Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် လူ့အခွင့်အရေး အာရက္ခဒေသ

ဆွေမျိုးစုကွန်ဆိုရှယ်ရှင်နယ်ဇင်ဒီမိုကရေစီနှင့်ဆိုရှယ်ဒီမိုကရေစီအပြင်းစားကြား နှိုင်းယှဉ်ချက် ၂။

Author picture

By

BNA Author
Reading Time: 7 mins read
0
A A
0
SHARES
97
VIEWS
Share on FacebookShare on Twitter

မောင်တူရေးသည်။

Border News Agency
မြောက်ဦး၊ မေ ၂၄။

ဆိုရှယ်ဒီမိုကရေစီမိတ်ဆက် အပိုင်း ၂။

နိုင်ငံအချို့၏စနစ်၊မူဝါဒအပြောင်းအ လဲနှင့်ပြန်လည်တည်ဆောက်ရေးဖြစ်စဉ်အစ…။

ဆွေမျိုးစုကွန်ဆိုရှယ်ရှင်နယ်ဇင်ဒီမိုကရေစီနှင့်ဆိုရှယ်ဒီမိုကရေစီအပြင်းစားကြား နှိုင်းယှဉ်ချက် ၂။

ဆိုမာလီလန်အား ဆွေမျိုးစုကွန်ဆိုရှယ်ရှင်နယ်ဇင်ဒီမိုကရေစီအဖြစ်လည်း ကောင်း၊ အီရီထရီးယားအားအပြင်းစား ဆိုရှယ်ဒီမိုကရေစီအဖြစ်လည်းကောင်း ချဉ်းကပ်မှုသည် အာဖရိကသား ပညာ ရှင်ဒေါက်တာဟူစိန်မိုဟာမက်အေဒင်၏ နိုင်ငံအသစ်များအသိအမှတ်ပြုခံရခြင်းနှင့်တည်ဆောက်ခြင်း (ဆိုမာလီလန်နှင့်အီရီထရီယားအား နှိုင်းယှဉ်ချက်) စာတမ်းငယ်ထဲမှ ချဉ်းကပ်မှုဖြစ်သည်။

ဒေါက်တာဟူစိန်မိုဟာမက်အေဒင်က အဆိုပါစာတမ်းထဲတွင် ဆိုမာလီလန်အပေါ် နိုင်ငံတကာ၏အသိအမှတ်ပြုခြင်းမခံရမှုကို ဒေသတွင်းနိုင်ငံများ၏အ ကျိုးစီးပွားပေါ်မှ ချဉ်းကပ်ဆန်းစစ်ထားသည်။

နိုင်ငံတကာအသိအမှတ်ပြုခံရသော အီရီထရီးယားကို ကြည့်ပါက ဦးဆောင်နိုင်ငံရေးအဖွဲ့ အီရီထရီးယားပြည့်သူလွတ်မြောက်ရေးတပ်ဦး(Eritrea People Liberation Front- EPLF) သည် လွတ်လပ်ရေးရပြီးနောက်တွင် ပြည်သူ့ဒီမိုကရေစီနှင့်တရားမျှတမှုတပ်ဦး (People Front for Democracy and Justice- PFDJ)အဖြစ်ပြောင်းလဲလိုက်ပြီးအီရီထရီယား၏အာဏာကို ချုပ်ကို င်ထားသည်။

EPLF ၏သမိုင်းကိုကြည့်လျှင် ပညာတတ်လူငယ် ၃၃ ဦးသည် တရုတ်ကိုသွားကာ စစ်ပညာသင်ကြားကြပြီး အီရီထရီယားလွတ်မြောက်ရေးတပ်ဦး(Eritrea Liberation Front – ELF)နှင့်ပူးပေါင်းကြသည်။

ယင်းနောက်တွင်တော့ ELF မှခွဲထွက်ကာ EPLF ကိုတည်ထောင်ကြသည်။ အီသီယိုပီးယား၌လည်း ဘုရင်ဟိုင်းလေးဆီလစ္စီ(Emperor Haile Selassie) ကိုဖြုတ်ချကာဒါရ်(ဂျ်) (Derg)စစ်ကောင်စီက(၁၉၇၄ ခုနှစ်မှ၁၉၉၁ခုနှစ်ထိ) အုပ်ချုပ်လာသည်။

ဒါရ်(ဂျ်)စစ်ကောင်စီသည် မက်စ်-လီနင် လက်ဝဲအယူအဆဘက်ကို ယိမ်းသည်။ ဒါရ်(ဂျ်)စစ်ကောင်စီအား ဆိုဗီယက်များက အထောက်အပံပေးခဲ့သည်။

အမှန်က EPLF ၏မူလနိုင်ငံရေးအယူအဆသည်လည်း မက်စ်-လီနင်ဝါဒီများဖြစ်သည်။ ဒါရ်စစ်ကောင်စီ၏ဖိနှိပ်အုပ် ချုပ်မှုကို မခံနိုင်၍လည်း အီသီယိုပီးယား၌ လက်နက်ကိုင်အသီးသီးပေါ်လာခဲ့ပြန်သည်။

ထိုလက်နက်ကိုင်များထဲတွင် EPLF သည် စနစ်အကျဆုံးဟု ဆိုကြသည်။

အမှန်တကယ်လည်း EPLF အနေဖြင့် တော်လှန်ရေးကနဦးပိုင်းတွင် အမျိုးသမီးအခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေးစသည့်နယ်ပါယ်များ၌ လေးစားစရာလုပ်ရပ်များရှိခဲ့သည်။

ခေါင်းဆောင်များကလည်း ခေတ်ပညာတတ်များဖြစ်ကြသည်။ ဒီမိုကရေစီ၊လွ တ်လပ်ခွင့်၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ ဈေးကွက်စီးပွားရေးကို တော်လှန်ရေးကာလတလျှောက် ကြွေးကြော်ခဲ့ကြသည်။

အီသီယိုပီးယား စစ်အာဏာရှင်လက် အောက်တွင် မခံနိုင်၍ တော်လှန်ကြသော တော်လှန်းရေးအဖွဲ့အသီးသီးကိုလည်း ဖေးမကူညီခဲ့သည်။

ELPF အနေဖြင့် အီရီထရီးယား၏ လွ တ်လပ်ရေးကို ရှေးရှုခဲ့သော်လည်း ဖက်ဒရယ်ကိုတောင်းဆိုသည့် လူမျိုးစုတော် လှန်ရေးအဖွဲ့များကို ကူညီခဲ့သည်။

အီရီထရီးယား၏ ELPFသည်လည်း ကောင်း၊ဆိုမာလီလန်၏ SNM သည်လည်းကောင်း တော်လှန်ရေးကာလတလျောက် ၎င်းတို့နှင့်ခေတ်ပြိုင် ဖက်ဒ ရယ်ကိုအကောင်အထည်ဖော်ချင်သ ည့်တော်လှန်ရေးအဖွဲ့များနှင့်ပတ်သ က်ဆက်စပ်ခဲ့ရသည်ပင်။

အီရီထရီယားလွတ်လပ်ရေးရသော အခါ EPLF ကိုကြည့်၍ အာဖရိက၌ သစ် လွင်သော ဒီမိုကရေစီနိုင်ငံတခု ပေါ်လာလိမ့်မည်ဟု ထင်ကြေးပေးခံခဲ့ရသည်။

သို့သော် PFDJ အဖြစ်ပြောင်းလဲ၍ နိုင် ငံကိုတည်ဆောက်သောအခါ ၁၉၉၃ ခု နှစ်မှလွဲ၍ ယခု ၂၀၂၅ ခုနှစ်ထိ ရွေး ကောက်ပွဲဆိုသည်မှာလည်းမရှိတော့ပေ။

PFDJ ၏ပါတီတွင်း ညီလာခံ၊အစည်း အဝေးဆိုသည်မှာလည်း ၂၀၀၂ခုနှစ်မှ လွဲ၍မရှိတော့ပေ။

EPLF မှပြောင်းလဲလိုက်သည့် PFDJ သည် ဆိုရှယ်ဒီမိုကရက်တစ်စံနှုန်းကိုလက်ကိုင်ထားသော နိုင်ငံရေးအစုအဖွဲ့ဖြစ်သည်။

ဤမျှော်လင်းချက်က လာခြင်းကောင်း သောအဖွဲ့အစည်းတခုသည် ယခုအခါ အဘယ်ကြောင့် အာဏာရှင်ပုံစံဘက်ကို ရောက်ရှိသွားရပါသနည်း။

EPLF/PFDJ ၏ ထုတ်ပြန်ကြေညာခဲ့သော ကြေညာချက်များတွင် တရားမျှ တမှု၊ တန်းတူညီမျှမှု၊လွတ်လပ်ခြင်း၊ ဒီမိုကရေစီ၊ ညီညွှတ်ရေးစသည့် ချိုမြိန်သောဝေါဟာရများသည် အလွန်တရာ
မှ ပနံတင့်ခဲ့ပေ၏။

သို့သော် အီထရီးယားလူ့ဘောင်မှာ ထိုချိုမြိန်သော ဝေါဟာရများ၏အနှစ်သာရကို ယခုအချိန်ထိ စားသုံးခွင့်မရသေးပေ။

EPLF/PFDJ နှင့်အီရီထရီးယားလူ့ဘောင် ဤသို့ဖြစ်ရခြင်းအပေါ် ရိုးရှင်းသောနမူနာ ပြရလျှင် “လှေကြီးနမူနာ”နှင့် ပြရပေလိမ့်မည်။ဟိုဘက်ကမ်း ဒီဘက်ကမ်း လူသွားလူလာအင်မတန်များသော ဆိပ်ကမ်းတခုပေါ်တွင် သွားလာနေသော လူများအားတယောက်သောသူက “မိတ်ဆွေတို့… မိမိသွားလိုသောခရီးကိုရောက်ခြင်းကသာ ပဓာနဖြစ်သည်။

သို့ဖြစ်၍ လှေအများကြီးလည်းမလို၊ ဆိပ်ကမ်းနှင့်ရေကြောင်းအခြေအနေကလည်း လှေများများဝင်ထွက်လုပ် ၍မရ။သို့ဖြစ်၍ ကိုယ်စီးမည့် လှေတစီထဲကိုသာ ဤဆိပ်ကမ်း၌ထားကြမည်။ကျန်လှေများကို မထားနှင့်တော့၊သူတစီးကို ကိုယ်တစီးဆိုလျှင် လူစုလည်းကွဲနိုင်သည်။ ရေကြောင်းနှင့်ဆိပ်ကမ်းကလည်း ကျဉ်းမြောင်းတော့ လှေအချင်း ချင်းလည်း ထိခိုက်မိနိုင်သည်။သူတစီးကိုယ်တစီးဖြစ်နေပါက လှေပေါ်တွင် အ ခက်အခဲဖြစ်လျင်လည်း အပြန်အလှန် အကူအညီယူရန်ခက်မည်။တစီးထဲတွင် အတူတူညီညီညွှတ်ညွှတ်နှင့်သွားကြပါက ပိုကောင်းမည်။

သို့ဖြစ်၍ ကျွန်ုပ်တို့မောင်းနှင်မည့် လှေတစီးကိုသာ အားလုံးတက်ကြ၊ကျွန်ုပ်တို့လှေကား ဤဆိပ်ကမ်း၌ အကြီးဆုံးဖြစ်သည့်အပြင် လှိုင်းကြမ်းလေကြမ်းတွင် ဖြတ်လာသောလှေဖြစ်သည်”ဟုပြောခြင်းနှင့်တူပေသည်။

လှေနမူနာကို ဆန်းစစ်ကြည့်လျှင် ”ဦးတည်ရာတခုတည်းကို စုစုစည်းစည်းနှင့် သွားကြခြင်း(သို့မဟုတ်)ညီညွှတ်ခြင်း” သည် ကောင်းသည်။

သို့သော် “ဦးတည်ရာတူတိုင်းလည်း လူတယောက်ခြင်းစီ၏တောင့်တမှု၊ ကြောင့်ကြမှု၊ အာသာဆန္ဒသည်တူသည် မဟုတ်ပေ”။

“ခရီးသွားမည့်သူအားလုံး တပြိုင်တ ည်း၊တခါတည်း ရောက်ရှိနိုင်ခြင်း” သည် တဖက်တွင် “မိမိသွားချင်သည့်အချိန်တွင် သွားလိုခြင်း” ဆိုသည့် လူတယောက်ခြင်းစီ၏ ရွေးချယ်ခွင့်ကို ကန့် သတ်ရာလည်း ရောက်သည်ကို သတိပြုရန်လိုသည်။

“မိမိသွားချင်သည့်အချိန်တွင် သွားလာနိုင်ခြင်း” ဆိုသည့် အခွင့်အရေးနှင့် “လှေကြီးထွက်မှ ခရီးရောက်လိမ့်မည်” ဆိုသည့် ပေးထားချက်သည်မတူပေ”၊ လှေကြီးမထွက်လျင်တောင် မိမိသွားချင်သ ည့်အချိန်တွင် သွားလာနိုင်သောအခင်း အကျင်းသည် လူ့ဂုဏ်သိက္ခာ ပိုရှိသည်။

ထိုကဲ့သော လူ့ဂုဏ်သိက္ခာရှိသော အခင်းအကျင်းမျိုးကိုဖြစ်စေရန် ရေကြောင်းနှင့်ဆိပ်ကမ်းကို မည်သို့စီမံခန့်ခွဲသည်။ မည်သည့်အချိန်တွင်မဆို ခရီးစဉ်တလျောက် ဘေးအန္တရာယ်ကင်းအောင် စီမံခန့်ခွဲထားနိုင်သည်။ လှေအချင်းချင်း ပဋိပက္ခမဖြစ်အောင် မည်သို့စီမံခန့် ခွဲသည်ဆိုခြင်းကသာ အဖြေဖြစ်သည်။

EPLF/PFDJ သည် အီရီထရီးယားလူ့ ဘောင်အတွက် “တော်လှန်ရေးလှိုင်းကြမ်းလေကြမ်းတွင် ဖြတ်သန်းခဲ့သောအကြီးဆုံးလှေကြီးဖြစ်သည်။

“ခက်သည်က” မိမိတို့မှလွဲ၍ နောက်လူမရှိရဟူသောအမူအကျင့်” ဖြစ်သည်။ “မိမိတို့မှလွဲ၍နောက်လူမရှိရဟူသော အမူအကျင့်”သည် PFDJ  အနေဖြင့် အာဏာရယူပြီးစတွင် ချက်ချင်းပေါ်ထွ က်လာသည့်မဟုတ်ပေ။

PFDJ အနေဖြင့် အီရီထရီးယားလူ့ဘောင်အား တန်းတူညီမျှမှု၊ တရားမျှတမှု၊ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ ညီညွှတ်မှုဆိုသည့် စံတန်ဖိုးများဖြင့် တိုးတက်သော လူ့ဘောင်တရပ်အဖြစ်တည်ဆောက်လိုသည်။

ထိုသို့တည်ဆောက်ရာတွင် အီထရီးယားလူ့ဘောင်အတွင်းမှ လူမျိုးစုအသီးသီး၊ ဘာသာစကားအသီးသီး၊ ဘာသာရေးယုံကြည်မှုအသီးသီးတို့အပေါ် လိုက်၍ ခွဲခြားဆက်ဆံမှုမှာ အဟန်အတားဖြစ်စေသည်။

သို့ဖြစ်၍ ထိုမတူကွဲပြားခြားနားသော အသိုက်အဝန်းများထဲတွင် ခွဲခြားဆက်ဆံမှုကင်းရှင်းစေရန်လိုသည်။ လွတ်လပ်ပြီးစအီရီထရီးယား လူ့ဘောင်အနေဖြင့် အဆိုပါ ခွဲခြားဆက်ဆံမှုကင်းစေရန် စောင့်ရှောက်ပေးနိုင်မည့်အရိပ်သည်လိုသည်။

ထိုအရိပ်အား PFDJ ကသာပေးနိုင်သည်။ PFDJ သည် အီထရီးယားလူ့ဘောင်အတွက် ပေးဆပ်အနစ်နာခံကာ လှိုင်းကြမ်းလေကြမ်းကို ဖြတ်ကျော်လာခဲ့သည်။

လူထုထောက်ခံမှုမြင့်မားသည်။ ခေါင်းဆောင်များမှငယ်ရွယ်၍ပညာတတ်သည်။ ဩဇာကြီးသည်။ စုံလင်ကွဲပြားသော လူမှုအသိုက်အဝန်းများအားလုံးသည် PFDJ အောက်၌လာ၍ပူးပေါင်းကြသ ည်။

PFDJ ၌လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုမရှိ။ အားလုံးကို တံခါးဖွင့်ထားသည်။ PFDJ သည် EPLF များလောက်သာ ပါဝင်ရမည့်လှေမဟုတ်၊ ရှိရှိသမျှသော အီရီထရီးယားတိုင်းအတွက် ပါဝင်နိုင်သောလှေ ဖြစ်သည်။

ထိုလှေသည် တိုးတက်ဖွံ့ဖြိုးသော ကမ်းတဘက်ကို ဦးတည်နေသည့်လှေဖြစ်သည်။

လက်ရှိအနေအထားတွင် ရေစီးကြောင်းနှင့်ဆိပ်ကမ်းဟူသော ဒေသတွင်းနိုင်ငံရေးဖြစ်စဉ်နှင့် မြေပြင်ပကတိအရှိတရားအရ PFDJ သာ စိတ်အချရဆုံး လှေဖြစ်သည်။

အခြားလှေများကို မတည်ဆောက်နှင့်၊ အခြားလှေများကို တည်ဆောက်ပါက လှေဆောက်နေသည့်နေရာတွင် လုပ်အား၊ အချိန်ကုန်ဆုံးမည်။ ရေစီးကြောင်းနှင့်ဆိပ်ကမ်းအနေအထားအရ လှေအချင်းချင်း ထိခိုက်မိလျှင် လှေအသစ်ရော၊ လှေအဟောင်းပါ ထိခိုက်ပြီး စီးနင်းလာသူ အီထရီးယားများသာ ဒုက္ခ ရောက်မည်။

သို့ဖြစ်၍ တည်ဆောက်ပြီးသား PFDJ လှေတွင်သာ ချက်ချင်းလိုက်ပါ၍ ကမ်းတဖက်ကို မြန်မြန်ရောက်အောင်သွားကြမည်ဆိုသော အတွေးအမြင်သည် အီရီထရီးယားလူ့ဘောင်နှင့် PFDJ တွင် အားကောင်းလာခဲ့သည်။

ထိုအမြင်က အခြားတဖက်တွင်  PFDJ လှေမဟုတ်ဘဲ အခြားလှေတစီးဖြစ်တည်ခြင်းကိုပင် အပြစ်တခုအဖြစ် တရားသေ မှတ်ယူလိုက်ခြင်းပင်ဖြစ်သည်။

ဤသို့ဖြင့် PFDJ နှင့် အီရီထရီးယား လူ့ဘောင်တွင် “မိမိတို့မှလွဲ၍ နောက်လူမရှိရဟူသော အမူအကျင့်” နှင့် “စစ်ဘက်အင်အားကို ကိုင်စွဲခြင်းအလေ့အထ” က အားကောင်းလာတော့သည်။

PFDJ အနေဖြင့် ဆိုရှယ်ဒီမိုကရက်မဆန်တော့ဘဲ ကွန်မြူနစ်ပါတီဆန်လာတော့သည်။

PFDJ အနေဖြင့် အီရီထရီးယား လူ့ ဘောင်အား “တောင့်တမှု၊ကြောင့်ကြမှု” ကင်းလိုသော လူ့ဘောင်တခုအဖြစ် အလုပ်အကျွေးပြုချင်သော စေတနာက ရှိသည်။

ဆိုရှယ်ဒီမိုကရက်တစ်စံအရလည်း အ စိုးရသည် လူထု၏စားဝတ်နေရေးအစ စအရာရာကို တာဝန်ယူဖြေရှင်းပေးရမ ည်။အီရီထရီးယားလူ့ဘောင်က ရှိရှိသ မျှ PFDJ က ဖြေရှင်းပေးလိမ့်မည်ဟု အားကိုးယုံကြည်ကြသည်။

ဤအချက်ကအီရီထရီးယားလူ့ဘောင်သည် မိမိပြဿနာအား မိမိဖာသာကိုင်တွယ်ဖြေရှင်းတတ်သည့် လူ့ဘောင်ဘက်ကို မရောက်ဘဲ အစိုးရကိုချည်းသာ အားကိုးချင်သည်လူ့ဘောင်ဘက်ကို ရောက်သွားပြန်သည်။

ဤအချက်ကလည်း PFDJ အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်စေပြန်သည်။

တပါတီပုံစံဖြစ်နေမှုကအထက်ဖားအောက်ဖိလုပ်တတ်သော အခွင့်အရေးသမားများအတွက် လမ်းပွင့်စေသည်။ အထက်ဖားအောက်ဖိအုပ်စုများလာလေ ကျင့်ဝတ်စံတန်ဖိုးကို ကိုင်စွဲသူများ နေရာပျောက်လာပင်ဖြစ်တတ်၏။

ဤသို့ဖြင့် ဆုံးဖြတ်ချက်ချမှတ်သော ခေါင်းဆောင်များအတွက် အောက်တွင် ဖိထောင်းခံရသော လူထု၏ ပကတိအ သံကို မကြားရတော့ပေ။

ထိုအခါ အီရီထရီးယားလူ့ဘောင်သည် လူဖြစ်ရကျိုးမနပ်သည့် ဖိနှိပ်ထောင်းခံ လူဘောင်တရပ်ဘက်ကို ပြန်ရောက် လာတော့သည်။

၁၉၉၁ ခုနှစ်တွင် အီရီထရီးယားတွင် အီသီယိုပီးယားတပ်ကို မောင်းထုတ်နိုင်ခဲ့ပြီး ၁၉၉၃ခုနှစ်တွင် လွတ်လပ်ရေးကို ကြေညာခဲ့သည်။၁၉၉၃ခုနှစ်တွင်ပင် အမျိုးသားညီလာခံအတွက်ကိုယ်စား လှယ် ၇၅ ဦးကို ရွေးကောက်ပွဲဖြင့် ရွေး ချယ်ခဲ့ပြီး ကျန်ကိုယ်စားလှယ်များကို ခန့်အပ်ခဲ့သည်။

၁၉၉၄ ခုနှစ်တွင် ကိုယ်စားလှယ်များက အမျိုးသားညီလာခံတရပ်ခေါ်ယူခဲ့ပြီး လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများပါဝင်နိုင်သော နိုင်ငံရေးဖြစ်စဉ်တရပ်အဖြစ် ပြောင်းလဲရန် EPLF အား PFDJ အဖြစ်ပြောင်းလဲလိုက်သည်။

ထိုညီလာခံမှ PFDJ အား နိုင်ငံရေးဖြစ် စဉ်ကိုအကောင်အထည်ဖော်ရန်နှင့်ဒီမိုကရက်တစ်ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အုပ်ချုပ်သော နိုင်ငံတခုဖြစ်လာရန်အ တွက် ကြားကာလအစိုးရအဖြစ် တာဝန်ပေးလိုက်သည်။

တရုတ်ပြည်တွင် စစ်သင်တန်းသွားတ က်ကာ EPLF အားတည်ထောင်သူများထဲတွင်ပါဝင်သော အိုင်ဆက်အဖ်ဝေါကီ( Isaias Afewerki)အား PFDJ ခေါင်းဆောင်အဖြစ်တင်မြောက်လိုက်တော့သည်။

EPLF/PFDJ အလံ (ပုံ-1)
PFDJ တံဆိပ် (ပုံ-2)

၁၉၉၄ ခုနှစ်တွင် အိုင်ဆက်အဖ်ဝေါကီ က ကိုယ်စားလှယ်၁၅၀ နှင့်ကြားကာလ အမျိုးသားညီလာခံတရပ်ခေါ်ယူခဲ့သည်။

ထိုကြားကာလညီလာခံမှ PFDJ အတွ က် အထွေထွေအတွင်းရေးမှူးကိုရွေးချ ယ်ခဲ့ပြီး အိုင်ဆက်အဖ်ဝေါကီအား အီရီထရီးယား၏သမ္မတအဖြစ်တင်မြောက်ပေးလိုက်သည်။

ထိုညီလာခံမှပင် ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စနှင့်ရွေးကောက်ပွဲ ကိစ္စရပ်များကို ဆိုင်းငံထားလိုက်တော့သည်။ အိုင်ဆက်အဖ်ဝေါကီက အစိုးရဖွဲ့လိုက်သည်။

၁၉၉၇ ခုနှစ်တွင် ကြားကာလအမျိုး သားညီလာခံမှ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပါတီစုံရွေးကောက်ပွဲကို အတည်ပြုလိုက်သည်။

သို့သော် အစိုးရအဖွဲ့သည် ထိုကိစ္စရပ်များအတွက် လမ်းခင်းပေးခြင်းမရှိခဲ့ပေ။

PFDJ ၏ပါတီညီလာခံကိုလည်း ၂၀၀၂ ခုနှစ်မှစတင်ကာ မခေါ်ယူတော့ပေ။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာတရပ်တွင် အီရီထရီးယားအတွက် ရွေးကောက်ပွဲဆိုသည်မှာ၁၉ ၉၃ ခုနှစ်မှလွဲ၍ မရှိတော့ကြောင်း၊ရပ် ရွာဒေသန္တရရွေးကောက်ပွဲများမှာလ ည်း ၂၀၀၃-၂၀၀၄ ခုနှစ်ကပင်မရှိတော့ကြောင်း ဖော်ပြထားသည်။

၂၀၀၈ ခုနှစ် အယ်ဂျာဇီးယားသတင်းဌာနနှင့်အင်တာဗျူးတခုတွင် သမ္မတ အိုင်ဆက်အဖ်ဝေါကီက “အီရီထရီးယားအနေဖြင့် ရွေးကောက်ပွဲတခုကျင်းပရန် နောက်ထပ်ဆယ်စုနှစ်သုံး၊ လေးခု လည်းကြာနိုင်သည်။ ထိုထက်လည်းပိုကြာချင်ကြာနိုင်သည်။ ဘယ်အချိန် ရွေးကောက်ပွဲလုပ်မည်ကို ဘယ်သူမှမသိနိုင်” ဟု ပြောခဲ့သည်။

အိုင်ဆက်အဖ်ဝေါကီသည် အီရီထရီးယားလွတ်လပ်ရေးတိုက်ပွဲအတွက် ထူးချွန်ပြောင်မြောက်ခဲ့သူဖြစ်သည်။

သို့သော် အီထရီးယားလူ့ဘောင်အား အာဏာရှင်စနစ်အောက်တွင် ပိတ်လှော င်သူဖြစ်သွားခဲ့ပြီဖြစ်သည်။

၂၀၀၁ ခုနှစ်တွင် ဒီမိုကရေစီအတွက် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုခဲ့သော အီရီထရီးယား ၁၅ ဦးကိုလည်း ဖမ်းဆီးခဲ့သည်။တရားစွဲဆိုခြင်းလည်းမပြုဘဲ ဖမ်းဆီးထားခြင်းဖြစ်သည်။

အီရီထရီးယားတယောက်အတွက် “ဘာသာရေးယုံကြည်မှုအပေါ် မှတ်ပုံ တင်ရန်ပျက်ကွက်လျှင်”၊”အီထရီးယားနယ်မြေထဲမှထွက်ပြေးရန်ကြိုးစားလျှင် “၊”စစ်မှုထမ်းရန်ပျက်ကွက်လျင်” အဖမ်းခံရမည်ဖြစ်သည်။

၂၀၀၉ ခုနှစ်တွင် နှိပ်စက်ခံရသော၊ စနစ်တကျသတ်ဖြတ်ခံရသော နိုင်ငံရေးအကျဉ်းသားပေါင်းတသောင်းဝန်းကျင်မှသုံးသောင်းဝန်းကျင်ခန့်ရှိသည်။

ထိုအထဲတွင် ကလေးသူငယ်၊သက်ကြီးရွယ်အို၊နာမကျန်းဖြစ်နေသူများလည်းပါဝင်သည်။

အိုင်ဆက် အဖ်ဝေါကီပုံ (ပုံ-3)

အဘယ်ကြောင့် အီရီထရီးယား၏ လွတ်လပ်ရေးကို ဆောင်ကျဉ်းသူသည် ထိုသို့ အာဏာရှင်ဖြစ်သွားရပါသနည်း။

အိုင်ဆက်အဖ်ဝေါကီ၏ အကြောင်းပြချက်ထဲတွင် အီသီယိုပီးယားကို လက်ညိုးထိုးသည်။အီသီယိုပီးယားနှင့်အီရီထရီးယားကြားတွင် ၁၉၉၈ ခုနှစ်မှ ၂၀ ၀၀ ခုနှစ်ထိ နှစ်နှစ်ကျော်သုံးနှစ်နီးပါး ပြဿနာတက်ခဲ့သည်။

အိုင်ဆက်အဖ်ဝေါကီနှင့်၎င်းကိုထော က်ခံသော အထက်ဖားအောက်ဖိအုပ်စုများက အီရီထရီးယားလူထုအား အီသီယိုပီးယားမှလာသိမ်းလျှင်ခက်မည် ဟူ သော စကားလုံးဖြင့် အကြောင်းပြကြသည်။

သို့သော် အီသီယိုပီးယားသည် အီရီထရီးယား၏လွတ်လပ်ရေးကို ချက်ချင်းအသိအမှတ်ပြုခဲ့သော နိုင်ငံဖြစ်သည်။

ဆိုမာလီလန်၏လွတ်လပ်ရေးအား ဆိုမာလီယားဘက် အသိအမှတ်မပြုသည့် ပုံစံမျိုးလည်းမဟုတ်ပေ။

အီသီယိုပီးယား၏အာဏာကိုရယူလာနိုင်သော အာဏာရှင်ဆန်ကျင်တော် လှန်ရေးအဖွဲ့များနှင့် EPLF ကြားတွင် ဖေးမမှုရှိခဲ့ကြသည်။

အမှန်တကယ်တော့ အိုင်ဆက်အဖ်ဝေါကီကိုယ်တိုင်က အာဏာကိုယစ်မူးသွားခြင်းသာဖြစ်သည်။

(တည်ဆောက်စ အီရီထရီးယားနိုင်ငံအနေဖြင့် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် အင်စတီကျူရှင်းများတည် ဆောက်ရေးတွင် လိုအပ်ချက်များရှိနေ သည်ကို အကြောင်းပြ၍ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုင်းငံခြင်း၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို ဆိုင်းငံထားခြင်းကိုပြုသည်ဆိုပါကလည်း ကမ္ဘာပေါ်ရှိ တည်ဆောက်စနိုင်ငံများတွင် ထိုကဲ့သို့ ပြည်တွင်းပြဿနာများက ရှိနေသည်သာဖြစ်သည်။)

ထိုပြည်တွင်းပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် “ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဒီမိုကရေစီ” မှာလိုအပ်သည်။ အိုင်ဆက်အဖ်ဝေါကီအုပ်စုက ပြောင်းပြန် “ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဒီမိုကရေစီ” ကိုမျက်ကွယ်ပြုထားသည်။

ထိုသို့မျက်ကွယ်ပြုထား၍ နိုင်ငံတည်ဆောက်ရေးကို အထောက်အကူမဖြစ်သည့်အပြင် ပို၍ဆိုးသွားသည်။

ထိုသို့ဆိုးဝါးသည့် အခြေအနေကို လက်ညိုးထိုးကာ “ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်မှုနှင့်ပါတီစုံရွေးကောက်ပွဲ” ကို ဟန့်တားသည်။

အီရီထရီးယား၏နိုင်ငံရေးအချက်အလက်များ ဇယား

အီရီထရီးယား လူ့ဘောင်အနေဖြင့်လည်း “လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းတရပ်” ပေါ်တွင် ပုံအောပစ်ခဲ့သည်။ လွတ်လပ်ရေးတိုက်ပွဲကာလက “ဦးဆောင်မှုတခုတည်းအောက်တွင် ညီညွှတ်စွာ” တိုက်ပွဲဝင်နိုင်ခြင်းသည် တိုက်ပွဲကာလအတွက် လိုအပ်သည်။ ခက်သည်က အီရီထရီးယား၏လွတ်မြောက်ရေးတိုက်ပွဲမှာကာ လရှည်ခဲ့၍ ထိုတိုက်ပွဲကာလအလေ့အ ကျင့်ကလည်း အစွဲပါနေတော့သည်။

“ဦးဆောင်မှုတခုတည်းအောက်တွင် ညီညွှတ်စွာ” ဆိုသည့်အနေအထားသည် နိုင်ငံတည်ဆောက်ရေးဘက်သို့ ရောက်လာသောအခါ “မိမိတို့လှေတစင်းသာထားမည်။ နောက်လှေမရှိရ” ဟူသောဘက်ကိုရောက်စေတော့သည်။

PFDJ အား နိုင်ငံရေးအစုအဖွဲ့မဟုတ်၊ အီရီထရီးယားပြည်သူတိုင်းပါဝင်နိုင်သော နိုင်ငံရေးဖြစ်စဉ်တခုအဖြစ်မည်မျှပင် ပုံဖော်နေစေကာမူ PFDJ တွင် ဆုံးဖြတ်ချက်ချနိုင်သောအုပ်စုတခုကသာ အာဏာကိုယူထားသည်။

ဌာနဆိုင်ရာတခုချင်း၊ အုပ်ချုပ်မှုအဆင့်ဆင့်အလိုက် လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ်းများ၊ မူဝါဒများဆိုသည်ကလည်း ရှင်းရှင်းလင်းလင်းမရှိ။ လူထုကို ချလည်းမချပြ၊၊

ဤသို့ချမပြထား၍ လူထုက မည်သို့တိုင်းတာထိန်းကျောင်းရမည်ကိုလည်းမသိ။ လုပ်ပိုင်ခွင့်ရှိသူတယောက်၏ ပါးစပ်မှထွက်သည့်အရာသည် ဥပဒေကဲ့သို့ဖြစ်လာသည်။

အစိုးရ၏ဌာနဆိုင်ရာလုပ်ငန်းစဉ်များ၊ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများကို မချပြနိုင်မှုက အစိုးရယန္တရားကို “ပါးစပ်အာဏာ” ဖြင့်သာ လည်ပတ်ခြင်းဘက်ကို ရောက်လာတော့သည်။ အဂတိတရားများကို မြင့်တက်စေသည်။

ဤသို့ဖြင့် အစိုးရ၏ပြည်သူ့ဝန်ဆောင် မှုသည် “ပြည်သူအားဖိနှိပ်သည့်တရားမျှတမှုကင်းသည့်အဝိုင်းအဝန်း” ဘက်ကို ရောက်သွားတော့သည်။

နေစရာမကောင်းသည့်နေရာတွင် မည်သည့်လူသားမှနေချင်မည်မဟုတ်တော့ပေ။ မနေနိုင်၍ ထွက်ခွာပါကလည်း အုပ်ချုပ်သူများသည် လူထုကို ထွက်ခွာခွင့်မပေးပေ။

ဤသို့အကြောင်းတရားများကိုပင် လက်ညိုးထိုးပြကာ “ထိုကဲ့သို့ ပြဿနာများရှိနေ၍ ဒီမိုကရေစီနှင့်ဖွဲ့စည်းပုံအခြေခံအသက်ဝင်မှုကို လုပ်လို့မရသေး” ဟု အိုင်ဆက်အဖ်ဝေါကီတို့ PFDJ အုပ်စုက အီရီထရီးယားလူ့ဘောင်အား ဝါဒဖြန့်ပြန်သည်။

ဤသို့ဖြင့် အီရီထရီယားသည် ပြည်သူတိုင်းပါဝင်နိုင်သောနိုင်ငံရေးဖြစ်စဉ် “အဖြစ်မှ” လူတစုသာ ဆုံးဖြတ်ချက်ချနေသောနိုင်ငံရေးဖြစ်စဉ်”အဖြစ်သို့ ရောက်ရှိသွားတော့ကာ အာဏာရှင်ဖြစ်လာတော့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် The Bussiness Standard သတင်းစာတွင်ပင်လျှင် အီရီထရီးယားအား “အာဖရိက၏ မြောက်ကိုးရီးယား” ဟုသမုတ်ခဲ့တော့သည်။

ဤအချက်များသည် အီရီထရီးယား၏ လွတ်လပ်ရေးဦးဆောင်အဖွဲ့ EPLF ၏ ဆိုရှယ်ဒီမိုကရေစီအပြင်းစားအယူအ ဆအား အကောင်အထည်ဖော်ရာတွင် အခက်အခဲကားအဘယ်နည်း ဆိုသောမေးခွန်းနှင့်အဘယ်ကြောင့် EPLF သည် ဆိုရှယ်ဒီမိုကရေစီအပြင်းစားအယူအဆမှအာဏာရှင်ပုံစံဘက်ကို ရောက်ရှိလာရသနည်း ဆိုသည့်မေးခွန်းအတွ က် အဖြေလည်းဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်။

ကိုးကား

  • https://en.m.wikipedia.org/wiki/Eritrean_People%27s_Liberation_Front
  • https://en.m.wikipedia.org/wiki/People%27s_Front_for_Democracy_and_Justice
  • https://www.google.com/amp/s/www.tbsnews.net/thoughts/eritrea-why-it-called-north-korea-africa-251047%3fampfamp
PrevPreviousမြေပြင်အားသာချက်ရယူကာ နယ်မြေသိမ်းပိုက်တိုက်ခိုက်နေတာလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
Nextရိုဟင်ဂျာပြန်လည်လက်ခံရေး အာရက္ခအစိုးရ အဆင်သင့်မဖြစ်သေးNext
Previous Post

မြေပြင်အားသာချက်ရယူကာ နယ်မြေသိမ်းပိုက်တိုက်ခိုက်နေတာလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

Next Post

ရိုဟင်ဂျာပြန်လည်လက်ခံရေး အာရက္ခအစိုးရ အဆင်သင့်မဖြစ်သေး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဗိုလ်စောအယ်ခွီး ဦးဆောင်တဲ့ KTLA အဖွဲ့က KNLA နယ်စပ်ဂိတ်ကို မီးရှို့ဖျက်ဆီး

March 13, 2026

မောင်တောမြို့နယ်ကမြိုလူမျိုးတွေ စားဝတ်နေရေးအကူအညီတွေလိုအပ်နေ

March 13, 2026

အီရန်စစ်ပွဲရပ်တန့်ရေး တောင်ကိုရီးယားမှာဆန္ဒပြ

March 13, 2026

​တေဟီရန်လေဆိပ်ရှိ အီရန်ဆီဖြည့်လေယာဉ်ကို အမေရိကန်နဲ့ အစ္စရေးတိုက်ခိုက်

March 13, 2026

​ဗိုလ်စောအယ်ခွီး ဦးဆောင်တဲ့ KTLA အဖွဲ့က KNLA နယ်စပ်ဂိတ်ကို မီးရှို့ဖျက်ဆီး

​တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၈ လုံးနဲ့ BWM အဖွဲ့တိုက်ခိုက်

မောင်တောမြို့နယ်ကမြိုလူမျိုးတွေ စားဝတ်နေရေးအကူအညီတွေလိုအပ်နေ

အီရန်စစ်ပွဲရပ်တန့်ရေး တောင်ကိုရီးယားမှာဆန္ဒပြ

စစ်ခေါင်းဆောင်လေတပ်အတွက် လေယာဉ်နဲ့ရဟတ်ယာဉ်သစ်တွေထပ်ဖြည့်

​တေဟီရန်လေဆိပ်ရှိ အီရန်ဆီဖြည့်လေယာဉ်ကို အမေရိကန်နဲ့ အစ္စရေးတိုက်ခိုက်

Releated Post

​ဗိုလ်စောအယ်ခွီး ဦးဆောင်တဲ့ KTLA အဖွဲ့က KNLA နယ်စပ်ဂိတ်ကို မီးရှို့ဖျက်ဆီး

March 13, 2026

​တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၈ လုံးနဲ့ BWM အဖွဲ့တိုက်ခိုက်

March 13, 2026

မောင်တောမြို့နယ်ကမြိုလူမျိုးတွေ စားဝတ်နေရေးအကူအညီတွေလိုအပ်နေ

March 13, 2026

အီရန်စစ်ပွဲရပ်တန့်ရေး တောင်ကိုရီးယားမှာဆန္ဒပြ

March 13, 2026

စစ်ခေါင်းဆောင်လေတပ်အတွက် လေယာဉ်နဲ့ရဟတ်ယာဉ်သစ်တွေထပ်ဖြည့်

March 13, 2026

​တေဟီရန်လေဆိပ်ရှိ အီရန်ဆီဖြည့်လေယာဉ်ကို အမေရိကန်နဲ့ အစ္စရေးတိုက်ခိုက်

March 13, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page