Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်တွေခရိုင် ဆောင်းပါး ပေါက်တောမြို့နယ် အမျိုးသမီးကဏ္ဍ အာရက္ခဒေသ

အိမ်ပြန်မယ့်လမ်း ဝေဝါးစမ်းကွယ်

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
89
VIEWS
Share on FacebookShare on Twitter

ဇာနည် ရေးသားသည်။

တဖြည်းဖြည်းနှင့်နည်းလာသည့်ဆေးများကိုကြည့်ရင်း မနွယ်နွယ်တစ်ယောက် သက်ပြင်းအကြိမ်ကြိမ်ချနေမိသည်။နှစ်ရှည်လများကုနေရသည့် သူမအမေ၏ ကျောက်ကပ်ရောဂါမှာ လက်ကျန်ဆေးများပေါ်မှာ မှီခိုနေရခြင်းဖြစ်သည်။ဆေးများပြတ်သွားလျှင် ဘာဆက်ဖြစ်မလဲဆိုသည်ကို မနွယ်နွယ်တစ်ယောက် ဆက်မတွေးရဲပါ။

သူမအမေ၏ သောက်နေကျဆေးများ မပြတ်ဖို့နှင့်ရန်ကုန်မှမှာထားသောဆေးများ အချိန်မှီရောက်လာဖို့ကိုသာ မနွယ်နွယ်နေ့တိုင်းစောင့်နေမိသည်။ဆေးများကို လူကြုံနှင့်မှာထားသည်မှာလနဲ့ချီပြီး ကြာမြှင့်နေပြီဖြစ်သည်။

ဇွန်လ၏ မိုးရေစက်များကြားတွင် မနွယ်နွယ် ရင်မဆိုင်လိုသော နေ့ရက်များ မကြာခင်မှာ ဆိုက်ရောက်လာပါသည်။လူကြုံနှင့် မှာထားသောဆေးများမှာ စစ်ကောင်စီဂိတ်တစ်ခုကို ဖြတ်သောအ ခါတွင်  ဖမ်းဆီးခြင်းခံလိုက်ရသည်။ဆေးများနှင့်အတူ အခြားသောကုန်ပစ္စည်းများကိုလည်း စစ်ကောင်စီဂိတ်မှ ဖမ်းဆီးထားလိုက်သည်။သတင်းကိုကြားကြားချင်းပင် မနွယ်နွယ်၏ရင်တွင် အမည်ဖော်ပြလို့မရသည့်ဝေဒနာက ဆို့တက်၍လာပါသည်။​

စစ်ကောင်စီထိန်းချုပ်ရာမြို့များမှအာရက္ခတပ်တော်ထိန်းချုပ်ထားသော မြို့များကို ခရီးသွားလာခွင့်နှင့်ကုန်စည်စီးဆင်းမှုများကို စစ်ကောင်စီဖက်မှ တင်းတင်းကျပ်ကျပ်နှင့်ပိတ်ပင်ထားသည်။ ခရီးသွားလာသူများနှင့်ကုန်ပစ္စည်းပို့ဆောင်သူများကိုလည်း စစ်ကောင်စီဖက်မှ ဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။ကုန်စည်စီးဆင်းမှုအား စစ်ကောင်စီဖက်မှပိတ်ထားလိုက်သောအခါရခိုင်ဒေသတစ်ခုလုံးတွင် ဆေးဝါးရှားပါးမှုနှင့် ကုန်ပစ္စည်းပြတ်လပ်မှုများကို ကြုံလာရသည်။​

မနွယ်နွယ်မှာ အမေဖြစ်သူ၏ ရောဂါအားကုသရန် ဖြေရှင်းဖို့နည်းလမ်းမှာ တစ်ခုသာရှိပါတော့သည်။ရန်ကုန်သို့ ဆေးခန်းသွားပြရန်ဖြစ်သည်။ဤဆုံး ဖြတ်ချက်ကိုချဖို့ မနွယ်နွယ်မဝံ့မရဲ။အမေနှင့်သမီးနှစ်ယောက်သာရှိသော မိသားစုတွင် အမေဖြစ်သူသာအသက်သေသွားမည်ဆိုပါက မနွယ်နွယ်အဖို့ ကမ္ဘာကြီးတစ်ခုလုံး ပြိုကျသလိုပင်ဖြစ်သည်။

အမေ သေလို့မရဘူးဆိုသည့် ဆုံးဖြတ်ချက်ကြောင့်သာ ရန်ကုန်ကို ဆေးကုဖို့ရောက်အောင်လာခဲ့တာလို့ မနွယ်နွယ်က နောက်ပိုင်းတွင် ပြောပြသည်။

အာရက္ခတပ်တော်ထိန်းချုပ်ရာနယ်မြေမှ ရန်ကုန်မြို့ကို သွားရမည်ဆိုသည့် အကြောင်းကို မနွယ်နွယ်တခါမှမစဉ်းစားခဲ့ဖူးပေ။

“ပတ်ဝန်းကျင််မှာဆေးပြတ်လို့ သေတဲ့သူတွေရဲ့ သတင်းတွေကို ကြားနေရတ ယ်။ငါ့အမေသာဒီလိုမျိုးဖြစ်သွားရင်ဆိုတဲ့ စိတ်နဲ့တရက်မှကို အိပ်မပျော်နိုင်ခဲ့ဘူး။မတတ်သာတဲ့အဆုံးမှ ရန်ကုန်ကို ထွက်လာခဲ့ကြတာ။”ဟု မနွယ်နွယ်က ပြောပြသည်။

တိုက်ပွဲများပြင်းထန်နေသည့် ကြားတွင်အာရက္ခတပ်တော်ထိန်းချုပ်ရာနယ်မြေမှရန်ကုန်မြို့ကို လာမည်ဆိုသည့်ကိစ္စမှာ လွယ်ကူသောကိစ္စမဟုတ်ပေ။

အာရက္ခတပ်တော်နှင့် စစ်ကောင်စီကြားတိုက်ပွဲများ စတင်သည့် ၂၀၂၃ခုနှစ်၊နို ဝင်ဘာလမှကုန်လမ်း၊ရေလမ်းအပါအဝင် ရန်ကုန်မှရခိုင်သို့သွားရောက်ရသည့် လမ်းများအားလုံးကို စစ်ကောင်စီဖက်မှ ပိတ်ထားလိုက်သည်။

ထို့အပြင်အရပ်သားပြည်သူများကို စစ်ရေးပစ်မှတ်အဖြစ် စစ်ကောင်စီတပ်ဖက်မှ တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလာခြင်းများကို စစ်ကောင်စီဖက်မှပိတ်လိုက်သည့်အခါ ရခိုင်ဒေသတခုလုံးတွင် ကုန်ပစ္စည်းပြတ်လပ်မှုနှင့်ဆေးဝါးပြတ်လပ်မှုများဖြင့် စတင်ကြုံလာရသည်။

အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်ဖက်မှဝင်လာသော ဆေးဝါးများရှိသော်လည်း လုလောက်သောဆေးဝါးကို လူတိုင်းမရရှိနိုင်ခဲ့ပေ။

ဒေသတွင်း ဆေးဝါးရှားပါးမှု၏ နောက်ဆက်တွဲအနေဖြင့် နှစ်ရှည်ရောဂါသည်များနှင့်ကလေးသူငယ်များအပါအဝင် ရခိုင်ဒေသတခုလုံးသည် ဆေးဝါးပြတ်လပ်မှုဒဏ်ကို ပြင်းထန်စွာခံစားလာရသည်။

ဆေးဝါးပြတ်လပ်မှုဒဏ်၊အာဟာရပြတ်လပ်မှု၊ဆေးနှင့်ဆက်စပ်ပြီး လုံလောက်သောအရင်းအမြစ်များနည်းပါးမှုတို့ နောက်ဆက်ဆွဲတွင် အာရက္ခတပ်တော်ထိန်းချုပ်ရာနယ်မြေ၌ အသေအပျော က်လူဦးရေကိန်းဂဏန်းမှာ ပိုတိုးလာခဲ့သည်။

ဆေးကုရန်အတွက်ဖြစ်စေ၊ကျောင်းတက်ရန်အတွက်ဖြစ်စေ စစ်ကောင်စီထိန်းချုပ်ရာနယ်မြေများကို သွားရောက်မည်ဆိုပါက အာရက္ခတပ်တော်အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံစာရရှိမှသာ ခ ရီးသွားလာခွင့် ပြုမည်ဖြစ်သည်။

အာရက္ခတပ်တော်အုပ်ချုပ်ရေးမှူးဖြစ်သူ၏ ခွင့်ပြုချက်မရရှိပါက စစ်ကောင်စီထိန်းချုပ်ရာနယ်မြေကို ခရီးသွားလာခွင့်မရရှိနိုင်ပေ။ထိုအကြောင်းကို ခရီးသွားခါနီးမှ မနွယ်နွယ်သိရှိရသည်။

မနွယ်နွယ်မှာ အသက်ပြည့်ထားသူတစ်ယောက်ဖြစ်သဖြင့် အာရက္ခတပ်တော်အုပ်ချုပ်ရေးဆီမှခရီးသွားလာရန်ထောက်ခံစာမရရှိခဲ့ပေ။မိခင်နှင့်အတူ ဆေးကုသရန် ရန်ကုန်ကို သွားရောက်မည့် အကြောင်းပြောပြသော်လည်း တိုက်ပွဲများပြင်းထန်နေသဖြင့် ကျောက်ဖြူမှတဆင့် ရန်ကုန်သို့သွားရောက်ခွင့်ကို ပိတ်ပင်ခံထားလိုက်ရသည်။

မျှော်လင့်ချက်များမဲ့ကာ ဇွန်လ၏မိုးရေစက်များအောက်တွင် မျက်ရည်စမ်းစမ်းဖြင့် မနွယ်နွယ်တစ်ယောက်ထိုင်ငိုနေမိသည်။

စစ်ပွဲ၏ အနိဋာအာရုံမှာ သူမ၏ မိခင်နှင့်သူမကိုသေကွဲခွဲရန် ကြံစည်လျက်ရှိသည်။အိမ်ပြန်ပြီး အမေ့အသက်ကို အသေခံလိုက်မလား။တောလမ်းမှရန်ကုန်သို့ ရောက်အောင်သွားမလားဆိုသည့် ရွေးချယ်စရာများသာ ရှိတော့သည်။​

မမျှော်လင့်ထားသော ရပ်ကွက်သတင်း စကားများအရ ပွဲစားမှတဆင့်ဆက်သွယ်ကာ ရန်ကုန်ကို ကားနဲ့သွားလို့ရန်ိုင်သည့်လမ်းခရီးရှိသည်ဟု ကြားမိသဖြင့် မနွယ်နွယ်နှင့်သူ့မိခင်တို့မှာ မျှော်လင့်ချက်ရောင်ခြည်ပြန်သန်းလာခဲ့သည်။

သူတို့မိသားစုလိုပင် ရန်ကုန်သို့ ဆေးသွားကုရန် သက်ကြီးရွယ်အိုသုံးဦးအပါအဝင် အမျိုးသမီးငယ်တစ်ဦးနှင့်အဖော်စပ်မိသည်။အခြားအဖော်များနှင့်အတူ ရိုးတောင်ကို တောင်ကုတ်လမ်းမှတဆင့် ဖြတ်ရမည်ကို မနွယ်နွယ်စိတ်လှုပ်ရှားနေမိသည်။

ထိုခရီးကိုယခင်ကသွားဖူးခြင်းမရှိသော်လည်း အဖော်များပါရှိသဖြင့် အားတက်သရောရှိလှသည်။ထို့ကြောင့်ပင် ပွဲစားကို ယုံယုံကြည်ကြည်ဖြင့် လို က်ပါလာခဲ့ခြင်းဖြစ်သည်။

ရမ်းဗြဲ ဇင်ချောင်းမှတဆင့် မအီဖက်ကို သွားသည့်လမ်းတွင် တစ်ဦးကို ဆယ်သိန်းနှုန်းဖြင့် ပွဲစားအား ခရီးစရိတ်အဖြစ် ငွေပေးချေခဲ့ရသည်။

မအီချောင်းကိုရောက်သည့်အခါတွင် အခက်အခဲကို စကြုံရသည်။မအီချောင်းတံတားနှင့်ကျောက်ကြီးပေါက်တံတားတို့မှာ စစ်ကောင်စီတပ်များ ဆုတ်ခွာပြေးသည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကပင်် မိုင်းခွဲကာ ဖောက်ခွဲဖျက်ဆီးခြင်းခံခဲ့ရပြီဖြစ်သည်။ထို့ကြောင့်ပင် ရေလမ်းမှမအီချောင်းကို ကူးလာခဲ့ရသည်ဟု သူမကဆိုသည်။

ပွဲစားဖြစ်သူမှာ မအီကပင် လမ်းပြများနှင့်မနွယ်နွယ်တို့အဖွဲ့ကို ထည့်ပေးလိုက်ကာ နောက်ခရီးသည်များရှိသေးသည်ဆိုပြီးအကြောင်းပြချက်နှင့်မအီမှလ မ်းခွဲပြီး ထွက်သွားခဲ့သည်။မအီမှ တော င်ကုတ်ကို ရက်တွင်းချင်း မနွယ်နွယ်တို့အဖွဲ့ ရောက်ရှိလာသည်။တောင်ကုတ်မြို့ပြင်ဂိတ်တွင် စစ်ကောင်စီတပ်သားများမှာ မြို့အဝင်အထွက်ကို တင်းကျပ်ထားသည့်အပြင် ဖမ်းဆီးမှုများကို ဆ က်တိုက်ပြုလုပ်နေသဖြင့်တောလမ်းများမှနေ နာရီဝက်ကျော်လောက် လမ်းလျှောက်ကာ မြို့ထဲသို့ ဝင်လာခဲ့ရသည်။ 

တောင်ကုတ်မြို့တွင် တညအိပ်ပြီး နောက်တရက်နေ့တွင် ရိုးတောင်ကို စပြီးဖြတ်ကျော်လာရသည်။ သို့သော်လည်း ပွဲစားကပြောသလို ကားဖြင့်ဖြတ်ရသည်မျိုးမဟုတ်ပဲ ဆိုင်ကယ်ကယ်ရီဖြင့် မိုးသည်းထန်စွာရွာသောအချိန်တွင် တောလမ်းမှတဆင့် ဖြတ်ရခြင်းဖြစ်သည်။

“တောင်ကုတ်ကထွက်ပြီး ရိုးမကို စပြီးကျော်တဲ့ အချိန်ကစပြီး ပွဲစားကို ဖုန်းဆက်တာ ဆက်မရတော့ဘူး။ဖုန်းကိုပါ စက်ပိတ်လိုက်တယ်။” လို့ မနွယ်နွယ်က ပြောပြသည်။

လမ်းခရီးတဝက်ရောက်သည့်အခါမှ ပွဲစားထံတွင် အလိမ်ခံလိုက်ရမှန်းသိသော်လည်း လှည့်ပြန်ရန်အခက် ရှေ့ဆက်ရန်အခက်ဖြင့် မနွယ်နွယ်တို့ ကြုံခဲ့ရသည်။

မိခင်ကျန်းမာရေးအတွက် ဆေးကုရန်မဖြစ်မနေလိုအပ်နေသဖြင့် ရန်ကုန်သို့ရ အောင်သွားရန်မှအပ အခြားမရွေးစရာမရှိတော့ပါ။​ တောင်ကုတ်မှရခိုင်ရိုးမကို ဖြတ်ပြီး ပြည်သို့သွားရန်လမ်းမှာ ခရီးအားဖြင့် ၁၀၆ မိုင်ရှည်လျားပြီး ပုံမှန်ခရီးဆိုပါက ကားဖြင့်သွားလျှင် ၆ နာရီနီးပါးခန့် ကြာမြင့်သည်။တိုက်ပွဲများပြင်းထန်နေသည့်ကြားတွင် ထိုခရီးကို ဖြတ်ရအုံးမည်။မနွယ်နွယ်မှာတွေးရင်း ကြက်သီးမွေးများ ဖြည်းညှင်းစွာထလာသည်။

ကားလမ်းမပေါ်တွင် စစ်ကောင်စီဂိတ်များရှိသည့်အပြင် စစ်ဘေးရှောင်သည့် ပြည်သူများကို စစ်ကောင်စီဖက်မှ ဖမ်းဆီးခြင်းများ၊သတ်ဖြတ်ခြင်းများပြုလုပ်နေသောအခါ မနွယ်နွယ်တို့ ပုံမှန်ကားလမ်းမှသွားရန် မဖြစ်နိုင်တော့ပါ။​

ထို့အပြင် မနွယ်နွယ်သိထားသည်မှာ ဆိုင်ကယ်နဲ့သွားပြီး တနာရီလောက်လမ်းလျှောက်ပါက ပြည်ဖက်ကိုရောက်ရှိနိုင်သည်ဟု ယုံကြည်ထားသည်။

ဒေသခံလမ်းပြနှစ်ဦးပြောပြမှသာ ညအိပ်၍သွားမှ ရောက်နိုင်မည်ဆိုသောအခါ မနွယ်နွယ်ဆို့နင့်သွားသည်။အနီးအနားရှိ စစ်ကောင်စီတပ်များမှာလည်း နေ့စဉ်ရက်ဆက် လှည့်ကင်းများပြုလုပ်လျက်ရှိသလို ရိုးတောင်ထက်တွင် ထောင်ထားသောမိုင်းများမှာ မရေမတွက်နိုင်အောင် များပြားသည်။ထိုမိုင်းများကိုသာ နင်းမိပါက အချိန်မရွေး အသက်သေဆုံးသွားနိင်သည်။

နေ့အချိန်တွင်ခရီးဆက်လျှင် စစ်ကောင်စီတပ်သားများ မြင်မိမှာစိုးသဖြင့်ညဖက်တွင်သာ ခရီးဆက်ခဲ့ရသည်။အချို့နေရာများတွင် ရေတံခွန်လိုမြင့်သော တောင်များကို တက်ခဲ့ရသည်။ မိုးရာသီမကုန်သည့်အပြင် တောလမ်းကိုလည်း ညအချိန်တွင် ဖြတ်သန်းရသောအခါ မြွေကြွက်ကြီးများကိုက်ခြင်း မျော့များတွယ်ခြင်းကို အလူးအလဲကြုံခဲ့ရသည်ဟု သူမကပြောပြသည်။

တခါတလေတွင်မှု လူသံများကြားမိသည်နှင့် ရောက်သောနေရာတွင် ပုန်းလိုက်ရသည့် အချိန်လည်းရှိသည်။တောလမ်းများကို ခြေကျင်ဖြတ်သန်းလာရသည့်အပြင် သက်အိုးရွယ်အိုများနှင့်ကျန်းမာရေးမကောင်းသူများပါသ ဖြင့် လမ်းခရီးမှာ ထင်သလောက်မတွင် ကျယ်ခဲ့ပေ။

“တောင်တက်ရင်းနဲ့ ပါလာတဲ့ အန်တီတယောက်ရဲ့ခြေက ရောင်လာတော့ ဆက်မသွားနိုင်တော့ဘူး။အဲအချိန်မှာ ကျွန်မတွေးမိတာက ဒီနေရာမှာသာ ငါသေခဲ့ရင်လည်း တွင်းတူးဖို့ လူတောင်မရှိလို့ ဒီအတိုင်း ပစ်ထားခဲ့ရတော့မှာပါလားဆိုပြီး မျက်ရည်ကျမိတယ်။” လို့ ဆို့နစ်နေသောအသံဖြင့် မနွယ်နွယ်က ပြောပြသည်။​

တောင်ပေါ်ခရီးကို ဆက်သွားရင်း ညအိပ်ရန် နီးစပ်ရာတောင်တစ်လုံးကို တက်ရောက်ဖို့ ဒေသခံလမ်းပြများက ဆုံးဖြတ်လိုက်ကြသည်။

တောင်ပေါ်ရောက်ဖို့ နှစ်နာရီကျော်တက်ရသောအခါ နာကျင်မှုက မခံမရပ်ဖြစ်လာသဖြင့် မြေကြီးပေါ်တွင် မိခင်နဲ့အတူထိုင်ပြီး ငိုချမိလိုက်သည်ဟုမနွယ်နွယ်က ပြန်ပြောပြသည်။

ညအိပ်ရန်တဲပေါ်ကိုရောက်သည့်အခါတွင် အတူပါလာသော သက်ကြီးပိုင်းသုံးဦးနှင့်အမျိုးသမီးငယ်တို့မှာ စိတ်ဓာတ်ကျဆင်းမှုများဖြစ်လာသည်။

ထိုညက မနွယ်နွယ်တို့ တဖွဲ့လုံးမှာ ထမင်းမစားခဲ့ရပါ။မီးအလင်းရောင်မြင်လျှင် စစ်ကောင်စီတပ်သားများ ရောက်လာမည်ဖြစ်သောကြောင့် မိုးယိုသောတဲမှာပင် ဖြစ်သလိုဖြင့် အိပ်စက်ခဲ့ကြရသ ည်။

မနက် ၄ နာရီထိုးသည်နှင့်လမ်းပြများက ခရီးဆက်ရန် မနွယ်နွယ်ကို လာနှိုးသည်။

မနက်လင်းသည်နှင့်စစ်ကောင်စီတပ်သားများ ကင်းပတ်လျှင် ဖမ်းဆီးခြင်းတို့ကို ခံရနိုင်သဖြင့် မနက်အာရုံချိန်တွင် ခရီးကို ဆက်တိုက်သွားရမည်ဖြစ်သ ည်ဟု လမ်းပြများက ပြောသည်။

တောင်ပေါ်လမ်းကို ၇ နာရီလောက် လမ်းလျှောက်ပြီးသည့်အချိန်မှ မနက် ၁၁ နာရီအချိန်တွင် ပဲခူးအစပ်ကြား ဥသျှစ်ပင်ကို မနွယ်နွယ်တို့ ရောက်လာခဲ့သ ည်။

ဥသျှစ်ပင်ရှိ စစ်ကောင်စီဂိတ်များမှာ လုံခြုံရေးတင်းကျပ်ထားသည့်အပြင် စစ်ဆေးရေးမှာလည်း ပိုမိုပြီးပြင်းထန်သည်။

တောလမ်းထဲတွင် စစ်ကောင်စီတပ်သားများ လုံခြုံရေးရှင်းမည့်အချိန်ကို စောင့်ရင်း ညနေဖက်ကိုသာ တဖြည်းဖြည်း ရောက်လာခဲ့သည်။

ထိုအချိန်က ကြုံခဲ့ရသော ဆာလောင်မှုသည် လူ့သက်တမ်းတလျှောက်တွင် ကြုံခဲ့သမျှ အပြင်းထန်ဆုံးသော ဆာလောင်မှုဖြစ်လိမ့်မည်ဟု မနွယ်နွယ်က ပြောပြသည်။

နောက်ဆုံးကြုံရာမရသည့်အဆုံးတွင် တောမှနေမျှစ်လာရောင်းသော သူများကဲ့သို့ ဟန်ဆောင်ကာ စစ်ကောင်စီဂိတ်ကို ဖြတ်ခဲ့ရသည်။

ထိုဂိတ်ကို ဖြတ်ပြီးသောအချိန်ရောက်မှသာ အသက်ရှိသေးပါလားဆိုကာ ကိုယ့်ကိုကိုယ် အံ့ဩမင်သက်ခဲ့မိကြောင်း မနွယ်နွယ်က ပြောပြသည်။

ဥသျှစ်ပင်မှနေ ပြည်ပကိုသွားသည့်အခါတွင် လမ်းတွင်တွေ့ရသော ကြုံရာကားကိုတက်စီးကာ ရောက်ရှိလာခြင်းဖြစ်သည်။

ပြည်မြို့တွင်လည်း ရခိုင်စစ်ဘေးရှောင်များရောက်ရှိနေမှုနဲ့အတူ စစ်ကောင်စီဖက်မှဖမ်းဆီးခြင်းများကို ရှောင်ရှားရန်အတွက် ပြင်ဆင်ရကာ ရထားစီးပြီးမှ ရန်ကုန်ကို ရောက်ရှိလာခဲ့ခြင်းဖြစ် သည်ဟု မနွယ်နွယ်က ပြောပြသည်။

“ဇာတ်ကားတွေထဲမှာ တွေ့ရတဲ့စွန့်စားခန်းတွေထဲကို ရောက်သွားသလားလို့တောင်ထင်ရတယ်။အဲအချိန်မှာ ကြုံခဲ့ရတဲ့ ကြောက်ရွံံ့မှု၊အားငယ်မှု၊ဆာလောင်မှုတွေကို ပြန်စဉ်းစားမိရင် ကြက်သီးတောင်ထမိပါတယ်။”လို့ မနွယ်နွယ်က သူမဖြစ်စဉ်ကို ပြောပြသည်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲတွင် အာရက္ခတပ်တော်က ပေါက်တောမြို့အပါ အဝင်မြို့အများစုကို တိုက်ခိုက်သိမ်းပိုက်ထားသော်လည်း ရခိုင်သို့တရားဝင်သွားလာဖို့ခက်ခဲနေတုန်းဖြစ်သည်။

သို့သော်လည်း ရန်ကုန်မြို့တွင်စစ်မှုထမ်းဥပဒေအကြောင်းပြချက်ဖြင့် ဖမ်းဆီးမှုများနေသည့်အပြင် ရခိုင်လူမျိုးများကို လူမျိုးရေးအရပစ်မှတ်ထားဖမ်းဆီးနေမှုများလည်း ရှိနေသည်။

ထို့ကြောင့် မနွယ်နွယ်တစ်ယောက် ရခိုင်သို့ပြန်ခွင့်ရမည့်ရက်ကို မျှော်လင့်စောင့်စားနေသော်လည်း အိမ်ပြန်ရမယ့်နေ့ရက်များမှာ စမ်းတဝါးဝါးနှင့် မသေချာမရေရာဖြစ်နေသေးသည်။

“ခုလားအိမ်ပြန်ချင်တာပေါ့။ဒီမှာကလည်း စစ်မှုထမ်းဥပဒေကိုကြောက်ရ၊ရခိုင်တွေကို ဖမ်းဆီးတာတွေက ပိုများလာတော့။အမေကျန်းမာရေး အဆင်ပြေတာနဲ့အိမ်ကိုချက်ချင်းပြန်မှာပေ့ါ။”
ဟု မနွယ်နွယ်က စိတ်အားထက်သန်စွာဖြင့်ပြောသည်။

သို့သော်လည်း မနွယ်နွယ်တို့အိမ်ပြန်မယ့်လမ်းမှာ ယခင်ခရီးစဉ်ထက် ပိုမိုကြမ်းတမ်းမည်လားဆိုသည်ကို မနွယ်နွယ်တစ်ယောက်စဥ်းစားမိရင်း သက်ပြင်းအချို့ကို မှုတ်ထုတ်လိုက်လေတော့သည်။

PrevPreviousကျောက်ဖြူမှာ တရုတ်ရေနံတင်သင်္ဘောတွေ ပုံမှန်ဝင်ထွက်သွားလာနေ
Nextစစ်ဘေးရှောင်တွေ နိုင်ငံတကာအကူအညီတွေလိုအပ်နေNext
Previous Post

ကျောက်ဖြူမှာ တရုတ်ရေနံတင်သင်္ဘောတွေ ပုံမှန်ဝင်ထွက်သွားလာနေ

Next Post

စစ်ဘေးရှောင်တွေ နိုင်ငံတကာအကူအညီတွေလိုအပ်နေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​အာရက္ခဒေသတိုက်ပွဲတွေမှာကလေးနဲ့ အမျိုးသမီးအများစုသေဆုံး

March 15, 2026

အာရက္ခဒေသမှာ နှစ်နှစ်အတွင်း အရပ်သား ၁,၂၀၀ ကျော်သေဆုံးခဲ့

March 15, 2026

မြန်မာအမျိုးသမီးဆယ်သန်းကျော်အကူအညီတွေ အရေးပေါ်လိုအပ်နေ

March 14, 2026

ငါးနဲ့ရေသယံဇာတတွေ စနစ်တကျထိန်းသိမ်းသုံးစွဲဖို့ အာရက္ခအစိုးရသတိပေး

March 14, 2026

ပဲခူးတိုင်း PDF အမှတ် ၂ စစ်ဆင်ရေးနယ်မြေ အခြေခံစစ်သင်တန်းဆင်းပွဲ

ထိုင်းမှာ စိတ်ကြွဆေးပြား ၄ သန်းကျော်နဲ့ တရားခံ ၃ ဦး ဖမ်းမိ

အမေရိကန်ဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အီရန်ထုတ်ပြန်

ကစယ်ဒိုမှာ KTLAတပ်ဖွဲ့တိုက်ခိုက်လို့ ဗထူးတပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံး

ထန်းတပင်မှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားသုံးဦးဒဏ်ရာရ

​ယူအေအီးရှိရေနံသိုလှောင်ကန်တွေကို အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ မီးလောင်ကျွမ်း

Releated Post

ဓာတ်ပုံ - ပဲခူးတိုင်းစစ်ဌာန

ပဲခူးတိုင်း PDF အမှတ် ၂ စစ်ဆင်ရေးနယ်မြေ အခြေခံစစ်သင်တန်းဆင်းပွဲ

March 15, 2026
ဓာတ်ပုံ - ထိုင်းဘုရင့်တပ်တော်

ထိုင်းမှာ စိတ်ကြွဆေးပြား ၄ သန်းကျော်နဲ့ တရားခံ ၃ ဦး ဖမ်းမိ

March 15, 2026

အမေရိကန်ဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အီရန်ထုတ်ပြန်

March 15, 2026
ဓာတ်ပုံ - KNU

ကစယ်ဒိုမှာ KTLAတပ်ဖွဲ့တိုက်ခိုက်လို့ ဗထူးတပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံး

March 15, 2026
ဓာတ်ပုံ- KNU

ထန်းတပင်မှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားသုံးဦးဒဏ်ရာရ

March 15, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

​ယူအေအီးရှိရေနံသိုလှောင်ကန်တွေကို အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ မီးလောင်ကျွမ်း

March 15, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page