Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

တရုတ်၏နိုင်ငံတကာဆိုင်ရာ ရပ်တည် ချက်တချို့

Author picture

By

BNA Author
Reading Time: 4 mins read
0
A A
0
SHARES
41
VIEWS
Share on FacebookShare on Twitter

မောင်တူရေးသည်။

Border News Agency
မြောက်ဦး၊ ဇွန် ၅။

နိုင်ငံတကာအခင်းအကျင်းတွင် တရုတ်သည် အခြားနိုင်ငံ၏ပြည်တွင်းရေးအား ဝင်ရောက်မစွက်ဖက်ရေးကို အကြိမ်ကြိမ်ပြောလေ့ရှိသည်။

ဤတွင် တရုတ်၏ဝင်ရောက်မစွက်ဖက်ရေးဆိုသည်မှာ မထိတွေ့မဆက်ဆံရေးကို ပြောသည်တော့မဟုတ်ပေ။တရုတ်၏ ဝင်ရောက်မစွက်ဖက်ရေးဟူသည် သံခင်းတမန်ခင်း စကားလုံးသာဖြစ် သည်တရုတ်သည် ဘက်တခုတည်းတွင် မည်မျှအချိန်အကြာကြီးရပ်နေသည်ဟူ၍လည်း ပုံသေသတ်မှတ်၍မရပေ။တရုတ်၏စဉ်းစားချက်တွင် အခြားနိုင်ငံတခု၏ပြဿနာအပေါ် ဘက်အသီးသီးကိုချဉ်းကပ်သည့် ပုံစံကိုကျင့်သုံးနေမှုရှိသည်။ဘက်အသီးသီးကို ချဉ်းကပ်ကာ မိမိအကျိုးအမြတ်ကိုရှာဖွေသွားမည့်သဘောရှိသည်။

ဤသည်ကတော့ တရုတ်မှမဟုတ် အခြားသောနိုင်ငံများလည်း ထိုနည်းလည်းကောင်းသာဖြစ်သည်ပင်။သို့သော် တခါတရံ၌ တရုတ်၏ အခြားနိုင်ငံတခု၏ဘက်အသီးသီးကို ချဉ်းကပ်မှုသည်တရုတ်၏ “ဝင်ရောက်မစွက်ဖက်ရေး” ဟူသော စကားလုံးနှင့်အံဝင်ဆီလျော်မှုမရှိတတ်ပေ။တရုတ်၏ဩဇာဖြန့်ကျက်မှုသည် ပဋိပက္ခနေရာများအတွက် သမာသမတ်ကျသောဒိုင်လူကြီး ဖြစ်လာလိမ့်မည်ဟူသည်မှာလည်း မူသေမရှိနိုင်ပေ။တရုတ်၏အကျိုးစီးပွားအရ ဖြစ်စဉ်တခုတည်းကိုပင် မိတ်ဘက်ရော၊ဆန့်ကျင်ဘက်အဖြစ်နှင့်ပါ မြင်နေမည်ဖြစ်သည်။ ပါကစ္စတန်နှင့်ဘင်္ဂလားဒေ့ရှ်တွင် တရုတ်၏စီးပွားရေးလုပ်ငန်းများသည် ကျင့်ဝတ်ပိုင်းကို အလေးအနက်ထားသည်။

ဤသည်မှာကား အိန္ဒိယ၏ဩဇာကို ပြန်ထိန်းထေ့လိုသည့် အပေးအယူသဘောလည်းဖြစ်နိုင်သည်။တရုတ်၏ဖွံ့ ဖြိုးတိုးတက်သောနိုင်ငံများကိုပို့သော ကုန်ပစ္စည်းအရည်အသွေးနှင့်ဆင်းရဲသောနိုင်ငံများကိုပို့သော ကုန်ပစ္စည်းအရည်အသွေးမတူသကဲ့သို့ပင်ဖြစ်သည်။ဆိုလိုချင်သည်က တရုတ်သည် ခေါင်းဆယ်လုံးမက ရှိသောသူနှင့်တူပါသည်။တချိန်တည်းတွင် အပြုံးမျက် နှာကိုလည်းပြနိုင်သည်။အခြားသောမျက်နှာတခုက ငိုချင်လည်းငိုထားနိုင်သည်။အခြားမျက်နှာတခုက လေးနက်တည်ငြိမ်သောပုံ ဖြစ်ချင်ဖြစ်နေမည်။အခြားမျက်နှာတခုက ပျောက်ချင်လျှင်လည်း ပျောက်နေနိုင်သည်။ထိုအရာများသည် တရုတ်ထံတွင် တပြိုင်နက်တည်းရှိနေမည်ဖြစ်သည်။

ဥပမာ – ICC ဟုခေါ်သော နိုင်ငံတကာ ရာဇဝတ်တရားရုံးနှင့်ပတ်သက်၍ ကြည့်လျှင် တရုတ်သည် ထိုကဲ့သို့ နှစ်ဖက်ခွထားသည်ကို မြင်ရပေလိမ့်မည်။ တရုတ်သည်လက်ရှိတွင် ICC အဖွဲ့ဝင်မဟု တ်ပေ။သို့ရာတွင် ICC နှင့်လုံးဝမပတ် သက်ကင်းပြတ်သောနိုင်ငံဖြစ်သလားဆိုလျှင်လည်းမဟုတ်ပြန်ပေ။ICC ဖြစ် စဉ်နှင့်တရုတ်တို့ မည်သို့မည်ပုံ ပတ်သက်ခဲ့သနည်းဟု ကြည့်လျှင်…။

  • ၁။ ရောမပဋိညာဉ်(Rome Statue)သို့မဟုတ် ICC ပဋိညာဉ်အား တည်ထောင်ရန်အတွက် ကနဦးကာလတွင် တက်ကြွစွာပါဝင်၍ ပဋိညာဉ်မူကြမ်းအဆိုပြုချ က်များကို ညှိနှိုင်းသူများထဲတွင်လည်း တရုတ်ပါခဲ့သည်။
  • ၂။ စတင်တည်ထောင်ရန်အတွက်ပြုလုပ်သော ညီလာခံများတွင် ပါဝင်၍ ညီ လာခံ၏ ဒု-ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူမှာလည်း တရုတ်ပင်ဖြစ်သည်။ ပဋိ ညာဉ်မူကြမ်းနှင့် အချက်အလက်အရ ည်အသွေးစီစစ်ရေး ကော်မတီများတွင် ပါဝင်ခဲ့သူမှာလည်း တရုတ်ပင်ဖြစ်သည်။
  • ၃။ ရောမပဋိညာဉ်တွင်အတွက် ကျင့်သုံးရမည့် စည်းမျဉ်းများကို ချပြခဲ့သူမှာလ ည်း တရုတ်ပင်ဖြစ်သည်။တရုတ်အကြံ ပြုခဲ့သော စည်းမျဉ်းများကို လက်ရှိ ရောမပဋိညာဉ်တွင်ကျင့်သုံးနေရသည်။
  • ၄။ ရောမပဋိညာဉ်အား အတည်ပြုရာတွင် ပဋိညာဉ်အား ကန့်ကွက်မဲပေးခဲ့သူမှာလည်း တရုတ်ပင်ဖြစ်သည်။ (ရောမပဋိညာဉ်သည် တရုတ်၏မျက်စိအော က်တည့်တည့်မှ ပေါ်လာခြင်းသာဖြစ်သ ည်။)
  • ၅။ ထိုသို့ ပဋိညာဉ်အားမူကြမ်းအဆင့် ဆင့်တွင် ဆွေးနွေးအကြံပြုလျက် မိမိ ၏ဆွေးနွေးချက်အချို့ကိုလည်း ပဋိ ညာဉ်တွင် ပြဌာန်းပြီးနောက် ထိုပဋိညာ ဉ်ကို အတည်ပြုရန် ကန့်ကွက်ခဲ့သော တရုတ်သည် လက်ရှိအချိန်ထိ ရောမပဋိညာဉ် နိုင်ငံများညီလာခံ တနည်း ICC အဖွဲ့ဝင်ညီလာခံများတွင် လေ့လာ သူအဖြစ် တက်ရောက်နေပြန်သည်။
  • ၆။အဘယ်ကြောင့် တရုတ်သည် ICC ဖြစ်စဉ်တွင် ထိုသို့ဖြစ်နေရသနည်း ဆိုပါလျှင်…။

က – တရုတ်အနေဖြင့် ICC သည် နိုင်ငံ တကာရာဇဝတ်မှုကို ကိုင်တွယ်ရာတွင် (Voluntary Jurisdiction)ဆိုသည့် စေ တနာ့ဝန်ထမ်း သဘောလောက်သာ အာ ဏာတည်စေချင်သည်။ရာဇဝတ်မှုဖြစ် ပွားသော ပင်ရင်းနိုင်ငံ၏သဘောဆန္ဒ (State Consent)အရဖိတ်ခေါ်ပါမှ စေ တနာ့ဝန်ထမ်း သဘောမျိုးရှိစေချင်သည်။

သို့ရာတွင် အဖွဲ့ဝင်နိုင်ငံတော်တော်များများက နိုင်ငံတကာနှင့်ဆက်စပ်နေသော ပြင်းထန်ရာဇဝတ်မှုများအပေါ်ကိုင်တွယ်မှုသည် ကျင့်ဝတ်အရပြုကိုပြုလုပ်သင့်သောအရာ အဖြစ်ဘက်ကို
ပိုရှူမြင်ကာ စေတနာ့ဝန်ထမ်းသဘောမျိုးထက် မူလအာဏာ (Automatic Jurisdiction)ကို ပိုပေးလိုက်သည်။

လက်ရှိ ရောမပဋိညာဉ်ပုဒ်မ ၅ သည် ICC အနေဖြင့် နိုင်ငံတကာနှင့်ဆက်စပ်နေသော ပြင်းထန်ရာဇဝတ်မှုများအပေါ်တွင် သက်ရောက်သည်ဟုပြဌာန်းထားသည်။ မည်သည့်နေရာ၊မည်သည့်အချိန်တွင်ဖြစ်သည့်ကိစ္စဟုလည်း ပြဌာန်းမထားပေ။

ဤသို့ လုပ်ရပ်အပေါ်လွမ်းခြုံမှုကို တရုတ်သည်ကြိုက်ပုံမရပေ။ ထိုပုဒ်မ ၅ တွင်ပင် နိုင်ငံတကာနှင့်ဆက်စပ်နေသော ပြင်းထန်ရာဇဝတ်မှုများအား…။

  • (က) လူမျိုးတုန်းအောင်လုပ်ခြင်း (The crime of genocide)
  • (ခ) လူသားဖြစ်မှုအပေါ် ပြစ်မှုကျူးလွန်ခြင်း (Crimes against humanity)
  • (ဂ) စစ်ရာဇဝတ်မှုများ (War crimes)
  • (ဃ) ငြိမ်းချမ်းမှုအပေါ် ဖျက်ဆီးသော ပြစ်မှု (The crime of aggression) စသဖြင့် ဖော်ပြထားသည်။

ပဋိညာဉ်၏ပုဒ်မ ၁၁ နှင့် ၁၂ တွင် ပဋိ ညာဉ်အဖွဲ့ဝင်မဟုတ်သော နိုင်ငံမှလည်း တရားရုံး၏ စီရင်ခွင့်အားကိုင်တွယ်နိုင်သောပုံစံများကို ဖော်ပြထားသည်။

ခ။ ရောမပဋိညာဉ်၏ရာဇဝတ်မှုအပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက် (Definition of Crimes) အပေါ်တွင် တရုတ်အနေဖြင့် သိပ်အမြင်မကြည်ပေ။

အထူးသဖြင့် လူမဆန်သောရာဇဝတ်မှု (Crimes Aganist Humanity) အပေါ်ဖွင့်ဆိုချက်သည် နိုင်ငံတနိုင်ငံ၏ ပြည် တွင်းရေးအား ဝင်ရောက်စွက်ဖက်မှုဘ က်ကို ရောက်နိုင်သည်ဟု တရုတ်ကရှူမြင်သည်။

ICC ပဋိညာဉ်၏ ပုဒ်မ ၆၊ ၇၊ ၈ များသည် လူမျိုးတုန်းအောင်ပြုမှု၊လူသားဖြစ်မှုအပေါ် ပြစ်မှုကျူးလွန်ခြင်းနှင့်စစ်ရာဇဝတ်မှုများကို အဓိပ္ပါယ်ဖွင့်ဆိုထားသည့်ပုဒ်မများဖြစ်သည်။ ငြိမ်းချမ်းမှုအ ပေါ် ဖျက်ဆီးသောပြစ်မှုနှင့်ပတ်သက်၍အသေးစိတ်အဓိပ္ပါယ်ဖွင့်မှုက ရောမပဋိညာဉ်တွင်မရှိပေ။

ငြိမ်းချမ်းမှုအပေါ် ဖျက်ဆီးသောပြစ်မှုအား အဖွဲ့ဝင်နိုင်ငံများသည် “အဆိုပြုနိုင်ခွင့်” ရှိပြီး ၎င်းအဆိုပြုခွင့်အား ပဋိညာဉ်တွင် ထည့်သွင်းသင့်မသင့်အား ပဋိညာဉ်အားပြင်ဆင်ခြင်းပုဒ်မ ၁၂၁
ဖြင့်လည်းကောင်း၊ပဋိညာဉ်အား ၇ နှစ်တကြိမ်ပြန်လည်သုံးသပ်ခြင်းပုဒ်မ ၁၂၃ ဖြင့်လည်းကောင်းတွဲစပ်ထားသည်။

မည်သည့်ကိစ္စမှာ နိုင်ငံတကာအဆင့် ပြင်းထန်ရာဇဝတ်မှုဖြစ်သည်ဆိုသောအပိုင်းတွင် ပဋိညာဉ်ပုဒ်မ ၉အရ အဖွဲ့ဝင်နိုင်ငံအားလုံး၏ သုံးပုံနှစ်ပုံထောက်ခံချက်ဖြင့် ဆုံးဖြတ်သည်။

ထိုသို့ဆုံးဖြတ်ရန်အတွက် အဆိုတင်နိုင်ခွင့်မှာ အဖွဲ့ဝင်တနိုင်ငံချင်းစီတွင်ရှိသည်။

ထိုပြင် တရားသူကြီးအများစုဆန္ဒတွင်လည်းရှိသည်။ထိုပြင်ဆွဲချရှေ့နေတွင်လည်းရှိသည်။

ဂ။ ICC ၏ ဆွဲချရှေ့နေ (Prosecutor)၏လွတ်လပ်သော လုပ်ပိုင်ခွင့်ပေးမှုအား တရုတ်က ကန့်ကွက်သည်။ထိုလုပ်ပိုင်ခွင့်အားပိုမို၍ထိန်းကျောင်းမှု(Check and Balance) ရှိသင့်သည်ဟု တရုတ်ကဆိုသည်။

ICC ပဋိညာဉ်တွင် ဆွဲချရှေ့နေအားအဖွဲ့ဝင်နိုင်ငံတနိုင်ငံက လွဲပြောင်းခြင်း၊လုံခြုံရေးကောင်စီမှလွဲပြောင်းခြင်းအား ကိုင်တွယ်ဆောင်ရွက်ခွင့်အားပေးထားသည်။

ပဋိညာဉ်၏ပုဒ်မ ၁၃ နှင့် ၁၅ တွင် ICC ဆွဲချရှေ့နေ၏လုပ်ပိုင်ခွင့်များပါရှိသည်။ICC ဆွဲချရှေ့နေအနေဖြင့် အမှုတခုအပေါ် စုံစမ်းသင့်သည်ဟု ထင်မြင်ယူဆပါက ထိုကိစ္စရပ်အားစုံစမ်းနိုင်သည်။ စုံစမ်းပြီးနောက် Pre Tial Chamber တရားသူကြီးထံတင်ပြရသည်။ Pre Tial Chamber တရားသူကြီးမှ ဆွဲချရှေ့နေတင်ပြသော ကိစ္စရပ်သည် ICC ၏စီရင်ပိုင်ခွင့်တွင်ရှိမရှိ ဆုံးဖြတ်သည်။Pre Tial Chamber က ICC၏ စီရင်ပိုင်ခွင့်ရှိသည်ဟု ဆုံးဖြတ်လျှင် အမှု၏လုပ်ငန်း စဉ်သည် ရှေ့ဆက်လာသည်။စီရင်ခွင့်မရှိဟုဆုံးဖြတ်လျှင် ထိုအမှုသည်ရပ်တန့်သွားသည်။ ပဋိညာဉ်၏ပုဒ်မ ၁၆ အရ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ICC ဆွဲချရှေ့နေစုံစမ်းနေသော ကိစ္စရပ်သည် UNSC ၏ကိုင်တွယ်မှုအောက်တွင်ရှိနေသည်ဟု အကြောင်းကြားပါက ICC ဆွဲချရှေ့နေသည် ထိုကိစ္စအား စုံစမ်းမှုကို အကြောင်းကြားသည့်အချိန်မှ ၁၂ လအတွင်း စုံစမ်းစစ်ဆေးမှုမလုပ်ရချေ။

ဃ။ ကုလသမဂ္ဂပဋိညာဉ်နှင့်ရောမပဋိ ညာဉ်ကြားတွင် ပွတ်တိုက်လွန်ဆွဲမှုမဖြစ်စေရန်တရုတ်ကလိုလားသည်။

ဤအချက်၌ တရုတ်လိုလားသော ကုလသမဂ္ဂ၏ပဋိညာဉ်ဟုဆိုရာတွင် ဗီတိုသုံးနိုင်သော လုံခြုံရေးကောင်စီ၏အခန်းကဏ္ဍကို ရည်ညွှန်းခြင်းဖြစ်သည်။ ICC ဆွဲချရှေ့နေအနေဖြင့် နိုင်ငံဖြစ်စေ၊ မည်သည့်လူပုဂ္ဂိုလ်၊မည်သည့်အဖွဲ့အ စည်းထံမှ မဆိုအချက်အလက်များကို အခြေခံ၍ အမှုအားစုံစမ်းသင့်သည်ဟု ယူဆပါက စုံစမ်း၍ အမှုတွဲတည်ဆောက်နိုင်မှုသည် တဖက်တွင် UNSC ဘက်မှ အမှုကိုလွဲပြောင်းသည်ဖြစ်စေ၊မလွဲပြောင်းသည်ဖြစ်စေ အမှုအားကြားနာခွင့်ရှိနေခြင်းကြောင့်ဖြစ်သည်။

ပဋိညာဉ်ပုဒ်မ ၁၆အရ ICC ဆွဲချအားမကိုင်တွယ်စေချင်သောရာဇဝတ်မှုနှင့်သက်ဆိုင်သည့် ကိစ္စရပ်အား ကုလလုံခြုံရေးကောင်စီ UNSC ကိုယ်တိုင်ကကိုင်တွယ်ထားရမည်ဖြစ်ပြီး ထိုသို့ကိုင်တွ ယ်နေသည့် ၁၂ လအတွင်း ICC ဆွဲချရှေ့နေသည် ထိုကိစ္စကိုင်တွယ်မှုအားဆိုင်းငံရထားရသည်။

သို့သော် ၁၂ လနောက်ပိုင်း အဆိုပါပြင်းထန်ရာဇဝတ်မှုနှင့်ပတ်သက်၍ ကိုင်တွယ်မှုမဟုတ်ပါက ICC ဆွဲချရှေ့နေတွင် ထိုအမှုအားပြန်စုံစမ်းခွင့်ရှိလာသည်။

ထိုအချက်သည် တရုတ်အနေဖြင့် ၎၏ ဗီတိုအား ကျော်လွန်သည့်အရာဟု မြင်မည်ဖြစ်သည်။ UNSC အား ပြန်လည်ချည်နှောင်သည့် ယန္တရားအဖြစ်လည်းရှုမြင်မည်ဖြစ်သည်။ICC ပဋိညာဉ်ပုဒ် မ ၁၆ အရဆိုပါက UNSC သည် နိုင်ငံတကာအဆင့်ပြင်းထန်ရာဇဝတ်မှုအား ICC ဆွဲချရှေ့နေအား မကိုင်တွယ်စေလိုလျှင်၎င်းကိုယ်တိုင် ICJ ကိုဖြစ်စေ၊အခြားနိုင်ငံတကာတရားရုံးတစ်ခုကိုဖြစ်စေ သို့မဟုတ် ထိုကိစ္စရပ်အားကိုင်တွယ်ရန် ယာယီနိုင်ငံတကာတရားရုံးတခုကိုဖြစ်စေ ကိုင်တွယ်ရန်လုပ်ရမည့်သဘောဖြစ်နေသည်။

အကျဉ်းချုပ်ရလျှင် တရုတ်သည် ရောမပဋိညာဉ်ဖြစ်စဉ်တွင် ICC အနေဖြင့် ပင်ရင်းနိုင်ငံ၏သဘောတူညီချက် သို့မဟုတ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏သဘောတူညီချက်ဆိုသည့်အနေအ ထားအောက်တွင်ရှိစေချင်သည်။ ICC ဆွဲချရှေ့နေ၏လွတ်လပ်သောလုပ်ပိုင်ခွင့်၊ ICC အား မူလစီရင်ခွင့်အာဏာပေးမှုများသည် နိုင်ငံတခု၏ပြည်တွင်းရေးကို ဝင်စွက်နိုင်ပြီးကုလသမဂ္ဂလုံခြုံရေးကောင်စီ၏အခန်းဂဏ္ဍကိုလည်း မျက်ကွယ်ပြုသလိုဖြစ်နေသည်။

သို့ရာတွင် ကျန်အဖွဲ့ဝင်နိုင်ငံအများစု၏အမြင်၌ ကုလသမဂ္ဂ UNSC သည် ဗီတို အာဏာအတားအဆီးဖြစ်သည်။ကုလသမဂ္ဂ UNSC ၌ ကျန်နိုင်ငံများက မည်မျှပင် သဘောတူနေစေကာမူ ဗီတိုပိုင်သော နိုင်ငံတနိုင်ငံက ကန့်ကွက်လျင် ရှေ့ဆက်မရတော့ပေ။ရောမပဋိညာဉ် ၏အဖွဲ့ဝင်နိုင်ငံများ၏နယ်မြေများနှင့် အဖွဲ့ဝင်နိုင်ငံမဟုတ်သည့်တိုင်အောင် ICC ၏ စီရင်ချက်ကို လက်ခံသောနိုင်ငံ၏ နယ်မြေများတွင် ရာဇဝတ်မှုဖြစ်ပွားပါက ထိုကိစ္စရပ်အား ကိုင်တွယ်နိုင်ရန်အတွက် ICC ကိုတည်ထောင်ခြင်းဖြစ်သ ည်။

သို့ဖြစ်၍  ICC ဆွဲချရှေ့နေ၏လွတ်လပ်သောလုပ်ပိုင်ခွင့်နှင့် ICC အား မူလစီရင်ခွင့်အာဏာတို့ကို ပေးကိုပေးရမည်ဟု ရှူမြင်သည်။ ICC အနေဖြင့် ရောမပဋိညာဉ်ကိုလက်ခံသောနိုင်ငံ သို့မဟု တ် ရောမပဋိညာဉ်ကို လက်မခံသော်လည်း ICC၏ စီရင်မှုကို လက်ခံသည့် နိုင်ငံ၏အချုပ်အခြာအာဏာအောက်တွင်ရှိနေသော မြေပြင်၊ရေပြင်၊ဝေဟင်ပေါ်တွင် နိုင်ငံတကာအဆင့် ပြင်းထန်ရာဇဝတ်မှုများကို ကိုင်တွယ်မည်ဖြစ်သည်။

ရိုဟင်ဂျာအရေးကိစ္စတွင် ရာဇဝတ်မှုကျူးလွန်ခံရသူများသည် ICC အဖွဲ့ဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ရောက်ရှိသွားခြင်း၊ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရိုဟင်ဂျာအရေးကိစ္စနှင့်ပတ်သက်၍ တိုက် ရိုက်ခံစားနေရခြင်း၊ရိုဟင်ဂျာများအပေါ် ကျူးလွန်ခံရမှုသည် နိုင်ငံတကာအဆင့်ပြင်းထန်ရာဇဝတ်မှုမျိုးဖြစ်သည်ဟု ICC အဖွဲ့ဝင်များပါသော ညီလာခံမွ အတည်ပြုခြင်း၊ICC ရှေ့နေဆွဲချမှ
စုံစမ်းစစ်ဆေးသင့်သည်ဟု ထင်မြင်ယူဆခြင်းကြောင့် မြန်မာသည် ICC ၏စီရင်ချက်အား လက်မခံသော်လည်း ICC ၏ ကိုင်တွယ်မှုကို ခံနေရခြင်းဖြစ် သည်။အမှုအားဖြင့် ရိုဟင်ဂျာအရေးတွင် ICC ၏ ကိုင်တွယ်မှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်မြေတွင် ရောက်ရှိနေသော ပြစ်မှုကျူးလွန်ခံရသည့် ရိုဟင်ဂျာများကို အခြေခံထားသည်။

ဖိလစ်ပိုင်သည် နောက်ပိုင်းတွင် ICC အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ထားသည်။သို့ရာတွင် ဒူတာတေးအားအရေးယူရန်အတွက် ICC ၏ စီရင်မှုအားလက်ခံကြောင့် ဖိလစ်ပိုင်မှ ကြေငြာလိုက်သ ည်။ဤအချက်ဖြင့် ဒူတာတေးသည် ICC ၏ ကိုင်တွယ်မှုအောက်ကို ရောက်ရှိသွားသည်။အမှုအားဖြင့် ဖိလစ်ပိုင် ကိစ္စရပ်တွင် ICC ၏ကိုင်တွယ်မှုသည် “ဒူတာတေး၏ကျူးလွန်မှု” အပေါ်တွင်သက်ရောက်နေခြင်းဖြစ်ပြီး ဖိလစ်ပိုင်အစိုးရမှ မလွဲပြောင်းသော ကျန်မှုခင်းများအပေါ်တွင် မသက်ရောက်သေးချေ။

ရိုဟင်ဂျာကိစ္စတွင်လည်းကောင်း၊ ဒူတာတေးကိစ္စတွင်လည်းကောင်း တရုတ်ဘက်က ICC ၏ပဋိညာဉ်အရ ထိုကိစ္စများကို ကိုင်တွယ်ခွင့်မရှိဟု မပြောပေ။ “နိုင်ငံတနိုင်ငံ၏အချုပ်အခြာအာဏာ” အား လေးစားရန်နှင့် ICC ယန္တရားအား နိုင်ငံရေးလက်နက်အဖြစ် အသုံးမချကြရန် စသဖြင့်သာ ပြောဆိုထားခဲ့သည်။

အမှန်တော့ လက်ရှိ ICC ပဋိညာဥ်သည် တရုတ်အဆိုပြုခဲ့သောအချက်များကိုလည်း ထည့်သွင်းထားသလို တရုတ်မကြိုက်သော အချက်များကိုလည်း ထည့်သွင်းထားခြင်းပင်ဖြစ်သည်။တရုတ်သည်လည်း ICC ပဋိညာဉ်အား ကန့်ကွက်မဲပေးကာ လုံးဝကျောခိုင်းသည့်အလုပ်ကိုမလုပ်ခဲ့ပေ။ICC ၏လေ့လာသူနေရာတွင်ရှိနေကာ ICC ညီလာခံကိုတက်နေတော့သည်။

ဤအချက်ကတရုတ်သည် ICC နှင့်ပတ်သက်၍ လျိုပေါက်ယိုပေါက်များကို သိထားသည် သို့မဟုတ် အဆိုပါလျိုပေါက်ယိုပေါက်များမှနေ၍ ချည်နှောင်ခံရနိုင်သော အချက်များကိုလည်း သိထားသည် ကိုပြနေခြင်းပင်ဖြစ်သည်။

ဤအချက်များက ICC အခင်းအကျင်းနှင့်ပတ်သက်၍ တရုတ်၏ချဉ်းကပ်မှုအား ဥပမာသဘောပြခြင်းသာဖြစ်သည်။အခြားသော နိုင်ငံတကာအခင်းအကျင်းများတွင်လည်း တရုတ်သည် ပုံစံအမျိုးမျိုးဖြင့် ထိတွေ့ထားနိုင်ပါသေးသည်။

China & ICC ဇယား
China & ICC ဇယား

IOMed သို့မဟုတ် တရုတ်ဦးဆောင်သော နိုင်ငံတကာညှိနှိုင်းဖြန့်ဖြေပေးရေးအဖွဲ့

၂၀၂၄ ခုနှစ်၊အောက်တိုဘာလ ၁၄ ရက်နေ့မှ ၁၇ ရက်ထိ International Organization for Mediation (IOMed) တည်ထောင်ခြင်းဆိုင်ရာ ကွန်ဗင့်ရှင်းနှင့်ပတ်သက်၍ငါးကြိမ်မြောက်ဆွေး နွေးခဲ့ပြီး အဆိုပါကွန်ဗင့်ရှင်းအား အ ပြီးသတ်လက်မှတ်ထိုးပွဲအား ၂၀၂၅ ခုနှစ်၊မေလ ၃၀ ရက်နေ့တွင် ဟောင်ကောင်၌ကျင်းပခဲ့ရာ အာရှ၊အာဖရိက၊ ဥရောပ၊ လက်တင်အမေရိကဘက်မှ နိုင်ငံပေါင်း ၃၃ နိုင်ငံက လက်မှတ်ရေး ထိုးခဲ့ကြောင်း စသဖြင့် (International-mediation) တွင်ဖော်ပြထားပါသည်။

တရုတ်တို့၏အဆိုအရ (IOMed) သည် နိုင်ငံတကာအင်စတီကျူးရှင်းများကြားက ကွာဟချက်များကို ညှိနှိုင်းရန်အပါ အဝင် ပဋိပက္ခဖြန့်ဖြေရေးအတွက်လ ည်း ထိရောက်သောအင်စတီကျူးရှင်းတခုဖြစ်လာရန် ရည်ရွယ်ထားသ ည်ဟုဆိုပါသည်။ IOMed ၏ ရုံးချုပ်အား ဟောင်ကောင်တွင် ဖွင့်ထားပြီး လုပ်ငန်းမှာ၂၀၂၅ ခုနှစ်နောက်ပိုင်းနှင့်၂၀၂၆ခု နှစ်အစောပိုင်းတွင် လည်ပတ်နိုင်မည်ဟုလည်း ဆိုပေသည်။

IOMed သည် တောင်ကမ္ဘာခြမ်း ဖွံ့ဖြိုးဆဲနိုင်များ၏ ငြိမ်းချမ်းမှုနှင့်တိုးတက် မှုကို ဖော်ဆောင်နိုင်မည်ဟုလည်း တရု တ်ကဆိုပေသည်။Global Times ၏ အဆိုအရ IOMed သည် နိုင်ငံအချင်း ချင်းကြားအငြင်းပွားမှု၊ရင်းနှီးမြုပ်နှံမှုဆိုင်ရာကိစ္စရပ်နှင့်ပတ်သက်၍ နိုင်ငံတနိုင်ငံနှင့် အခြားနိုင်ငံ၏ပြည်သူလူထုကြားတွင်အငြင်းပွားမှု၊နိုင်ငံတကာ စီး ပွားရေးဆိုင်ရာကိစ္စရပ်များကြားအငြ င်းပွားမှုများကို ညှိနှိုင်းအဖြေရှာရန်အ တွက် ဖွဲ့စည်းခြင်းဖြစ်သည်ဟုဆိုပေသ ည်။

ဤတွင် “ရင်းနှီးမြုပ်နှံမှုဆိုင်ရာကိစ္စရပ်နှင့်ပတ်သက်၍ နိုင်ငံတခုနှင့်အခြားနိုင် ငံ၏ပြည်သူလူထုကြားတွင်အငြင်းပွားမှု” ဟူသော အဓိပ္ပါယ်သည် မည်၍မည်မျှထိရည်ရွယ်သည်ကိုတော့မသိနိုင်ပေ ။တရုတ်၏ရင်းနှီးမြုပ်နှံမှုများသည် နိုင် ငံတော်တော်များများတွင် ကျင့်ဝတ်ပို င်းအရ ပြဿနာရှိသည်။ရင်းနှီးမြုပ်နှံမှုကိုလက်ခံထားသည့်ပြည်သူလူထုကြားထဲတွင် နာမည်ကောင်းတော့မထွက်ခဲ့သည့် ဖြစ်စဉ်များလည်းရှိထားခဲ့ပေသည်။ IOMed ၏အနေအထားက လက်ရှိကမ္ဘာအခင်းအကျင်းနှင့်ဒေသတွင်းအ ခြေအနေများတွင် မည်သို့ပါဝင်လာမ ည်ကိုတော့ စောင်ကြည့်ရမည်ဖြစ်သည်။

IOMed ၏ ပုံများ

ကိုးကား

https://www.globaltimes.cn/page/202505/1335175.shtml

PrevPrevious“အိမ်မိုးပေါ်က ကြိုးတွေချည်ဖို့တောင် ဘယ်သူမှမရှိဘူး။ကျွန်မတို့ အဘွားနဲ့မြေး ဒီအတိုင်း ဘယ်လိုနေကြမလဲ။”
Next“ကျွန်မမှာတော့ ပိုက်ဆံမရှိတဲ့အတွက် ဆေးရုံမသွားနိုင်ပါ။”Next
Previous Post

“အိမ်မိုးပေါ်က ကြိုးတွေချည်ဖို့တောင် ဘယ်သူမှမရှိဘူး။ကျွန်မတို့ အဘွားနဲ့မြေး ဒီအတိုင်း ဘယ်လိုနေကြမလဲ။”

Next Post

“ကျွန်မမှာတော့ ပိုက်ဆံမရှိတဲ့အတွက် ဆေးရုံမသွားနိုင်ပါ။”

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - လူမှုကွန်ရက်

​အီရတ်နိုင်ငံဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံး ဒရုန်းနဲ့ တိုက်ခိုက်ခံရ

March 14, 2026

​ကွတ်ခိုင်ဒေသစစ်ရေးပဋိပက္ခအတွက် TNLA မှာ တာဝန်ရှိတယ်လို့ MNDAA ဆို

March 14, 2026
Photo - KNU

စစ်တပ်ရဲ့ တောင်ယာကမ်းစခန်းကို ကရင်တော်လှန်ရေးတပ်တိုက်ခိုက်သိမ်း

March 14, 2026

မြန်မာအမျိုးသမီးဆယ်သန်းကျော်အကူအညီတွေ အရေးပေါ်လိုအပ်နေ

March 14, 2026

​အီရတ်နိုင်ငံဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံး ဒရုန်းနဲ့ တိုက်ခိုက်ခံရ

​ကွတ်ခိုင်ဒေသစစ်ရေးပဋိပက္ခအတွက် TNLA မှာ တာဝန်ရှိတယ်လို့ MNDAA ဆို

စစ်တပ်ရဲ့ တောင်ယာကမ်းစခန်းကို ကရင်တော်လှန်ရေးတပ်တိုက်ခိုက်သိမ်း

မြန်မာအမျိုးသမီးဆယ်သန်းကျော်အကူအညီတွေ အရေးပေါ်လိုအပ်နေ

ငါးနဲ့ရေသယံဇာတတွေ စနစ်တကျထိန်းသိမ်းသုံးစွဲဖို့ အာရက္ခအစိုးရသတိပေး

ငြိမ်းချမ်းရေးအတွက် အပစ်ရပ်ရုံတင်မကဘဲပဋိပက္ခဇာစ်မြစ်ကို ဖြေရှင်းဖို့ လိုအပ်တယ်လို့ စစ်ခေါင်းဆောင်ဆို

Releated Post

ဓာတ်ပုံ - လူမှုကွန်ရက်

​အီရတ်နိုင်ငံဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံး ဒရုန်းနဲ့ တိုက်ခိုက်ခံရ

March 14, 2026

​ကွတ်ခိုင်ဒေသစစ်ရေးပဋိပက္ခအတွက် TNLA မှာ တာဝန်ရှိတယ်လို့ MNDAA ဆို

March 14, 2026
Photo - KNU

စစ်တပ်ရဲ့ တောင်ယာကမ်းစခန်းကို ကရင်တော်လှန်ရေးတပ်တိုက်ခိုက်သိမ်း

March 14, 2026

မြန်မာအမျိုးသမီးဆယ်သန်းကျော်အကူအညီတွေ အရေးပေါ်လိုအပ်နေ

March 14, 2026

ငါးနဲ့ရေသယံဇာတတွေ စနစ်တကျထိန်းသိမ်းသုံးစွဲဖို့ အာရက္ခအစိုးရသတိပေး

March 14, 2026

ငြိမ်းချမ်းရေးအတွက် အပစ်ရပ်ရုံတင်မကဘဲပဋိပက္ခဇာစ်မြစ်ကို ဖြေရှင်းဖို့ လိုအပ်တယ်လို့ စစ်ခေါင်းဆောင်ဆို

March 14, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page