Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး ဆောင်းပါး နိုင်ငံတကာ နိုင်ငံရေး

အီရန်ရဲ့ဝါးဒတ်မှသည်မိုစတီးဘဒ်သို့ ၂

Author picture

By

BNA Author
Reading Time: 5 mins read
0
A A
0
SHARES
2
VIEWS
Share on FacebookShare on Twitter

Border News Agency
အီရန်၊မတ် ၁၀။

အီရန်လူထုရဲ့နိုင်ငံရေးအာသီသကို နားလည်နိုင်ဖို့ဆိုရင်တော့ အီရန်ရဲ့လူမှုအဆောက်အအုံယဉ်ကျေးမှုကို နားလည်ဖို့လိုပါတယ်။

ဥပမာ – အီရန်မှာ ဘာကြောင့် ဘာသာရေးအလွှာက ဩဇာကြီးရတာလဲ။

ဘာသာရေးဩဇာကြီးမှုယဉ်ကျေးမှုကို လက်ခံထားတဲ့လူ့အဖွဲ့အစည်းဟာ ဒီမိုကရက်တန်ဖိုးနဲ့လွတ်လပ်မှုကို လိုချင်လာတဲ့အခါ ဘယ်လိုခါးသီးစရာအချိုးအကွေ့တွေကို ရင်ဆိုင်ရသလဲစတဲ့မေး ခွန်းတွေကို နားလည်ဖို့ဆိုရင် အီရန်လူ မှုအဆောက်အအုံသမိုင်းတွေကို နားလည်ဖို့လိုပါတယ်။

အနည်းဆုံးတော့ ၂၀ ရာစုအစပိုင်းကာလအခြေအနေတွေကို တီးမိခေါက်မိဖို့လိုပါတယ်။

၁၈၉၀ ခုနှစ်မှာ ကာဂျာစ်ဘုရင်က ဗြိတိန်လူမျိုးတယောက်ကို ဆေးရွက်ကြီးလုပ်ပိုင်ခွင့်တွေကို ပေးလိုက်တဲ့အခါဆေးရွက်ကြီးလုပ်ငန်းကို မှီခိုနေရတဲ့သာမန်ပြည်သူတွေ ပိုပြီးဆင်းရဲကြပ်တည်းကုန်ပါတယ်။

၁၈၉၁ ခုနှစ်မှာ အီရန်ဘာသာရေးအဆောက်အအုံက ဆေးရွက်ကြီးကိစ္စနဲ့ ပတ်သက်ပြီး ဘုရင်နဲ့ဗြိတိန်ကို စတင်အာခံခဲ့ပါတယ်။

ဆေးရွက်ကြီးကို သုံးတာဟာ နောက် ဆုံးအီမန်(Hidden Imam)ကို ဆန့်ကျင်တာလို့ အီရန်ဘာသာရေးခေါင်းဆော င်ကဆိုလာတဲ့အခါ နဂိုကာဂျာစ်ဘုရင်၊ ဗြိတိန်၊ရုရှားကို မကြေနပ်ချက်တွေ များနေတဲ့အီရန်လူထုဟာ ဘာသာရေးအမိန့်အကာအကွယ်ကိုယူပြီး စတင်အာခံပါတော့တယ်။

နောက်ဆုံး ဘုရင်ရဲ့ နန်းတွင်းအမျိုးသမီးတွေနေတဲ့အဆောင်(Shah’s harem) ထိ ဘာသာရေးအမိန့်ရိုက်ခတ်သွားပါတယ်။

ဘာသာရေးထဲက နိုင်ငံရေးရည်ရွယ်ချက်

အမှန်က ဘာသာရေးခေါင်းဆောင်ရဲ့ ဆေးရွက်ကြီးကို တားမြစ်တဲ့ဖတ်သဝါ (Fatwa)အမိန့်က ကာဂျာစ်ဘုရင်နဲ့ ဗြိတိန်ရဲ့ ဆေးရွက်ကြီးလုပ်ပိုင့်ခွင့်တွေကို ဂုတ်သွေးစုတ်အမြတ်ထုတ်နေတာကို မကြေနပ်လို့ အီရန်လူထုကို ဆေးရွက်ကြီးမထုတ်လှုပ်တဲ့နည်းနဲ့ဆန္ဒပြ သပိ တ်မှောက်ခိုင်းလိုက်တာပါ။

ဒါပေမယ့် ရှိအိုက် (Shia) အစ္စလာမ်ဘာသာရေးယဉ်ကျေးမှု အမြစ်တွယ်နေတဲ့သာမန်တောင်မသိ မြောက်မသိတဲ့သူတွေအဖို့တော့ ဘာသာရေးခေါင်း ဆောင်ပြောရင် ယုံလိုက်တာပါပဲ။

ဝီလာယတ် အဲလ် ဖာကီ (“Wilayat al-Faqih” အယူအဆ)

ရှိအိုက်အစ္စလာမ်မှာ ဝီလာယတ်အဲလ် ဖာကီ “Wilayat al-Faqih” အယူအဆ ဆိုတာရှိပါတယ်။ဘာသာရေးခေါင်း ဆောင်တွေကို မာရ်ဂျီ(marji)လို့ခေါ်ပါတယ်။

အဲဒီ မာရာဂျီတွေကို ထည်ဝါခန့်ညားတဲ့ဂုဏ်ထူးဆောင်ဘွဲ့ အယာတိုလာ (ayatollah)ဆိုပြီးပေးပါတယ်။

အဲဒီမာရာဂျီတွေက မာဂျာ (သို့မဟုတ်) မာဂျာအီတာလဒ် (marja’-e taqlid)လို့ခေါ်တဲ့အကြီးအကဲတယောက်ကို ရွေးရပါတယ်။

မာဂျာ အီ တာလဒ် ဆိုတာ အယာတိုလာတွေထဲမှာ အကြီးအမြတ်ဆုံးသောသူ ဥသျှောင် အယာတိုလာ (Grand Ayatollah)ဆိုတဲ့အဓိပ္ပါယ်ပါ။ ရှီအိုက် အစ္စလာမ် ကိုယုံကြည်တဲ့ လူ့အဖွဲ့အစ ည်းထဲမှာ အခြေခံအာဏာတည်ဆောက်မှု​ပြယုဂ်တခုရှိပါတယ်။

အဲဒီပြယုဂ်က တမန်တော်ရဲ့ အရိုက်အ ရာကိုဆက်ခံမယ့် စစ်မှန်တဲ့ခေါင်းဆော င် အီမန်(Imam)ပျောက်ကွယ်နေတဲ့အချိန်မှာ ထိပ်တန်းဥသျှောင်ဘာသာရေးပညာရှင်(Grand Ayatollah)က သာ လူ့အဖွဲ့အစည်းနဲ့နိုင်ငံကို ဦးဆောင်လ မ်းပြပေးရမယ်လို့ ယုံကြည်ချက်ပါ။

အဲဒီအယူအဆကို ပါရှန်းစကားနဲ့ ဝီလာယတ်အဲလ်ဖာကီ(“Wilayat al-Faqih”) အယူအဆလို့ခေါ်ပါတယ်။ဝီလာယတ် အဲလ် ဖာကီ (“Wilayat al-Faqih” ) ရဲ့ အဓိပ္ပါယ္ က တည်ကြည်ဖြောင့်မတ်သော သူတော်စင်ရဲ့စောင့်ရှောက်လမ်းညွှန်မှု အောက်မှာနေခြင်း(Guardian of the Jurist)ပါပဲ။

အဲဒီအယူအဆကြောင့်ပဲ ရှိအိုက် (Shia) အစ္စလာမ်ဘာသာမှာ ဘာသာရေးခေါင်း ဆောင်တွေနဲ့ကျောင်းတော်တွေဟာ နိုင် ငံရေးနဲ့အလွန်နီးစပ်တဲ့ ဆက်နွယ်မှု ရှိလာပါတော့တယ်။ဘာကြောင့်ဆို လူဆိုတဲ့အမျိုး နေရင်းထိုင်ရင်း စားဝတ်နေရေးအပေါ်မှာ ပြဿနာတတ်ကြတဲ့အ မျိုးပါ။အပြန်အလှန်စကားများ ရန်ဖြစ်ကြတဲ့အခါ အချင်းချင်း ညှိ့နှိုင်းမှုထ က် ဘာသာရေးဆရာဆီမှာ အဆုံးအ ဖြတ်ခံဖို့ကိုပဲ အားသန်လာကြပါတယ်။

အဲဒါက ဘာသာရေးဆရာကို ပြဿနာတွေအပေါ် ဆုံးဖြတ်ချက် ချပိုင်ခွင့် ပေးလိုက်တာပါပဲ။အဲဒီတော့ များပြားလွန်းတဲ့ပြဿနာပေါင်းသောင်းခြောက် ထောင်ဟာ ဘာသာရေးဆရာဆီကို ရောက်လာပါတယ်။ ပြဿနာသောင်းခြောက်ထောင်ကို ဖြေရှင်းဖို့အတွက်လည်း လုပ်ပိုင်ခွင့်အာဏာသောင်းခြောက်ထောင်ကို ဘာသာရေးဆရာဆီပေးထားသလို ဖြစ်လာပါတယ်။

ဒီလိုနဲ့ဘာသာရေးဆရာဟာ “ဘာသာရေးအဆုံးအမ တွေအောက်က ပြဿနာများကို ဖြေရှင်းပေးရသူ သို့မဟုတ် အချုပ်အခြာအာဏာကို ကျင့်သုံးခွင့် ရှိသူ” ဖြစ်လာပါတော့တယ်။ ဆွန်နီ (Sunni)အယူအဆနဲ့ ယှဉ်ရင် ရှီအိုက်စနစ်မှာ ဘာသာရေးပညာရှင်တွေရဲ့ ဩဇာဟာ နိုင်ငံရေးထိ ပိုမိုသက်ရောက်မှုရှိပါတယ်။

ခွမ်းစ် (Khums) စနစ်

ရှီအိုက် လူ့အဖွဲ့အစည်းမှာ ဘာသာရေးအဆောက်အအုံက အုပ်ချုပ်ရေးအာ ဏာကို ရဲရဲဲတင်းတင်းစိန်ခေါ်နိုင်တဲ့အ ချက်တွေထဲမှာ ဝီလာယတ်အဲလ်ဖာကီ (“Wilayat al-Faqih”အယူအဆ)လိုအ ရေးကြီးတဲ့အချက်က ခွမ်းစ်(Khums) ဘာသာရေး ရံပုံငွေစနစ်ပါ။

ရှီအိုက်ဘာသာရေးကျောင်းတွေ (ဥပမာ- အီရန်က ကိုမ် ( Qom) နဲ့ အီရတ်က နာဂျဖ် ( Najaf) ကျောင်းတွေ ဟာ အစိုးရဆီက ထောက်ပံ့ကြေးကို မယူဘဲ ဘာသာဝင်တွေဆီကရတဲ့ “Khums” (ဝင်ငွေရဲ့ ၅ ပုံ ၁ ပုံကို လှူဒါန်းခြင်း) နဲ့ ရပ်တည်ပါတယ်။

ခွမ်းစ်စနစ်က ရှီအိုက်ဘာသာရေးကျော င်းတွေကို အုပ်ချုပ်သူအစိုးရရဲ့ထောက်ပံမှုက လွတ်ကင်းပြီး အမှီအခိုမဲ့ဘဏ္ဍာ ရေးလွတ်လပ်မှုကို ဖြစ်စေပါတယ်။

အဲဒီခွမ်းစ်စနစ်ဟာ ကျမ်းမြတ်ကုရ်အာန်လာ အခြေခံမှု(The Quranic Origin) ဖြစ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန် အခန်း ၈ ၊ အာယသ်တော် ၄၁ (Surah Al-Anfal, 8:41) မှာ”စစ်သုံ့ပန်းပစ္စည်း ဂါနီမ(Ghanimah)တွေရဲ့ ၅ ပုံ ၁ ပုံဟာ အလ္လာဟ်အရှင်မြတ်၊တမန်တော်မြတ်၊ တမန်တော်မြတ်ရဲ့အနွယ်တော်တွေ၊မိ ဘမဲ့တွေ၊ဆင်းရဲသားတွေ၊ ခရီးသွားတွေအတွက်ဖြစ်တယ်။”လို့ ဖော်ပြထားပါတယ်။

“ဘယ်အရာတွေအပေါ် ၅ ပုံ ၁ ပုံ ပေးရမလဲ” ဆိုတဲ့အချက်ကတော့ ဆွန်နီနဲ့ရှီအို က်အနက်ဖွင့်ဆိုချက် ကွာခြားသွားပါတယ်။

ဆွန်နီ(Sunni)တွေက ဂါနီမ “Ghanimah” ဆိုတာကို “စစ်ပွဲကရတဲ့ လက်ရပစ္စည်း” လို့ပဲ အဓိပ္ပာယ်ဖွင့်ပါတယ်။

အဲဒါကြောင့် စစ်ပွဲမရှိရင် ခွမ်းစ်ပေးစရာ မလိုဘူးလို့ ယူဆကြပါတယ်။

ရှီအိုက် (Shia)တွေက ဂါနီမ “Ghanimah” ဆိုတာကို စစ်ပွဲလက်ရပစ္စည်းတင်မကဘဲ “အမြတ်အစွန်း သို့မဟုတ် ပိုလျှံသောဝင်ငွေ” (Net Profit) အားလုံးကို ဆိုလိုတယ်လို့ အနက်ဖွင့်ပါတယ်။

ဒါကြောင့် စီးပွားရေးလုပ်လို့ရတဲ့ အမြတ်ထဲကနေ နေ့စဉ်သုံးစရိတ်တွေ နုတ်ပြီး ပိုလျှံတာမှန်သမျှရဲ့ ၂၀% ကို ပေးဆောင်ရတာ ဖြစ်ပါတယ်။

ဇကားသ် (Zakat) နဲ့ ခွမ်းစ် (Khums) ပုံစံ

မွတ်စလင်ဘာသာဝင်တွေအတွက် ဇကားသ် (Zakat) နဲ့ ခွမ်းစ် (Khums) ဟာ ဒါနပြုခြင်း (Almsgiving) ရဲ့ အဓိက တာဝန်နှစ်ရပ်ပါ။

ဒါပေမယ့် ဇကားသ် ပေးရပုံနဲ့ ခွမ်းစ် ပေးရပုံက မတူပါဘူး။ ရည်ရွယ်ချက်၊ ပမာဏနဲ့ ဘယ်သူတွေက ပေးဆောင်ရသလဲဆိုတဲ့ အချက်တွေမှာ အတော်လေး ကွာခြားပါတယ်။ ပမာဏ (Percentage) အရ ဇကားသ် (Zakat)ဟာ ပုံမှန်အားဖြင့် ပိုလျှံသော ပိုင်ဆိုင်မှုရဲ့ ၂.၅% (၄၀ ပုံ ၁ ပုံ) ကို ပေးဆောင်ရတာပါ။ခွမ်းစ် (Khums)က တစ်နှစ်တာ ကုန်ကျစာရိတ်တွေ နုတ်ပြီးနောက် ပိုလျှံတဲ့ အမြတ်အစွန်းရဲ့ ၂၀ ရာခိုင်နှုန်း ၅ ပုံ ၁ ပုံ ကို ပေးဆောင်ရတာပါ။

ဇကားသ်ကို ဆွန်နီရော ရှီအိုက်ပါ အဓိကအားဖြင့် ရွှေ၊ ငွေ၊ ငွေကြေး၊ ကျွဲနွားတိရစ္ဆာန်နဲ့ စိုက်ပျိုးရေးထွက်ကုန် ၉ မျိုးအပေါ်မှာ အခြေခံပြီး တွက်ချက်ပါတယ်။

ခွမ်းစ်ကို ရှီအိုက်အယူအဆအရ လစာ၊ စီးပွားရေးအမြတ်၊ ငှားရမ်းခ စတဲ့ ဝင်ငွေအားလုံး (Income) အပေါ်မှာ တွက်ချက်ပါတယ်။ (ဥပမာ- လူတယောက်မှာ တနှစ်စာ သုံးပြီးလို့ ပိုနေတဲ့ ငွေအိတ်ရှိရင် အဲဒီထဲက ၂၀ ရာခိုင်နှုန်း ကို ခွမ်းစ် ပေးရမှာပါ)။

ဇကားသ်ကို မွတ်စလင် အားလုံး (ဆွန်နီရော ရှီအိုက်ပါ) ကျင့်သုံးရပါတယ်။ အစ္စလာမ်ရဲ့ မဏ္ဍိုင် ၅ ပါးထဲမှာ ဇကားသ်ဟာ တခုအပါအဝင် ဖြစ်ပါတယ်။

ခွမ်းစ်ကိုတော့ အဓိကအားဖြင့် ရှီအိုက် (Shia) ဘာသာဝင်တွေပဲ ကျင့်သုံးကြပါတယ်။ ဆွန်နီတွေကတော့ ခွမ်းစ်ကို စစ်ပွဲလက်ရပစ္စည်းရတဲ့အခါမှပဲ ပေးဆောင်ရမယ်လို့ ယူဆပါတယ်။

ဇကားသ်ကို ဆင်းရဲသားတွေ၊မိဘမဲ့တွေ၊လမ်းသွားလမ်းလာတွေ၊နွမ်းပါးသူစတဲ့အမျိုးအစားရှစ်မျိုးက သူတွေကို တိုက်ရိုက်ပေးဆောင်နိုင်ပါတယ်။

ခွမ်းစ်က ထိပ်တန်းဘာသာရေးခေါင်းဆောင် (Marja) တွေဆီ ပေးအပ်ရပါတယ်။

အဲဒီကတဆင့် တဝက်ကို ဘာသာရေးကျောင်းတွေအတွက်သုံးပြီး၊ ကျန်တဝက်ကို ဆင်းရဲနွမ်းပါးတဲ့ တမန်တော်မြတ်ရဲ့ အနွယ်တော် (Sayyids) တွေအတွက် ခွဲဝေပေးပါတယ်။

ဇကားသ်က ဆွန်နီရော ရှီအိုက်ပါ လူမှုရေးအရ ဆင်းရဲချမ်းသာ ကွာဟမှုကို လျှော့ချဖို့နဲ့ နွမ်းပါးသူတွေကို ကူညီဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

ဒါပေမယ့် ရှီအိုက်တွေက ခွမ်းစ်ကို ဘာသာရေးကျောင်းတော်တွေရဲ့ လွတ်လပ်မှုကို ထိန်းသိမ်းဖို့နဲ့ တမန်တော်မြတ်ရဲ့ မျိုးနွယ်စုကို ဂုဏ်သိက္ခာရှိရှိ ထောက်ပံ့ဖို့ ရည်ရွယ်ပါတယ်။

ရှီအိုက်တွေ ဒီစနစ်ကို တင်းတင်းကြပ်ကြပ်ကျင့်သုံးရတဲ့ အကြောင်းရင်းတွေထဲမှာအစ္စလာမ်ဥပဒေအရ တမန်တော်မြတ်ရဲ့မျိုးဆက်ဆေယဒ်စ် (Sayyids) တွေဟာ တခြားသူတွေဆီက ဇကားသ် (Zakat – ဆင်းရဲသားဒါန)ကို လက်ခံခွင့် မရှိပါဘူး။

ဒါကြောင့် ဆေယဒ်စ်တွေထဲက ဆင်းရဲနွမ်းပါးသူတွေကို ထောက်ပံ့ဖို့ဒီ “ခွမ်းစ်” စနစ်ကို သုံးပါတယ်။ အမှန်က ရှီအိုက်တွေ ခွမ်းစ် စနစ်ကို ကျင့်သုံးတာက ဒီထက္မက လေးနက်တဲ့ ရည်ရွယ်ချက်တွေက ပါပါတယ်။

ရှီအိုက်တွေဟာ သမိုင်းတလျှောက်မှာ ဆွန်နီအုပ်ချုပ်သူတွေရဲ့ ဖိနှိပ်မှုကို ခံခဲ့ရပါတယ်။

အဲဒီလိုဖိနှိပ်မှုကြောင့် ရှီအိုက် လူ့အဖွဲ့ အစည်းဟာ ရပ်တည်နိုင်ဖို့အတွက် ကိုယ့်ဖာသာကို ငွေရှာရပါတော့တယ်။ ဇကားသ် စနစ်လောက်နဲ့က မလုံလောက်တော့ပါဘူး။အကောင်းဆုံးက ခွမ်းစ် စနစ်ပဲဖြစ်ပါတယ်။ခွမ်းစ်စနစ်အရ ပေးတဲ့ငွေတွေကို ထိပ်တန်းဘာသာရေးခေါ င်းဆောင်(Marja)တွေဆီ ပေးအပ်ရပါတယ်။

အဲဒီငွေနဲ့ ဘာသာရေးကျောင်းတွေ တ ည်ထောင်တာ၊ ပညာတော်သင်ဆုပေးခတာ၊လူမှုရေးလုပ်ငန်းတွေလုပ်ဆောင်တာစတဲ့ဘာသာရေးနဲ့လူမှုရေးလုပ်ငန်းကို လုပ်လာပါတယ်။ ဘာကြောင့် ရှီအို က်ကျောင်းတွေ လူမှုရေးလုပ်ငန်းတွေ လုပ်သလဲဆိုရင် ဆွန်နီအုပ်ချုပ်သူတွေရဲ့ဖိနှိပ်မှုကို အာခံပြီးရပ်တည်နိုင်ဖို့အတွက် စည်းရုံးရေးလုပ်တာပါပဲ။

ရှီအိုက်တွေက ခွမ်းစ်ကရတဲ့ငွေကို နှစ်ပိုင်း ခွဲလိုက်ပါတယ်။တစုက ရှမ်အဲလ် အီမန် (Sihm al-Imam) သို့မဟုတ် အီမန် အတွက် ဝေစု) ဖြစ်ပြီး ကျောင်းတော်တွေ တည်ဆောက်ဖို့နဲ့ ဘာသာရေး ပြန့်ပွားဖို့ သုံးပါတယ်။

နောက်တစုက ရှမ်အဲလ်ဆာဒတ် (Sihm al-Sadat) သို့မဟုတ် အနွယ်တော်တွေအတွက် ဝေစု)ပါ။

အဲဒီဝေစုကိုပဲ ဆင်းရဲနွမ်းပါးတဲ့ တမန်တော်မြတ်ရဲ့မျိုးဆက်တွေအတွက် သုံးပါတယ်။

ဒီစနစ်ကြောင့်ပဲ ရှီအိုက်ကျောင်းတော်တွေဟာ ကမ္ဘာပေါ်မှာ သြဇာအကြီးဆုံးနဲ့ဘဏ္ဍာရေး အတောင့်တင်းဆုံး ဘာ သာရေးအဖွဲ့အစည်းတွေ ဖြစ်လာခဲ့တာပါ။

အစိုးရဆီက ဘဏ္ဍာငွေမယူဘဲ ကိုယ့်ဘာသာရပ်တည်နိုင်တဲ့ ဒီစနစ်ကြောင့် ဘာသာရေးကျောင်းတွေဟာ အစိုးရကို ကြောက်စရာမလိုဘဲ အမှန်တရားဘက်က ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရှီအိုက်ဘာသာရေးကျောင်းတွေ (ဥပမာ- အီရန်က Qom နဲ့ အီရတ်က Najaf) ဟာ အစိုးရဆီက ထောက်ပံ့ ကြေးကိုမယူဘဲ ဘာသာဝင်တွေဆီကရတဲ့ ခွမ်းစ် “Khums” (ဝင်ငွေရဲ့ ၅ ပုံ ၁ ပုံကို လှူဒါန်းတာ) နဲ့ ရပ်တည်တာပါ။

ဘဏ္ဍာရေးအရ အစိုးရကို အားကိုးစရာမလိုတဲ့အတွက် သူတို့ဟာ အစိုးရရဲ့ လုပ်ရပ်တွေကို ဝေဖန်ဖို့ ဒါမှမဟုတ် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ ပိုပြီး ရဲတင်းကြပါတယ်။

အဲဒီအနေအထားမှာ မေးခွန်းတစ်ခုက ပေါ်လာပါတယ်။ ဘာကြောင့် ဆွန်နီအုပ်ချုပ်သူများဟာ ရှီအိုက်တွေရဲ့ ခွမ်းစ် စနစ်ကို မတားဆီးနိုင်ရတာလဲ ဆိုတဲ့အချက်ကိုပါ။ရှီအိုက်တွေဟာ အုပ်ချုပ်သူများရဲ့ ဖိနှိပ်မှုက ဘယ်လိုရှောင်ထွက်ပြီး ခွမ်းစ် ငွေကြေးတွေကို စုဆောင်းခဲ့တာလဲ။

ဒီလိုဖိနှိပ်မှုတွေက ရှောင်ထွက်ဖို့အတွက် အကာအကွယ်တစ်ခုက ကျမ်းမြတ်ကိုရမ် အခန်း (၈)၊ အာယသ်တော် (၄၁) (Surah Al-Anfal, 8:41) ပါပြဌာန်းချက်ပါပဲ။

အဲဒါကို ရှီအိုက်ဘာသာရေးကျောင်းတွေ လိမ္မာပါးနပ်စွာ သုံးသွားပါတယ်။

နောက်ပြီး ရှီအိုက်တွေမှာ “ဝကီးလ်”(Wakil) ခေါ် ကိုယ်စားလှယ် ကွန်ရက်တွေရှိပါတယ်။ ရှစ်ပါးမြောက် အီမန်ကနေ ၁၂ ပါးမြောက် အီမန်အထိ ကာလတွေမှာ ဝီကာလတ် (“Vikalat”) လို့ခေါ်တဲ့ ကိုယ်စားလှယ်စနစ်ကို တည်ထောင်ခဲ့ပါတယ်။ အီမန် (ခေါင်းဆောင်) ကနေ ဒေသအလိုက် ယုံကြည်ရတဲ့ ကိုယ်စားလှယ်တွေကို ခန့်အပ်ပါတယ်။

အဲဒီကိုယ်စားလှယ်တွေကမှတစ်ဆင့် ရပ်ကွက်အလိုက် ခေါင်းဆောင်တွေကို ထပ်ခွဲပါတယ်။လူအများက မိမိတို့ရဲ့ “ခွမ်းစ်” ငွေတွေကို ဒေသခံကိုယ်စား လှယ်ဆီ လျှို့ဝှက်အပ်နှံပါတယ်။

အဲဒီကိုယ်စားလှယ်ကတဆင့် ကုန်သည်တွေ၊ခရီးသွားတွေအသွင်ဆောင်ပြီး ဗ ဟိုကျောင်းတော်တွေဆီကို အဆင့်ဆင့် ပို့ဆောင်ကြတာပါ။

“သကီယာ” (Taqiyya) – ဘေးကင်းရန် ဖုံးကွယ်ခြင်း မူဝါဒ

ရှီအိုက်အယူအဆမှာ သကီယာ (Taqiyya )ဆိုတဲ့ ပါးနပ်တဲ့ မူဝါဒတစ်ခုရှိပါတယ်။ ဒါကတော့ အသက်အန္တရာ ယ်ရှိလာရင် ဒါမှမဟုတ် ကြီးမားတဲ့ ဖိနှိပ်မှုကြုံရင် မိမိရဲ့ ရှီအိုက်ဘာသာဝင်ဖြစ်မှုကို ဖုံးကွယ်ထားခွင့် (သို့မဟုတ်) သာမန်အတိုင်း နေထိုင်ခွင့် ရှိခြင်းပါ။

အဲဒီလိုနေထိုင်ပြီး သူတို့ဟာ စီးပွားရေးလုပ်ငန်းရှင်တွေ၊ လယ်သမားတွေအဖြစ် သာမန်အတိုင်းနေထိုင်ကြပြီး အစိုးရကို ပေးဆောင်ရမယ့် အခွန်ကိုတော့ ပေးဆောင်ပါတယ်။

အစိုးရကို အခွန်ပေးပြီးနောက် ကျန်ရှိတဲ့ အမြတ်ကိုတော့ ဘာသာရေးဝတ္တရားအရ လျှို့ဝှက်စွာ ခွဲဝေလှူဒါန်းကြတာ ဖြစ်ပါတယ်။

ရှီအိုက်ကုန်သည်တွေဟာ အရှေ့အလ ယ်ပိုင်းတခွင်မှာ ကုန်သွယ်မှုလုပ်ရင်း ခွမ်းစ် ဘဏ္ဍာငွေတွေကို သယ်ဆောင်ပေးခဲ့ကြပါတယ်။ငွေသားအတိုင်း သယ်ရင် အစိုးရစစ်ဆေးရေးဂိတ်တွေမှာ မိသွားနိုင်တဲ့အတွက် “ကုန်ပစ္စည်း” အသွင်နဲ့ ပြောင်းလဲသယ်ဆောင်ပြီး သတ်မှတ်ထားတဲ့ မြို့တွေ (ဥပမာ- နာဂျဖ် ( Najaf) သို့မဟုတ် ကိုမ် ( Qom) ရောက္မှ ပြန်လည်ရောင်းချကာ ငွေအဖြစ် ကျောင်းတော်တွေကို လှူဒါန်းတဲ့ နည်းလမ်းကိုလည်း သုံးခဲ့ကြပါတယ်။

အဲဒီအလေ့အထကလူထုအခြေပြုဖြစ် လာတဲ့အခါ ဖိနှိပ်သူတွေကလည်း မျက်စိလျမ်းပြီး မောပန်းလာပါတော့တယ်။ ငွေကြေးဟာ အဖွဲ့အစည်းတခုတည်းဆီမှာ စုပုံမနေဘဲ လူထုကြားမှာ ပျံ့နှံ့နေပြီးမှ လျှို့ဝှက်စီးဆင်းတာကြောင့် အမြစ်ပြတ်အောင် ချေမှုန်းဖို့ ခက်ခဲပါတယ်။

အဲဒီငွေကို ပေးဆောင်သူရော၊သယ် ဆောင်ပေးသူပါ မိသွားရင် အသတ်ခံရနိုင်မှန်းသိလျက်နဲ့ဘာသာရေးယုံကြည်ချက်ကြောင့် အသက်စွန့် လုပ်ကိုင်ကြတာပါ။

နောက်တခုက ရှီအိုက်တွေရဲ့ အားကော င်းတဲ့ဆက်သွယ်ရေးကွင်းဆက်စနစ်ပါ။ဖိနှိပ်မှုတွေကြားမှာ ရှီအိုက် (Shia) အသိုင်းအဝိုင်းဟာ သူတို့ရဲ့ ဘဏ္ဍာရေးနဲ့ သတင်းအချက်အလက်တွေကို လျှို့ ဝှက်စီးဆင်းစေဖို့ “စာပေးစာယူစနစ်” ကို အလွန်ပါးနပ်စွာ အသုံးပြုခဲ့ကြပါတယ်။

အစိုးရစစ်ဆေးရေးဂိတ်တွေကို ကျော်ဖြတ်ဖို့အတွက် သူတို့ဟာ စာဝှက်စနစ်နဲ့သင်္ကေတတွေ(Codes and Ciphers) ကို သုံးပါတယ်။

တမန်တော်မြတ်ရဲ့ မျိုးဆက် (Imams) တွေနဲ့သူတို့ရဲ့ ကိုယ်စားလှယ်တွေကြား ပေးစာတွေမှာ တိုက်ရိုက်စကားလုံးတွေကို ရှောင်ကြပါတယ်။

အီမန်ရဲ့ နာမည်ရင်းကို မသုံးဘဲ “အဖိုးကြီး”၊ “အရောင်းအဝယ်သမား” သို့မဟုတ် “ခရီးသည်” စတဲ့ အမည်ဝှက်တွေကို သုံးပါတယ်။

“ကုန်ပစ္စည်းငါးခုပို့လိုက်ပြီ” ဆိုရင် “ခွမ်းစ်ငွေ (၅ ပုံ ၁ ပုံ) ပို့လိုက်ပြီ” လို့ အဓိ ပ္ပာယ်ရတာမျိုး၊သို့မဟုတ် ဘာသာရေးဆို င်ရာ အမေးအဖြေတွေကြားထဲမှာ ဘ ဏ္ဍာရေးကိစ္စတွေကို ညှပ်ပြီးရေးသားတာမျိုး လုပ်ကြပါတယ်။

ကုန်သည်တွေ၊ဘုရားဖူးတွေ (Merchant and Pilgrim Covers) တွေဟာ မက္ကာသို့ ဘုရားဖူးသွားကြတဲ့အခါ ဝှက်စာတွေကို ဖိနပ်အောက်ခံ၊အဝတ် အစားရဲ့အထပ်ကြားတွေမှာချုပ်ပြီး သယ်ဆောင်ကြပါတယ်။

အရေးကြီးတဲ့ သတင်းစကားတွေကို စာနဲ့မရေးဘဲ အလွတ်ကျက်မှတ်ပြီး သယ်ဆောင်သူ (Messenger)က တဆင့်ပြန်ပြောပြပါတယ်။

အဲဒီလိုလူမျိုးတွေကို “ယုံကြည်ရသူ” အဖြစ် အထူးရွေးချယ်ထားတာပါ။

ငွေစာရင်းတွေကို သာမန်ကုန်သွယ်မှုစာရင်းတွေကြားထဲမှာ ရောနှောရေး သားထားတဲ့အတွက် အစိုးရစစ်ဆေးသူတွေအနေနဲ့ဘာသာရေးဘဏ္ဍာငွေမှန်း ခွဲခြားဖို့ ခက်ခဲပါတယ်။

နောက်ပြီး အဆင့်ဆင့်လက်ဆင့်ကမ်းတာ(Relay System)ကိုသုံးကြပါတယ်။ သတင်းစကား သို့မဟုတ် ငွေကြေးကို လူတယောက်တည်းက အစဆုံး မသယ်ပါဘူး။မြို့​တမြို့မှနောက်တမြို့ကို သယ်ပေးမယ့်သူတွေ အဆင့်ဆင့်ရှိပါတယ်။

အဲဒီလူတွေဟာ တယောက်နဲ့တယောက်လည်း အကုန်လုံး မသိကြပါဘူး။

အဲဒါကြောင့် တယောက်မသွားရင်တော င်တကွန်ရက်လုံး ပေါက်ကြားမသွားအောင် ကာကွယ်ထားတာပါ။ “မုဟတ်ထစ်” (Muhaddith) ဆိုတဲ့ပုံပြင်ပြောသူတွေက တချို့သတင်းစကားတွေကို ဘာသာရေးပုံပြင်တွေ၊ကဗျာတွေအနေနဲ့ ပြောင်းလဲပြီး လူအများကြားမှာ ရွတ်ဆိုပြပါတယ်။

ရှီအိုက်ဘာသာဝင်အချင်းချင်းကသာ ဒါဟာ ဘယ်လိုနိုင်ငံရေး သို့မဟုတ် ဘာသာရေးညွှန်ကြားချက်လဲဆိုတာကို နားလည်ကြတာမျိုးပါ။

ဒီလိုလျှို့ဝှက်ဆက်သွယ်ရေးနဲ့ဘဏ္ဍာ ရေးစနစ်ကြောင့် ရှီအိုက်တွေအတွက် အကျဉ်းထောင်ထဲရောက်နေတဲ့ အီမန်တွေဆီက လမ်းညွှန်ချက်တွေကို ရယူနိုင်ခဲ့ပါတယ်။

အစိုးရသိမ်းပိုက်တာမခံရဘဲ ဘာသာရေးကျောင်းတွေကို ရာစုနှစ်ပေါင်းများစွာ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

အဲဒီလိုလျှို့ဝှက်တဲ့ သမိုင်းကြောင်းတွေဟာ နောက်ပိုင်းမှာ ရှီအိုက်တို့ရဲ့ “ဘာသာရေးအရစည်းလုံးမှု” ကို ပိုမိုခိုင်မာစေခဲ့ပါတယ်။

အဲဒါကြောင့်လည်း ရှီအိုက်ကျောင်းတော်တွေဟာ သမိုင်းတလျှောက် အစိုးရအဆက်ဆက် ပြောင်းလဲသွားပေမယ့် ဆက်သွယ်ရေးနဲ့ဘဏ္ဍာရေးအရ မပြိုလဲဘဲ ဒီနေ့ထိ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

ရှီအိုက်လူမှုအဆောက်အအုံဖြစ်တဲ့အီရန်လူ့အဖွဲ့အစည်းမှာ ဘာသာရေးအ လွှာရဲ့ဩဇာလွမ်းမိုးမှု ပကတိအနေအထားနဲ့သူတို့ရဲ့အင်စတီကျူးရှင်း တည် ဆောက်ပုံကို ဖော်ပြလိုတာပါ။

အဲဒီတည်ဆောက်ပုံကိုနားလည်ရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၁၃၅ နှစ်အကြာ ၁၈၉၁ ခုနှစ်က ဘာသာရေးခေါင်းဆောင်ရဲ့ ကာဂျာစ်ဘုရင်နဲ့ ဗြိတိန်ကို အာခံတဲ့ ဆေးရွက်ကြီးဆန့်ကျင့်ရေး ဘာသာရေးအမိန့်ဟာ ကာဂျာစ်ဘုရင်ရဲ့ နန်းတွင်းထဲက မိဖုရား၊ကြင်ယာတော်၊ ကိုယ်လုပ်တော်တွေအထိ ရိုက်ခတ်ခဲ့ပြီး နန်းတွင်းက မိန်းမတွေဟာ ဘုရင်ကိုလည်းအာခံရဲတယ်ဆိုတဲ့အချက်ဟာ အံဩစရာမဟုတ်သလို ခုချိန်ထိ အီရန်မှာဘာကြောင့်ဘာသာရေးခေါင်းဆောင်တွေ ဩဇာညောင်းသလဲဆိုတာကလည်း မထူးဆန်းတော့ပါဘူး။

အီရန်ဘာသာရေးအလွှာက စတင်အာခံလိုက်တဲ့၁၈၉၁ ခုနှစ်ဆေးရွက်ကြီးတော်လှန်ရေးက နောက်ပိုင်းမှာ ဆိုရှယ္ဒီမိုကရကိအုပ်စုတွေပါဝင်လာတဲ့၁၉၀၅ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတော်လှန် ရေးအတွက် ရှေ့ဆောင်လမ်းပြအင်ညအားကို ဖြစ်စေခဲ့ပါတယ်။

ဆက်ရန်…

ကိုးကား…

  • https://en.wikipedia.org/wiki/Shia%E2%80%93Sunni_relations#:~:text=The%20succession%20to%20Muhammad%20in,about%20their%20Sunni%E2%80%93Arab%20hegemony.
  • https://en.wikipedia.org/wiki/Shia_Islam
  • https://en.wikipedia.org/wiki/Sunni_Islam
  • https://en.wikipedia.org/wiki/Khums
PrevPreviousကွတ်ခိုင်မှာနေအိမ်တလုံးမီးလောင်မှုဖြစ်ပွားလို့ အမျိုးသမီးနှစ်ဦးသေဆုံး
Nextလယ်မူလားမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သား ၆ ဦးသေဆုံးNext
Previous Post

ကွတ်ခိုင်မှာနေအိမ်တလုံးမီးလောင်မှုဖြစ်ပွားလို့ အမျိုးသမီးနှစ်ဦးသေဆုံး

Next Post

လယ်မူလားမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သား ၆ ဦးသေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - အမေရိကန်စစ်ဌာနချုပ်

​အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ အမေရိကန်စစ်သည် ၁ ဦး ထပ်မံသေဆုံး

March 10, 2026
ဓာတ်ပုံ - ထိုင်းဘုရင့်တပ်တော်

ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာလုပ်သား ၄၅ ဦးဖမ်းဆီးခံရ

March 10, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

​အီရန်ရှိ အမျိုးသားကျောက်ကပ်ဆေးစင်တာကို အမေရိကန်နဲ့ အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်

March 10, 2026
ဓာတ်ပုံ - KNU

လယ်က‌ဆောမြို့နယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် လေးဦးသေဆုံး

March 10, 2026

​အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ အမေရိကန်စစ်သည် ၁ ဦး ထပ်မံသေဆုံး

ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာလုပ်သား ၄၅ ဦးဖမ်းဆီးခံရ

​အီရန်ရှိ အမျိုးသားကျောက်ကပ်ဆေးစင်တာကို အမေရိကန်နဲ့ အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်

လယ်က‌ဆောမြို့နယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် လေးဦးသေဆုံး

ပါရှန်းပင်လယ်အော်ရှိ အီရန်စစ်သင်္ဘောကို အမေရိကန် တိုက်ခိုက်

လယ်မူလားမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သား ၆ ဦးသေဆုံး

Releated Post

ဓာတ်ပုံ - အမေရိကန်စစ်ဌာနချုပ်

​အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ အမေရိကန်စစ်သည် ၁ ဦး ထပ်မံသေဆုံး

March 10, 2026
ဓာတ်ပုံ - ထိုင်းဘုရင့်တပ်တော်

ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာလုပ်သား ၄၅ ဦးဖမ်းဆီးခံရ

March 10, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

​အီရန်ရှိ အမျိုးသားကျောက်ကပ်ဆေးစင်တာကို အမေရိကန်နဲ့ အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်

March 10, 2026
ဓာတ်ပုံ - KNU

လယ်က‌ဆောမြို့နယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် လေးဦးသေဆုံး

March 10, 2026
Photo - လူမှုကွန်ရက်

ပါရှန်းပင်လယ်အော်ရှိ အီရန်စစ်သင်္ဘောကို အမေရိကန် တိုက်ခိုက်

March 10, 2026
Photo - KNU

လယ်မူလားမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သား ၆ ဦးသေဆုံး

March 10, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page