိုးတွေမှာ သတင်းကို ဖြန့်ဝေတယ်ဆိုရင်တော့ ပြောဖွယ်ပင် မရှိတော့ပါဘူး။

ဒီနေ့ ကမ္ဘာကြီးဟာ သတင်းနဲ့ နည်းပညာ(IT)ခေတ်ဖြစ်တဲ့အတွက် ကမ္ဘာကြီးဟာ စက္ကန့်နဲ့အမျှပြောင်းလဲ ဖြစ်ပေါ်နေတဲ့ သတင်းနဲ့ နည်းပညာနောက်ကို အမှီလိုက်နေရပါတယ်။နည်းပညာ ဖွံ့ဖြိုးတိုးတက်လာတာဟာ ကမ္ဘာကြီးအတွာက် အကောင်းဖက်ကို ဦးတည်တာတွေရှိသလို ကမ္ဘာကြီးကို နည်းပညာစစ်ပွဲတွေထဲ တဝဲလည်လည် ခြိမ်းခြောက်ခံနေရစေပါတယ်။ 

အဲဒီလိုပဲ သတင်းရယူနိုင်တဲ့နေရာတွေ၊ ဖြန့်ဖြူးတဲ့နေရာတွေပေါများလာတာကလည်း ကမ္ဘာကြီးအတွက် ဆိုးမွေ ကောင်းမွေတွေ ဒွန်တွဲရှိနေတာပါပဲ။

ဒီခေတ်မှာ သတင်းအယောင်ဆောင်ပြီး ဝါဒဖြန့်ချိနေကြတဲ့ ဆိုက်ဝါး(Psy War) တွေကလည်း အလွန်ပေါများနေပါတယ်။ 

ဆိုက်ဝါး(Psy War)ဆိုတာက ပြိုင်ဘ က်တွေကို စိတ်ဓာတ်စစ်ဆင်ရေးအရ တိုက်ခိုက်ဖို့ရည်ရွယ်ပြီး ထုတ်လွှင့်ကြတဲ့ ဝါဒဖြန့်တာတွေဖြစ်ပါတယ်။

ဆိုက်ဝါးတွေကို နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးနဲ့တချို့နိုင်ငံတော်အစိုးရတွေရဲ့ အာဘော်တွေထိတွေ့ရတတ်ပါတယ်။ 

ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာ နည်းပညာသာလွန်တဲ့အင်အားကြီးနိုင်ငံတွေက သူတို့ရဲ့ပြိုင်ဘက်နိုင်ငံတွေကို ရေဒီ ယိုမှတဆင့် ဆိုက်ဝါးတွေ ထုတ်လွှင့်ပြီးတော့ ဝါဒဖြန့်စစ်ဆင်ရေးတွေ လုပ် ဆောင်ခဲ့ကြပါတယ်။

အာရက္ခပြည်ရဲ့အခင်းအကျင်း အခြေ အနေတွေကို ပြန်လည်စောင်းငဲ့ကြည့်ရင်တော့ အာရက္ခပြည်သူလူထုဟာ ဆို က်ဝါးတွေနဲ့အခြေအမြစ်မရှိတဲ့ ကောလဟလသတင်းတွေကြားထဲမှာ နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်ခံနေကြတဲ့ အခြေ အနေဖြစ်ပါတယ်။ဆက်သွယ်ရေးကွန် ရက်တွေအားလုံးနီးပါးပြတ်တောက်နေတဲ့ အာရက္ခပြည်မှာ လူထုထံကို ဘယ် လိုပုံစံမျိုးနဲ့ပျံ့နှံ့နေကြသလဲဆိုတာကိုတွေးကြည့်လိုက်ရင် သတင်းဖြန့်ချိနေကြသူတွေဟာ သူတို့ဖြန့်ချိလိုတဲ့သတ င်းကို ပါးစပ်ပြောသတင်းအဖြစ်နဲ့ လူ ထုနားထဲသို့ ပေါက်ရောက်အောင် ဖြန့် ချိနေကြပါတယ်။

ဒါဆိုရင် ဒီသတင်းတွေကို ဘယ်လိုပုဂ္ဂို လ်မျိုးတွေ၊အဖွဲ့အစည်းတွေက ဖြန့်ဝေနေကြသလဲ။ရည်ရွယ်ချက်က ဘာလဲ ဆိုတာကို စဉ်းစားစရာ ရှိလာပါတယ်။

အဲဒါကလည်း စေ့စေ့တွေးကြည့်ရင် ရေးရေးလေးလောက်တော့ အဖြေကပေါ်လာမှာဖြစ်ပါတယ်။ 

အဲဒီလိုမဟုတ်မမှန် ကောလဟလတွေ၊ ဝါဒဖြန့်ဆိုက်ဝါးတွေကို ဖြန့်ချိနေကြသူအများစုဟာ ULA/AA အပေါ် မနာလို မရှုစိမ့်ကြတဲ့ စစ်ကောင်စီဘက်တော် သားတွေနဲ့ဗမာလူ မျိုးကြီးဝါဒီနိုင်ငံရေးပါတီလက်ဝေခံ လက်ကျန်တချိုဖြစ်ပါတယ်။ 

အဲဒီလိုစတင်ဖြန်ချိလိုက်တဲ့ နောက်ကွ ယ်ကလက်မည်းကြီးအုပ်စုက အကော င်အထည်ပျောက်နေကြပေမယ့်သတ င်းတွေကို အားတက်သရောဆင့်ပွားဖြန့် ချိနေကြသူတွေမှန်သမျှဟာ စစ်တပ်အသိုင်းအဝိုင်းကသူတွေဖြစ်ကြပါတယ်။

အဲဒါဆိုရင် သတင်းမှားတွေကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဖြန်ဝေနေကြသလဲလို့ ထပ်ဆင့် မေးစရာ ရှိလာဦးမှာပါ။ 

သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ ULA/AA အပေါ် လူထုထောက်ခံအားပေးမှုလျော့ ကျသွားစေဖို့၊အာရက္ခပြည်သူ့တော်လှန် ရေးအစိုးရရဲ့အုပ်ချုပ်မှု အောက်မှာ အာရက္ခပြည်သူတွေ ငြိမ်းချမ်းသာယာစွာ လုပ်ကိုင်စားသောက်နေနိုင်ကြတာကို ပျက်ပြားသွားစေဖို့၊တည်ငြိမ်မှုကင်းမဲ့နေစေဖို့နဲ့ အာရက္ခပြည်ကလူ့စွမ်း အားအရင်းအမြစ်တွေအကုန်လုံး ဗမာပြည်ဘက်ကို ဆင်းသွားကြစေဖို့ ရည် ရွယ်ကြဟန်ပေါ်ပါတယ်။ 

အဲဒီအတွက် ဆိုက်ဝါးစိတ်ဓာတ်စစ်ဆ င်ရေးဝါဒဖြန့်သတင်းမှားတွေကို ဆိုက်ဓါဒလက်မည်းကြီးတွေက တစ်နေ့တစ်မျိုးမရိုးအီရအောင် ထုတ်လွှင့် ဖြန့်ချိနေကြတာဖြစ်ပါတယ်။

ဆက်စပ်တွေးတောစရာအဖြစ် စစ်ဘေးရှောင်ဘဝက ရောက်ခဲ့တဲ့ ဒေသအကြောင်းကို  ပြန်ပြောင်းသတိရမိပါတယ်။ 

စစ်ကောင်စီနဲ့ အလွမ်းသင့်တဲ့ ခရိုနီအ ကြီးစားတွေ သြဇာလွှမ်းမိုးရာကျွန်းပေါ်ကို စစ်ရှောင်ရင်း ရောက်ရှိခဲ့ပါတယ်။ 

အဲဒီကျွန်းပေါ်မှာ ULA/AA က အုပ်ချုပ်နေပေမယ့်အုပ်ချုပ်ရေးမဏ္ဍိုင်က သိပ်ပြီး အားမကောင်းသေးပါဘူး။ 

အဲဒီကျွန်းပေါ် အာရက္ခတပ်တော်သားတွေတိုက်ပွဲအတွင်း အလွန်အမင်းအထိနာကြတဲ့အကြောင်း၊ စစ်ကောင်စီတပ်တွေကအာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့တွေကို ပြန်လည်တိုက်စစ်ဆင်ပြီး ရယူလိုက်ပြီဖြစ်ကြောင်း၊မြို့သိမ်းတိုက်ပွဲတွေမှာတပ်တော်သားတွေဟာ အိမ်တွေကိုဖောက်ထွင်းခိုးထုတ်ကြကြောင်း၊တက်တော်သားတွေက ရခိုင်မြောက်ပိုင်းစကားမပြောလို့ ရခိုင်တော်ပိုင်းသားတွေကို ပစ်သတ်လိုက်ကြောင်း၊(မှတ်ချက်။ ။တောင်ပိုင်း -မြောက်ပိုင်းကို သဘောတရားအရ သုံးနှုံးခြင်းမျှသာဖြစ်သည်။)စတဲ့ လုပ်ကြံဝါဒဖြန့်သတင်းမှားတွေကို လူထုနားထဲပေါက်အောင် နေ့စဉ်နဲ့အမျှ ထုတ်လွှင့်နေကြတာကို ကြုံခဲ့ရပါတယ်။ 

တချို့သတင်းတွေဟာ ကြားရရုံနဲ့ ယုတ္တိယုတ္တာမရှိမှန်း ကိုသိပေမယ့် အကြောက်တရားကြီးစိုးနေတဲ့ အခြေခံလူတန်းစားတွေအတွက်ကိုတော့ ယုံထင်ကြောင်ထင် ဖြစ်သွားစေတာ အမှန်ပါပဲ။ 

အဲဒီသတင်းတွေကို ဖြန့်ဝေနေသူ လက်မည်းကြီးအုပ်စုဟာ ULA/AA အပေါ် လူထု အထင်အမြင်လွှဲမှားသွားစေဖို့နဲ့ ရခိုင်တောင်ပိုင်း၊ မြောက်ပိုင်းကို မှိုင်း တိုက်ပြီး အိမ်ကြက်ချင်းခွပ်ခိုင်းဖို့ ရည် ရွယ်ကြတယ်ဆိုတာကတော့ ယုံမှားသံသယဖြစ်ဖွယ် မရှိတော့ပါဘူး။

အာရက္ခပြည်မှာ စစ်မှုမထမ်းမနေရ ပေါ်တာဆွဲနေပြီဆိုတဲ့ သတင်းတွေဟာ လွန်ခဲ့တဲ့လအနည်းငယ်က လူတိုင်းနားကို ပျံ့နှံ့နေခဲ့ပါတယ်။ 

အဲဒီတုန်းက မှန်ခြင်း၊မှားခြင်းကို မသိရှိသလို အတည်ပြုနိုင်တဲ့ဘယ်လိုအ ကြောင်းတရားမျှလည်း မတွေ့ရှိခဲ့ပါဘူး။ဘယ်ကျေးရွာ၊ဘယ်အိမ်က ဘယ်သူ့ကို ဘယ်အချိန်က  အလိုမတူဘဲ စစ်မှုထမ်းဖို့အတွက်အတင်းအဓမ္မဘယ်သူတွေ လာခေါ်သွားတယ်ဆိုတာမျိုးကို မကြားမိ မမြင်မိတာကို ပြောလိုတာပါ ။

ဒါပေမယ့် လူထုထဲကို အင်နဲ့ အားနဲ့ ပျံ့နှံ့လာပြီးတော့ လူထုရဲ့ အကြောက်တရားကို အားကုန်ဆွဲထုတ်လိုက်သလို ဖြစ်လာခဲ့ပါတယ်။

ဝါဖြန့်ချိသူတွေရဲ့ စကားထဲမှာ စစ်မှုထမ်းရမယ့် အသက်အရွယ်၊ အမျိုးအစားတွေမပါဘဲ ၁၈ နှစ်ပြည့်ပြီး သူမှန်သမျှ ပျိုပျို၊ အိုအို၊ ကျောင်းသားကျောင်းသူ၊ ဆရာဆရာမ၊ အစိုးရဝန်ထမ်း၊ ဆွံ့အနားမကြား၊ စိတ်မမှန်သူ၊ ရောဂါသည်နဲ့ ခန္ဓာကိုယ်လက်မသန်စွမ်းသူတွေကိုပါမချန် အားလုံး စစ်မှုထမ်းရမယ်ဆိုတဲ့ထိ ဝါဒဖြန့် ခြိမ်းခြောက်တာကို တွေ့ရပါတယ်။ 

အဲဒါကိုကြည့်ရင်ယုတ္တိမရှိကြောင်းကို သိရှိနိုင်ပေမယ့် သတင်းကို ပြန်လည်တိုက်ဖျက်ဖို့အတွက် တာဝန်ရှိသူတွေဖက်က မလုပ်ဆောင်နိုင်တဲ့အတွက် သတင်းတွေဟာ ဆိုးဝါးတဲ့အခြေအနေထိ ကြီးမားသွားခဲ့ပါတယ်။

စစ်မှုထမ်းဝါဒဖြန့်သတင်းတွေနဲ့ပတ်သက်ပြီးတော့ ဆိုက်ဝါးလက်မည်းကြီးတွေရဲ့ပစ်မှတ်ဟာ အရွယ်ကောင်း ကျောင်းသူကျောင်းသားလူငယ်တွေနဲ့ အတတ်အသိပညာရှင်တွေကို ပစ်မှတ်ထား ရည်ရွယ်တယ်လို့ ယူဆစရာ ရှိပါတယ်။ 

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အုပ်ချူပ်ရေး ယန္တရားလည်ပတ်နိုင်မှုကို အနှောင့်အယှက်ပေးဖို့နဲ့ တည်ငြိမ်မှုကို ဖျက်စီးဖို့ ရည်ရွယ်တယ်လို့လည်း တွေးစရာ ရှိနေပါတယ်။ 

ဘာကြောင့်လဲဆိုတော့ စစ်မှုထမ်းသတ င်းရဲ့အကျိုးဆက်အဖြစ် ကျောင်းတက် နေတဲ့ ကျောင်းသူကျောင်းသားလူငယ်တွေအပါအဝင် အသိအတတ်ပညာရှင်နဲ့ငွေရှင်ကြေးရှင် အတော်များများ ဗမာပြည်သို့ ထပ်မံထွက်သွားကြပါတယ်။

ဒီသတင်းတွေကို ဘယ်လိုနေရာမျိုးက ဘယ်လိုပုဂ္ဂိုလ်မျိုးတွေက ဖြန့်ဝေနေကြသလဲ ဆိုတာကလည်း အတော် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ 

ရွှေသမင်ဘယ်ကထွက်၊ မင်းကြီးတာ ကွက်ဆိုသလိုများ ဖြစ်နေပြီလားလို့ တွေးတောစရာ ရှိလာပါတယ်။

ဆက်စပ်တွေးတောစရာအဖြစ် ကျောင်းဆရာမတဦးအမကြောင်းကို တွေးကြည့်မိပါတယ်။ 

အဲဒီကျောင်းဆရာမဟာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရလက်အောက်မှာ လစာမရဘဲ စာမသင်ပေးနိုင်ဘူးဆိုတဲ့ အမျိုးအစားထဲကပါ။

ဒါပေမယ့် နောက်ပိုင်းမှာ လစာရတဲ့အတွက် ကျောင်းဆရာမအလုပ်ကို ပြန်ဝင်လုပ်ခဲ့ပါတယ်။ သူဟာ ကျောင်းသူကျောင်းသား ကလေးတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရလက် အောက်မှာ ပညာသင်နေရင် အချိန်ကုန်တာပဲ အဖတ်တင်မယ်၊ အတန်းအောင်ရင် ဘာအာမခံချက်ရှိသလဲ၊ G-12 အောင်ရင် ဘယ်သူက အသိအမှတ်ပြုပေးမလဲ၊ ဘယ်တက္ကသိုလ်မှာ ဆက်လက် ပညာသင်ကြမလဲ စတဲ့ မေးခွန်းတွေမေးပြီးတော့ ဗမာပြည်ဖက်ကိုဆင်းပြီး ကျောင်းသွားတက်ကြဖို့ ဆော်သြလေ့ရှိတာကို တဆင့် စကား တဆင့်နားနဲ့ အမြဲတမ်းကြားနေရပါတယ်။ 

ခုတော့ အဲဒီဆရာမကိုယ်တိုင် အထက် တန်းတက်နေတဲ့ သားဖြစ်သူကိုခေါ်ပြီး ဗမာပြည်ဖက် ခိုးထွက်သွားတာလည်းသိနေရပါတယ်။

တခြား ဆရာမတယောက်ကတော့ လစာမက်ပြီး ကျောင်းပြနေရပေမယ့် ကျောင်းသူကျောင်းသားတွေ ရခိုင်သီ ချင်းဆိုတာနဲ့ အာရက္ခသီချင်းဆိုတာကို လုံးဝ ကန့်ကွက် တားမြစ်ကြောင်းကို ကျောင်းသူကျောင်းသားတွေ ပြန်ပြောကြပါတယ်။

ပညာရေးလောကထဲမှာ အကောင်းလုပ်နေကြသူတွေက စိတ်ရင်းစေတနယာမှန်နဲ့အလုပ် လုပ်နေကြပေမယ့်  မကော င်းဆိုးဝါးအကျင့်ဆိုးနဲ့ အဲဒီလို ဆရာဆရာမတွေလည်း အများအပြားပဲ ရှိနေပါတယ်။ 

အဲဒီအကြောင်းကို  ပြောရမယ်ဆိုရင် ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်သွားမှာ သေချာပါတယ်။ 

အဲဒီလို ဆရာဆရာမမျိုးတွေ အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရပညာရေးဌာနမှာ ဘယ်လောက်ထိတောင် ရှိနေပြီလဲလို့ တွေးပူမိတာ အမှန်ပါပဲ။ 

မသေချာမရေရာတဲ့ စစ်မှုထမ်းဆိုက်ဝါးသတင်းမှားကိုအကြောင်းပြပြီးတော့ အာရက္ခလူ့အရင်းအမြစ် တွေ ဗမာပြည်သို့ နေ့စဉ်နဲ့ အမျှ ထွက်ခွာနေကြရတာဟာ ရွှေသမင်ဘယ်ကထွက်၊ မင်းကြီးတာကွက် ဆိုသလို ဖြစ်နေမှာလားလို့ သံသယ ဖြစ်မိတာ အမှန်ပါပဲ။

တကယ်တော့ ဆရာ၊ ဆရာမတွေဆိုတာ နိုင်ငံမျိုးဆက် လူငယ်လူရွယ်တွေကို ပြုစုပျိုးထောင်ရတဲ့ ဥယြဉ်မှူးတွေပဲ ဖြစ်ပါတယ်။ 

ဆရာ၊ ဆရာမတစ်ယောက်က ဝံလက်ငှက်ဖြစ်နေရင် သူ့ရဲ့ တပည့်တွေကလည်း ဝံလက်ရုပ်ကလေးအဖြစ်ပုံပေါ်လာမှာဖြစ်ပြီးတော့ ဆရာဆရာမတွေက ဒေါင်းနဲ့ ခြင်္သေ့ဖြစ်နေခဲ့ရင်တော့ ကျောင်းသူကျောင်းသားတွေကလည်း အဲဒီပုံပန်းသဏ္ဍာန် ထွက်ပေါ်လာဖို့ ရာခိုင်နှုန်း အတော်ပဲ များပါတယ်။ သတိချပ် ကိုင်တွယ်သင်တဲ့ အကြောင်း အရာပဲ ဖြစ်ပါတယ်။

ဖြစ်ပျက်နေသမျှ ဒီလိုကိစ္စမျိုးတွေနဲ့ပတ်သက်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာလည်း လို အပ်ချက်တွေ ရှိနေပါသေးတယ်။ 

တိုက်ရင်းတည်ဆောက်၊ တည်ဆောက်ရင်း တိုက်နေရ တဲ့အချိန်အခါမျိုးမှာ အာရက္ခပြည်သူ့အစိုးရအပေါ် အချိန်အတိုင်းအတာတဟ်ခုအထိ နားလည်ပေးရမယ်လို့ ပြည်သူအများစုက လက်ခံထားကြတာကတော့ အမှန်ပါပဲ။ 

ဒါပေမယ့် ပြည်သူကို လိုအပ်ချိန်မှာ လိုအပ်သလို သိသင့်သိုက်တဲ့ သတင်းတွေ ထုတ်ပြန်အသိပေးဖို့ကိုတော့ လုပ်ဆောင်သင့်ပါတယ်။

အာရက္ခပြည်ထဲမှာ အထက်ကဆိုခဲ့တဲ့အတိုင်း ဆက်သွယ်ရေးကွန်ရက်တွေအားလုံး ပြတ်တောက်နေတာဖြစ်လို့ ပြည်သူတွေဟာ သတင်းတစ်ခု ပျံ့နှံ့လာတာနဲ့ အမှန်၊ အမှားကို ခွဲခြားဖို့ ခက်ခဲလှပါတယ်။ 

အဲဒီသတင်းကို ဘယ်သူ၊ ဘယ်ဌာက ဖြန့်ချိသလဲဆိုတာကို သိနိုင်ဖို့ ခက်ခဲပါတယ်။ 

အဲဒါကြောင့် ပြည်သူတွေကို အထိတ်တလန့်ဖြစ်စေမယ့် သတင်းမျိုးတွေ ပျံ့နှံ့လာရင် သတင်းအမှန်ကို ပြန်လည် ချပြ အသိပေးဖို့၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအပေါ် ဝါဒဖြန့်တိုက်ခိုက်လာတဲ့ သတင်းမျိုးတွေ ပျံ့နှံ့လာခဲ့ရင်လည်း ပြန်လည် ချေပဖို့ အတွက် “သတင်းပြန်ကြားရေနဲ့ ပြည်သူ့ဆက်ဆံရေးဌာန” တွေ မြို့နယ်အလိုက် လိုအပ်နေပါတယ်။ 

သတင်းနဲ့ ပြည်သူ့ဆက်ဆံရေးဌာနဟာ အစိုးရအပေါ် လူထုအမြင်ကြည်စေဖို့နဲ့ အားပေးထောက်ခံလာစေဖို့ ကြားခံဖြစ်ပါတယ်။ 

ULA/AA အပေါ် အာရက္ခလူထု ထောက်ခံမှု အားကောင်းစေခဲ့တာဟာ အာရက္ခတပ်တော်သတင်းနဲ့ ပြန်ကြားရေး အခန်းကဏ္ဍကလည်း ထိပ်ဆုံးက ပါဝင်ခဲ့ပါတယ်။

အချုပ်အခြာ အာဏာပိုင် အစိုးရတစ်ရပ်ဆိုတာ ဥပဒေပြုအာဏာ(Legislative Power)၊ အုပ်ချုပ်ရေး အာဏာ(Executive Power) နဲ့ တရားစီရင်ရေးအာဏာ(Judicial Power) ဆိုတဲ့ အာဏာ သုံးရပ်ရှိပြီးတော့ ဒီအာဏာ သုံးရပ်နဲ့ လည်ပတ်အုပ်ချုပ်နေကြောင်းကိုလည်း ပြည်သူသို့ တိတိကျကျ နားလည်နေစေရမှာပဲ ဖြစ်ပါတယ်။ 

စစ်ကောင်စီလက်အောက်မှာ စစ်တပ်ဟာ အာဏာအမြင့်ဆုံး၊ အထွေထွေအုပ်ချုပ်ရေးနဲ့ ရဲစခန်းတို့က အမှုတွေကို ကိုင်တွယ်တယ်။တိုင်တန်းလို့ရတယ်ဆိုတာလောက်ကို အခြေခံလူတန်းစား အာရက္ခပြည်သူတွေ နားလည်ခဲ့ကြပေမယ့် ဘယ်ဌာနက သူတို့ကို အုပ်ချုပ် နေမှန်း၊အမှုတခုခုဖြစ်လာရင် ဘယ်သူ့ကို တိုင်တန်းရမယ်မှန်းကို ခုထိ ရေရေရာရာ မသိရှိကြသေးတာကို မြင်တွေ့နေရပါ တယ်။

အဲဒါတွေဟာ ပြည်သူသို့ အစိုးရရဲ့ အာဏာစီးဆင်းမှု အားနည်းကြောင်းကို ပြသနေတာဖြစ်ပါတယ်။

လူထုကို အလန့်တကြားဖြစ်စေဖို့၊ ULA/AA ကို အကြည်ညိုပျက်စေဖို့၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်မှုကို နှောင့်ယှက်ဖျက်စီးဖို့နဲ့ အာရက္ခ ပြည်တွင်းက လူငယ်လူရွယ်တွေကို ဗမာပြည်သို့ ထွက်ပြေးအောင် ဝါဒမှိုင်းတိုက်နေကြတဲ့ ဆိုက်ဝါးလက်မည်းကြီးတွေကို အထူးသတိထားစောင့်ကြည့်ဖို့ အချိန်တန်နေပါပြီ။ 

မသူတော်တွေဆိုတာ စိပ်ပုတီးကြီးတကားကားနဲ့ ကော်လာခေါင်းတုံး၊ တိုက်ပုံဝတ်ပြီးတော့ လူကြားထဲမှာ သူတော်ကောင်းယောင်ဆောင်နေတတ်ကြပြီး သူတို့ရဲ့ မကောင်းတဲ့ အကြံအစည်ရည်ရွယ်ချက်တွေအတွက် အမြဲတမ်း ချောင်းမြောင်းနေတတ်ကြတာမို့ အာရက္ခပြည်သူ့အစိုးရဟာ သူတို့တွေကို လျှော့မတွက်ဖို့ လိုအပ်နေပါပြီ။  ။

PrevPreviousမြန်မာနဲ့ရုရှား အာကာသဂြိုဟ်တုလွှင့်တင်ရေးပူးပေါင်းမယ်
Next​ရွာငံတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဗိုလ်တဦးအပါအဝင် ဆယ်ဦးသေဆုံးNext
Previous Post

မြန်မာနဲ့ရုရှား အာကာသဂြိုဟ်တုလွှင့်တင်ရေးပူးပေါင်းမယ်

Next Post

​ရွာငံတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဗိုလ်တဦးအပါအဝင် ဆယ်ဦးသေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ-လူမှုကွန်ရက်

​အီရန်မှာ မိန်းကလေးမူလတန်းကျောင်းဗုံးကြဲခံရလို့ ကျောင်းသူ ၄၀ သေဆုံး

February 28, 2026
Photo - လူမှုကွန်ရက်

​အမေရိကန်နဲ့ အစ္စရေးတို့ Epic Fury စစ်ဆင်ရေးနဲ့ တီဟီရန်ကို အပြင်းအထန်ဗုံးကြဲ

February 28, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

ဘာရိန်းရှိ အမေရိကန်စခန်းတွေ တိုက်ခိုက်ခံရလို့ အဘူဒါဘီမှာ အရပ်သားတဦး သေဆုံး

February 28, 2026
ကိုးကား - Reuters

​အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်ကာကွယ်ရေးဦးစီးချုပ် သေဆုံး

February 28, 2026

​အီရန်မှာ မိန်းကလေးမူလတန်းကျောင်းဗုံးကြဲခံရလို့ ကျောင်းသူ ၄၀ သေဆုံး

​အမေရိကန်နဲ့ အစ္စရေးတို့ Epic Fury စစ်ဆင်ရေးနဲ့ တီဟီရန်ကို အပြင်းအထန်ဗုံးကြဲ

ဘာရိန်းရှိ အမေရိကန်စခန်းတွေ တိုက်ခိုက်ခံရလို့ အဘူဒါဘီမှာ အရပ်သားတဦး သေဆုံး

​အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်ကာကွယ်ရေးဦးစီးချုပ် သေဆုံး

​ပုဂံမှာ စစ်ကော်မရှင်တပ်ကင်းလှည့်ကားတိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး

အမေရိကန်ပဉ္စမရေတပ်ဌာနချုပ်ကို အီရန်ဒုံးကျည်တွေနဲ့ဒုတိယလှိုင်းအဖြစ် ဗုံးကြဲတိုက်ခိုက်

Releated Post

ဓာတ်ပုံ-လူမှုကွန်ရက်

​အီရန်မှာ မိန်းကလေးမူလတန်းကျောင်းဗုံးကြဲခံရလို့ ကျောင်းသူ ၄၀ သေဆုံး

February 28, 2026
Photo - လူမှုကွန်ရက်

​အမေရိကန်နဲ့ အစ္စရေးတို့ Epic Fury စစ်ဆင်ရေးနဲ့ တီဟီရန်ကို အပြင်းအထန်ဗုံးကြဲ

February 28, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

ဘာရိန်းရှိ အမေရိကန်စခန်းတွေ တိုက်ခိုက်ခံရလို့ အဘူဒါဘီမှာ အရပ်သားတဦး သေဆုံး

February 28, 2026
ကိုးကား - Reuters

​အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်ကာကွယ်ရေးဦးစီးချုပ် သေဆုံး

February 28, 2026
ဓာတ်ပုံ - ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

​ပုဂံမှာ စစ်ကော်မရှင်တပ်ကင်းလှည့်ကားတိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး

February 28, 2026

အမေရိကန်ပဉ္စမရေတပ်ဌာနချုပ်ကို အီရန်ဒုံးကျည်တွေနဲ့ဒုတိယလှိုင်းအဖြစ် ဗုံးကြဲတိုက်ခိုက်

February 28, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page