Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စီးပွားရေး ဆောင်းပါး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် လူ့အခွင့်အရေး အာရက္ခဒေသ

ထုတ်ကုန်မဲ့လူ့အဖွဲ့အစည်း ၄

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
59
VIEWS
Share on FacebookShare on Twitter

မောင်တူရေးသည်။

ထုတ်ကုန်မဲ့၊ ထုတ်ကုန်နည်းပါးသော အာရက္ခလူ့အဖွဲ့အစည်း – ၄

အာရက္ခဒေသတွင် ကုန်ထုတ်လုပ်မှုနှင့်ပြည်တွင်းဝယ်လိုအားမြင့်မားမှုကိုဆောင်ရွက်နိုင်မည်လားဆိုသည့်အချက်ကို ဆန်းစစ်ကြည့်မည်ဆိုလျှင် အာရက္ခဒေသတွင် မည်သည့်ကုန်ထုတ်လုပ်မှုများရှိပါသနည်းဆိုသည့်ကို ပြန်ကြည့်ရန်လိုအပ်ပေသည်။

ယေဘူယျအားဖြင့် စိုက်ပျိုးရေး၊မွေးမြူရေး၊ရေလုပ်ငန်းရှိကြသည်။

စိုက်ပျိုးရေးကိုကြည့်ပါက ဆန်စပါးစိုက်ပျိုးရေးသည် အဓိကဖြစ်သည်။

ထိုဆန်စပါးစိုက်ပျိုးရေး၏သွင်းအားစုနှင့်ဈေးကွက်စီးပွားရေးဆိုင်ရာလုပ်ရပ်များကိုကြည့်လျှင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ငွေကြေး၊လုပ်အား၊နည်းပညာ၊ကုန်ကြမ်းပစ္စည်းများဖြစ်သောမျိုးစပါး၊ရေရရှိမှု၊မြေသြဇာ၊စိုက်ပျိုးမြေ၊ကျွဲ၊နွား၊ကုန်ထုတ်ပစ္စည်းကိရိယာများဖြစ်သော လယ်ထွန်စက်၊ရိတ်သိမ်းစက်၊လောင်စာဆီ၊လုပ်ငန်းသုံးပစ္စည်းများ၊သယ်ယူပို့ဆောင်ရေး၊ဆန်စပါးအရောင်းအဝယ်ဈေးကွက်အပေါ်တွင် အရင်းအနှီး၊အထောက်အပံ့မည်မျှရှိပါသနည်း ဆိုသည့်မေးခွန်းများဖြင့် ဆန်းစစ်နိုင်ပေသည်။

ထိုသွင်းအားစုများနှင့်ဈေးကွက်ကို တခုခုသက်ရောက်ပါက ထုတ်ကုန်နှင့်ဈေးကွက်ကိုပါ သက်ရောက်တတ်သည်။(ဥပမာ- မြေဩဇာသည် ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းတွင် သွင်းအားစုထဲတွင်ပါသည်။)

မြေသြဇာတအိတ်၏ မူလတန်ဖိုးသည် တသိန်းဖြစ်သည်ဆိုပါစို့။ထိုမြေသြဇာအား လယ်ထဲသို့ရောက်ရန်သယ်ရသောစာရိတ်သည်နှစ်သိန်းရှိပြီး ထိုကဲ့သို့သယ်ယူရာတွင် လမ်း၌ဖြတ်ရသော ULA/AA ဂိတ်များအား အခွန်ငါးထောင်ပေးရသည်ဆိုပါလျှင် လယ်သမားအတွက် မူလတန်ဖိုးတသိန်းရှိသော မြေသြဇာတအိပ်အားသုံးသိန်းငါးထောင်ပေး၍အသုံးပြုနေရပြီဖြစ်ပေသည်။

မူလတန်ဖိုးအရဆိုသော်သုံးသိန်းဆိုပါက မြေသြဇာသုံးအိတ်ရမည်ဖြစ်သော်လည်း တအိပ်သာရတော့သည်။မြေသြဇာသုံးအိတ်သုံးသည့်နေရာတွင်တအိတ်သာသုံးနိုင်သဖြင့် အထွက်နှုန်းကျလာသည်။အထွက်နှုန်းကျပါက ထုတ်ကုန်လည်းကျလာပေသည်။

ထိုသို့ဖြစ်ရပ်မျိုးတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် သယ်ယူပို့ဆောင်ရေးချောမွေ့စေရန် တာဝန်ရှိပြီး အခွန်ကင်းလွတ်ခွင့်ပေးခြင်းသည် တောင်သူလယ်သမားများအားအထောက်အပံ့ပေးရာ ရောက်ပေသည်။

ဤနမူနာသည်ကား ကုန်ကြမ်းသွင်းအားစုထဲတွင်ပါသော မြေသြဇာနှင့်သယ်ယူပို့ဆောင်ရေးအခြေအနေကို နမူနာရှင်းပြခြင်းသာဖြစ်ပေသည်။

ငွေကြေး၊လုပ်အား၊နည်းပညာ၊ကုန်ထုတ်ပစ္စည်းကိရိယာများနှင့်ဈေးကွက်ဆိုင်ရာကိစ္စများမပါသေးချေ။

အဆိုပါငွေကြေး၊လုပ်အား၊နည်းပညာ၊ကုန်ထုတ်ပစ္စည်းကိရိယာများနှင့်ဈေးကွက်ဆိုင်ရာများတွင် မည်သို့အခြေအနေဖြစ်နေသနည်း။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများတွင် စပါးဝယ်လိုအားနည်းပါးသဖြင့် တောင်သူလယ်သမားများအခက်တွေ့နေကြရပြီး စက်သုံးဆီဈေးတက်၍ ရိတ်သိမ်းခြွေလွင့်စက်အသုံးပြုခများ ဈေးတက်နေသည်ဟု တောင်သူလယ်သမားများက ဆိုကြသည်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများတွင် စက်သုံးဆီစျေးများ တက်သဖြင့် စက်ကရိယာများအသုံးပြုရန်မတက်နိုင်ကြဟု လယ်သမားများက ဆိုကြသည်။

ထို့ကြောင့် စပါးရိတ်သိမ်းမှုများကို လူအားဖြင့်သာ ရိတ်သိမ်းနေကြရပြီး လုပ်သားလိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်သည့်အပြင် အရှုံးခံစိုက်ပျိုးနေကြရသည်ဟုလည်း တောင်သူလယ်သမားများက ဆိုကြသည်။

အာရက္ခဒေသအတွင်း စားသုံးရန် ပေါ်ဆန်းမွှေးတတင်းလျှင်တဆယ့်သုံးသိန်း၊ငါးရာဘို၊ရွှေဝါထွန်း၊မနော်သုခစသည့် ရိုးရိုးစပါးတတင်းလျှင်ရှစ်သိန်းခန့်ဈေး ပေါက်သော်လည်း ဝယ်ယူသူနည်းပါးနေသည်ဟု တောင်သူလယ်သမားများက ဆိုကြသည်။

အာရက္ခဒေသထွက် စပါးများကို တခြားဒေသများသို့ တင်ပို့ရောင်းချခဲ့ကြသော်လည်း အာဏာသိမ်းစစ်တပ်က ကုန်စည်စီးဆင်းမှုအားလုံးကို ပိတ်ဆို့ထားသဖြင့် စပါးဝယ်ယူတင်ပို့သူမရှိကြဟုလည်း တောင်သူလယ်သမားများက ဆိုကြသည်။

ထိုအပြင် နယ်စပ်ကုန်သွယ်ရေးများမှတဆင့်တင်ပို့ရောင်ချရန်မှာလည်း ထင်သလောက်အဆင်မပြေကြသဖြင့် တောင်သူလယ်သမားများသည် အခက်ခဲဆုံးအခြေအနေများကို ကြုံတွေ့ရင်ဆို င်နေကြရသည်ဟု ဆိုကြသည်။

ထိုအပြင် ဆက်သွယ်ရေးဖုန်းလိုင်း၊အင်တာနက်လိုင်းများ ပြတ်တောက်မှုကြောင့် ငွေသွင်းငွေထုတ်များလည်း ခက်ခဲနေကြပြီး လက်နက်ကိုင်ပဋိပက္ခတင်းမာမှုမြင့်တက်နေကာ ဒေသခံပြည်သူလူမှုဘဝများနှင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ထိခိုက်စေသည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသ ည်။

ယင်းကြောင်း ကုန်ထုတ်လုပ်ရေးများနှင့်ကုန်စည်ဖြန့်ချီရေးကွင်းဆက်ကိုထိခိုက်စေပြီး စီးပွားရေးမရေရာမှုများကို ဖြစ်စေသည်ဟု ကမ္ဘာဘဏ်မှဒီဇင်ဘာလတွင်ထုတ်ပြန်ထားသည်။

အာရက္ခဒေသသို့ ကုန်စည်စီးဆင်းရာ ကြပ်တည်းဆဲဖြစ်ပြီးလမ်းကြောင်းများအလွန်ကြပ်တည်းလာခြင်းကြောင့် ကုန်ပစ္စည်းတန်ဖိုးများကိုလည်း ယခင်ကထက်ဆယ်ရာခိုင်နှုန်းပေးနေရာမှ တဆယ့်ငါးရာနှုန်းထိ တိုးပေးနေကြရသည်ဟု အာရက္ခကုန်သည်များက ဆိုကြသည်။

ထိုအပြင် အာရက္ခ-အိန္ဒိယကုန်သွယ် ရေးလမ်းကြောင်းမှာလည်း လမ်းခရီးခက်ခဲ၍ ကုန်ဈေးနှုန်းမှာ အက်ဖက္ကို မရောက်နိုင်ကြောင်း၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကိုဘင်္ဂလားဒေ့ရှ်အစိုးရက နားလည်မှုဖြင့်ကုန်သွယ်ခွင့်ပေးထားသော်လည်းဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရနှင့်တရားဝင်ညှိနှိုင်းသဘောတူညီမှုများမရှိသေးသဖြင့် အာရက္ခကုန်သည်များကုန်သွယ်ရာတွင် အဆင်မပြေကြသေးကြောင့် ဆိုကြသည်။

ထိုကြောင့် အာရက္ခဒေသအတွက် လိုအပ်သည့်ပစ္စည်းမျိုးစုံကို ဝယ်ယူတင်သွင်းရန်ခက်ခဲနေကြသေးသည့်အပြင်စားသောက်ကုန်များကိုလည်း လိုသ လောက်တင်သွင်းခွင့်မရကြသေးသဖြင့် ကုန်ဈေးနှုန်းများလည်းသုံးဆမှဆယ်ဆထိ တက်နေသည်ဟု အာရက္ခပြည်သူများက ဆိုကြသည်။

အာရက္ခဒေသစိုက်ပျိုးရေး၏ အားနည်းချက်မှာ မိုးရာသီနှင့်ဆောင်းရာသီတွင်သာစိုက်ပျိုးရန် ရေအရင်းအမြစ်နှင့်အစိုဓာတ်ရှိပြီး နွေရာသီတွင်စိုက်ပျိုးရန် ရေအရင်းအမြစ်များမရှိသေးပေ။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများတွင် ဆောင်းသီးနှံစိုက် တောင်သူအများအပြားရှိနေကြသော်လည်းနယ် စပ်များမှတဆင့်ပြည်ပသို့တင်ပို့ရောင်းချနိုင်သည့်စီးပွားဖြစ်စိုက်ပျိုးနေကြသူများမရှိသလောက်ရှားပါးနေသေးသည်ဟု တောင်သူများက ဆိုကြသည်။

အာရက္ခဒေသထွက်မြေပဲဈေးကွက်မရသကဲ့သို့ မြေပဲစိုက်ဧကတထောင်ခန့်ရှိပြီး မြေပဲတတောင်းကိုတသောင်းငါးထောင်ကျပ်မှတသောင်းခုနှစ်ထောင်ကျပ်ထိ ယခင်ကာလတွင် ဈေးပေါက်ခဲ့သော်လည်း ယခုတသောင်းကျပ်မှတသောင်းနှစ်ထောင်ကျပ်ထိသာ ဈေးပေါက်ကြောင်း၊ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုတင်ပို့်နိုင်ခဲ့သော်လည်း ယခုပို့မရသေသဖြင့် အာရက္ခဒေသတွင် သီးနှံစိုက်ပျိုးဧကများလျော့နည်းလာပြီး အာရက္ခဒေသတွင် စိုက်ပျိုးမြေဧကတဆယ့်နှစ်သိန်းကျော်ရှိသော်လည်းဆောင်းသီးနှံစိုက်ဧကငါးသိန်းကျော်သာ စိုက်ပျိုးကြတော့သည်ဟု တောင်သူများက ဆိုကြသည်။

ထိုအပြင် အာရက္ခဒေသတွင်ဂဏန်းများဈေးကွက်ရှာရန်လိုအပ်နေပြီးဂဏန်းတကီလိုကိုသုံးထောင်ကျပ်မှလေးထောင်ကျပ်ခန့်ဖြင့် ဖြစ်သလိုရောင်းချနေကြရသည်ဟု ဂဏန်းရှာသူများက ဆိုကြသည်။

ထိုဂဏန်းများသည် အဝယ်နည်းပါးခြင်း၊အချိန်ကြန့်ကြာသေပျောက်ခြင်း၊တင်ပို့စာရိတ်မြင့်ခြင်း၊လမ်းပိတ်ဆို့ခြင်း၊တရုတ်သို့ တင်ပို့မရတော့ခြင်းစသည်အချက်များကြောင့် ဂဏန်းများရှာဖွေရရှိကြသော်လည်း စျေးကွက်ပျောက်နေကြသည်ဟု ဂဏန်းဒိုင်ပိုင်ရှင်များက ဆိုကြသည်။

အာရက္ခဒေသသည် စိုက်ပျိုးရေးပြီးလျှင် ရေလုပ်ငန်းကို အားထားကြရပြီးရေထွက်ကုန်များတင်ပို့ရန် ဈေးကွက်မရှိခြင်း၊ရရှိလာသောသားငါးပုစွန်များကို ဈေးနှိမ့်ကာရောင်းနေကြရခြင်းစသည့်အချက်များကို ရင်ဆိုင်နေကြရသည်ဟု အာရက္ခပြည်သူများက ဆိုကြသည်။

ထိုအပြင်အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတချို့တွင် အာဏာသိမ်းစစ်တပ်၏ရေတပ်စစ်သင်္ဘောများက ပစ်ခတ်မှုများပြုလုပ်နေသဖြင့် ရေလုပ်ငန်းများ ပုံမှန်မလည်ပတ်နိုင်ကြသေးဟုလည်း ရေလုပ်သားများက ဆိုကြသည်။

ဆက်လက်ဖော်ပြမည်။

PrevPreviousကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရာရ
Nextတောင်ကုတ်မှာ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦးဒဏ်ရာရNext
Previous Post

ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရာရ

Next Post

တောင်ကုတ်မှာ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦးဒဏ်ရာရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အီရန်ရဲ့ အဓိကရေနံတင်ပို့ရာကတ်ကျွန်းကို အမေရိကန်ချေမှုန်းလိုက်ပြီလို့ ထရမ့်ပြော

March 15, 2026

​အာရက္ခဒေသတိုက်ပွဲတွေမှာကလေးနဲ့ အမျိုးသမီးအများစုသေဆုံး

March 15, 2026

အာရက္ခဒေသမှာ နှစ်နှစ်အတွင်း အရပ်သား ၁,၂၀၀ ကျော်သေဆုံးခဲ့

March 15, 2026

ငါးနဲ့ရေသယံဇာတတွေ စနစ်တကျထိန်းသိမ်းသုံးစွဲဖို့ အာရက္ခအစိုးရသတိပေး

March 14, 2026

​ယူအေအီးရှိရေနံသိုလှောင်ကန်တွေကို အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ မီးလောင်ကျွမ်း

အီရန်ရှိ အမှတ် ၈လေတပ်အခြေစိုက်စခန်းကို အမေရိကန်နဲ့အစ္စရေးတိုက်ခိုက်

အီရန်ရဲ့ အဓိကရေနံတင်ပို့ရာကတ်ကျွန်းကို အမေရိကန်ချေမှုန်းလိုက်ပြီလို့ ထရမ့်ပြော

PLA ပြန်လည်ဖွဲ့စည်းတဲ့ ၅ နှစ်ပြည့် အခမ်းအနားပြုလုပ်

လယ်ဒိုနဲ့ ဆောထိမှာစစ်ကော်မရှင်တပ် ဒရုန်းနဲ့တိုက်ခိုက်လို့ အရပ်သား ၁ ဦးသေဆုံး

​အီရန်ရှိကလေးနို့မှုန့်နဲ့ ဆေးဝါးသိုလှောင်ရုံတွေကို အမေရိကန်နဲ့အစ္စရေးတိုက်ခိုက်

Releated Post

ဓာတ်ပုံ - လူမှုကွန်ရက်

​ယူအေအီးရှိရေနံသိုလှောင်ကန်တွေကို အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ မီးလောင်ကျွမ်း

March 15, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

အီရန်ရှိ အမှတ် ၈လေတပ်အခြေစိုက်စခန်းကို အမေရိကန်နဲ့အစ္စရေးတိုက်ခိုက်

March 15, 2026

အီရန်ရဲ့ အဓိကရေနံတင်ပို့ရာကတ်ကျွန်းကို အမေရိကန်ချေမှုန်းလိုက်ပြီလို့ ထရမ့်ပြော

March 15, 2026
​ဓာတ်ပုံ - ပြည်သူ့လွတ်မြောက်ရေးတပ်မတော်

PLA ပြန်လည်ဖွဲ့စည်းတဲ့ ၅ နှစ်ပြည့် အခမ်းအနားပြုလုပ်

March 15, 2026
​ဓာတ်ပုံ - KNU

လယ်ဒိုနဲ့ ဆောထိမှာစစ်ကော်မရှင်တပ် ဒရုန်းနဲ့တိုက်ခိုက်လို့ အရပ်သား ၁ ဦးသေဆုံး

March 15, 2026
Photo - FARS NEWS

​အီရန်ရှိကလေးနို့မှုန့်နဲ့ ဆေးဝါးသိုလှောင်ရုံတွေကို အမေရိကန်နဲ့အစ္စရေးတိုက်ခိုက်

March 15, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page