Border News Agency
လယ်မူလား၊ မတ် ၁၀။
တနင်္သာရီတိုင်း၊ လယ်မူလားမြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေး ၃ ဦးအပါအဝင် အရပ်သား ၆ဦးသေဆုံးသွားတယ်လို့ KNUမှ မတ်လ ၉ ရက်နေ့ကထုတ်ပြန်ပါတယ်။
လယ်မူလားမြို့နယ်၊ တဖီလေးခိုကျေးရွာကို စစ်ကော်မရှင်တပ်မှ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၃ ဦး ဒဏ်ရာရသွားခဲ့ပြီး ကလေးငယ် ၃ ဦးအပါအဝင် အရပ်သား ၃ ဦး၊စုစုပေါင်း ၆ဦး သေဆုံးခဲ့သွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ တိုက်ပွဲဖြစ်ပွားတာတွေမရှိပဲ စစ်ရေးနဲ့မသက်ဆိုင်တဲ့ တဖီလေးခိုကျေးရွာကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် တဖီလေးခိုကျေးရွာနေ အသက်၁၃နှစ်အရွယ် ယောကျာ်းလေး ၃ဦး ဒဏ်ရာရသွားခဲ့ပြီး အသက် ၁၁နှစ်အရွယ် ယောကျားလေး ၂ဦး၊ အသက်၆နှစ်အရွယ် မိန်းကလေး ၁ဦးနဲ့ အသက် ၄၀ ဝန်းကျင်အရွယ်အမျိုးသား ၃ဦး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။














