Border News Agency

Facebook Twitter Youtube

BNA

  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် သတင်း အာရက္ခဒေသ

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ဘယ်လိုလည်ပတ်နေလဲ

Author picture

By

BNA Author
Reading Time: 4 mins read
37
A A
0
SHARES
32
VIEWS
Share on FacebookShare on Twitter

မြတ်နှင်းဝေ ရေးတယ်။

Border News Agency
မြောက်ဦး၊ ဇွန် ၁။

အာရက္ခအဆုံးအဖြစ်စစ်ပွဲမှာ အာရက္ခတပ်တော်(AA)ဟာ ပလက်ဝဒေသအပါအဝင် တဆယ့်ငါးမြို့နယ်ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ပြီး အာရက္ခပြည်သူ့တော်လှန်ရေးအဖြစ်အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အခွန်ကောက်ခံရေးအပြင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုလည်း တွဲလုပ်လာနေတာတွေ့ရပါတယ်။

အာရက္ခတပ်တော်ဟာ ၂၀၂၀ ပြည့်နှစ်ကစပြီး တိုက်ခိုက်ရေးအပြင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးယန္တရားတွေကိုလည်း တွဲဖက်လည်ပတ်တည်ဆောက်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် နယ်မြေစိုးမိုးထိန်းချုပ်နိုင်မှုအကန့်အသတ်သာရှိတာမို့ကျေးရွာတာဝန်ခံ(ခေါင်းဆောင်)တွေ၊ကျေးရွာတွေကို စုစည်းကာနယ်မြေခွဲဝေသတ်မှတ်ပြီး နယ်မြေအလိုက်ခန့်ထားတဲ့ နယ်မြေမှူးတွေနဲ့လည်ပတ်ခဲ့ရပါတယ်။

မြို့ပေါ်ရပ်ကွက်အားလုံးကို အပြည့်အ ၀မထိန်းချုပ်နိုင်သေးတာမို့ မြို့ပေါ်နေပြည်သူတွေဟာ ပြည်မအစိုးရရဲ့ အုပ် ချုပ်ရေးယန္တရားအောက်မှာရှိနေခဲ့ပြီးအာရက္ခတပ်တော်ဟာ တဝက်တပျက်အုပ်ချုပ်ရေးစတင်ကို စတင်ခဲ့တာပါ။

နယ်မြေအလိုက်ခန့်ထားတဲ့ နယ်မြေမှူးတွေဟာ အုပ်ချုပ်ရေးမှူး၊တရားစီရင်ရေး၊အခွန်ကောက်ခံရေးစတဲ့ ယန္တရားစုံကို ကိုင်တွယ်ခဲ့ရပြီး အဲဒီနယ်မြေမှူးတွေကို စစ်ဒေသအလိုက် စစ်ဒေသမှူးတွေက ကွပ်ကဲအုပ်ချုပ်ပါတယ်။

အဲဒီလိုနဲ့အုပ်ချုပ်ရေးအရှိန်အနည်းငယ်ရလာချိန်မှာ နယ်မြေတချို့မှာ တရားရုံးတွေဖွင့်လှစ်စီရင်ခဲ့ပြီး အမြင့်ဆုံးတရားစီရင်ရေးအာဏာရှိတဲ့ တရားရုံးချုပ်ကိုလည်း ဖွင့်လည်ပတ်ခဲ့တာတွေ့ရပါတယ်။

၂၀၂၀ ပြည့်နှစ်ကစတင်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁၊ ၂၀၂၂ ခုနှစ်ထိ အကန့်အသတ်နဲ့သာ လည်ပတ်ခဲ့တာဖြစ်ပါတယ်။

မြို့သိမ်းတိုက်ပွဲအလွန် တိုးတက်လာတဲ့ ပြောင်းလဲမှုတွေ


ဒါပေမယ့် ၂၀၂၃ ခုနှစ်ကုန်ပိုင်း အာရက္ခတပ်တော်ရဲ့ မြို့သိမ်းတိုက်ပွဲတွေစလာပြီးနောက်မှာ နယ်မြေတွေ၊ မြို့ရွာတွေ အလုံးစုံထိန်းချုပ်နိုင်လာခဲ့တာမို့ အုပ်ချုပ်ရေး၊တရားစီရင်ရေးအပြင် ယန္တရားစုံကို မြို့ရောနယ်ပါ အင်နဲ့အားနဲ့တိုးချဲ့ဖွဲ့စည်းလည်ပတ်ခဲ့တာတွေ့ရပါတယ်။

အုပ်ချုပ်ရေး၊တရားစီရင်ရေးလုပ်ငန်းတွေမှာ ရုံးတွေ၊ဝန်ထမ်းတွေ အပြည့်အ၀ဖွင့်လှစ်ခန့်အပ်ကာ ပိုပြီးစနစ်တကျတည်ဆောက်လည်ပတ်လာခဲ့ပါတယ်။

အဲဒီအပြင် ကျန်းမာရေး၊ ပညာရေး၊ စည်ပင်သာယာရေး၊ အခွန်ကောက်ခံရေး၊ တရားဥပဒေစိုးမိုးရေး၊ မီးဘေးအန္တရာယ်ကင်းဝေးရေးအတွက်လည်း ဒေသ၊ မြို့နယ်အလိုက် ရုံးတွေ၊ ဝန်ထမ်းတွေ အပြည့်အ၀ဖွင့်လှစ်ခန့်အပ်ကာပိုပြီးစနစ်တကျတည်ဆောက်လည်ပတ်စေခဲ့ပါတယ်။

အုပ်ချုပ်ရေးကဏ္ဍာမှာဆိုရင် အရင်က နယ်မြေမှူးတွေပဲရှိခဲ့ရာမှမြို့နယ်မှူး (မြို့နယ်အုပ်ချုပ်ရေးမှူး)၊ဒေသ(ခရိုင်) အုပ်ချုပ်ရေးမှူးတွေပါ တိုးချဲ့ခန့်ထားလာပြီး ဗဟိုအုပ်ချုပ်ရေးအဖွဲ့ကိုပါ ဖွဲ့စည်းထားပြီဖြစ်ပါတယ်။

တရားစီရင်ရေးလုပ်ငန်းတွေကိုလည်း ဒေသအလိုက် ဒေသတရားသူကြီး၊မြို့ နယ်အလိုက် မြို့နယ်တရားသူကြီးတွေအပါအဝင် ရုံးဝန်ထမ်းတွေပါ တိုးချဲ့ခန့်အပ်ဖွဲ့စည်းထားပါတယ်။

ပညာရေး၊ကျန်းမာရေး၊ စည်ပင်သာယာရေး၊ အခွန်ကောက်ခံရေးကိုလည်း မြို့နယ်၊ ဒေသအလိုက် ကော်မတီဥက္ကဋ္ဌ၊ တာဝန်ခံ၊ မြို့နယ်မှူး၊ ဒေသမှူးတွေနဲ့ ရုံးဝန်ထမ်းတွေ ခန့်အပ်စီမံနေပါတယ်။

ဒါပေမယ့် အာရက္ခပြည်သူ့တော်လှန် ရေးအစိုးရအနေနဲ့ အရပ်သားအုပ်ချုပ်ရေးစနစ်ကို ပီပီပြင်ပြင်မတည်ဆောက်နိုင်သေးဘဲ ဒေသ၊ မြို့နယ်၊ နယ်မြေ၊ ကျေးရွာတာဝန်ခံတွေဟာ စစ်ဒေသမှူးတွေရဲ့အာဏာစက်၊အမိန့်ပေးမှုအောက်မှာပဲ ရှိနေသေးတယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဝန်ထမ်းတွေကဆိုကြပါတယ်။

“ပညာရေး၊အုပ်ချုပ်ရေးအကုန်လုံးရဲ့ ဒေသမှူးတွေကတော့ စစ်ဒေသမှူးနဲ့ level အတူတူပါပဲ။ဒါပေမယ့် စစ်ဘက်က စစ်ဒေသမှူးကတော့ တာဝန်ပိုကြီးတာပေ့ါ။သူတို့လက်အောက်မှာပဲရှိသေးတယ်လို့ ပြောရင်လည်းရတယ်။” လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုး ရရဲ့ခရိုင်အဆင့်ဝန်ထမ်းတဦးက Border News Agency ကို ပြောပါတယ်။

အုပ်ချုပ်ရေးကဏ္ဍအပြောင်းအလဲနဲ့ ပြည်သူ့အမြင်

အရင်က ကျေးရွာတာဝန်ခံ၊ နယ်မြေမှူး၊ စစ်ဒေသမှူးတွေနဲ့သာအုပ်ချုပ်ရေးယ န္တရားလည်ပတ်ခဲ့တဲ့ အာရက္ခတပ်တော်ဟာ မြို့တွေအပြီးသတ်သိမ်းပြီးနောက်မှာ မြို့နယ်အုပ်ချုပ်ရေးရုံးတွေ၊ဒေသအုပ်ချုပ်ရေးရုံးတွေ တိုးချဲ့ဖွင့်လှစ်ခဲ့ပါတယ်။

အဲဒီရုံးတွေမှာ မြို့နယ်မှူးနဲ့မြို့နယ်မှူးလက်အောက်ခံ ရုံးအုပ်၊ရုံးဝန်ထမ်းတွေလည်း အပြည့်အစုံခန့်အပ်လည်ပတ်စေခဲ့ပါတယ်။

အုပ်ချုပ်ရေးဝန်ထမ်းအများစုဟာ အရပ်ဖက်ဝန်ထမ်းတွေဖြစ်ပြီး စစ်ဖက်က လာသူတွေနည်းပါးပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဖွင့်လှစ်ထားတဲ့ အာရက္ခပြည်သူ့ရေးရာမူဝါဒနဲ့စီမံအုပ်ချုပ်ရေးကျောင်း(ASSPA)ဆင်းတွေကိုလည်း အုပ်ချုပ်ရေးဌာနမှာ တာဝန်ချထားပေးတာတွေ့ရပါတယ်။

ကျေးရွာခေါင်းဆောင်၊ နယ်မြေမှူး(တိုက်နယ်မှူး)တွေဟာ မြို့နယ်အုပ်ချုပ်ရေးရုံးကို အစီရင်ခံရပြီး မြို့နယ်အုပ်ချုပ်ရေးမှူးကတော့ ဒေသအုပ်ချုပ်ရေးမှူးကို အစီရင်ခံရပါတယ်။

အဲဒီအုပ်ချုပ်ရေးယန္တရားတွေဟာ စစ်ဒေသအလိုက် စစ်ဒေသမှူးတွေရဲ့ ထိန်းချုပ်မှုအောက် ရှိနေတာပါ။

ဒါပေမယ့် ဗဟိုအုပ်ချုပ်ရေးအဖွဲ့ဖွဲ့ပြီးနောက်ပိုင်းမှာအုပ်ချုပ်ရေးအာဏာဟာ စစ်ဒေသမှူးတွေဆီကတဆင့် မစီးဆင်းတော့ဘဲ ဗဟိုအုပ်ချုပ်ရေးအဖွဲ့ကနေပဲ တိုက်ရိုက်စီးဆင်းလာနိုင်ဖွယ်ရှိတယ်လို့ နီးစပ်သူတွေက ခန့်မှန်းသုံးသပ်ထားကြပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ စစ်ဘက်နဲ့အရပ်ဘက်ရောထွေးမှု အနည်းငယ်ရှိနေသေးတဲ့ အုပ်ချုပ်ရေးယန္တရားကို အရပ်ဖက်အုပ်ချုပ်ရေးစနစ်ပီပီပြင်ပြင်တည်ဆောက်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ ယူဆရပါတယ်။

“ဗဟိုအုပ်ချုပ်ရေးအဖွဲ့ရဲ့လုပ်ငန်းတာဝန်တွေအတိအကျတော့ မသိရသေးဘူး။ဖွဲ့တာမကြာသေးဘူးဆိုတော့လေ။အုပ်ချုပ်ရေးစနစ်ပိုကောင်းလာမယ်လို့တော့ယူဆရတယ်။” လို့အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့နီးစပ်သူတဦးက Border News Agency ကို ပြောပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ ဗဟိုအုပ်ချုပ်ရေးအဖွဲ့ကိုဖွဲ့စည်းတာ မကြာသေးဘူးလို့ ဆိုကြပါတယ်။

အဲဒီအုပ်ချုပ်ရေးအဖွဲ့မှာ အရပ်ဘက်ပညာရှင်တွေ၊ပြည်သူ့အုပ်ချုပ်ရေးကျွမ်းကျင်ပိုင်နိုင်သူတွေ ပါဝင်တယ်လို့ နီးစပ်သူတွေက ဆိုကြပါတယ်။

အဲဒီလို အရပ်ဖက်၊စစ်ဖက်မပီပြင်သေးတဲ့အုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းတချို့ဟာ ပြည်သူလူထုနဲ့ဆက်ဆံတဲ့အခါမျိုးတွေမှာ ခက်ထန်မာကျောအာဏာပြတာတွေ၊လာဘ်ယူတာစတဲ့ မကောင်းသတင်းတချို့လည်း အာရက္ခပြည်သူတွေဆီက ကြားနေရပါတယ်။

ဒါတွေဟာ အုပ်ချုပ်ရေးစနစ်မပီပြင်သေးတာတွေ၊အုပ်ချုပ်ရေးစွမ်းရည်မပြည့်၀တာတွေကြောင့်ဖြစ်ပြီး စွမ်းရည်မြင့်ပေးတာတွေ၊စနစ်တကျကြပ်မတ်၊ အရေးယူတာတွေ လုပ်ဖို့လိုအပ်တယ်လို့ အာရက္ခပြည်သူတွေက ထောက်ပြကြပါတယ်။

“မှန်မှန်ကန်ကန်လုပ်တဲ့သူရှိသလို တချို့ကတော့ တာဝန်တခုကို အာဏာလို့သတ်မှတ်ပြီးတော့ အလွှဲသုံးစားလုပ်နေသူတွေလည်းရှိတယ်။အဲလိုလုပ်တာဟာ ပြည်သူနဲ့အုပ်ချုပ်သူကြားမှာ ဝိ ရောဓိတွေဖြစ်နေတာတွေအများကြီး တွေ့ရတယ်။အောက်ခြေမှာ…။”လို့ ပေါက်တောဒေသခံပြည်သူတဦးက ပြောပါတယ်။

အဲဒီလိုလုပ်ပိုင်ခွင့်အလွှဲသုံးစားလုပ်တာဟာ အထက်ပိုင်းအရာရှိတွေထက်အောက်ခြေအဆင့်ကျေးရွာတာဝန်ခံတွေ၊ နယ်မြေရုံးဝန်ထမ်းတွေ၊နယ်မြေမှူးတွေဖြစ်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“ပြည်သူကိုအာဏာရှင်ဆန်ဆန်အုပ်ချု ပ်ရင်တော့ ပြဿနာတက်မှာပေါ့။အမှားအမှန်ကို ခွဲခြားပြီးတော့ အုပ်ချုပ်ရမယ်။ပြီးရင် ဘက်မလိုက်ရဘူး။လာဘ်မစားရဘူး။အဲလိုဆိုရင်တော့ အုပ်ချုပ်ရေးယန္တရားကောင်းမွန်လာမယ်။အဲလိုမဟုတ်ဘဲ လာဘ်စားမယ်။ဘက်လိုက်မယ်။အမှားကိုအမှန်လုပ်။အမှန်ကို အမှားလုပ် အဲလိုပုံစံမျိုး အမှန်တရားပျောက်ကွယ်မယ်ဆိုရင်တော့ ကောင်းမွန်တဲ့အုပ်ချုပ်ရေးယန္တရားဖြစ်လာမှာမဟုတ်ဘူး။” လို့ အာရက္ခပြည်မှ လူ့အခွင့်အ ရေးလှုပ်ရှားသူတဦးက ထောက်ပြပါတယ်။

အုပ်ချုပ်ရေးနဲ့နိုင်ငံရေးဌာန ကွာခြားချက်

အုပ်ချုပ်ရေးဌာနဟာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုး(အစိုးရ)လက်အောက်ခံအဖွဲ့အစည်း၊ဌာနဖြစ်ပြီး နိုင်ငံရေးဌာနကတော့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) ပါတီလက်အောက်ခံဌာနဖြစ်ပါတယ်။

ULA ဟာ ပြီးခဲ့တဲ့ အပစ်ရပ်ကာလ၊အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကို မဖွဲ့စည်းခင်၊အာရက္ခပြည်သူ့အာဏာပိုင်အဖွဲ့နဲ့ ယန္တရားတွေ လည်ပတ်ခဲ့စဉ်ကတည်းက နိုင်ငံရေးဌာနတွေကို ဖွဲ့စည်းခဲ့တာဖြစ်ပြီး စစ်ဒေသကိုးခုလုံးမှာ နိုင်ငံရေးဌာနတွေ ရှိပါတယ်။

နိုင်ငံရေးဌာနတွေရဲ့ ဥက္ကဋ္ဌအကြီးအကဲဟာ စစ်ဒေသမှူးတွေဖြစ်ပြီး နိုင်ငံရေးမှူးနဲ့ ဒုနိုင်ငံရေးမှူးတွေကတော့ စစ်ဒေ သမှူးလက်အောက်ခံတွေဖြစ်ကာ သူတို့ဟာ ပါတီတွင်းနိုင်ငံရေးမူဝါဒချမှတ်တာတွေ၊စည်းရုံးရေးကိစ္စရပ်တွေ ဆောင်ရွက်တာတွေအပြင် စစ်ဒေသအတွင်း လိုအပ်ချက်အရ တခြားလုပ်ငန်းတွေလည်း လုပ်ကြရတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးဌာနတွေမှာ စစ်ဒေသမှူး၊ နိုင်ငံရေးမှူး၊ ဒုနိုင်ငံရေးမှူးတွေအပြင် ရုံးဝန်ထမ်းတွေလည်း ခန့်အပ်ထားပြီး ပြည်သူ့ဆက်ဆံရေး၊ပါတီရေးရာစီမံရေး၊ ဘဏ္ဍာရေးစတဲ့ဌာနခွဲတွေလည်း ထပ်ခွဲထားပါသေးတယ်။

နိုင်ငံရေးဌာနတာဝန်ရှိသူတွေဟာ အစိုးရဌာနတွေရဲ့လုပ်ဆောင်ချက်တွေအ ပေါ် ဝင်ရောက်စွက်ဖက်ခွင့်မရှိပါဘူး။

ဒါပေမယ့် စစ်ဒေသတခုရဲ့ အကြီးအကဲ စစ်ဒေသမှူးတွေကတော့ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်တဲ့နည်းလမ်းတွေနဲ့ ဝင်ရောက်စွက်ဖက်တာတွေ ရှိနေပါသေးတယ်။

ULA ရဲ့ နိုင်ငံရေးဌာနက ချမှတ်တဲ့မူဝါဒတွေကို အစိုးရအဖွဲ့အစည်းဖြစ်တဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အကောင်အထည်ဖော်ကြရတာလည်းဖြစ်ပါတယ်။

ULA နဲ့ အစိုးရဟာ ကွဲပြားတယ်ဆိုပေမယ့်လည်း ရွေးကောက်ခံစနစ်နဲ့ ရွေး ချယ်တင်မြောက်ထားတဲ့အစိုးရမဟုတ်သေးချိန်မှာတော့ အာရက္ခပြည်သူ့တော် လှန်ရေးအစိုးရဟာ ULA ရဲ့ စီမံချက်၊မူဝါဒတွေနဲ့ အုပ်ချုပ်နေတဲ့ အစိုးရဆိုရင်လည်း မမှားနိုင်ပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ(USDP) နဲ့ ၂၀၁၅ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရလက်ထက်တွေတုန်းကလိုမျိုး ပါတီတရပ်ရဲ့ လွှမ်းမိုမှုအောက်က အစိုးရလို့ ဆိုနိုင်ပါတယ်။

တရားရေးစနစ် အားနည်းချက်၊ အားသာချက်

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ ယန္တရားတွေ တည်ဆောက်စကာလတွေကတည်းက တရားစီရင်ရေးကဏ္ဍကို တခြားအုပ်ချုပ်ရေး၊ အခွန်ကောက်ခံရေးထက် ပိုပြီးစနစ်တကျလည်ပတ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီတုန်းကတော့ တရားရုံးအနည်းသာရှိခဲ့ပြီး ဝန်ထမ်းလောက်ငှမှုလည်း မရှိခဲ့ပါဘူး။

အာရက္ခအဆုံးအဖြစ်စစ်ပွဲမှာ မြို့တွေသိမ်းပိုက်ထားနိုင်ချိန်မှာတော့ တရားရုံးတွေတိုးဖွင့်ပြီး တရားသူကြီးသူတွေအ ပြင် ရုံးဝန်ထမ်းတွေပါ တိုးချဲ့ခန့်ထားလာတာတွေ့ရပါတယ်။

အဲဒီတရားရုံးအားလုံးကို တရားသူကြီးချုပ်က တိုက်ရိုက်ကြီးကြပ်ပြီး စစ်ဘက်ဆိုင်ရာအရာရှိတွေရဲ့တိုက်ရိုက်စွက် ဖက်မှုတွေမရှိဘူးလို့ တရားရေးဝန်ထ မ်းတွေက ဆိုကြပါတယ်။

ဒါပေမယ့် မြေပြင်မှာတော့ စစ်ဘက်အရာရှိကြီးတွေရဲ့မိသားစုအမှုတွေမှာ ဘက်လိုက်တာတချို့ တွေ့နေရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“ဘက်လိုက်တာတချို့ရှိပေမယ့် ခြုံပြောရရင်တော့ တရားစီရင်ရေးက အပီပြင်ဆုံးလို့ ပြောရမယ်။” လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တရားရုံးတွေမှာ အမှုလိုက်နေတဲ့ရှေ့နေတဦးက ပြောပါတယ်။

တရားစီရင်ရေးမှာ ဘက်လိုက်တာတွေ၊ လာဘ်စားတာတွေရှိလာခဲ့ရင်တိုင်ကြားနိုင်တဲ့ယန္တရားတွေကိုလည်း အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရက စီစဉ်ထားပါတယ်။

ဒါပေမယ့် အဲဒီယန္တရားတွေဟာ သာမာ န်ပြည်သူတွေအဖို့ လက်လှမ်းမီဖို့အလှမ်းဝေးနေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် အာရက္ခပြည်သူ့တော်လှန် ရေးအစိုးရအနေနဲ့အမှန်တရားရရှိဖို့ အားကိုးတကြီး တရားရုံးရောက်လာကြတဲ့ ပြည်သူ့တွေ အဆင်ပြေစိတ်ချမ်း သာရစေဖို့ တရားစီရင်ရေးစနစ်ကို ပိုပြီးအလေးပေးဖို့လိုအပ်တယ်လို့ အာရက္ခပြည်သူတွေနဲ့ လူ့အခွင့်အရေးလှုပ် ရှားသူတွေက ထောက်ပြကြပါတယ်။

“စကတည်းက သမာသမတ်ကျဖို့လိုတယ်။ထပ်ဆင့်တိုင်ဖို့ဆိုတာတွေက ပြည်သူတိုင်းမလုပ်နိုင်ဘူးလေ။” လို့ မြောက်ဦးမြို့နယ်မှ လူငယ်အမျိုးသမီးတဦးက ပြောပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ တရားစီရင်ရေးဝန်ထမ်းအပါအဝင် ရုံးဝန်ထမ်းတွေကို လစာအနေနဲ့ငွေ ကြေးထောက်ပံ့မှုတချို့(ကျပ်သောင်းဂဏန်း)ပေးပြီး လစဉ်စားနပ်ရိက္ခာဖိုး ထောက်ပံ့နေပေမယ့် လောက်ငှတဲ့ပမာဏတော့ မဟုတ်ပါဘူး။

“တရားရေးက အဓိကပဲလေ။တရားရေးကြောင့် ပြည်သူတွေ ထောက်ခံမှုပိုရဖို့ ဖြစ်သလို။တရားရေးကြောင့်ပဲ ပြည်သူ့ဝေဖန်မှုကို အများကြီးခံရမှာဖြစ်တယ်။တရားရုံးဝန်ထမ်းတွေကို ခံစားခွင့်ပိုပေးဖို့လိုတယ်။” လို့ အာရက္ခပြည်တွင်းနေရှေ့နေတဦးက ပြောပါတယ်။

ပညာရေး၊ ကျန်းမာရေး

အာရက္ခတပ်တော်ဟာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကို မဖွဲ့စည်းခင် ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ကစတင်ပြီးအာရက္ခအမျိုးသားပညာရေးဌာနကို ဖွဲ့စည်းကာ ကျေးရွာတချို့မှာ အခမဲ့ပညာသင်ကြားတာတွေ စလုပ်ခဲ့ပါတယ်။

မြို့တွေ အလုံးစုံသိမ်းပြီးနောက် စစ်ကောင်စီရဲ့ယန္တရားတွေအားလုံး ပြိုလဲသွားချိန်မှာတော့ ထိန်းချုပ်နယ်မြေအားလုံးမှာ ပညာရေးစနစ်ကို အလုံးအရင်းနဲ့ စတင်လည်ပတ်ခဲ့ပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ ဗဟိုပညာရေးကော်မတီဖွဲ့စည်းထားပြီး ခရိုင်၊ မြို့နယ်၊ နယ်မြေအလိုက်လည်း ပညာရေးတာဝန်ခံတွေ ခန့်အပ်ထားပါတယ်။

အဲဒီကနေ ရပ်ကွက်၊ကျေးရွာအလိုက် ပညာရေးဝန်ထမ်းတွေခန့်အပ်ပြီး KG မှ ၁၂ တန်းထိ ကလေးတွေကို ပညာသင်ကြားပေးနေပါတယ်။

အဲဒီသင်ကြားရေးအစီအစဉ်ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစတင်ခဲ့တာဖြစ်ပြီးတက္ကသိုလ်ဝင်တန်း ၁၂ တန်းကလေးတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ပညာရေးကော်မတီက မေးခွန်းစီစဉ်ကာ အတန်းတင်စာမေးပွဲ စစ်ဆေးတာလည်း ရှိပါတယ်။

အဲဒီလိုအခြေခံပညာရေးအပြင် အဆင့် မြင့်ပညာရေးအတွက်လည်း ကော်မတီတွေဖွဲ့စည်းထားပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတွေအတွက် တက်ရောက်နိုင်မယ့် သက်မွေးဝမ်းကျောင်းကောလိပ်၊ တက္ကသိုလ်တွေလည်း ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ ပညာရေးဝန်ထမ်းတွေက ဆိုကြပါတယ်။

“ဆရာအတတ်သင်နဲ့ဆေးဝါးသင်တန်းကျောင်းတွေ ဖွင့်ဖို့ရှိတယ်။” လို့အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဝန်ထမ်းတဦးက ပြောပါတယ်။

အဲဒီအပြင် ပြည်ပနိုင်ငံတွေဆီ ပညာသွားရောက်သင်ကြားခွင့်ရဖို့လည်း စီစဉ်တာတွေရှိနေတယ်လို့ နီးစပ်သူတွေက ဆိုကြပါတယ်။

ကျန်းမာရေးဌာနမှာဆိုရင်လည်း ဒေသအလိုက် ဆေးရုံ၊ဆေးခန်းတွေဖွင့်လှစ်ထားပြီး အရင်အစိုးရဝန်ထမ်းဟောင်း ဆရာဝန်တွေ၊သူနာပြုတွေ၊ အာရက္ခတပ်တော်သင်တန်းဆင်း ကျန်းမာရေးမှူးတွေနဲ့လည်ပတ်နေတာတွေ့ရပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဲ့ ကျန်းမာရေးဌာနဟာ ပညာရေးကဏ္ဍနဲ့ နှိုင်းယှဉ်ရင်တော့ လွှမ်းခြုံနိုင်တဲ့အနေအထားမှာ မရှိသေးဘူးလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ အာရက္ခပြည်တွင်းမှ ကလေးငယ်တိုင်း အခြေခံပညာသင်ကြားနိုင်တဲ့အခြေအနေကို ဖန်တီးထားပြီးဖြစ်ပေမယ့် အာရက္ခပြည်သူတိုင်းကတော့ ဆေးကုသမှုခံယူဖို့ အလှမ်းဝေးနေသေးတာပါ။

အာရက္ခပြည်အတွင်း ဖွင့်လှစ်ထားတဲ့ ဆေးရုံ၊ဆေးခန်းတွေမှာ ဆရာဝန်တွေ၊ သူနာပြုလောက်ငှမှုမရှိတဲ့အပြင် ဆေးဝါးနဲ့ဆေးပစ္စည်းတွေလည်း အလုံအလောက်မရှိတာကြောင့် လူတိုင်းဆေး ကုသမှုခံယူနိုင်ဖို့ အလှမ်းဝေးနေရ သေးတာပါ။

အာရက္ခပြည်တွင်း အရင်ရှိနေခဲ့တဲ့ ဆရာဝန်တွေနဲ့ သူနာပြုတွေ၊သားဖွား ဆ ရာ၊ဆရာမတွေဟာ ဒေသတွင်းတိုက်ပွဲအပြင်းအထန်ဖြစ်နေချိန်မှာ စစ်ကောင်စီထိန်းချုပ်ဆဲနယ်မြေတွေဆီ ပြောင်းသွားခဲ့ကြပြီး တချို့ကတော့ စားဝတ်နေရေးလိုအပ်ချက်အရ ပြည်မနဲ့ ပြည် ပနိုင်ငံတွေဆီ ထွက်သွားခဲ့ကြပါတယ်။

အာရက္ခပြည်တွင်း ကျန်နေသေးတဲ့ ကျန်းမာရေးဝန်ထမ်းဟောင်းတွေကလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရလက်အောက် အလုံးအရင်းနဲ့ ဝင်ရောက်လုပ်ကိုင်တာ မတွေ့ရဘူးလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအချက်တွေကြောင့်ပဲ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှာ ဝန်ထမ်းအင်အားလိုအပ်ချက်ရှိနေသေးတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ဆိုကြပါတ ယ်။

ဒါပေမယ့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ အာရက္ခပြည်တွင်း ကုသလို့အဆင်မပြေတဲ့ ဝေနာရှင်တွေကိုတော့ အိမ်နီးချင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံဆီ သွားရောက်ကုသနိုင်ဖို့ ကူညီတာတွေ လုပ်ပေးနေပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ ကျန်းမာရေးစနစ်ပိုပြီးကောင်း မွန်ပီပြင်လာစေဖို့အတွက် ဆေးပေးခန်းတွေ တိုးဖွင့်ဖို့လိုအပ်သလို ဝန်ထမ်းအင်အားတွေ တိုးချဲ့ခန့်ထာနိုင်ဖို့ ကျန်းမာ ရေးလုပ်သားသစ်တွေ မွေးထုတ်ပေးဖို့လိုအပ်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ဆိုကြပါတယ်။

အဲဒီအပြင် လိုအပ်တဲ့ဆေးပစ္စည်းကိရိ ယာတွေ၊ဆေးဝါးတွေ ဖြည့်ဆည်းပေးဖို့လည်းလိုအပ်တယ်လို့ ထောက်ပြအကြံပြုကြပါတယ်။

အာရက္ခပြည်တွင်းနဲ့ ပြည်မရောက် ကျန်းမာရေးဝန်ထမ်းဟောင်းတွေကလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ကျန်းမာရေးဌာနမှာ ပူးပေါင်းပါဝင်လုပ်ကိုင်လာကြဖို့ လိုအပ်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

စည်ပင်သာယာရေးနဲ့အခွန်ကောက်ခံရေး


အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ အဓိကယန္တရားတွေဖြစ်တဲ့ အုပ်ချုပ်ရေး၊တရားစီးရရင်ရေးအပြင် ပြည်သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ပညာရေး၊ကျန်းမာရေးဝန်ဆောင်မှုတွေပေးနေသလို မြို့တော်၊ ကျေးလက်စည်ပင်ရေးအတွက် စည်ပင်ဌာနနဲ့အခွန်ရရှိရေးအတွက် အခွန်ကောက်ခံရေးဌာနကိုလည်း ဖွဲ့စည်းလည်ပတ်နေပါတယ်။

စည်ပင်သာယာရေးဌာနဟာ သန့်ရှင်းရေး၊ရေရရှိရေးဆောင်ရွက်ပြီး ကုတိုးဘုတ်တင်ဒါခေါ်တာ၊စည်ပင်ခွန်ကောက်ခံတာတွေလုပ်ဆောင်တာတွေ့ရပါတယ်။

အခွန်ဌာနကတော့ အစိုးရယန္တရားလည် ပတ်ရေးအတွက် ဆိုင်ခွန်၊လုပ်ငန်းလိုင် စင်ခွန်၊ကုန်စည်ခွန်စတဲ့ အခွန်ကောက်လုပ်ငန်းတွေ ဆောင်ရွက်ပါတယ်။

အရင်တုန်းက အခွန်ကောက်တဲ့လုပ်ငန်းကို နယ်မြေအလိုက်နယ်မြေမှူးတွေ၊ စစ်ဒေသအလိုက် စစ်ဖက်အရာရှိတွေကဆောင်ရွက်ခဲ့ပေမယ့် ဗဟိုအခွန်ဌာနကို ဖွဲ့စည်းကာ အခွန်ကောက်ရေးလုပ် ငန်းတွေကို အဆင့်ဆင့်စနစ်တကျဖွဲ့ စည်းလုပ်ဆောင်လာတာ တွေ့ရပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အခွန်ကောက်ခံရေးနဲ့ ပက်သက်ပြီး အခွန်နှုန်းထားကြီးမြင့်တယ်လို့ ဝေဖန်မှုတချို့ရှိပေမယ့် တော်လှန်ရေးကာလ အစိုးရပိုင်းစီးပွားရေးလုပ်ငန်းတွေ သီးသီးသန့်သန့်မရှိသေးတာမို့ အခွန်နဲ့ပဲ လည်ပတ်အုပ်ချုပ်နေရအုံးမယ်လို့ ရှု့မြင်သူတွေလည်း ရှိနေပါတယ်။

ဘယ်လိုပြုပြင်သင့်သလဲ

တနှစ်ဝန်းကျင်သာရှိသေးတဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ယန္တရားတွေဟာ ကာလတိုအတွင်း ရုပ်လုံးပေါ်၊ အောင်မြင်လာပြီလို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့်လည်း စွမ်းဆောင်ရည်ပြည့် ၀တဲ့ဝန်ထမ်းတွေ အလုံအလောက်မရှိတာ၊ဝန်ထမ်းအင်အားလောက်ငှမှုမရှိတာစတဲ့လိုအပ်ချက်တချို့ ရှိနေသေးပြီး စစ်ဘက်နဲ့ အရပ်ဘက်လည်း ကွဲကွဲ ပြားပြားမရှိလှသေးဘူးလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

ပညာရေးနဲ့ကျန်းမာရေးဌာနကတော့ အရပ်ဖက်စနစ်ပီပြင်လာပြီလို့ ပြောလို့ရနိုင်ပေမယ့် အုပ်ချုပ်ရေးနဲ့တရားစီ ရ င်ရေးမှာ တိုက်ရိုက် (သို့မဟုတ်) သွယ် ဝိုက်တဲ့နည်းတွေနဲ့ စစ်ဘက်နဲ့အရပ်ဘ က်ရောထွေး၊စွက်ဖက်တာတွေ တွေ့နေရသေးတယ်လို့ အကဲခတ်တွေက ဝေဖန်ကြပါတယ်။

ပြည်သူ့ထောက်ခံမှုအားကောင်းပြီး ပီပြင်တဲ့ ပြည်သူ့အစိုးရအဖြစ် ရေရှည်ရပ်တည်နိုင်ဖို့ဆိုရင်တော့ အာရက္ခပြည်သူတွေကြား ဝေဖန်မှုတွေရှိနေတဲ့ အုပ် ချုပ်ရေး၊တရားစီရင်ရေးဝန်ထမ်းတွေရဲ့အဆီအငေါ်မတည့်တဲ့ ဆက်ဆံမှု၊ အာဏာပြ၊ ဘက်လိုက်မှုတွေကို အမြန်ဆုံးအရေးယူ၊တည့်မတ်ဖို့ လိုအပ်တယ်လို့ အာရက္ခပြည်သူတွေထောက်ပြကြပါတယ်။

တိုက်ရင်းနဲ့ တည်ဆောက်နေရတဲ့ အာရက္ခတပ်တော်ရဲ့ တော်လှန်ရေးအစိုးရအ နေနဲ့ တော်လှန်ရေးကာလအတွင်း အား နည်းချက်တွေရှိနေနိုင်တာကို ပြည်သူတွေနားလည်ပေးနိုင်ကြပေမယ့် ဆင်တူတဲ့အမှားမျိုး(လာဘ်စား၊အာဏာပြတာ)တွေ ဆက်တိုက်ရှိလာမယ်ဆိုရင်တော့ ပြည်သူလူထူရဲ့ယုံကြည်ထောက် ခံမှုဟာလည်း ယုတ်လျော့လာမှာ မလွဲဧကန်ပင်ဖြစ်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် အာရက္ခပြည်သူလူထုရဲ့ အလုံးအရင်းထောက်ခံမှုနဲ့အင်အားကြီးလာတဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဖြစ်တဲ့အာရက္ခတပ်တော်(အနေနဲ့လည်ပတ်နေတဲ့ အုပ်ချုပ်ရေး၊တရား စီရင်ရေးအပါအဝင် ယန္တရားတိုင်းအ တွင်းလည်ပတ်နေသူ(ဝန်ထမ်း)တွေကို စွမ်းရည်မြင့်တင်ရေး၊ရထားတဲ့လုပ်ပိုင် ခွင့်တွေကိုအသုံးချကာ ပြည်သူအပေါ် ကောင်းမွန်ရိုးသားစွာ အလုပ်အကျွေး ပြုစေရေး လေ့ကျင့်ကြပ်မတ်ပေးဖို့လို အပ်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ရဲ့ ဥသျှောင် တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့တပ်တွင်းမိန့်ခွန်းထဲကလို နို့တအိုးထဲ သလိပ် (တံတွေး)တပက်ထွေးထည့်လိုက်ရင် အဲဒီနို့အိုးကို ဘယ်သူ့မှ မသောက်တော့ဘူးဆိုတဲ့ဥပမာအတိုင်း ငါးခုံးမတကောင်ကြောင့် တလှေလုံးမပုပ်ရလေအောင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ ဆင်ခြင်သတိထားကြဖို့ လိုအပ်နေပြီတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“နို့တအိုး ဘယ်လောက်ပဲ ကောင်းကောင်းအဲဒီမှာ သလိပ်တပက် ထည့်ပစ်လိုက်ရင် အဲဒီနို့ကိုဘယ်သူမှမသောက်ချင်တော့ဘူး။” လို့ တပ်မှူးနဲ့ စစ်သည်တွေရဲ့ အားနည်းချက်၊လုပ်ပိုင်ခွင့်၊အာဏာပြတာတွေအပေါ် ဥပမာပေး ဆုံးမထားပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာလည်း အာဏာအလွှဲသုံးစားလုပ်တာတွေ ဆက်တိုက်ရှိလာမယ်ဆိုရင် တော် လှန်ရေးမပြီးဆုံးခင်မှာပဲ ပြည်သူလူထုရဲ့ယုံကြည်မှုလျော့နည်းလာပြီး အစိုးရယန္တရားလည်ပတ်ရေးမှာပါ အခက်တွေ့လာနိုင်ပါတယ်။

အဲဒါကြောင့် အာရက္ခဒေသတခုလုံးမ သိမ်းပိုက်နိုင်သေးခင်၊ ပီပြင်တဲ့အရပ် သားအုပ်ချုပ်ရေးစနစ်အကောင်အထ ည်မဖော်နိုင်သေးခင်၊ တော်လှန်ရေးအစိုးရအနေနဲ့ကလည်း ပြည်သူလူထုရဲ့ယုံကြည်မှုတွေတလုံးတခဲတည်း ဆက်လက်ရှင်သန်တွဲပါနိုင်စေရေး ထိန်းသိမ်းဆင်ခြင်ဖို့မဖြစ်မနေလိုအပ်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

PrevPreviousရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနဲ့လူငယ်အစည်းအရုံးညီလာခံကျင်းပ
Next“ရခိုင်လူထုအတွက် ဘယ်လိုနည်းလမ်းတွေနဲ့လုပ်ဆောင်ရမလဲဆိုတဲ့ဆုံးဖြတ်ချက်တွေထွက်လာမယ်လို့မျှော်လင့်ပါတယ်။”Next
Previous Post

ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနဲ့လူငယ်အစည်းအရုံးညီလာခံကျင်းပ

Next Post

“ရခိုင်လူထုအတွက် ဘယ်လိုနည်းလမ်းတွေနဲ့လုပ်ဆောင်ရမလဲဆိုတဲ့ဆုံးဖြတ်ချက်တွေထွက်လာမယ်လို့မျှော်လင့်ပါတယ်။”

Comments 37

  1. 🔋 Ticket; TRANSFER 1,679647 BTC. GET > https://graph.org/Payout-from-Blockchaincom-06-26?hs=75c863a3360b5ed11593521944379f07& 🔋 says:
    4 months ago

    ybfpxi

    Reply
  2. ds0nu says:
    3 months ago

    cost amoxicillin – combamoxi amoxil cheap

    Reply
  3. n6t1k says:
    3 months ago

    amoxicillin online buy – https://combamoxi.com/ amoxil price

    Reply
  4. 17wt7 says:
    3 months ago

    buy diflucan paypal – https://gpdifluca.com/# fluconazole cheap

    Reply
  5. d35n0 says:
    3 months ago

    buy diflucan 200mg generic – https://gpdifluca.com/ fluconazole for sale

    Reply
  6. ua7zo says:
    3 months ago

    escitalopram generic – https://escitapro.com/# order lexapro 10mg generic

    Reply
  7. c1fwx says:
    3 months ago

    cenforce order – order cenforce 50mg online buy cenforce sale

    Reply
  8. 4nttl says:
    3 months ago

    oral cenforce – cenforce online cheap cenforce

    Reply
  9. qxhio says:
    3 months ago

    tadalafil 20mg (generic equivalent to cialis) – https://ciltadgn.com/# cialis for sale over the counter

    Reply
  10. aktyv says:
    3 months ago

    cialis for daily use dosage – combitic global caplet pvt ltd tadalafil tadalafil lowest price

    Reply
  11. jym1l says:
    3 months ago

    buy cialis/canada – https://strongtadafl.com/# cialis tadalafil 20mg kaufen

    Reply
  12. qa5wm says:
    3 months ago

    cialis online without prescription – strongtadafl cialis bodybuilding

    Reply
  13. ConnieFaK says:
    3 months ago

    zantac 150mg oral – https://aranitidine.com/# generic zantac

    Reply
  14. ConnieFaK says:
    3 months ago

    how to get ranitidine without a prescription – https://aranitidine.com/ zantac cheap

    Reply
  15. tlgm7 says:
    3 months ago

    cheap herbal viagra uk – strong vpls viagra 100mg street price

    Reply
  16. kqbzi says:
    3 months ago

    can you just buy viagra – https://strongvpls.com/# viagra cheap thailand

    Reply
  17. 7pav4 says:
    3 months ago

    I am in point of fact enchant‚e ‘ to glitter at this blog posts which consists of tons of worthwhile facts, thanks object of providing such data. zithromax 250mg cheap

    Reply
  18. ConnieFaK says:
    3 months ago

    More text pieces like this would make the интернет better. synthroid como se toma

    Reply
  19. ConnieFaK says:
    3 months ago

    More posts like this would bring about the blogosphere more useful. https://gnolvade.com/

    Reply
  20. 0buvm says:
    3 months ago

    The thoroughness in this section is noteworthy. prednisone cough syrup

    Reply
  21. ConnieFaK says:
    3 months ago

    More content pieces like this would make the интернет better. https://ursxdol.com/azithromycin-pill-online/

    Reply
  22. ConnieFaK says:
    3 months ago

    I am in point of fact thrilled to gleam at this blog posts which consists of tons of worthwhile facts, thanks for providing such data. https://ursxdol.com/sildenafil-50-mg-in/

    Reply
  23. klm84 says:
    3 months ago

    Thanks for putting this up. It’s understandably done. https://prohnrg.com/product/rosuvastatin-for-sale/

    Reply
  24. w0n5w says:
    3 months ago

    This is the tolerant of advise I unearth helpful. https://prohnrg.com/product/omeprazole-20-mg/

    Reply
  25. d0ugi says:
    3 months ago

    This is a topic which is near to my verve… Myriad thanks! Quite where can I find the acquaintance details for questions? https://aranitidine.com/fr/acheter-cenforce/

    Reply
  26. ConnieFaK says:
    2 months ago

    This website really has all of the low-down and facts I needed to this subject and didn’t positive who to ask. https://ondactone.com/product/domperidone/

    Reply
  27. ConnieFaK says:
    2 months ago

    The vividness in this piece is exceptional. https://ondactone.com/simvastatin/

    Reply
  28. ConnieFaK says:
    2 months ago

    With thanks. Loads of erudition!
    tamsulosin pills

    Reply
  29. ConnieFaK says:
    2 months ago

    Thanks towards putting this up. It’s evidently done.
    where can i buy clopidogrel

    Reply
  30. ConnieFaK says:
    2 months ago

    I couldn’t resist commenting. Profoundly written! http://wightsupport.com/forum/member.php?action=profile&uid=21295

    Reply
  31. ConnieFaK says:
    2 months ago

    The sagacity in this serving is exceptional. http://sols9.com/batheo/Forum/User-Avpicp

    Reply
  32. ConnieFaK says:
    2 months ago

    buy dapagliflozin no prescription – https://janozin.com/# brand forxiga 10 mg

    Reply
  33. ConnieFaK says:
    2 months ago

    order dapagliflozin 10mg online cheap – https://janozin.com/# forxiga 10mg uk

    Reply
  34. ConnieFaK says:
    2 months ago

    xenical price – https://asacostat.com/ cheap xenical 60mg

    Reply
  35. ConnieFaK says:
    2 months ago

    xenical over the counter – https://asacostat.com/ orlistat 60mg cheap

    Reply
  36. ConnieFaK says:
    2 months ago

    This is the make of advise I recoup helpful. http://web.symbol.rs/forum/member.php?action=profile&uid=1174985

    Reply
  37. ConnieFaK says:
    2 months ago

    More articles like this would pretence of the blogosphere richer. https://sportavesti.ru/forums/users/atqwm-2/

    Reply

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မယ်သမီခီးကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတချို့ဒဏ်ရာရ

October 14, 2025

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

October 14, 2025
(ဓာတ်ပုံ - လူငယ်တွေခက်ခက်ခဲခဲနေရပ်စွန့်ခွာနေကြပုံ / BNA)

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ

October 14, 2025
Photo - TLEC

စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ TLEC ရဲ့စာသင်ကျောင်းတွေပျက်စီး

October 14, 2025

မယ်သမီခီးကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတချို့ဒဏ်ရာရ

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ

စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ TLEC ရဲ့စာသင်ကျောင်းတွေပျက်စီး

နမ့်ဆန်ကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

လွိုင်လင်လေးတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ်ဦးသေဆုံး

Releated Post

မယ်သမီခီးကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတချို့ဒဏ်ရာရ

October 14, 2025

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

October 14, 2025
(ဓာတ်ပုံ - လူငယ်တွေခက်ခက်ခဲခဲနေရပ်စွန့်ခွာနေကြပုံ / BNA)

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ

October 14, 2025
Photo - TLEC

စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ TLEC ရဲ့စာသင်ကျောင်းတွေပျက်စီး

October 14, 2025

နမ့်ဆန်ကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

October 14, 2025

လွိုင်လင်လေးတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ်ဦးသေဆုံး

October 14, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page