Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စီးပွားရေး ဆောင်းပါး သဘာဝပတ်ဝန်းကျင် အာရက္ခဒေသ

အာရက္ခဒေသက စိုက်ပျိုးရေးကဏ္ဍပြန် လည်ကောင်းမွန်လာဖို့ ဘာတွေလိုအပ်နေသလဲ

Author picture

By

BNA Author
Reading Time: 4 mins read
0
A A
0
SHARES
101
VIEWS
Share on FacebookShare on Twitter

ခိုင်ဇော်ရေးသားပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်တဲ့နေ့ကစပြီး စစ်ကောင်စီတပ်က ကုန်လမ်း၊ရေလမ်းအားလုံးအပါအဝင် ကုန်စည်စီးဆင်းမှုအားလုံးကိုလည်း ပိတ်ဆို့ကန့်သတ်လိုက်တာမို့ အာရက္ခပြည်သူလူထုတရပ်လုံး စားဝတ်နေရေး၊ကျန်းမာရေးအပါအဝင် အခက်အခဲစိန်ခေါ်မှုပေါင်းစုံနဲ့ရင်ဆိုင်ခဲ့ကြရပါတယ်။

အဲဒီအပြင် စစ်ကောင်စီတပ်က ဒရုန်းတွေ၊လက်နက်ကြီးတွေ၊အတွဲလိုက်ဒုံးတွေ၊ရေတပ်စစ်သင်္ဘောတွေ၊တိုက်လေယာဥ်တွေနဲ့ပစ်ခတ်တိုက်ခိုက်နေခဲ့တာမို့ အာရက္ခပြည်သူတွေ အသက်လုထွက် ပြေးနေခဲ့ကြရပါတယ်။

အဲဒီမတိုင်ခင်ကတည်းက ရာသီဥတုဖောက်ပြန်တာ၊သွင်းအားစုတွေဈေးကြီးတာတွေကြောင့် ယိုယွင်းထိခိုက်နေတဲ့ အာရက္ခဒေသက စိုက်ပျိုးရေးလုပ်ငန်းတွေဟာ မိုခါမုန်တိုင်းနောက်ပိုင်းပို မိုဆိုးဝါးထိခိုက်သွားခဲ့ပါတယ်။

ကမ္ဘာ့ရာသီဥတုပြောင်းလဲဖောက်ပြန်နေတာတွေကြောင့် မိုးခေါင်တာ၊ အချိန် အခါမဟုတ်မိုးရွာတာ၊ ရေရှားတာတွေကြုံနေကြရတာမှာ စစ်တပ်ကအာဏာ သိမ်းလိုက်ပြီးနောက် စိုက်ပျိုးရေးလုပ်ငန်းသုံးသွင်းအားစုတွေလည်း တဟုန်ထိုးဈေးတက်ခဲ့တယ်လို့ တောင်သူတွေက ဆိုကြပါတယ်။

အဲဒီကြားထဲမှာပဲ မိုခါမုန်တိုင်း၀င်လာ၊တိုက်ပွဲတွေဖြစ်လာပြန်တော့ ၀မ်းစာ၊မျိုးစပါး၊နေအိမ်၊ကျွဲနွားတွေပျက်စီး၊သေဆုံးရပြီး စိုက်ပျိုးရေးနဲ့အဓိကသက်မွေးကြတဲ့ အာရက္ခပြည်မှ တောင်သူ လယ်သမားတွေမှာ အရင်းအနှီးပျောက်ကာ သူတို့လယ်ယာတွေကိုအပြည့်အ၀ မထွန်ယက်နိုင်ကြတော့ဘူးလို့ တောင်သူလယ်သမားတွေက ဆိုကြပါတယ်။

အဲဒါကြောင့် အာရက္ခဒေသမှာ လယ်ယာစိုက်ပျိုးမှုဧကတွေ သိသိသာသာ လျော့နည်းလာခဲ့ပြီး ပြီးခဲ့တဲ့နှစ်မိုးရာသီကဆိုရင် စပါးစိုက်ဧက ထက်၀က်ထိ လျော့ကျသွားခဲ့တယ်လို့ လယ်သမားတွေက ဆိုကြပါတယ်။

အာရက္ခဒေသမှာ မိုးစပါးစိုက်ဧကတဆယ့်နှစ်သိန်းကျော်ရှိပေမယ့်ဧကခြောက်သိန်း၀န်းကျင်သာ ထွန်ယက်စိုက်ပျိုးနိုင်ခဲ့ကြတယ်လို့ တောင်သူလယ်သမားတွေက ဆိုကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲကြောင့် စစ်ဘေးရှောင်နေကြရတာ၊သွင်းအားစုဈေးကြီးတာ၊လယ်ယာထွက်ကုန် စပါးတွေရောင်းမထွက်တာ၊ဈေးအရနည်းတာကြောင့် အမြတ်ရဖို့ မသေချာတာမို့ စိုက်ဧက ထိုးကျသွားခဲ့ရတာလို့ လယ် သမားအဖွဲ့အစည်းတွေနဲ့ လယ်ယာလုပ် ငန်းလုပ်ကိုင်သူတွေက ဆိုကြပါတယ်။

ခုလိုသာ စပါးစိုက်ဧက လျော့ကျနေမယ်ဆိုရင် ဒေသတွင်း ရိက္ခာဖူလုံမှုကိုပါ ထိခိုက်လာနိုင်တာကြောင့် အချိန်မီကုစားကြဖို့လိုအပ်တယ်လို့လည်း ထောက်ပြမှုတွေ ရှိနေပါတယ်။

တဟုန်ထိုး လျော့ကျလာတဲ့ စိုက်ဧက

လယ်ယာလုပ်ငန်းနဲ့ အဓိက သက်မွေးကြတဲ့အာရက္ခပြည်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းနှစ်တွေကနေစပြီး စပါးစိုက်ဧကသိသိသာသာ လျော့နည်းလာခဲ့တာပါ။

၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလမှာ စစ်တပ်က တိုင်းပြည်အာဏာ‌တွေကို လုယူတော့ အခြေခံစားသောက်ကုန်တွေအပါအ၀င် မြေဆီ၊ ဓါတ်မြေဩဇာ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ဆေးဝါးတွေဟာ တဆကနေ လေးဆလောက်အထိ ဈေးတက်သွားပါတယ်။

အဲဒါကြောင့် အဲဒီနှစ်မိုးရာသီမှာပဲ အာရက္ခဒေသမှာစပါးစိုက်ဧကတသိန်း၀န်းကျင်လျော့သွားခဲ့တယ်လို့ တောင်သူလယ်သမားအဖွဲ့အစည်းတွေရဲ့အချက်အလက်တွေက ဆိုပါတယ်။

“ဓါတ်မြေဩဇာနဲ့ စိုက်လာကြတာ ကြာပြီလေ၊မြေတွေကိုယ်က ဓါတ်မြေဩ ဇာမရှိရင် စိုက်ရတာ အဆင်မပြေတော့ဘူး။” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ လယ်စိုက်လာတာ နှစ်ပေါင်းသုံးဆယ်ကျော်ရှိပြီဖြစ်တဲ့ လယ်သမားတဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး နောက်တနှစ် ၂၀၂၂ ခုနှစ်ကျပြန်တော့လည်း မိုးဦးကာလ မိုးခေါင်တာ၊မိုးနှောင်းကာလ မုန်တိုင်း၀င်တာ၊ရိတ်သိမ်းချိန် စစ်‌ကောင်စီတပ်ရဲ့ နှောင့်ယှက်မှုကြောင့် အချိန်မီ မရိတ်နိုင်တာနဲ့ ကြုံခဲ့ရပြန်ပါတယ်။

အဲဒီနှစ်မှာလည်း စပါးစိုက်ဧက သုံးသိန်း၀န်းကျင် လျော့ကျသွားခဲ့ပြီး အထွက်နှုန်းဟာလည်း အရင်ပုံနှစ်တွေကထက် သုံးပုံတစ်ပုံထိ လျော့နည်းသွားခဲ့တယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သ မားများသမဂ္ဂက ခန့်မှန်းခဲ့ပါတယ်။

နောက်တစ်နှစ် ၂၀၂၃ ခုနှစ်မှာတော့ မိုခါမုန်တိုင်း ထပ်၀င်ပြန်ပါတယ်။

၂၀၁၃ ခုနှစ်၊မေလ ၁၄ ရက်မှာ တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် အာရက္ခပြည်မှာ စိုက်ဧက‌လေးထောင်နီးပါး၊နေအိမ်သုံးသိန်းနီးပါး ပျက်စီးခဲ့ပြီး ကျွဲနွားကောင်ရေနှစ်သောင်းကျော်သေဆုံးခဲ့ပါတယ်။

အဲဒီလို မိုခါနောက်ဆက်တွဲ‌ ထိခိုက်မှုတွေကြောင့် လယ်သမားတွေမှာ အမိုး အကာအောက် ရောက်ရေး၊နေအိမ်တွေကိုသာ ဦးစားပေးပြန်ဆောက်ခဲ့ကြရတော့ လယ်သမားအများစုဟာ လယ် ယာတွေကို အရေးမစိုက်နိုင်၊လယ်စိုက်ဖို့ အရင်းအနှီးမတတ်နိုင်ကြတော့ပါဘူး။

“မျိုးစပါးတွေ‌ရော၊အိမ်ရော အကုန်ပါသွားတော့…လယ်ကိုပစ်ထားလိုက်တော့တာ အခုထိ။” လို့ မင်းပြားမြို့နယ်မှ လယ်ဧကသုံးဆယ်ကျော် နှစ်စဉ်ထွန်ယက်စိုက်ပျိုးလာခဲ့တဲ့ လယ်သမားတဦးက ပြောပါတယ်။

မိုခါအပြီး နှစ်၀က်အကြာမှာ စဖြစ်ခဲ့တဲ့ ဒေသတွင်းတိုက်ပွဲတွေ၊စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊လက်နက်ကြီး ပစ်ခတ်မှု‌တွေကြောင့်လည်း စပါးခင်းဧက သောင်းချီ ထပ်မံပျက်စီးခဲ့ရပါတယ်။

တိုက်ပွဲတွေနဲ့ဆက်စပ်ကာ နေရပ်စွန့်ခွာတိမ်းရှောင်နေရပြီး အချိန်မီမရိတ်သိမ်းနိုင်တာ၊လက်နက်ကြီးကျည်ကျ‌ရောက်ပေါက်ကွဲတာကြောင့် ပျက်စီးခဲ့ကြရတယ်လို့ တောင်သူလယ်သမားတွေက ဆိုကြပါတယ်။

အဲဒီအချက်တွေကြောင့် စပါးစိုက်ဧကခြောက်သိန်းထိ လျော့ကျသွားခဲ့ရတာလို့ အချက်အလက်တွေကဆိုပါတယ်။

ဒါဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကနေ ပြီးခဲ့တဲ့စပါးစိုက်ရာသီထိ လေးနှစ်တာကာလအတွင်း အာရက္ခပြည်မှာ စိုက်ဧက ထက်၀က်ထိ ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။

အထွက်နည်းပေမယ့် ဈေးကောင်းမရ

စိုက်ဧကလျော့ကျလာတာနဲ့အမျှ စပါးအထွက်နှုန်းကလည်း တပါတည်း ကျဆင်းလာတာပါ။စိုက်ပျိုးထွန်ယက်ကြတဲ့ လယ်ယာမြေပမာဏနည်းလာလို့ အထွက်နှုန်း လျော့ကျတာအပြင် ဓါတ်မြေ‌ဩဇာနဲ့ ဆေးဝါးတွေ အဆမတန်ဈေးတက်နေလို့အလုံအလောက် မသုံးနိုင်တာကြောင့်လည်း စပါးထွက်နှုန်း ပိုမိုလျော့ကျသွားပါတယ်။

မြေဆီ၊ မြေသြဇာ ပုံမှန်သုံးနိုင်၊ ပြည့်ပြည့်၀၀ ကောက်စိုက်နိုင်တဲ့ ယခင်နှစ်တွေတုန်းက လယ်တစ်ဧကကနေ စပါးတင်းခြောက်ဆယ်၀န်းကျင် ထွက်ခဲ့ပေမယ့်ခုနှစ်တွေမှာတော့သုံးဆယ်ငါးတင်း၊တင်းလေးဆယ်ခန့်သာ ထွက်တော့တယ်လို့ လယ်သမားတွေက ဆိုကြပါတယ်။

အဲဒီလို အထွက်နည်းရတဲ့စပါးတွေဟာလည်း ပြည်တွင်းစားသုံးသူတွေအတွက်သာ ရောင်းချကြရတာမို့ ဈေးကောင်းမရကြပါဘူး။

တိုက်ပွဲစပြီးနောက်ပိုင်း ပြည်မနဲ့ ဆက်သွယ်ထားတဲ့လမ်းကြောင်းတွေအားလုံးကို စစ်ကောင်စီတပ်က ပိတ်ထားလိုက်တာကြောင့် ဆန်၊စပါး၀ယ်သူတွေ နည်းသွားခဲ့တယ်လို့ တောင်သူလယ် သမားတွေက ဆိုကြပါတယ်။

“အရင်လို ပြည်ပတို့ ပြည်မတို့ကို မပို့ရတော့ ဈေးမရဘူး။၀ယ်မယ့်သူမရှိ။စပါးထားစရာတောင် အခက်အခဲ။” လို့ ပေါက်တောမြို့နယ်မှ လယ်သမားတဦးက ပြောပါတယ်။

အရင်နှစ်တွေက စပါးတင်းတရာကို ကျပ်သိန်းနှစ်ဆယ်၀န်းကျင်နဲ့ ၀ယ်သူတွေရှိခဲ့ပေမယ့် ခုနှစ်စပါးပေါ်ချိန်မှာတော့ တင်းတရာကို ကျပ်ဆယ့်ငါးသိန်းဝန်းကျင်သာ ဈေး‌ရှိနေပါတယ်။

“သေချာကောက်စိုက်၊မြေဆီ(ဓါတ်မြေဩဇာ) ကြဲထားတဲ့သူတွေမှာဆိုရင် ဒီလောက်ဈေးနဲ့အရင်းတောင်မရဘူး။” လို့ မြောက်ဦးမြို့နယ်မှ လယ်သမားတဦးက ပြောပါတယ်။

လယ်ယာလုပ်ငန်းကိုပဲ အဓိက မှီခိုနေကြတဲ့ အာရက္ခဒေသမှတောင်သူတွေဟာ ခက်ခက်ခဲခဲစိုက်ပျိုးခဲ့ကြရတဲ့ စပါးတွေ ဈေးအရင်းစိုက်၊လုပ်အားစိုက်ကာကောင်းမရတော့ ရင်းခဲ့ရတဲ့အရင်းတွေ နစ်နာကြရပြန်ပါတယ်။

“နောက်နှစ် တကွက်မှမထွန်တော့ဘူး။”လို့ ပြီးခဲ့တဲ့နှစ်မိုးရာသီမှာ လယ်ဧကထက်၀က်လျော့ချထွန်ယက်ခဲ့တဲ့ ပေါက်တောမြို့နယ်မှ လယ်သမားတစ်ဦးက ညည်းညူ ပြောဆိုပါတယ်။

စပါးအပြင် ဆောင်းသီးနှံစိုက်ပျိုးသူတွေမှာလည်း အလားတူအခက်အခဲမျိုးစုံနဲ့ ကြုံနေကြရပြီး ဆောင်းသီးနှံစိုက်ဧကလည်း တဖြေးဖြေးလျော့ကျလာခဲ့ပါတယ်။

အာရက္ခဒေသမှာ အများစုစိုက်ပျိုးကြတဲ့ ငရုတ်၊ခရမ်း၊ဂေါ်ဖီ၊ဖရဲစိုက်တောင် သူတွေဟာလည်း သွင်းအားစုတွေ ဈေးအလွန်ကြီးတာကြောင့် လျော့စိုက်နေကြရတယ်လို့ ဆိုပါတယ်။

ထွက်လာတဲ့ သီးနှံတွေဟာလည်း အရင်နှစ်တွေကလို ဈေးကွက်ကောင်း ကောင်းမရကြဘူးလို့ ဆိုကြပါတယ်။

ဆောင်းသီးနှံစိုက် တောင်သူတွေဟာအ ရင်တိုက်ပွဲမဖြစ်မီနှစ်ကတည်းက မြို့ပေါ်ဈေး‌တွေမှာ လက်ကားစနစ်နဲ့ ရောင်းချနိုင်ခဲ့ကြပေမယ့် ခုနှစ်မှာတော့ ကျေးလက်ဈေးတွေမှာသာ လက်လီရောင်းချနေကြရတယ်လို့ဆိုပါတယ်။

“ဈေးကောင်းရမယ်ထင်ပြီး အရင်း(အနှီး)ရော၊လုပ်အားရော အသားကုန်သွင်းထားတာ၊ အခု တစ်ပိဿာ လေး၊ ငါးထောင်နဲ့ အရင်းတောင် ရမယ်မထင်ဘူး။” လို့ မင်းပြားမြို့နယ်မှ ငရုတ်စိုက်တောင်သူတဦးက ပြောပါတယ်။

အဲဒီအပြင် ခရမ်း၊ဖရဲ၊ကန်ဇွန်း၊ဘူး၊ကြက်ဟင်းခါးစတဲ့ သီးနှံတွေ စိုက်ပျိုးကြတဲ့တောင်သူတွေမှာလည်း အရင်းကြီးပြီး အမြတ်နည်းတဲ့အခြေအနေနဲ့ ကြုံကြရတယ်လို့ ဆိုကြပါတယ်။

ရိက္ခာဖူလုံရေး အလေးပေးဖို့လို

အဲဒီလို စပါးနဲ့ ဆောင်းသီးနှံစိုက်ဧက လျော့ကျလာတာ၊အထွက်နှုန်းနည်းလာတာဟာ အာရက္ခပြည်တွင်းထုတ်လုပ်မှုတန်ဖိုး လျော့ကျကာ ရိက္ခာဖူလုံမှုကိုပါ ထိခိုက်လာနိုင်တာကြောင့် အမြန်ဆုံးကုစားဖို့ လိုအပ်တယ်လို့ တောင်သူလယ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ထောက်ပြကြပါတယ်။

“ဒေသ GDP ဝင်ငွေနည်းသွားတယ်၊နောက်ပြီး ဆန်စပါးစားသုံးသူတွေအပေါ်မှာ ဆန်စပါးရှားပါးပြီး ရိက္ခာဖူလုံမှုကိုသွားပြီး ထိခိုက်နိုင်တယ်။” လို့ လယ်သမားအရေးဆောင်ရွက်နေသူတဦးက ပြောပါတယ်။

အဲဒီအခြေအနေတွေဟာ စစ်တပ်ရဲ့ အာဏာသိမ်းမှုနောက်ဆက်တွဲ စိုက်ပျိုးရေးသွင်းအားစု‌ စျေးမြှင့်တက်တာ၊ရာသီဥတုဖောက်ပြန်ကာ မိုးနည်းတာ၊မိုခါနဲ့ ဒေသတွင်း တိုက်ပွဲကြောင့် အရင်းအနှီးပျောက်၊ဈေးကွက်နည်းလာတာတို့ကြောင့်ဖြစ်တယ်လို့ လယ်သမားအရေးဆောင်ရွက်သူတွေက ထောက်ပြကြပါတယ်။

‌အဲဒါကြောင့် အာရက္ခပြည်တွင်း ရိက္ခာဖူ လုံမှုရှိစေရေး၊ ပြည်တွင်းရိက္ခာပြည်တွင်းမှာ အပြည့် အ၀ထုတ်လုပ်နိုင်ရေး သက်ဆိုင်ရာအာဏာပိုင်တွေ၊လယ်သမားအဖွဲ့အစည်းတွေ၊တောင်သူလယ်သမားတွေ ပူးပေါင်းအဖြေရှာဆောင်ရွက်ကြဖို့ လိုအပ်နေပြီလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအပြင် အာရက္ခဒေသကစိုက်ပျိုးရေးပဏ္ဍပြန်လည်ကောင်းမွန်လာဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးကြဖို့ လိုအပ်တယ်လို့ တောင်သူလယ် သမားတွေက တောင်းဆိုနေကြပါတယ်။

အရင်ကတော့ နိုင်ငံတကာကူညီရေးအဖွဲ့တချို့က အာရက္ခဒေသတချို့ရှိတောင်သူလယ်သမားတွေကို ဓါတ်မြေဩဇာ၊မျိုးစေ့ထောက်ပံ့တာတွေ ရှိခဲ့ပေမယ့် ခုနောက်ပိုင်းမတွေ့ရသလောက်ပဲလို့ ‌လယ်သမားတွေက ဆိုကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ပေါက်တော၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊မြေပုံ၊ အမ်း၊တောင်ကုတ်၊သံတွဲ၊ဂွ၊ရမ်းဗြဲမြို့နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့နေရာတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေတယ်လို့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

ဒါပေမယ့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာ လယ်ယာစိုက်ပျိုးရေးနဲ့ ပက်သက်တဲ့ မူဝါဒတွေကို တိတိကျကျထုတ်ပြန်ထားတာ မရှိသေးဘူးလို့ တောင်သူလယ်သမားတွေက ဆိုကြပါတယ်။

အဲဒါကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် တောင်သူလယ်သမားအဖွဲ့အစည်းတွေ၊တောင်သူလယ်သမားတွေနဲ့ညှိနှိုင်းပြီး အစီအစဉ်တွေ ရေးဆွဲနေတယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတာဝန်ရှိသူတချို့က ဆိုကြပါတယ်။

တိုင်းပြည်တည်ဆောက်ရေးကဏ္ဍမှာ လယ်ယာစိုက်ပျိုးရေးဟာလည်း အရေးပါတာမို့ တောင်သူလယ်သမားတွေဟာလယ်ယာစိုက်ပျိုးရေးလုပ်ငန်းအပေါ် စိတ်ပါ၀င်စားမှု ပိုရှိလာအောင် ဝိုင်း၀န်းဖန်တီးပေးကြဖို့လိုအပ်တယ်လို့ အာရက္ခပြည်အခြေစိုက်တောင်သူလယ်သမားအရေးဆောင်ရွက်နေသူတွေက ထောက်ပြကြပါတယ်။

“တောင်သူတွေ စိုက်ချင်ပျိုးချင်လာအောင်ဈေးကွက်တွေဖန်တီးပေးဖို့လိုတယ်။အနည်းဆုံး ကိုယ့်ပြည်မှာစားဖို့ရိက္ခာ ကိုယ့်ပြည်တွင်းက ရဖို့လိုတယ်။” လို့ တောင်သူလယ်သမားအရေးဆောင်ရွက်နေသူတဦးကပြောပါတယ်။

PrevPreviousမောင်တောမြို့နယ်မှာ အာရက္ခတပ်တော်က မိုင်းရှင်းလင်းရေးတွေပြုလုပ်နေ
Nextရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေကို စစ်ရေးလေ့ကျင့်ပေးနေNext
Previous Post

မောင်တောမြို့နယ်မှာ အာရက္ခတပ်တော်က မိုင်းရှင်းလင်းရေးတွေပြုလုပ်နေ

Next Post

ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေကို စစ်ရေးလေ့ကျင့်ပေးနေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အာရက္ခဒေသမှာ လေကြောင်းအန္တရာယ် အထူးသတိပြုဖို့ တော်လှန်ရေးအစိုးရ တိုက်တွန်း

March 13, 2026

မြောက်ဦးမြို့နယ်ကစစ်ဘေးရှောင်တွေအကူအညီတွေ လိုအပ်နေ

March 13, 2026

အီရန်ရဲ့ဝါးဒတ်မှသည်မိုစတီးဘဒ်သို့ ၃

March 13, 2026

မောင်တောမြို့နယ်ကမြိုလူမျိုးတွေ စားဝတ်နေရေးအကူအညီတွေလိုအပ်နေ

March 13, 2026

အရှေ့အလယ်ပိုင်းသို့အမေရိကန် နာဗီတပ်ဖွဲ့ဝင် ၂,၅၀၀ နဲ့ သင်္ဘောအုပ်စုစေလွှတ်

​ပြည်တွင်းပဋိပက္ခ သက်ဆိုးရှည်ရတာဟာ လက်နက်ကိုင်အဖွဲ့တွေရဲ့ကိုယ်ကျိုးစီးပွားကြောင့်လို့ စစ်ခေါင်းဆောင်စွပ်စွဲ

အာရက္ခဒေသမှာ လေကြောင်းအန္တရာယ် အထူးသတိပြုဖို့ တော်လှန်ရေးအစိုးရ တိုက်တွန်း

အီရတ်မှာ အမေရိကန်ဆီဖြည့်လေယာဉ်တစင်း ပျက်ကျလို့လေယာဉ်အမှုထမ်း ၆ ဦး သေဆုံး

မြောက်ဦးမြို့နယ်ကစစ်ဘေးရှောင်တွေအကူအညီတွေ လိုအပ်နေ

မြောက်ဦးမြို့နယ်ကစစ်ဘေးရှောင်တွေအကူအညီတွေ လိုအပ်နေ

Releated Post

အရှေ့အလယ်ပိုင်းသို့အမေရိကန် နာဗီတပ်ဖွဲ့ဝင် ၂,၅၀၀ နဲ့ သင်္ဘောအုပ်စုစေလွှတ်

March 14, 2026
ဓာတ်ပုံ - စစ်ကော်မရှင်တပ်

​ပြည်တွင်းပဋိပက္ခ သက်ဆိုးရှည်ရတာဟာ လက်နက်ကိုင်အဖွဲ့တွေရဲ့ကိုယ်ကျိုးစီးပွားကြောင့်လို့ စစ်ခေါင်းဆောင်စွပ်စွဲ

March 14, 2026

အာရက္ခဒေသမှာ လေကြောင်းအန္တရာယ် အထူးသတိပြုဖို့ တော်လှန်ရေးအစိုးရ တိုက်တွန်း

March 13, 2026

အီရတ်မှာ အမေရိကန်ဆီဖြည့်လေယာဉ်တစင်း ပျက်ကျလို့လေယာဉ်အမှုထမ်း ၆ ဦး သေဆုံး

March 13, 2026

မြောက်ဦးမြို့နယ်ကစစ်ဘေးရှောင်တွေအကူအညီတွေ လိုအပ်နေ

March 13, 2026

မြောက်ဦးမြို့နယ်ကစစ်ဘေးရှောင်တွေအကူအညီတွေ လိုအပ်နေ

March 13, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page