Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံတကာ နိုင်ငံရေး သတင်း

ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့သစ် သတင်းလွတ်လပ်ခွင့်ကို အာမခံ

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency
ဒါကာ၊ မတ် ၁ ။

မကြာသေးမီကရွေးကောက်တင်မြောက်ခံရတဲ့ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့သစ်ရဲ့ဆက်သွယ်ရေးနဲ့ အသံလွှင့်ဝန်ကြီးဇဟာရ်အူဒင်ဆွာပန်(Zahir Uddin Swapan)က သတင်းသမားတွေအတွက်အကြောက်တရားကင်းတဲ့ပတ်ဝန်းကျင်ကို ဖန်တီပေးမယ်လို့ ကတိပြုလိုက်ပါတယ်။

ဘာရိရှောလ်ခရိုင်ရှိ အနုပညာယဉ် ကျေးမှုခန်းမမှာ ဖေဖော်ဝါရီလ၂၁ ရက်နေ့က မိခင်ဘာသာစကားနေ့နဲ့ အာဇာညနည်နေ့ကို ပူးတွဲကျင်းပခဲ့ပါတယ်။

အဲဒီအစိုးရသစ်ရဲ့လုပ်ငန်းစဉ်တွေကိုလည်းဝန်ကြီးက အခမ်းအနားမှာပြောသွားတာပါ။

BNPပါတီရဲ့ရွေးကောက်ပွဲကြေညာစာ တမ်းမှာပါတဲ့အချက်တွေကို အကောင်အထည်ဖော်သွားမယ်လို့လည်းဝန်ကြီးက ဆိုပါတယ်။

အမျိုးသမီးအခွင့်အရေးကို ဖော်ဆောင်တာ၊ အိမ်ထောင်စုတိုင်းအတွက် မိသားစုကဒ်တွေပေးတာ၊ အလုပ်လက်မဲ့တွေအတွက် အလုပ်အကိုင်သစ်တွေ ဖော်ထုတ်တာ၊ လယ်သမားတွေအတွက် ချေးငွေနဲ့လယ်သမားကဒ် ထုတ်ပေးတာတွေကို ဦးစားပေးဆောင်ရွက်မယ်လို့ သူကဆိုပါတယ်။

နောက်ပြီးကီလိုမီတာနှစ်သောင်းခန့်ရှည်ပြီး နိုင်ငံကိုဖြတ်သွားတဲ့ တူးမြော င်းတခုတူးဖော်မယ်လို့လည်း ဆိုပါတ ယ်။

အဲဒီတူးမြောင်းက စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် အကျိုးဖြစ်စေမှာပါ။

ဘင်္ဂလားဒေ့ရှ်တနိုင်ငံလုံးအတိုင်းအတာအရ စွမ်းအင်လိုအပ်ချက်တွေ ရှိနေပါတယ်။

အဲဒါကိုပြည့်မှီဖို့အတွက်ဘိုလာ (Bhola)မှ သဘာဝဓတ်ငွေ့တွေတူးမယ်လို့ ဝန်ကြီးက ဆိုပါတယ်။

နောက်ပြီး နိုင်ငံတောင်ပိုင်းမြို့တော် “ပေးရဆိပ်ကမ်း” မှာ လေးလမ်းသွားလမ်းမကိုလည်း တည်ဆောက်မယ်လို့ ဆိုပါတယ်။

သူက အစိုးရအဖွဲ့သစ်ဟာ ကနဦးရက်ပေါင်း ၁၈၀ စာမှာ ဆောင်ရွက်မယ့်အစီ အစဉ်တွေရှိတယ်လို့ ဆိုပါတယ်။

အဲဒီအစီအစဉ်တွေဘယ်အချိန်မှာ ပြီး စီးရမယ်ဆိုတဲ့အချိန်သတ်မှတ်ချက်မူဘောင်တွေလည်း ရေးဆွဲထားပါတယ်။

အစိုးရသစ်ရဲ့ အစီအစဉ်တွေကို ချပြ ပြီးနောက်မှာဝန်ကြီးက သတင်းထော က်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

သတင်းမီဒီယာတွေနဲ့ ပတ်သက်လို့ ဝန် ကြီးက ဘင်္ဂလားဒေ့ရှ်မီဒီယာတွေဟာရှေးရိုးစွဲလမ်းဟောင်းအတိုင်းသွားနေတုန်းပဲလို့ဆိုပါတယ်။နည်းပညာဆိုင်ရာတိုးတက်မှုရှိပေမယ့် မီဒီယာတွေရဲ့ယ ဉ်ကျေးမှုဟာ အပြောင်းအလဲသိပ်မရှိဘူးလို့လည်း ဝန်ကြီးက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့သတင်းလွတ်လပ်ခွင့်အဆင့်အတန်း

နယ်စည်းမခြားသတင်းထောက်များအ ဖွဲ့ (Reporters Without Borders – RSF) ရဲ့ ၂၀၂၄ ခုနှစ်ထုတ်ပြန်ချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ ထဲမှာ အဆင့် ၁၆၅ ဖြစ်သလို ၂၀၂၅ ခုနှစ်မှာလည်း အဲဒီအတိုင်းပါပဲ

အဲဒါဟာ အာရှတိုက်မှာ မြောက်ကိုရီးယား၊ ဗီယက်နမ်၊ မြန်မာစတဲ့ နိုင်ငံတွေပြီးရင် အခြေအနေအဆိုးရွားဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေတာပါ။

အဓိကစိန်ခေါ်မှုတွေနဲ့ဖိနှိပ်မှုတွေ

ဘင်္ဂလားဒေ့ရှ်သတင်းလောကမှာ ဒစ်ဂျစ်တယ်လုံခြုံရေးဥပဒေ (Digital Security Act)ကို အသုံးပြုပြီး အစိုးရကို ဝေဖန်တဲ့ သတင်းထောက်တွေကို ဖမ်းဆီးတာ၊ တရားစွဲဆိုတာတွေ အများအပြား ရှိခဲ့ပါတယ်။ ဆန္ဒပြပွဲတွေ ဒါမှမဟုတ် အဂတိလိုက်စားမှုတွေကို သတင်းယူတဲ့အခါ သတင်းထောက်တွေဟာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ တိုက်ခိုက်မှုကို ခံရလေ့ရှိပါတယ်။

အဲဒါကြောင့် ထောင်ဒဏ်ကျခံရမှာ ဒါမှမဟုတ် အလုပ်ပြုတ်မှာကို ကြောက်ရွံ့တာကြောင့် သတင်းထောက်အများစုဟာ ထိခိုက်လွယ်တဲ့ အကြောင်းအရာတွေကို မိမိကိုယ်ကို ဆင်ဆာဖြတ်ခြင်း (Self-censorship)ကိုသုံးရင်း ရှောင် ရှားလာကြပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားဆန္ဒပြပွဲတွေနဲ့အစိုးရအပြောင်းအလဲနောက်ပိုင်းမှာ သတင်းလွတ်လပ်ခွင့်ပြန်လည်ပွင့်လ င်းလာမလားဆိုတာကိုတော့ နိုင်ငံတ ကာက စောင့်ကြည့်နေဆဲပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လက်ရှိအခြေ အနေဟာ “အကူးအပြောင်းကာလ” ဖြစ်နေတာမို့ သတင်းမီဒီယာလောကအတွက် မျှော်လင့်ချက်ရော၊စိန်ခေါ်မှုတွေပါ ဒွန် တွဲနေပါတယ်။

ဝန်ကြီးချုပ်ရှိတ်ဟာဆီနာရာထူးက နု တ်ထွက်သွားပြီးနောက်ပိုင်း အပြောင်း အလဲတချို့တွေ့လာရပါတယ်။

ယူနွတ်စ်အစိုးရက အရင်အစိုးရလက် ထက်မှာ သတင်းထောက်တွေကို ဖမ်း ဆီးဖို့ အဓိကအသုံးပြုခဲ့တဲ့ Digital Security Act(DSA)နဲ့နောက်ပိုင်းမှာ အ စားထိုးခဲ့တဲ့ Cyber Security Act (CSA)ကို ပြန်လည်သုံးသပ်တာ ဒါမှမဟုတ် ပယ်ဖျက်ဖို့အတွက် ကြားဖြတ်အစိုးရက လုပ်ဆောင်နေပါတယ်။

အဲဒါဟာ သတင်းလွတ်လပ်ခွင့်အတွက် ကောင်းမွန်တဲ့ အလားအလာဖြစ်ပေမယ့် စိုးရိမ်စရာ ဖြစ်ရပ်တွေလည်း ပေါ် လာခဲ့ပါတယ်။

အစိုးရဟောင်း ပြုတ်ကျသွားပြီးနောက်မှာတော့ အရင်အစိုးရကို ထောက်ခံခဲ့တဲ့ သတင်းမီဒီယာဌာနတွေနဲ့သတင်းထော က်တွေဟာ တိုက်ခိုက်ခံရတာ၊ရုံးခန်းတွေဖျက်ဆီးခံရတာမျိုးတွေ ရှိလာတာပါ။

အစိုးရဟောင်းနဲ့ နီးစပ်သူလို့ ယူဆရတဲ့ သတင်းထောက်အချို့ကို လူသတ်မှုတွေနဲ့ တရားစွဲဆိုတာမျိုးတွေ ရှိနေတဲ့အတွက် “တရားဥပဒေအရ အကာအ ကွယ်ပေးမှု” အပေါ် စိုးရိမ်မှုတွေ ရှိနေဆဲပါ။

အရင်က အစိုးရကို ကြောက်လို့ သတင်းမရေးရဲတာမျိုးဖြစ်ပေမယ့်ခုတော့ လမ်းပေါ်က ဆန္ဒပြအုပ်စုတွေ ဒါမှမဟုတ် ဘာသာရေးအစွန်းရောက်အုပ်စုတွေရဲ့ရန်ကို ကြောက်ရွံ့ပြီး သတင်းရေးသားရာမှာ သတိထားနေရတဲ့ အ ခြေအနေသစ်ကို ရင်ဆိုင်နေရပါတယ်။ လောလောဆယ်မှာတော့ ဘင်္ဂလားဒေ့ရှ်မီဒီယာတွေဟာ အစိုးရရဲ့တရားဝင်ဖိနှိ ပ်မှုနဲ့စောင့်ကြည့်မှုတွေ လျော့ကျသွားပါတယ်။

ဒါပေမယ့် နယ်မြေမတည်ငြိမ်မှုကြောင့် သတင်းထောက်တွေရဲ့ လုံခြုံရေးဟာ အရင်ကထက် ပိုပြီးစိုးရိမ်စရာ ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ကြားဖြတ်အစိုးရလက်ထက်ကလည်း ဆန္ဒပြပွဲတွေမှာ သတင်းသမားတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေရဲ့ကြားညပ်ပြီး ကိုယ်ထိလက် ရောက် တိုက်ခိုက်ခံရမှုတွေ၊သေဆုံးမှုတွေထိ ရှိခဲ့ပါတယ်။

ပြီးရင် မီဒီယာပိုင်ရှင်အများစုဟာ နိုင်ငံ ရေးပါတီတွေနဲ့နီးစပ်မှုရှိနေတာက သ င်းဘက်လိုက်မှုကို ထိခိုက်စေပြီး သတင်းလွတ်လပ်ခွင့်အားနည်းစေပါတယ် ။

အဲဒီအချက်တွေကြောင့် ၂၀၂၅ ခုနှစ်မှာလည်း ဘင်္ဂလားဒေ့ရှ်ရဲ့သတင်းလွတ်လပ်ခွင့်အခြေအနေဟာ အမှတ်လျော့ခံရတယ်လို့ RSF က ထောက်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲ့ဒီမိုကရေစီပြုပြင်ပြော င်းလဲမှုတွေက သတင်းလွတ်လပ်ခွင့်ကို တကယ်ပဲ ရေရှည်တည်တံ့အောင် လုပ်ပေးနိုင်မလားဆိုတာကတော့ BNP အစိုးရလက်ထက်မှာပိုထင်ရှားလာမှာ ဖြစ်ပါတယ်။

ကိုးကား…

  • https://www.newagebd.net/post/country/291924/info-minister-vows-to-create-free-environment-for-journalism
PrevPreviousမင်းတုန်းမြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သား၂၁ ဦးသေဆုံး
Previous Post

မင်းတုန်းမြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သား၂၁ ဦးသေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ- MR

မင်းတုန်းမြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သား၂၁ ဦးသေဆုံး

March 1, 2026

​ကရာချီရှိအမေရိကန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှု UAE ကာကွယ်ရေးဝန်ကြီးဌာန အတည်ပြု

March 1, 2026
ဓာတ်ပုံ-ယူအေအီးကာကွယ်ရေးဝန်ကြီးဌာန

​အီရန်ရှိမိန်းကလေးကျောင်း တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၁၄၀ ကျော်ရှိလာ

March 1, 2026
Photo-ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊စစ်ဦးစီးတပ်

နေပြည်တော်မှာ စစ်ကော်မရှင်တပ်ယာဉ် ကြားဖြတ်တိုက်ခိုက်ခံရလို့ ၁၀ ဦးသေဆုံး

March 1, 2026

ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့သစ် သတင်းလွတ်လပ်ခွင့်ကို အာမခံ

မင်းတုန်းမြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သား၂၁ ဦးသေဆုံး

​ကရာချီရှိအမေရိကန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှု UAE ကာကွယ်ရေးဝန်ကြီးဌာန အတည်ပြု

​အီရန်ရှိမိန်းကလေးကျောင်း တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၁၄၀ ကျော်ရှိလာ

နေပြည်တော်မှာ စစ်ကော်မရှင်တပ်ယာဉ် ကြားဖြတ်တိုက်ခိုက်ခံရလို့ ၁၀ ဦးသေဆုံး

​အုတ်ဖိုမှာ ပျူစောထီးခေါင်းဆောင်နဲ့ နောက်လိုက်တဦး ပစ်ခတ်ဖမ်းဆီးစဉ်သေဆုံး

Releated Post

ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့သစ် သတင်းလွတ်လပ်ခွင့်ကို အာမခံ

March 1, 2026
ဓာတ်ပုံ- MR

မင်းတုန်းမြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သား၂၁ ဦးသေဆုံး

March 1, 2026

​ကရာချီရှိအမေရိကန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှု UAE ကာကွယ်ရေးဝန်ကြီးဌာန အတည်ပြု

March 1, 2026
ဓာတ်ပုံ-ယူအေအီးကာကွယ်ရေးဝန်ကြီးဌာန

​အီရန်ရှိမိန်းကလေးကျောင်း တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၁၄၀ ကျော်ရှိလာ

March 1, 2026
Photo-ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊စစ်ဦးစီးတပ်

နေပြည်တော်မှာ စစ်ကော်မရှင်တပ်ယာဉ် ကြားဖြတ်တိုက်ခိုက်ခံရလို့ ၁၀ ဦးသေဆုံး

March 1, 2026
Photo-UGF (OKPO)

​အုတ်ဖိုမှာ ပျူစောထီးခေါင်းဆောင်နဲ့ နောက်လိုက်တဦး ပစ်ခတ်ဖမ်းဆီးစဉ်သေဆုံး

March 1, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page