Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် လူ့အခွင့်အရေး အာရက္ခဒေသ

နိုင်ငံတော်(သို့မဟုတ်)လူဖြစ်ရကျိုးနပ်သောနေရာ

Author picture

By

BNA Author
Reading Time: 3 mins read
0
A A
0
SHARES
366
VIEWS
Share on FacebookShare on Twitter

မောင်တူရေးသည်။

နိုင်ငံတော်

“နိုင်ငံတော်” ဆိုသောစကားလုံး၏အနက်အဓိပ္ပါယ်ကို လူထုသည် သိရန်၊ ခံစားရန်လိုအပ်သည်။

“နိုင်ငံရေး” သို့မဟုတ် “အာသာဘေဒ”သည် “ကိုယ်နှင့်မဆိုင်”၊ “နိုင်ငံရေး”သည် ထမင်းမစားရသောကိစ္စဟု အသိအမြင်အနည်ထိုင်နေသည့် လူ့အသိုက်အမြုံအတွက် ”နိုင်ငံတော်” ဆိုသည့် အဓိပ္ပါယ်ကို သိရန်ပိုလိုအပ်ပေသည်။

နိုင်ငံရေးသိပ္ပံဘာသာရပ်တွင်(State)ဟူသော စကားလုံးဝေါဟာရ၏အဓိပ္ပါယ်အား နိုင်ငံတော်ဟုသာ ဘာသာပြန်ဆိုသည်။

နိုင်ငံရေးသိပ္ပံဘာသာရပ်ဘက်မှState ဟူသောအဓိပ္ပါယ်သည် Nation၊ Country စသည့်စကားလုံးများနှင့်အနှစ်သာရ အတူတူဖြစ်ပေသည်။

သို့သော် မြန်မာ့လူ့ဘောင်တခုလုံးသည် Stateဟူသော စကားလုံး၏ အဓိပ္ပါယ်ကို “ပြည်နယ်” ဆိုသည့် အဓိပ္ပါယ်အောက်တွင် ပိတ်မိနေခဲ့ကြသည်မှာ ဆယ်စုနှစ်များစွာ ရှိနေခဲ့ကြပြီဖြစ်သည်။

အာရက္ခလူ့ဘောင်သည်လည်း ထိုအဓိပ္ပါယ်အောက်တွင် ပိတ်မိနေခဲ့ကြသည်။

State ဟူသော ဝေါဟာရ၏အဆင့်အတန်းသည် Nation၊ Country ဟူသော ဝေါဟာရတို့ထက် နှိမ့်သည်ဟုသာ ထင်နေခဲ့ကြသည်။

နိုင်ငံဟူသောဝေါ်ဟာရနှင့်ပတ်သက်၍ ဘာသာဗေဒဘက်မှကြည့်လျှင် Nationသည် လက်တင်ဘာသာစကား (‘Natio’ မွေးဖွားခြင်း)ဟူသော စကားလုံးမှ ဆင်းသက်လာသည်။Country သည် လက်တင်ဘာသာစကား(‘Contrata terra’ ရင်ဆိုင်ရပ်တည်နေခြင်း)ဟူသော စကားလုံးမှ ဆင်းသက်သည်။State သည် လက်တင်ဘာသာစကား(‘Status’ ရပ်တည်နေသော၊တည်ရှိနေ သောအခြေအနေ)ဟူသောစကားလုံးမှ ဆင်းသက်သည်။

ပါဠိဘာသာအရ ဒေသ၊ ဌာန စသော စကားလုံးများသည်လည်း တိုင်းပြည်၊နိုင်ငံဟူသော အဓိပ္ပါယ်မျိုးထွက်ပေသည်။ပါဠိဘာသာစကား နိဂါမ (Niggama)နှင့်သက္ကတစကား နာရ္ဂံ (Nirgam) သည် (“ရှေ့သို့ ဆက်သွားနေခြင်း”)နှင့်(နိုင်ငံတော်)ဟူသော အဓိပ္ပါယ်ရပေသည်။

သို့ဖြစ်၍နိုင်ငံဟူသောစကားလုံးသည် “ရှင်သန်ရပ်တည်နေသော၊ရှင်သန်ရန် ရှေ့ကို ဆက်လက်လှုပ်ရှားနေရသောနေရာ၊ဒေသ” ဟူ၍ ဘာသာဗေဒဘက်မှ အဓိပ္ပါယ်ရသည်။ဥပမာ- ဂျပန်နိုင်ငံ ဆိုလျှင် ဂျပန်လူသားမျိုးနွယ်များ ရှင်သန်ရပ်တည်နေသော၊ရှင်သန်ရန်ရှေ့ကို ဆက်လက်လှုပ်ရှားနေရသောနေရာ၊ဒေသဟူသော အဓိပ္ပါယ်ဖြစ်သည်။

ရှင်သန်ရပ်တည်မှုနှင့်ရှင်သန်ရန် ဆက်လက်လှုပ်ရှားနေမှု


ရှင်သန်ရပ်တည်မှုနှင့်အသက်ရှင်သန်ရန် ရုန်းကန်လှုပ်ရှားနေမှုသည် “ဘဝဖြစ်စဉ်” ဖြစ်သည်။ “ဘဝဖြစ်စဉ်” ဟူသည်ကား “စား၊ဝတ်၊နေရေးဖြစ်စဉ်” ဖြစ်သည်။

သို့ဖြစ်၍ နိုင်ငံဟူသည် “လူများ၏စား၊ဝတ်၊နေရေးဘဝဖြစ်စဉ်အတွက်ရှင်သန်ရုန်းကန်လှုပ်ရှားနေရသောနေရာ၊ဒေသ”ဖြစ်သည်။

ထပ်၍ဥပမာပြုရသော် – ဂျပန် နိုင်ငံဟူသည် ဂျပန်လူသားမျိုးနွယ်တရပ်၏ စား၊ဝတ်၊နေရေး ဘဝဖြစ်စဉ်အတွက် ရှင်သန်ရုန်းကန်လှုပ်ရှားနေရသော နေရာ၊ဒေသဖြစ်သည်ဟူသော သဘောပင်။

မည်သည့်လူသားတိုင်းမဆို မိမိတို့၏စား၊ဝတ်၊နေရေးဘဝဖြစ်စဉ်အပေါ်တွင် မတောင့်မတ၊မကြောင့်မကြဘဲနေလိုကြပေသည်။ရှင်သန်လိုကြပေသည်။

မိမိ၏ စားရေး၊ ဝတ်ရေး၊ နေရေးအပေါ် ပြည့်စုံဖူလုံလိုကြပေသည်။မိမိ၏ရှင်သန်မှုကို ထိခိုက်ပျက်စီးယုတ်လျော့သွားမည့် အခြေအနေမျိုးကို မလိုလားကြပေ။

မည်သည့်လူသားတိုင်းမဆို ယင်းသို့ အာသာဆန္ဒရှိကြသည်။သို့ဖြစ်၍ နိုင်ငံရေးဟူသော ဝေါ်ဟာရအား သက္ကတ ဘာသာတွင်

အာသာချက္ကရ/ အာသာဘေဒ(Arthashastra/ Arthaveda)ဟုလည်းခေါ်ကြသည်။(အာသာ (Artha) = စိတ်ဆန္ဒ၊ ချက္ကရ၊ ဘေဒ( shastra/ veda) = သီအိုရီ/ သ ဘောတရား) ဖြစ်သည်။ လူများ၏စား၊ဝတ်၊နေရေး ဘဝဖြစ်စဉ်ပေါ်တွင် မတောင့်မတ၊မကြောင့်မကြဘဲ နေနိုင်ရန် စီမံခန့်ခွဲရသော သဘောတရားသည် နိုင်ငံရေးဖြစ်သည်။

လူများသည် ထိုသို့ မ တောင့်မတ၊မကြောင့်မကြဘဲနေနိုင်ရန်အတွက် “အချုပ်အခြာအာဏာ”ကို ဖန်တီးကြသည်။အချုပ်အခြာအာဏာအားဖန်တီးပြီးနောက် စီမံခန့်ခွဲမည့်အုပ်ချုပ်သူအစိုးရလုပ်မည့်သူအား တာဝန်ပေးကြသည်။

သို့ဖြစ်၍ အချုပ်အခြာအာဏာ၏ ပင်ကိုမူလတာဝန်သည် “လူများ၏ စား၊ဝတ်၊နေရေးဘဝဖြစ်စဉ်ကို မတောင့်မတ၊မကြောင့်မကြစေရန် ဆောင်ရွက်ရမည့်တာဝန်” ဖြစ်ပေသည်။

နိုင်ငံတော်တည်ဆောက်ခြင်း(State Building)


နိုင်ငံတော်တည်ဆောက်ခြင်းဆိုသည်မှာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် တည်ဆောက်ခြင်းဖြစ်သည်။နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးသည်ဆိုသည်မှာ “ရှင်သန်နေထိုင်သော နေ့စဉ်လူမှုဘဝ၏စား၊ဝတ်၊နေရေးဖြစ်စဉ် တိုးတက်ဖွံ့ဖြိုးမှုပင်” ဖြစ်သည်။

လူသားများအတွက် စား၊ဝတ်၊နေရေးအဆင်ပြေသော၊ရှင်သန်နေထိုင်ရာနေ့စဉ်လူမှုဘဝအဆင်ပြေသောနေရာဒေသသည် နေထိုင်စရာကောင်းသော၊လူဖြစ်ရကျိုးနပ်သောဒေသဖြစ်သည်။

သို့ဖြစ်၍ နိုင်ငံတော်တည်ဆောက်ခြင်းဟူသည် လူဖြစ်ရကျိုးနပ်သောနေရာ၊ဒေသဖြစ်လာရန် တည်ဆောက်ရသော ကိစ္စဖြစ်သည်။

နိုင်ငံရေးဆိုသည့်ဝေါ်ဟာရအား နှစ်ဆယ်ရာစုအထိ “ဖိနှိပ်အုပ်ချုပ်သူအား ဖိနှိပ်ခံရသူများမှ ပြန်လည်တော်လှန်သည့်သဘော” မျိုးကို အဓိပ္ပါယ်ဖွင့်ဆိုကြသည်။

သို့သော် နိုင်ငံရေးအပေါ် အဓိပ္ပါယ်ဖွင့်ဆိုမှုသည် ထိုမျှလောက်ဖြင့် ရပ်တန့်မနေဘဲ နှစ်ဆယ့်တရာစုတွင် ပိုမိုကျယ်ပြန့်စွာ ဖွင့်ဆိုလာကြသည်။

အထူးသဖြင့် ဒီမိုကရက်တစ်နိုင်ငံရေးအား

  • လူအချင်းချင်းကြား သဟဇာတဖြစ်စေရန်နှင့် ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်နိုင်ရန် စီမံခန့်ခွဲနိုင်ခြင်း။
  • နေစဉ်ဘဝရှင်သန်မှုနှင့်လူမှုဘဝဖြစ် စဉ်အတွက် စိုးရိမ်မှုများ၊လိုအပ်ချက်များ၊တောင့်တမှုများ နည်းနိုင်သမျှနည်းရန် စီမံခန့်ခွဲနိုင်ခြင်း။
  • လူတဦးချင်း၏ အခွင့်အရေးနှင့် လူအများ၏ အခွင့်အရေးကြားတွင် သဟဇာတဖြစ်စေရန် စီမံခန့်ခွဲနိုင်ခြင်း။
  • လူနည်းစု၏အခွင့်အရေးနှင့်လူအများ၏အခွင့်အရေးကြားတွင် သဟဇာတဖြစ်စေရန် စီမံခန့်ခွဲနိုင်ခြင်း။
  • လူတဦးချင်း၏ကောင်းမှုစက်ဝန်း၊မွေးရာပါဗီဇစွမ်းရည်ပါရမီကို မြှင့်တင်နိုင်သောထောက်ပံပေးနိုင်သော လူ့ပတ်ဝန်းကျင်ကို ဖြစ်စေရန် ဖန်တီးစီမံခန့်ခွဲနိုင်ခြင်း။
  • လူတဦးချင်းစီ၏ ပါရမီအလိုက်၊ဆန္ဒအလိုက် အသက်မွေးမှုများကို ရွေးချယ်လုပ်ကိုင်နိုင်ပြီး ထိုအသက်မွေးမှုဖြင့် လူတန်းစေ့နေထိုင်နိုင်ရန်၊လူ့ဂုဏ်သိက္ခာအပြည့်ဖြင့် နေထိုင်နိုင်ရန် စီမံခန့်ခွဲနိုင်ခြင်း။

စသည့် အချက်များဖြင့် ဖွင့်ဆိုလာကြပေသည်။

ဤစီမံခန့်ခွဲမှုစံနှုန်းများမှာ – ဒီမိုကရေစီနိုင်ငံရေးဖြစ်စဉ်ဖြစ်သည်။ထိုစီမံခန့်ခွဲမှုစံနှုန်းများနှင့်ဒီမိုကရေစီနိုင်ငံရေးဖြစ် စဉ်ကို လူ့အသိုက်အဝန်းတရပ်သည် မိမိတို့ဘာသာ မိမိတို့ပုံစံဖြင့် ဖန်တီးခွင့်သည်ပင်လျင် “ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်” ဖြစ်သည်။

ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရန် အချုပ်အခြာအာဏာကို တည်ထောင်ရပေသည်။သို့ဖြစ်၍ အချုပ်အခြာအာဏာ၏ ပင်ကိုမူလတာဝန်သည် “လူများ၏ စား၊ဝတ်၊နေရေး ဘဝဖြစ်စဉ်ကို မ တောင့်မတ၊မ ကြောင့်မကြစေရန်ဆောင်ရွက်ရမည့်တာဝန်” ဖြစ်သည်။တနည်းလူဖြစ်ရကျိုးနပ်အောင် စီမံခန့်ခွဲရမည့် တာဝန် ဖြစ်သည်။

အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သော အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာများ၏ မူလတာဝန်များသည်လည်း ထို့အတူဖြစ်သည်။

အောက်တွင်ဖော်ပြသော မေးခွန်းများသည် အာရက္ခဒေသ၏ လူမှုနေ့စဉ်ဘဝစားဝတ်နေရေး ဘဝဖြစ်စဉ်အတွက် အရေးကြီးသော မေးခွန်းများဖြစ်ပါသည် ။

ဤမေးခွန်းများကို စဉ်းစား၍ အဖြေရှာကြည့်ခြင်းပင်လျှင် နိုင်ငံတည်ဆောက်ရေး(State Building) အတွက် ပါဝင်ပတ်သက်နေခြင်းလည်းဖြစ်သည်။

အာရက္ခဒေသအတွင်း

  • ပြည်သူလူထု၏ နေမှုထိုင်မှုဘဝ ကောင်းမွန်စေရန် မည်သည့်ပုံစံဖြင့် အုပ်ချူပ်ရေးအာဏာကို တည်ဆောက်ကြမည်နည်း။
  • ပြည်သူလူထု၏ နေမှုထိုင်မှုဘဝ ကောင်းမွန်စေရန် မည်သည့်ပုံစံဖြင့် ဥပဒေပြုရေးအာဏာကိုတည်ဆောက်ကြမည်နည်း။
  • ပြည်သူလူထု၏ နေမှုထိုင်မှုဘဝ ကောင်းမွန်စေရန် မည့်သည့်ပုံစံဖြင့် တရားစီရင်ရေးအာဏာကိုတည်ဆောက်ကြမည်နည်း။
  • ပြည်သူအချင်းချင်းကြားတွင် ဒီမိုကရေစီ၊တန်းတူညီမျှမှု၊လွတ်လပ်တရားမျှတမှုအတွက် မည်သို့သော ပဋိညာဉ်များကို ပြုကြမည်နည်း။
  • ပြည်သူ့နှင့်အာဏာသုံးရပ်ကြားတွင် မည်သည့်အချက်များကို ပဋိညာဉ်ပြုကြမည်နည်း။

အာရက္ခတပ်တော်(AA) တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က

“ရက္ခိုင့်လူ့ဘောင် အာရကန်နယ်နိမိတ်ဒေသအသီးသီးတွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုး အသီးသီးသည် အာရကန်ပြည်သူများသာဖြစ်ကြောင်း၊ ရက္ခိုင်ဒေသအတွင်း လူမျိုးပေါင်းစုံလွတ်မြောက်ရေး၊ တန်းတူရေး၊ ဒီမိုကရေစီအနှစ်သာရနှင့်လူမှုတရားမျှတမှုဆိုင်ရာအသီးအပွင့်များကို မခွဲမခြားခံစားခွင့်နှင့်လူဖြစ်ရကျိုး နပ်စေရမည်ဖြစ်ကြောင်း” ကို (၁၁)ကြိမ်မြောက်တပ်တော်နေ့မိန့်ခွန်း စာမျက်နှာ သုံးတွင် ဖေါ်ပြထားသည်။

ရက္ခိုင်သားကံကြမ္မာကို ရက္ခိုင်သားလက်နဲ့အလှဆင်နိုင်ရန် အမှီအခိုကင်းသည့် ရက္ခိုင်လူ့ဘောင်ကို တည်ဆောက်ခြင်းသည် ပြဿနာများအတွက်အကောင်းဆုံးအဖြေဖြစ်ကြောင်း၊ ဘိုးဘွားပိုင် ရက္ခိုင်မြေပြင်၊ ဝေဟင်တွင်ရက္ခိုင့်အောင်လံကို လွတ်လပ်စွာလွင့်ထူနိုင်ရန်နှင့်ကမ္ဘာ့သမိုင်းတွင် အာရကန်သားများလူ့ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရန်မှာ ရက္ခိုင်လူမျိုးတယောက်ချင်းစီ၏ ရင်ထဲမှလာသောဆန္ဒ (Arakan Dream) ဖြစ်ကြောင်း” အဆိုပါ မိန့်ခွန်း စာမျက်နှာငါးတွင်ဖော်ပြထားသည်။

ရက္ခိုင့်လူမှုဘဝသာယာလှပရေး


ယခင်က တော်လှန်ရေးအတွက်စစ်ရေး၊ နိုင်ငံရေးကို ဦးစားပေးလုပ်ဆောင်နေရသော်လည်း ယခုအချိန်တွင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှု၊ အုပ်ချုပ်ရေး၊တရားစီရင်ရေး၊ပြည်သူ့လုံခြုံရေးအပါအဝင် အခြားသောပြည်သူ့ဝန်ဆောင်မှုများ၊ တိုင်းပြည်တည်ဆောက်ရေး(Nation Building)၊ အစိုးရယန္တရားတည်ဆောက်ရေး(State Building)၊အစိုးရယန္တရားများ၊အင်စတီကျူးရှင်းများဖြင့် လည် ပတ်နိုင်ရေးတို့ကို တစတစစတင်အကောင်အထည်ဖေါ်နေကြောင်း၊ပြည်သူများ၏ စား၊ဝတ်၊နေရေး၊အလုပ်အကိုင်မြင့်မားရေး၊တဦးချင်းဝင်ငွေယခင်ကထက်မြင့်မားရေး၊ ရက္ခိုင့်လူမှုဘဝသာယာလှပရေးတို့အတွက် နည်းလမ်းများကို ရှာဖွေနေကြောင်း (၁၂)ကြိမ်မြောက် တပ်တော်နေ့ မိန့်ခွန်းစာမျက်နှာနှစ်တွင်ဖော်ပြထားပေသည်။

PrevPreviousအာရက္ခလူ့ဘောင်နှင့်လီဗီးယားသန်
Nextအာရက္ခအဆုံးအဖြတ်စစ်ပွဲရဲ့နောက် ဆုံးလက်ကျန်တိုက်ပွဲတွေ ဘယ်လိုဖြစ်လာနိုင်လဲNext
Previous Post

အာရက္ခလူ့ဘောင်နှင့်လီဗီးယားသန်

Next Post

အာရက္ခအဆုံးအဖြတ်စစ်ပွဲရဲ့နောက် ဆုံးလက်ကျန်တိုက်ပွဲတွေ ဘယ်လိုဖြစ်လာနိုင်လဲ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

Photo- ​Watan (وطن - خارج السرب)

အစ္စရေးမှာ အီရန်ဒုံးကျည်ထိမှန်လို့ ၆ ဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရ

March 1, 2026

ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့သစ် သတင်းလွတ်လပ်ခွင့်ကို အာမခံ

March 1, 2026

​ကရာချီရှိအမေရိကန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှု UAE ကာကွယ်ရေးဝန်ကြီးဌာန အတည်ပြု

March 1, 2026
ဓာတ်ပုံ-ယူအေအီးကာကွယ်ရေးဝန်ကြီးဌာန

​အီရန်ရှိမိန်းကလေးကျောင်း တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၁၄၀ ကျော်ရှိလာ

March 1, 2026

မင်းတုန်းမှာ စစ်ကော်မရှင်တပ်က ခရီးသွားပြည်သူတွေကို လေကြောင်းတိုက်ခိုက်လို့ ၂၅ ဦး သေဆုံး

အစ္စရေးမှာ အီရန်ဒုံးကျည်ထိမှန်လို့ ၆ ဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့သစ် သတင်းလွတ်လပ်ခွင့်ကို အာမခံ

မင်းတုန်းမြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သား၂၁ ဦးသေဆုံး

​ကရာချီရှိအမေရိကန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှု UAE ကာကွယ်ရေးဝန်ကြီးဌာန အတည်ပြု

​အီရန်ရှိမိန်းကလေးကျောင်း တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၁၄၀ ကျော်ရှိလာ

Releated Post

ဓာတ်ပုံ-ကိုဗဟိန်း

မင်းတုန်းမှာ စစ်ကော်မရှင်တပ်က ခရီးသွားပြည်သူတွေကို လေကြောင်းတိုက်ခိုက်လို့ ၂၅ ဦး သေဆုံး

March 1, 2026
Photo- ​Watan (وطن - خارج السرب)

အစ္စရေးမှာ အီရန်ဒုံးကျည်ထိမှန်လို့ ၆ ဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရ

March 1, 2026

ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့သစ် သတင်းလွတ်လပ်ခွင့်ကို အာမခံ

March 1, 2026
ဓာတ်ပုံ- MR

မင်းတုန်းမြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သား၂၁ ဦးသေဆုံး

March 1, 2026

​ကရာချီရှိအမေရိကန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှု UAE ကာကွယ်ရေးဝန်ကြီးဌာန အတည်ပြု

March 1, 2026
ဓာတ်ပုံ-ယူအေအီးကာကွယ်ရေးဝန်ကြီးဌာန

​အီရန်ရှိမိန်းကလေးကျောင်း တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၁၄၀ ကျော်ရှိလာ

March 1, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page