Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
Analysis ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် လူ့အခွင့်အရေး အာရက္ခဒေသ

ကျင့်ဝတ်စံနှုန်း၊ အင်စတီကျူးရှင်းနှင့် Unenviable Task များ ၂

Author picture

By

BNA Author
Reading Time: 3 mins read
0
A A
0
SHARES
576
VIEWS
Share on FacebookShare on Twitter

မောင်တူရေးသည်။

နိုင်ငံရေးနယ်ပါယ်ဘက်မှသုံးနှုန်းသော အင်စတီကျူးရှင်းအဓိပ္ပါယ်သည် ကျယ်ဝန်းပေသည်။ အင်စတီကျူးရှင်းအပေါ် ဥပမာပေးရသော် “သူ့အလိုလိုလည်ပတ်နေသော စက်ရုံတရုံ” အဖြစ် ဥပ မာပေးပါမည်။ စက်ရုံတွင် အလုပ်သမားများရှိသည်။ စီမံခန့်ခွဲသူရှိသည်။ စက်ရုံအတွက်လိုအပ်သော ကုန်ကြမ်းများရှိသည်။ လည်ပတ်နေသော စက်ပစ္စည်းကိရိယာများရှိသည်။ မည်သို့မည်ပုံ အလုပ်လုပ်ရမည်ဆိုသည့်စည်းမျဉ်းများရှိသည်။

အဆိုပါအချက်များစုံနေသောအခါ စက်ရုံသည် ကောင်းစွာလည်ပတ်နေသည်။ အလုပ်သမားတဦးဦးအလုပ်မဆင်းလျှင်လည်း ထိုစက်ရုံ၏ လည်ပတ်မှုကို မထိခိုက်ပေ။ နောက်ဆုံးစီမံခန့်ခွဲသူ မလာနိုင်သောအချိန်တွင်ပင် ကောင်းစွာလည်ပတ်နိုင်လျှင် ထိုစက်ရုံအနေအထားအားအရပ်စကားဖြင့် “သူ့ဖာသာသူ အထိုင်ကျပြီး လည်ပတ်နေနိုင်သည်။” ဟုဆိုရပါလိမ့်ပေမည်။

သူ့ဖာသာသူအထိုင်ကျပြီး လည်ပတ်နေနိုင်သောသဘောသည် အင်စတီကျူးရှင်းသဘောမျိုးဖြစ်ပေသည်။ အကျယ်ချဲ့၍စဉ်းစားကြည့်လျှင် “ပညာရေးဆိုင်ရာအင်စတီကျူးရှင်းများသည် စာသင် ကျောင်းများ၊ တက္ကသိုလ်များ၊ ကောလိပ်များဖြစ်သည်။ ကျန်းမာရေးဆိုင်ရာအင်စတီကျူးရှင်းများသည် ဆေးရုံများဖြစ်သည်။”

ဤသို့ဖြင့် စီးပွားရေးဆိုင်ရာအင်စတီကျူးရှင်းများ၊ နိုင်ငံရေးဆိုင်ရာအင်စတီကျူးရှင်းများစသဖြင့်အင်စတီကျူးရှင်းများစွာရှိနေပေသည်။ လူ့ဘောင်တခု၊ နိုင်ငံတခုရပ်တည်လည်ပတ်နိုင်ရန်နယ်ပါယ်အသီးသီးတွင် “သူ့ဖာသာသူအထိုင်ကျပြီး လည်ပတ်နေနိုင်သော အင်စတီကျူးရှင်းများ” လိုအပ်ပေသည်။

အင်စတီကျူးရှင်းတခုတည်ဆောက်ရန်လိုအပ်ချက်များ


စက်ရုံတရုံဖြစ်လာရန်နှင့်လည်ပတ်ရန်နေရာ၊ အဆောက်အအုံ၊ စက်ပစ္စည်း၊ ကုန်ကြမ်း၊ နည်းပညာ၊ ဈေးကွက်၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ အရင်းအနှီး၊ အလုပ်သမား၊ မန်နေဂျာ၊ ထုတ်ကုန်၊ သုံးစွဲသူစသဖြင့် အစိတ်အပိုင်းများစွာ လိုပေသည်။

စက်ရုံတရုံကောင်းစွာလည်ပတ်ရန်အတွက် စက်ပစ္စည်း၊ကုန်းကြမ်းစသည့် “ရုပ်ဝတ္ထုပစ္စည်းများ” လိုအပ်သကဲ့သို့အလုပ်သမားကဲ့သို့ “လူသားအရင်းအမြစ်များ”လည်းလိုအပ်ပေသည်။ မန်နေ ဂျာကဲ့သို့”စီမံခန့်ခွဲမှု”လည်းလိုအပ်ပေသည်။ စက်ရုံကောင်းမွန်စွာ “လည်ပတ်ရန်အတွက် စည်းမျဉ်း၊စည်းကမ်းများနှင့်လုပ်ငန်းဖေါ်ဆောင်ပုံဖေါ်ဆောင်နည်းများ” လည်းလိုအပ်ပေသည်။

ထိုအချက်များ “သူ့ဖာသာသူအထိုင်ကျပြီးပုံမှန်လည်ပတ်” နေပါက ထိုစက်ရုံသည် အင်စတီကျူးရှင်းအားကောင်းသော စက်ရုံဟုဆိုရပေမည်။ အကယ်၍ ရုပ်ဝတ္ထုပစ္စည်းပိုင်းတွင်လည်းကောင်း၊ လူသားအရင်းအမြစ်ပိုင်းတွင်လည်းကောင်း၊ စီမံခန့်ခွဲမှုအပိုင်းတွင်လည်းကောင်း လိုအပ်ချက်တခုခုရှိလာသည့် အခြေအနေမျိုးတွင် အင်စတီကျူးရှင်း အထိုင်ကျနေသောစက်ရုံသည် ဟန်မပျက် လည်ပတ်နေနိုင်စွမ်းရှိပေသည်။

စာသင်ကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်များ၊ ဆေးရုံများ၊ ဘဏ်များစသည့် အင်စတီကျူးရှင်းများကို ကြည့်ပါ။ ၎င်းတို့တွင် လုပ်ငန်းလည်ပတ်ရန်လိုအပ်သော ရုပ်ဝတ္ထုပစ္စည်းများရှိပေသည်။ လူသားအရင်းအမြစ်ရှိသည်။ စီမံခန့်ခွဲမှုရှိသည်။ စည်းမျဉ်း၊ စည်းကမ်းများရှိသည်။ ဥပဒေများရှိသည်။ လုပ်ငန်း၏ သဘောသဘာဝကို သဘောပေါက်နားလည်သူများရှိသည်။ ဆိုင်ရာဆိုင်ရာအလိုက်တာဝန်ခွဲဝေမှုရှိသည်။ သို့ဖြစ်၍တဦးတယောက် မရှိယုံဖြင့် လုပ်ငန်းလည်ပတ်မှုများ ရပ်တန့်မသွားပေ။ အဘယ်ကြောင့်ဆိုသော် မိမိလုပ်ဆောင်ရမည့် တာဝန်ကို မည်သည့်အနေအထားမျိုးပဲ ဖြစ်ဖြစ်အမှားအယွင်းနည်းစွာလုပ် ဆောင်နေနိုင်သော ပရော်ဖက်ရှင်နယ် ဖြစ်နေ၍ဖြစ်ပေသည်။ အင်စတီကျူးရှင်းများ အထိုင်ကျလာမှုသည် ပရော်ဖက်ရှင်နယ်ဆန်မှုနှင့်ဒွန်တွဲနေပေသ ည်။

နိုင်ငံတည်ဆောက်ရေးသည် အင်စတီကျူးရှင်းများ အထိုင်ကျပုံမှန်လည်ပတ်လာစေရန် ဆောင်ရွက်ရသောလုပ်ငန်းစဉ်ဖြစ်ပေသည်။ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သံတမန်ရေး၊ ကုန်သွယ်ရေးစသည့်နယ်ပါယ်အသီးသီးတွင် အင်စတီကျူးရှင်းများ လို အပ်နေပေသည်။ အင်စတီကျူးရှင်းတခုစီတွင် “ရုပ်ဝတ္ထုပစ္စည်းများ”၊ “လူသားအရင်းအမြစ်များ”၊ “စီမံခန့်ခွဲမှုများ”၊ “စည်းမျဉ်း၊ စည်းကမ်းများနှင့်လုပ်ငန်းဖေါ်ဆောင်ပုံဖေါ်ဆောင်နည်းများ” လို အပ်ပေသည်။

ကျင့်ဝတ်စံနှုန်းနှင့်ပရော်ဖက်ရှင်နယ်


အင်စတီကျူးရှင်းများသည် ပရော်ဖက်ရှင်နယ်ဆန်မှုနှင့်ဒွန်တွဲနေပေသည်။ ပရော်ဖက်ရှင်နယ်ဆန်မှုတွင်ပင်လျှင် မိမိလုပ်ဆောင်ရသောလုပ်ငန်းနယ်ပါယ်၌ “တရားမျှတမှု၊ အကျိုးကြောင်းဆီလျှော်မှုနှင့်ဖြောင့်မတ်တည်ကြည်မှု” လိုပေသည်။

ထိုအချက်များမရှိက အုပ်ချုပ်ရေးယန္တယားဗျူရိုကရေစီ၌လာဘ်စားအကျင့်ပျက်မှု၊အဂတိတရားနှင့်ဖိနှိပ်မှုကသာ ခေါင်းထောင်လာမည်ဖြစ်ပေသည်။

ထိုသို့ကျင့်ဝတ်ဖောက်ဖျက်မှုများတွင်အတုမြင်အတတ်သင်လာပြီးကိုယ်ကျိုးရှာအာဏာပြမှုတွင်သာပရော်ဖက်ရှင်နယ်ဖြစ်နေသောဓလေ့သည်အုပ်ချုပ်စီမံမှုအစိုးရဌာနယန္တရားများနှင့်ပြည်သူ့ဝန်ဆောင်မှုယန္တရားများတွင်အားကောင်းနေပါက ပြည်သူလူထုအတွက်အကျပ်အတည်းများစွာ ဆိုက်ပေသည်။

အင်စတီကျူးရှင်းများဖြစ်သည့် အုပ်ချုပ်စီမံမှုယန္တရားများနှင့်ပြည်သူ့ဝန် ဆောင်မှုယန္တရားများ၏မူလဘူတရည်ရွယ်ချက်သည် ပြည်သူလူထုကိုအလုပ်အကြွေးပြုရန်ဖြစ်ပေသည်။

သို့ရာတွင်အဆိုပါမူလဘူတရည်ရွယ်ချက်ကျင့်ဝတ်စံနှုန်းနှင့်သွေဖယ်သွားပါက အဆိုပါအုပ်ချုပ်စီမံမှုယန္တရားများနှင့်ပြည်သူ့ဝန်ဆောင်မှုယန္တရားများသည် ပြည်သူလူထုကိုဖိနှိပ်သော ယန္တရားဘက်ကို ပုံပြောင်းသွားတတ်သည်။

လုပ်ပိုင်ခွင့်အာဏာဟူသည် လူအား ပြောင်းလဲစေတတ်သည်။ တာဝန်အတွက်ပေးထားသော လုပ်ပိုင်ခွင့်အာဏာအား ကိုယ်ကျိုးအတွက်အသုံးချမှုနှင့်လူထုအပေါ် အာဏာပြမှုအပေါ်တွင် သာယာ သွားတတ်ကြပေသည်။

ဤသို့ဖြင့်ပြည်သူလူထုအပေါ်မတရားမှု၊ မညီမျှမှု၊ ဖိနှိပ်မှုကိုတရားဝင်လုပ်ပိုင်ခွင့်ရထားသည့်ပမာဖြစ်လာတတ်ပေသည်။

ပြည်သူလူထု၏ရန်သူသို့မဟုတ်ကျင့်ဝတ်စံနှုန်းပျက်မှုနှင့်တီရန်နီလော၊ လေဘာတီလော


အမေရိကန်ပြည်ထောင်စုအားတည်ထောင်သူ ဖခင်များထဲတွင်တဦးအပါ အဝင်ဖြစ်သော၊ အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးသားသူသောမတ်စ်ဂျက်ဖာဆင်က “ပြည်သူလူထုတွင် အဓိကရန်သူနှစ်မျိုးရှိပြီး ပထမတခုက ရာဇဝတ်ပြစ်မှုများဖြစ်ပြီး ဒုတိယတခုမှာ အုပ်ချုပ်စီမံမှု(အစိုးရ) ဖြစ်ပေသည်။ မိမိတို့သည်အုပ်ချုပ်စီမံမှု(အစိုးရ) အား ဖွဲ့စည်းပုံအခြေခံဥပဒေပဋိညာဉ်တရပ်အောက်တွင် ချည်နှောင်ထားရမည်။ ထိုသို့လူမှုပဋိညာဉ်အောက်တွင် ချည်နှောင်ထားပါမှ အုပ်ချုပ်စီမံမှု(အစိုးရ) အလုပ်သည် တရားဝင်ရာဇဝတ်မှုအလုပ်မျိုးဘက်ကိုမရောက်နိုင်တော့ချေ” ဟု ဆိုပေသည်။

သောမတ်စ်ဂျက်ဖာဆင်ကပင်ဆက်လက်၍ “ပြည်သူလူထုသည်အစိုးရတရပ်အားကြောက်လန့်နေရပါက ရက်စက်ကြမ်းကြုတ်စွာအုပ်ချုပ်မှု(တီရန်နီ)Tyranny အုပ်ချုပ်မှုဖြစ်ပြီးအစိုးရသည် ပြည်သူလူထုအားကြောက်လန့်နေရပါက လွတ်လပ်စွာအုပ်ချုပ်မှုလေဘာတီ(Liberty) အုပ်ချုပ်မှုဖြစ်သည်” ဟုဆိုပေသည်။

အုပ်ချုပ်စီမံမှု(အစိုးရ) လုပ်ငန်း၏ရည် ရွယ်ချက်


အုပ်ချုပ်စီမံမှု(အစိုးရ) လုပ်ငန်းများဖြစ်သော အုပ်ချုပ်စီမံမှုယန္တရားများနှင့် ပြည်သူ့ဝန်ဆောင်မှုယန္တရားများ၏ ရည်ရွယ်ချက်ကို သောမတ်စ်ဂျက်ဖာဆင်က ”အုပ်ချုပ်စီမံမှု(အစိုးရ)လုပ်ငန်း၏ ရည်ရွယ်ချက်သည် နိုင်ငံအတွင်းရှိ ပြည်သူလူထုများဘေးအန္တရာယ်ကင်းစွာ၊ ပျော်ရွင်ချမ်းမြေ့သာယာစေရန်အတွက် ဆောင်ရွက်ရန်ဖြစ်သည်။ အစိုးရသည် အုပ်ချုပ်စီမံမှုလုပ်ငန်းစဉ်အတွင်းသာတည်ရှိပြီး အာဏာရှိသူ၊ ရာထူးရှိသူများ၏အကျိုးစီးပွားအတွက် တည်ရှိနေသည်မဟုတ်” ဟု လည်းဆိုခဲ့သည်။

အာရက္ခလူဘောင်နှင့် အင်စတီကျူးရှင်းများ


အာရက္ခလူ့ဘောင်သည် တီရန်နီ(Tyranny) အုပ်ချုပ်မှုကိုဆယ်စုနှစ်ပေါင်းများစွာ ခါးသီးစွာရင်ဆိုင်လာခဲ့ရသော လူ့ဘောင်တရပ်ဖြစ်သည်။

ကျင့်ဝတ်စံနှုန်း၊ပဋိညာဉ်နှင့် Unenviable Task များ ဆောင်းပါးတွင် ဖေါ်ပြခဲ့သလိုပင် လက်ရှိအာရက္ခလူ့ဘောင်သည် ကုန်းဆင်းလိုက်ပါသူများ(Free Riders) ၏ ထိပ်ပိုင်းအလွှာကိုချဉ်းကပ်မှုဖြစ်စဉ်၏ခြိမ်းခြောက်မှု(Elite Orientation)ကလည်း ရှိနေချိန်ဖြစ်ပေသည်။

အင်စတီကျူးရှင်းများတည်ဆောက်ရေးနှင့်ပတ်သက်၍ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က The Diplomat သတင်းဌာနနှင့်အင်တာဗျူး (https://thediplomat.com/2024/09/arakan-army-commander-in-chief-twan-mrat-naing-on-the-future-of-rakhine-state/) တွင် “လုံခြုံရေး၊ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့်တရားရေးစသည့် အရေးကြီးသောပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းစဉ်များကို အာရက္ခဒေသနှင့်သင့်လျှော်သော ပုံစံမျိုးကို တည်ဆောက်နေကြောင်း၊ အုပ်ချုပ်စီမံမှုအားတည်ဆောက်ခြင်းသည် စစ်ရေးအောင်မြင်မှုကဲ့သိုပင်အရေးကြီးကြောင်း၊ မိမိတို့အနေဖြင့် စစ်ရေးနယ်ပါယ်တွင် အောင်မြင်မှုရထားကြောင်း၊ အုပ်ချုပ်စီမံခန့်ခွဲရေးနယ်ပါယ်တွင်လာမည့်အနာဂတ်၌ အောင်မြင်မှုများကို လိုအပ်ကြောင်း” ပြောဆိုထားသည်။

၁၂ ကြိမ်မြောက်၊ တပ်တော်နေ့တပ်မှူးချုပ်သဝဏ်လွှာစာမျှက်နှာ ၃ တွင်လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “နိုင်ငံတနိုင်ငံ၏အချုပ်အခြာအာဏာလုံခြုံအေးချမ်းမှု၊ တိုင်းပြည်၏အနာဂတ်အာမခံချက်များအတွက် စစ်တပ်သည်မရှိမဖြစ်အရေးကြီးကြောင်း၊ အောင်မြင်တိုးတက်သော နိုင်ငံတနိုင်ငံဖြစ်ရန်နိုင် ငံရေးသမားများဥပဒေပညာရှင်များ၊ ဘောဂဗေဒပညာရှင်များ၊အင်ဂျင်နိယာများ၊နည်းပညာသမားများ၊ ပါမောက်ခများ၊ ကျောင်းဆရာများ၊ ဆရာဝန်များ၊ စိုက်ပျိုးရေးပညာရှင်များ၊ မွေးမြူရေးပညာရှင်များ၊ လယ်သမားများ၊ စီးပွားရေးလုပ်ငန်းစုများအားလုံးသည် နိုင်ငံတခုကို အောင်မြင်အောင်တည်ဆောက်ရန် သူ့ကဏ္ဍနဲ့သူ အားလုံးမရှိမဖြစ် အရေးကြီးကြောင်း၊”

“တော်လှန်ရေးတရပ်ကို အောင်မြင်အောင်ဆင်နွဲနိုင်ရန် ပြည်သူတရပ်လုံး ညီညွှတ်ဖို့လိုကြောင်း၊ စစ်သားတမျိုးတည်းဖြင့် တိုင်းပြည်ကို တည်ဆောက်၍မရကြောင်း၊ ကဏ္ဍအသီးသီးတွင် ဒေါင့်စေ့အောင်တည်ဆောက်ရကြောင်း၊ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်သောအခါ ကိုယ့်ကဏ္ဍနဲ့ကိုယ်အရပ်ဖက်-စစ်ဖက်ဆက်ဆံရေးတွင် အပြန်အလှန်လေးစားတန်ဖိုးထား အသိအမှတ်ပြုရမည်ဖြစ်ကြောင်း၊” မိမိကသာ စစ်တိုက်ရသူ၊ တောထဲမှာ အပင်ပန်းခံနေရသူဟုဆိုကာ “ပြည်သူကို အနိုင်ပိုင်းပြောဆိုမှုများ၊ ကိုယ့်တာဝန်နဲ့မဆိုင်သော အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပြည်သူ့ရေးရာ ကိစ္စများတွင် ဝင်ရောက်ချယ်လှယ်မှုများကို လုံးဝမပြု လုပ်ရန်လိုကြောင်း၊ အခြေအနေအရ မဖြစ်မနေဝင်ပါရန် လိုအပ်လျှင်နည်းလမ်းတကျမှန်မှန်ကန်ကန်သက်ဆိုင်ရာလမ်းကြောင်းအတိုင်းသာဖြစ်ကြောင်း၊ အရေးကြီးသည်မှာစစ်ဖက်-အရပ်ဖက် ဟန်ချက်ညီညီလက်တွဲကာပြည်သူတရပ်လုံးနှင့်စည်းလုံးညီညွှတ်စွာတိုင်းပြည်အကျိုးကို ထမ်းရွက်ရန်လိုကြောင်း” ကိုပြောဆိုထားသည်။

အာရက္ခလူ့ဘောင်အား ပြန်လည်တည် ဆောက်ရန်အတွက် အင်စတီကျူးရှင်းများတွင် တပ်သိပညာရှင်၊ ကျွမ်းကျင်သူများ လိုအပ်ချက်ကိုလည်း ၁၅ ကြိမ်မြောက်၊ တပ်တော်နေ့၊ တပ်မှူးချုပ်သဝဏ်လွှာစာမျှက်နှာ ၄ တွင်လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “မြို့ပြများကို စနစ်တကျစီမံရန်၊ အုပ်ချုပ်ရေးလုပ်ငန်းများ၊ ပြည်သူ့ဝန်ဆောင်မှုအစိုးရယန္တရားဌာနများ ကောင်းမွန်စွာလည်ပတ်နိုင်ရန် လူ့အရင်းအမြစ်များလိုကြောင်း၊ ကဏ္ဍအလိုက် လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုရှိသော လူငယ်လူရွယ်များ၊ ပညာရှင်များ၏ စွမ်းရည်များကို လိုအပ်ကြောင်း၊ ယခင်အစိုးရလက်ထက်က ဝန်ထမ်းများ၊ တတ်သိပညာရှင်၊ ကျွမ်းကျင်သူများအနေဖြင့် လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားမှုအကျင့်ဆိုးများကို ထားခဲ့ကာ လာရောက်ပူးပေါင်းရန် ဖိတ်ခေါ်ကြောင်း” ပြောဆိုထားသည်။

အာရက္ခလူ့ဘောင်အားအမှီအခိုကင်းကာ တရားမျှတ၊ လွတ်လပ်သောလူ့ ဘောင်တရပ်ဖြစ်လာရန် အင်စတီကျူးရှင်းများကို ကျင့်ဝတ်စံနှုန်းများနှင့်အညီ တည်ဆောက်နိုင်ရန်အရေးကြီးပေသည်။

အာရက္ခလူ့ဘောင်သည် အာဏာရှိသူ၊ လုပ်ပိုင်ခွင့်ရှိသူများ၏ ဖိနှိပ်မှုအောက်တွင် အချိန်ကာလများစွာရှိနေခဲ့သည့်တိုင်အောင် “ကျင့်ဝတ်စံနှုန်းသီလတရားကို ပြန်လည်ဖေါ်ကျူးမှု၌ အမျိုးသားမာန်ရှိသော လူ့ဘောင်တရပ်လည်း” ဖြစ်ပေသည်။

အမျိုး၊ သီလနှစ်ဌာနကိုစောင့်ရှောက်သည်ဟူ၍ ကျင့်ဝတ်စံနှုန်းကို ပြန်လည်အောက်မေ့တတ်သော အလေ့အကျင့်ကောင်းများသည်လည်း အာရက္ခလူ့ ဘောင်တွင် စွဲမြဲနေပါသေးသည်။

ကျင့်ဝတ်စံနှုန်းပိုင်းနှင့်ပတ်သက်၍ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “မိမိတို့သည် လွတ်လပ်မှု၊ တရားမျှတမှုနှင့်အမှန်တရားကိုလိုလားသူများဖြစ်ပြီး ချစ်ခြင်းမေတ္တာ၊ ရဲရင့်မှု၊ သဘောထားကြီးမှု၊ အခြေခံတန်ဖိုးများနှင့် အာရက္ခပြည်သူလူထုနှင့် သမိုင်း၏တောင်းဆိုချက်အရဆက်လက်ပြီး တိုက်ပွဲဝင်တည်ဆောက်သွားမည်ဖြစ်ကြောင်း” ကို ၁၅ ကြိမ်မြောက်၊ တပ်တော်နေ့တပ်မှုးချုပ်သဝဏ်လွှာ စာမျှက်နှာ ၅ တွင် ဖော်ပြထားသည်။

သို့ဖြစ်၍လက်ရှိအချိန်တွင်ကျင့်ဝတ်စံနှုန်းများကို ပျက်ရယ်ပြုတတ်သော ကုန်းဆင်းလိုက်ပါသူ(Free Riders) များနှင့် ထိပ်ပိုင်းအလွှာကိုသာချဉ်းကပ်မှု (Elite Orientation) များ မည်မျှပင် ခေါင်းထောင်နေပါစေ… အာရက္ခပြည်သူလူ ထု၏လွတ်လပ်မှု၊တရားမျှတမှုနှင့်အမှန်တရားကို ကျင့်ဝတ်စံနှုန်းများနှင့်အညီ တည်ဆောက်မှုအား ထိုသူများသည်အဟန့်အတားပြုနိုင်မည်ကားမဟုတ်ပေ။

PrevPreviousစစ်တွေမြို့မြင်ကွင်းတချို့
Nextအာဆာအဖွဲ့ဝင်တွေ ဆက်လက်တိုက်ခိုက်သွားကြဖို့ ဆော်သြနေNext
Previous Post

စစ်တွေမြို့မြင်ကွင်းတချို့

Next Post

အာဆာအဖွဲ့ဝင်တွေ ဆက်လက်တိုက်ခိုက်သွားကြဖို့ ဆော်သြနေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

Photo - လူမှုကွန်ရက်

​အမေရိကန်နဲ့ အစ္စရေးတို့ Epic Fury စစ်ဆင်ရေးနဲ့ တီဟီရန်ကို အပြင်းအထန်ဗုံးကြဲ

February 28, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

ဘာရိန်းရှိ အမေရိကန်စခန်းတွေ တိုက်ခိုက်ခံရလို့ အဘူဒါဘီမှာ အရပ်သားတဦး သေဆုံး

February 28, 2026
ကိုးကား - Reuters

​အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်ကာကွယ်ရေးဦးစီးချုပ် သေဆုံး

February 28, 2026
ဓာတ်ပုံ-ဖာမိူင်းစစ်ကြောင်း

နယ်စပ်မှာ စိတ်ကြွဆေးပြား ၅သန်းကျော်နဲ့အိုက်စ် ၅၀ ကီလို ဖမ်းဆီးရမိ

February 28, 2026

​အီရန်မှာ မိန်းကလေးမူလတန်းကျောင်းဗုံးကြဲခံရလို့ ကျောင်းသူ ၄၀ သေဆုံး

​အမေရိကန်နဲ့ အစ္စရေးတို့ Epic Fury စစ်ဆင်ရေးနဲ့ တီဟီရန်ကို အပြင်းအထန်ဗုံးကြဲ

ဘာရိန်းရှိ အမေရိကန်စခန်းတွေ တိုက်ခိုက်ခံရလို့ အဘူဒါဘီမှာ အရပ်သားတဦး သေဆုံး

​အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်ကာကွယ်ရေးဦးစီးချုပ် သေဆုံး

​ပုဂံမှာ စစ်ကော်မရှင်တပ်ကင်းလှည့်ကားတိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး

အမေရိကန်ပဉ္စမရေတပ်ဌာနချုပ်ကို အီရန်ဒုံးကျည်တွေနဲ့ဒုတိယလှိုင်းအဖြစ် ဗုံးကြဲတိုက်ခိုက်

Releated Post

ဓာတ်ပုံ-လူမှုကွန်ရက်

​အီရန်မှာ မိန်းကလေးမူလတန်းကျောင်းဗုံးကြဲခံရလို့ ကျောင်းသူ ၄၀ သေဆုံး

February 28, 2026
Photo - လူမှုကွန်ရက်

​အမေရိကန်နဲ့ အစ္စရေးတို့ Epic Fury စစ်ဆင်ရေးနဲ့ တီဟီရန်ကို အပြင်းအထန်ဗုံးကြဲ

February 28, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

ဘာရိန်းရှိ အမေရိကန်စခန်းတွေ တိုက်ခိုက်ခံရလို့ အဘူဒါဘီမှာ အရပ်သားတဦး သေဆုံး

February 28, 2026
ကိုးကား - Reuters

​အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်ကာကွယ်ရေးဦးစီးချုပ် သေဆုံး

February 28, 2026
ဓာတ်ပုံ - ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

​ပုဂံမှာ စစ်ကော်မရှင်တပ်ကင်းလှည့်ကားတိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး

February 28, 2026

အမေရိကန်ပဉ္စမရေတပ်ဌာနချုပ်ကို အီရန်ဒုံးကျည်တွေနဲ့ဒုတိယလှိုင်းအဖြစ် ဗုံးကြဲတိုက်ခိုက်

February 28, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page