Border News Agency
အီရန်၊ မတ် ၁၄။
၁၈၉၁ ခုနှစ်၊ဆေးရွက်ကြီးတော်လှန် ရေးဟာ အီရန်ဘာသာရေးအလွှာ၊ပ ညာတတ်လူလတ်တန်းစားအလွှာ၊ ကုန်သည်နဲ့ သာမန်လူတန်းစားတွေအတွက်တော့ ကာဂျာစ်ဘုရင်နဲ့ဗြိတိန်ကို ဆန့်ကျင်တဲ့ပထမဆုံးစည်းလုံးညီညွှတ်မှု ဝါးဒတ်(Vahdat)ကို ဖြစ်စေခဲ့ပါတယ်။
အဲဒီလို ၁၈၉၀ ပြည့်လွန်အချိန်ကာလ ၁၉ရာစုနှောင်းပိုင်းနဲ့ ၂၀ ရာစု အစပိုင်းကာလတွေမှာ အီရန်လူအဖွဲ့အစည်းကိုကြည့်ရင် ခေတ်ပညာတတ်လူလတ်တန်းနဲ့ ကုန်သည်တွေပေါ်လာပါပြီ။
အီရန်ရဲ့ပထဝီဝင်နိုင်ငံရေးအရှိတရားက အာရှတိုက်ရဲ့ အနောက်ဘက်မှာရှိပြီး ဥရောပအရှေ့ဘက်နဲ့ရော့ ဥရောပတောင်ပိုင်းက မြေထဲပင်လယ်ဘက်ကိုပါ ချိတ်ဆက်စရာ ကုန်းကြောင်း၊ ရေကြောင်း လမ်းတွေရှိပါတယ်။
အီရန်အနောက်ဘက်မှာ အီရတ်နဲ့ နယ် မြေချင်းထိစပ်ပါတယ်။ အနောက်မြောက်ဘက်မှာ တူရကီ၊ အဇာဘိုင်ဂျန်နဲ့အာမေနီးယားရှိပါတယ်။
အီရန်မြောက်ဘက်ဟာ ကက်စပီယန်ပင်လယ်ရေအိုင်ပါ။အရှေ့မြောက်ဘက်ဟာ တာ့ခ်မင်နစ္စတန်ဖြစ်ပြီး အရှေ့ဘ က်မှာ အာဖဂန်နစ္စတန်ရှိပါတယ်။အရှေ့ တောင်ဘက်ဟာ ပါကစ္စတန်ဖြစ်ပြီး တောင်ဘက်တလျှောက်ဟာ အိုမန်ပင် လယ်ကွေ့နဲ့ပါရှန်းပင်လယ်ကွေ့ရှိနေတာပါ။
အဲဒီတော့ အီရန်ဘေးပတ်ပတ်လည်က လူမှုအဖွဲ့အစည်းတွေရဲ့ယဉ်ကျေးမှုအဆင့်အတန်းကို ကြည့်လိုက်ပါ။အီရန်ရဲ့ အနောက်ဘက်ဟာ လူ့ယဉ်ကျေးမှုစတင်ခဲ့တဲ့ မက်ဆိုပိုတေးမေးယားဒေသပါပဲ။
အနောက်ဘက်မှာ ကိုယ်ပိုင်အစဉ်အလာတွေ အားကောင်းတဲ့တူရကီ၊ အာမေနီးယားလို့ လူ့အဖွဲ့အစည်းတွေရှိပါတ ယ်။
အရှေ့ဘက် အာဖဂန်နစ္စတန်နဲ့ အရှေ့တောင်ဘက်က ပါကစ္စတန်ဆိုတာဟာလည်း ဟိန္ဒူမြစ်ဝှမ်းယဉ်ကျေးမှုတွေ အစိုင်အခဲလိုတည်နေတဲ့နေရာတွေပါ။
အာဖဂန်နစ္စတန်ဆိုရင်လည် ဂရိယဉ် ကျေးမှုနဲ့ဟိန္ဒူမြစ်ဝှမ်းယှဉ်ကျေးမှုတွေ ရောစပ်ကာ ယဥ်ကျေးမှုမြင့်မားခဲ့တာပါ။ပြီရင်း အီရန်ဟာ ကက်စပီယန်ပင် လယ်ပတ်ဝန်းကျင်ဒေသတခုပါ။ကက်စပီယန်ဟာ ဥရောပနဲ့အာရှအစိတ်အ ပိုင်းနှစ်ခုစလုံးရှိနေပါတယ်။
ကက်စပီယန်ရဲ့ယဉ်ကျေးမှုဟာ ကောကေးဆပ်အရှေ့ပိုင်း၊ ဗဟိုအာရှအနောက်ပိုင်း ဥရောပအရှေ့ပိုင်းထဲမှာပါနေ တဲ့ရုရှားတောင်ပိုင်းရဲ့မြေဩဇာကော င်းလှတဲ့လွင်ပြင်တွေနဲ့အီရန်တောင်ကု န်းတွေ ဝိုင်းရံထားတဲ့နေရာပါ။
အဲဒီလိုယဥ်ကျေးမှုမြင့်မားတဲ့လူ့အဖွဲ့အ စည်းတွေ ဝိုင်းရံနေတဲဲ့ကြားကပဲ သမိုင်းမှာ အီရန်တွေဟာ ပါရှန်းအင်ပါယာကို တည်ဆောက်နိုင်ခဲ့တဲ့သူတွေပါ။ဇာတိ မာန်စိတ်နဲ့ပတ်သက်လာရင် အတိတ်က ရွှေထီးဆောင်းခဲ့တာတွေကိုကြည့်ပြီး အာရိယန်သွေးအပြည့်နဲ့ဘဝင်စိတ်မြင့်
တတ်တဲ့ဗီဇက တောနေခြုံကြားက သာ မန်အီရန်တယောက်ဆီမှာလည်း ရှိတာဟာ အဆန်းမဟုတ်ဘူးဆိုတာကိုပါ။
အီရန်တယောက်အတွက် ပါရှန်းအင်ပါယာ ပုံပြင်ဆိုတာ မိမိပတ်ဝန်းကျင်ဒေသက လူ့အဖွဲ့အစည်းတွေထက် ခေါင်းတလုံးပိုမြင့်တယ်ဆိုတဲ့ဘဝင်လေဟတ်စိတ်ကို ရှိစေပါတယ်။
အီရန်ပတ်ဝန်းကျင်က တခြားလူ့အဖွဲ့အ စည်းတွေကလည်း အီရန်လောက်နီးနီးတော့ ကိုယ့်ဇာတိမာန်အပေါ်မှာ ဘဝင်လေဟတ်နိုင်တဲ့သူတွေချည်း ဖြစ်နေတော့ အကုန်လုံးဇော်တွေချည်းဖြစ်ကုန်ကြပါတော့တယ်။
အဲဒီတော့ အီရန်ဟာ ဥရောပသားတွေကို အထင်မကြီးပါဘူး။ အဲဒီအတိုင်းပဲ အိမ်နီးချင်းအာရပ်တွေကိုလည်း အထ င်မကြီးပါဘူး။ အာရပ်နိုင်ငံတွေ တော် တော်များများကလည်း ဆွန်နီတွေဖြစ်ပြီး ဆွန်နီတွေက ရှီအိုက်တွေကို သမိုင်းတလျှောက် ဖိနှိပ်ခဲ့တာတွေ၊ရက်စက်ခဲ့တာတွေ၊သတ်ဖြတ်ခဲ့တာတွေလည်းရှိတော့ အီရန်ဟာ အစ္စလာမ်ကမ္ဘာမှာလ ည်း မာန်တင်းရပ်တည်နေရတဲ့သူတွေပါ။
အဲဒီလိုသမိုင်းဖြစ်ထွန်းမှုတွေက အီရန်တွေကို ပတ်ဝန်းကျင်က မသင်္ကာစိတ်များသူတွေ အဖြစ်တွန်းပို့လိုက်ပါတယ်။
အဲဒါကို အရပ်စကားနဲ့ပြောရင် ရန်လိုစိတ်ရှိတယ်လို့ ပြောရမလားပါပဲ။ရှိအို က်ဘာသာရေးကျောင်းတော်တွေရဲ့ ဩ ဇာက ပိုခိုင်မာစေပါတယ်။ဟုတ်လည်းဟုတ်ပါတယ်။
အဲဒီလိုပထဝီဝင်အရှိတရားအောက်မှာအီရန်လူ့အဖွဲ့အစည်းအတွက် ခိုင်မာပြ တ်သားတဲ့ခေါင်းဆောင်မှုကိုပဲလိုချင်ကြမှာလည်း အဆန်းမဟုတ်ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် ပတ်ဝန်းကျင်ဒေသက လူမှုအဆောက်အအုံယဉ်ကျေးမှု အ တွေးအခေါ်အပြောင်းအလဲတွေဟာ အီရန်အပေါ်ရိုက်ခတ်သလို အီရန်ရဲ့ လူမှုယဉ်ကျေးမှု အတွေးအခေါ် အပြောင်း အလဲတွေဟာလည်း ပတ်ဝန်းကျင်ကို ရိုက်ခတ်တယ်ဆိုတဲ့လောကနိယာမကိုတော့ အီရန်လည်း မလွန်ဆန်နိုင်ပါဘူး။
အဲဒီတော့ ဥရောပရဲ့လူမှုအဆောက်အအုံအတွေးအခေါ် အပြောင်းအလဲဟာ အီရန်အပေါ်မှာလည်း ရိုက်ခတ်လာပါတယ်။
အဲဒါကြောင့်လည်း ၁၉ရာစု နှောင်းပိုင်းနဲ့၂၀ ရာစု အစပိုင်းတွေမှာ အီရန်ရဲ့ ခေ တ်ပညာတတ်လူလတ်တန်းစားတွေထဲမှာ ဆိုရှယ်ဒီမိုကရက် စံနှုန်းတွေ ခေတ်စားခဲ့ပါတယ်။
၁၉ရာစုကုန်ခါနီးနဲ့ ၂၀ ရာစုအစပိုင်းမှာ အီရန်ရဲ့လူလတ်တန်းစားပညာတတ်တွေရော၊ ဘာသာရေးအလွှာက ပုဂ္ဂိုလ်တွေရော၊ ကုန်သည်နဲ့သာမန်လူတန်း စားတွေရော တဖက်ကသူတို့ကိုလာပြီး ချုပ်ကိုင်နေတဲ့ဗြိတိန်နဲ့ရုရှားကို သိပ်အမြင်မကြည်ကြပါဘူး။
အုပ်ချုပ်သူ ကာဂျာစ်ဘုရင်ကလည်း ဗြိတိန်နဲ့ ရုရှားကြားမှာ သူထိုင်ခုံ ဖင်ငြိမ်အောင်နေရင်း လိုက်လျောနေရတာကို အီရန်ပညာတတ်လူတန်းစားနဲ့ ဘာသာရေးအလွှာဘက်က အမြင်မကြည်တော့ပါဘူး။
၂၀ ရာစု အစပိုင်းအီရန် အီလစ်တွေရဲ့နိုင်ငံရေးအထိုင်
အချုပ်အခြာအာဏာအပေါ် မွေးရာပါ စွက်ဖက်ပိုင်ခွင့်
ဘာသာရေးအလွှာဘက်က အမြင်မှာ ရှိအိုက် အစ္စလာမ်ရဲ့ဝီလာယတ်အဲလ်ဖာကီ “Wilayat al-Faqih” အယူအဆအရ “တမန်တော်ကို ဆက်ခံသူ အီမန်အရှင် မရှိချိန်မှာ ဘာသာရေးဥသျှောင်ကလူ့အဖွဲ့အစည်းကို ထိန်းကျောင်းရမယ်” ဆိုတဲ့အချက်ရှိနေပါတယ်။
အဲဒီအယူအဆအရ ရှိအိုက်ဘာသာရေးကျောင်းတော်များဟာ အချုပ်အခြာ အာဏာကို အုပ်ချုပ်သူနဲ့အပြိုင် စီမံလို့ရတယ်ဆိုတဲ့အတွေးအခေါ်က အင်စတီကျူးရှင်းလိုဖြစ်နေပါပြီ။
ပညာတတ်လူလတ်တန်းစားတွေဘက်ကအမြင်မှာတော့ ကာဂျာစ်ဘုရင်ဆီမှာ လုပ်ပိုင်ခွင့်အာဏာတွေကို စုပုံပေးထားတဲ့အခါ ကာဂျာစ်ဘုရင်နဲ့ ဗြိတိန်၊ရုရှားတို့ သဘောတူညီချက်တွေကို လူထုရဲ့ အကျိုးစီးပွားကိုမငဲ့ဘဲ လုပ်ခွင့်ရနေတယ်လို့ မြင်ပါတယ်။ဘာပဲဆိုဆို သူတို့က ဥရောပရဲ့ လူမှုအဆောက်အအုံ ပြောင်းလဲမှုကိုလည်း သိပါတယ်။
တချိန်တုန်းက သူတို့အနေနဲ့ ပုခုံးချင်း ယှဥ်နိုင်ခဲ့တဲ့ဥရောပလူ့အဖွဲ့အစည်းဟာ ဘုရင်အာဏာကို ကန့်သတ်တဲ့ဖွဲ့စည်းပုံ
အခြေခံဥပဒေဆိုင်ရာအယူအဆ (Constituionalism)တနည်း လူမှုပဋိ ညာဉ်အယူအဆအားကောင်းလာပြီး သူတို့က အီရန်ကို ကျော်တက်သွားပြီဆိုတာကို နားလည်ပါတယ်။
အဲဒါကြောင့် ဘုရင်ရဲ့အာဏာကို ပါလီမန်နဲ့ ကန့်သတ်ရမယ်။ ဘုရင်ဟာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာနေရမယ်ဆိုတဲ့အယူအဆက အားကောင်းနေပါတယ်။
အဲဒီလို ဘုရင်အာဏာကို ကန့်သတ်ပြီး လူထုက ရွေးချယ်ထားတဲ့အမတ်တွေပါတဲ့ ပါလီမန်ကို ကျင့်သုံးဖို့ ကိစ္စဟာ တချို့ဘာသာရေးဆရာတွေရဲ့ အမြင်မှာ ရှိအိုက်ဘာသာရေးကျောင်းတော်ရဲ့ ဝီလာယတ်အဲလ်ဖာကီ “Wilayat al-Faqih”အယူအဆဘက်က ကြည့်ရင်လည်း ကန့်ကွက်စရာမရှိပါဘူး။
အရင်ကလည်း ရှိအိုက်ကျောင်းတော်ဟာ ဘာသာရေးအယူအဆအရ အချု ပ်အခြာအာဏာပိုင်းမှာ ဝင်ပါနေရတာပါပဲ။ရှိအိုက်ကျောင်းတော်ရဲ့ အထိုင်ကလည်း ဝီလာယတ် အဲလ် ဖာကီ အယူအဆအရ ဘာသာရေးခေါင်းဆောင်ဟာ ကိုရမ်ကျမ်းတော်မြတ်အောက်က နေပြီး “ပျောက်ဆုံးနေတဲ့အီမန်” ကိုယ် စားအနေနဲ့ အချုပ်အခြာအာဏာကို ဝင်ပါနေရတာပါ။
ဒီတော့ ရှိအိုက်ကျောင်းတော်ဟာ အချုပ်အခြာအာဏာကို ဝင်ပါတဲ့အခါအထိ န်းအကွပ်က “ကိုရမ်ကျမ်းတော်မြတ်နဲ့ ပျောက်ဆုံးနေတဲ့အီမန်ရဲ့ကိုယ်စား” ဆိုတဲ့သဘောကပါနေပါတယ်။
ရှိအိုက်ကျောင်းတော်ဟာ အချုပ်အခြာ အာဏာကို သုံးတဲ့အခါ အဲဒီလိုအထိန်း အကွပ်အောက်က သုံးနေရပြီး အုပ်ချု ပ်သူဘုရင်ကတော့ စည်းလွတ်ဝါးလွတ် သုံးခွင့်ရနေတယ် ဆိုတဲ့အမြင်ရှိလာပါတယ်။
တကယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေအ ရသာ ရှိအိုက်ဘာသာရေးကျောင်းတော်က အချုပ်အခြာအာဏာမှာဝင်ပါလို့ရပြီး ဘုရင်ရဲ့ အာဏာကိုလည်း အထိန်း အကွပ်ပြုထားနိုင်ရင် ပိုပြီးကောင်းတ ယ်လို့မြင်ပါတယ်။
အဲဒီလိုနဲ့ ကာဂျာစ်ဘုရင်ကို ဖွဲ့စည်းပုံအ ခြေခံဥပဒေနဲ့ချုပ်ကိုင်ဖို့အချက်က အီရန်ရဲ့ဘာသာရေးအလွှာနဲ့ အီရန်ပညာ တတ်တွေကြားမှာ ဘုံသဘောတူချက်လို ဖြစ်လာပါတယ်။
၁၈၉၁ ခုနှစ်မှာ ဆေးရွက်ကြီးဆန့်ကျင်ရေးနဲ့ ကာဂျာစ်ဘုရင်ရဲ့ အာဏာကို သွေးတိုးစမ်းခဲ့တာ အောင်မြင်ထားတာလဲရှိပါတယ်။ ဆေးရွက်ကြီးဆန့်ကျင်ရေးပြီးတော့ နောက်ဆယ်နှစ်အကြာ ၁၉၀၁ ခုနှစ်မှာ ဂျပန်နဲ့ ရုရှားစစ်ဖြစ်တော့ ရုရှားရှုံးသွားပါတယ်။
ရုရှားက အီရန်ကို ဗြိတိန်လိုပဲ ချယ်လှ ယ်နေတဲ့နိုင်ငံပါ။ ဥရောပသား ရုရှားက အာရှသားဂျပန်ဆီမှာ စစ်ရှုံးတော့ ရုရှားကို အမြင်မကြည်တဲ့အီရန်တွေကလ ည်း ဇာတိမာန်စိတ်က ပြန်နိုးထလာပါတယ်။
သူတို့စိတ်ထဲမှာ ငါတို့သာ ညီညွှတ်ရင် ဒီတောင်ကို ကျော်လို့ရတယ် ဆိုတဲ့စိတ်ကအရှိန်တက်လာပါတယ်။
အဲဒီလိုနဲ့ ရုရှား-ဂျပန်စစ်ဖြစ်ပြီး နောက်လေးနှစ်အကြာ ၁၉၀၅ ခုနှစ်မှာ အီရန်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတော် လှန်ရေးက စပါတော့တယ်။
အီရန်သာမန်လူထုအတွက်တော့ ဘာ သာရေးအလွှာနဲ့ ခေတ်ပညာတတ်အလွှာတွေ ဦးဆောင်လာတဲ့အခါ အဲဒီဦးဆောင်မှုနောက်ကို ကောက်ကောက်ပါအောင် လိုက်လာပါတော့တယ်။
အဲဒီလိုနဲ့အုပ်ချုပ်သူ ကာဂျာစ်ဘုရင်ရဲ့ ထိုင်ခုံကလည်း လှုပ်လာပါပြီ။
၁၉၀၅ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ တော်လှန်ရေး
၁၈၉၆ ခုနှစ်၊မေလ ၁ ရက်နေ့မှာ လေးဆက်မြောက်ကာဂျာစ်ဘုရင်နာဆာအဲလ်ဒင်ရှား(Naser al-Din Shah)ဟာ ရှာအဗ္ဗဒူလ်အဇင်တန်ဆောင်း (Shah Abdol-Azim Shrine)မှာ ဝတ်ပြုဖို့သွားရင်း လုပ်ကြံသတ်ဖြတ်ခံလိုက်ရပါတယ်။
အဲဒီလိုလုပ်ကြံသူက ကာဂျာစ်ဘုရင်ရဲ့ အုပ်ချုပ်ပုံကို မကြေနပ်တဲ့မီရ်ဇာရီဇာ ခါမန်နီ(Mirza Reza Kermani)ပါ။မီရ်ဇာရီဇာခါမန်နီ( Mirza Reza Kermani) က ဗြိတိန်တွေကို ဆန့်ကျင်နေတဲ့အာဖဂန်အခြေစိုက်ဂျမ်လ်အဲလ်ဒင်အဲလ်အာဖဂန်နီ( Jaml al-Dn al-Afghni) ရဲ့ နော က်လိုက်လည်း ဖြစ်ပါတယ်။
ကာဂျာစ် ဘုရင်သေတော့ သူ့ရဲ့သားဖြစ်သူ မိုဇာဖ်ဖာ အဲလ် ဒင် ရှား ( Mozaffar al-Din Shah) က အရိုက်အရာကို ဆက်ခံပါတယ်။
မိုဇာဖ်ဖာ အဲလ် ဒင်ရှား လက်ထက္မှာ ဘဏ္ဍာရေးအကြပ်အတည်းကို ခါးခါး သီးသီး ရင်ဆိုင်ရပါတော့တယ်။
ကာဂျာစ်ဘုရင်ဟာ ဗြိတိန်နဲ့ ရုရှားဆီမှာ အကြွေးတွေလည်ပင်း ခိုက်နေပါတယ်။
အဲဒါကို ဖြေရှင်းဖို့ ဆေးရွက်ကြီးအပါ အဝင် လမ်းတံတား မြေယာတွေကို ထိုးကျွေးပါတော့တယ်။ ဘဏ္ဍာရေးအကြပ်အတည်းဆိုက်တော့ အုပ်ချုပ်နည်းကလည်း အလွယ်လမ်းကိုလိုက်ပါတော့တ ယ်။
အဲဒီအလွယ်လမ်းက ကုန်စျေးနှုန်းကို မြင့်ပြီးရောင်းရင်ရောင်းတဲ့သူကို ဖမ်းမယ်။ ပြစ်ဒဏ်ပေးမယ်ဆိုပြီး လုပ်ပါတော့တယ်။
၁၉၀၅ ခုနှစ်မှာ စတင်တဲ့ဆန့်ကျင်မှုက ကာဂျာစ်ဘုရင် ရုရှားဆီပေးရမယ့် အကြွေးတွေကို ကန့်ကွက်ကြတာပါ။
၁၉၀၅ ခုနှစ်၊ဒီဇင်ဘာလမှာ တီဟီရန် မြို့မှာ ကုန်သည်နှစ်ဦးကို စျေးတင်တ ယ်လို့ဆိုပြီး ခြေဖဝါးကို ကြိမ်နဲ့ရိုက်တဲ့
ပြစ်ဒဏ်ကို ပေးပါတော့တယ်။ ပြီးရင် အီရန်ကုန်သည်တွေကို စျေးတင်ရဲရင်တင်ကြည့် အရေးယူမယ် ဘာညာ ဖြဲ ခြောက်ပါတော့တယ်။နဂိုထဲကမှစျေးကွက်ထဲမှာ ဥရောပထုတ်ကုန်တွေကို မယှဉ်နိုင်လို့ တိုင်ပတ်နေရတဲ့ကြားထဲအုပ်ချုပ်သူဘက်ကလည်း ကုန်ထုတ် လုပ်ငန်းအတွက် ဘာအရင်းအနှီးမတ ည်ကူညီတာမရှိဘဲ အခွန်နဲ့ ဂုတ်သွေးစုတ်နေလို့ မကြေနပ်စိတ်တွေကိန်းနေ တဲ့အီရန်ကုန်သည်တွေကန့်ကွက်ကြပါတော့တယ်။
အဲဒီလိုနဲ့ စျေးနှုန်းကိုလည်းမတင်၊စျေးလည်းမရောင်းတော့ဘူးဆိုကာ စျေးတွေပိတ်လာပါတော့တယ်။ဆေးရွက် ကြီးဆန့်ကျင်ရေးတုန်းကလည်း အီရန်ဘာသာရေးအလွှာက လူထုဦးဆောင် အကာအကွယ်ပေးခဲ့တော့ ဒီတကြိမ်မှာလည်း လူထုဟာ ဘာသာရေးအဆော က်အအုံရဲ့ အကာအကွယ်ကို ခိုလုံပြီး အုပ်ချုပ်သူ ဘုရင်ရဲ့ အာဏာကို အာခံကြပါတယ်။
တီဟီရန် ဗလီဝတ်ကျောင်းတော်ထဲ ဆန္ဒပြသူနှစ်စုခိုလုံပြီး အုပ်ချုပ်သူကို အာခံနေပါတော့တယ်။ကျန်တဲ့ဘာသာရေးလိုမျိုးပါပဲ။
အီရန်ရဲ့ ရှီအိုက် ကျောင်းတော်တွေဟာလည်း ပြစ်ဒဏ်ဘေးကင်းခွင့် ( sanctuary)အစဉ်အလာမျိုးက ရှိကြပါတယ်။
အစိုးရက လိုက်ဖမ်းရင်တောင် ဗလီထဲဝင်ပြေးသွားရင် အစိုးရဟာ အဲဒီသူကိုဝင်ဖမ်းဖို့အတွက် ကျောင်းတော်ထံမှာ ခွင့်ပြုချက် တောင်းရပါတယ်။
ဒါပေမယ့် ဒီတကြိမ်မှာတော့ ဘုရင်တ ပ်ဖွဲ့တွေက ကျောင်းတော်ထဲထိဝင်လာပြီး ဆန္ဒပြလူအုပ်ကို လူစုခွဲပါတော့တ ယ်။
အဲဒီလိုနဲ့ တီဟီရန် ဗလီရဲ့ အပြင်ဘက္မှာ ဘုရင်တပ်ဖွဲ့တွေနဲ့ဆန္ဒပြသူတွေကြား မှာ ဆွဲသူဆွဲ ရမ်းသူရမ်းနဲ့ဗရမ်းပတာ လုံးထွေးကုန်ကြပါတော့တယ်။
အဲဒီလိုနဲ့ ၁၉၀၆ ခုနှစ်၊ဇွန်နဝါရီလ ၁၂ ရက်ကိုရောက်လာပါတယ်။
အဲဒီနေ့မှာ ဘုရင်က ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်ကို လိုက်လျောပါတယ်။ ဘုရင်က သူ့ဝန်ကြီးချုပ်ကို ဖြုတ်ချပြီး တရားရေးလွတ်တော် (House of Justice) ကို အာဏာလွဲပေးပါတယ်။ တရားရေးလွတ်တော်ဆိုတာ နောက်ခါပေါ်ပေါက်လာမယ့် အီရန်လွတ်တော်ရဲ့ ရှေ့ပြေးလို့လည်း ပြောလို့ရပါတယ်။
အဲဒီပြဿနာက ဇစ်မြစ်က ရုရှားဆီကို ပြန်ဆပ်ရမယ့် အကြွေးကိစ္စနဲ့ အရင်းပြုဖြစ်လာတာပါ။
ရုရှားနဲ့ ဗြိတိန်ဆိုတာလည်း အီရန်ကို ဩဇာလွမ်းမိုးပြီး စိတ်ကြိုက်ချယ်လှ ယ်နေတာပါ။ရုရှားနဲ့ ဗြိတိန်ကလည်း အချင်းချင်းမတည့်ပါဘူး။
အဲဒီတော့ ရုရှားကိုပစ်မှတ်ဖြစ်နေတဲ့ကိစ္စအပေါ် ဗြိတိန်ကလည်း ဝင်ပြီးအ မြတ်ထုတ်ပါတယ်။
အဲဒီလို အခြေအနေရှုပ်ထွေးနေတုန်းမှာ ၁၉၀၆ ခုနှစ်အစောပိုင်းရက်တွေထဲ မိုဟာမက်ရဲ့ဆွေမျိုးမိသားစုဝင် ဆေးယဒ် (Sayyid)တဦးကို ဘုရင်တပ်ဖွဲ့ဝင်တွေက သတ်ဖြတ်လိုက်ပါတယ်။
ကော့ဆက့စ်မှာ ဆန္ဒပြသူ ၁၂ ယောက်သေဆုံးပြီး လူ ၁၀၀ ထိခိုက်ဒဏ်ရာရပါတယ်။စျေးတွေထပ်ပိတ်ပြီး ဘာသာဆေရာအူလမာ(Ulama)တွေကပါ သပိတ်မှောက်လာပါတော့တယ်။
ဆက်ရန်…
ကိုးကား…







