Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး ဆောင်းပါး နိုင်ငံရေး မောင်တောခရိုင် မောင်တောမြို့နယ် သတင်း အာရက္ခဒေသ

IIMM ရဲ့ဂျီနီဗာသတင်းစာရှင်းလင်းပွဲမှ ရခိုင်နဲ့သက်ဆိုင်တဲ့အချက်တချို့

(ဓာတ်ပုံ - မောင်တောမြို့သိမ်းတိုက်ပွဲအတွင်းရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဖမ်းဆီးသတ်ဖြတ်အလောင်းဖျောက်လိုက်တဲ့မောင်တောမြို့ခံတဦး / ပေးပို့)

(ဓာတ်ပုံ - မောင်တောမြို့သိမ်းတိုက်ပွဲအတွင်းရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဖမ်းဆီးသတ်ဖြတ်အလောင်းဖျောက်လိုက်တဲ့မောင်တောမြို့ခံတဦး / ပေးပို့)

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
9
VIEWS
Share on FacebookShare on Twitter

(သတင်းဆောင်းပါး)
Border News Agency
မောင်တော၊ သြဂုတ် ၁၃။

တခြားလူမျိုးစုအသိုင်းအဝန်းတွေအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကိုလည်းစုံစမ်းစစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM)ရဲ့အစီရင်ခံ စာမှာဖော်ပြပါတယ်။

မြန်မာနိုင်ငံရှိလက်နက်ကိုင်အဖွဲ့တိုင်းရဲ့နိုင်ငံတကာအဆင့် ပြင်းထန်ရာဇဝတ်မှုကျူးလွန်ထားတဲ့လုပ်ရပ်တွေကို ပြီးခဲ့တဲ့နှစ်တလျှောက်လုံး စုံစမ်းစစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရာ(IIMM) ရဲ့ ပြီးခဲ့တဲ့ဇူလိုင်လ ၂၄ ရက်နေ့က ကုလလူအခွင့်အရေးကောင်စီကိုတင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီအပြင် ဂျီနီဗာမှာ ဩဂုတ်လ ၁၂ ရ က်နေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာလည်း အဲဒီအစီရင်ခံစာအကြောင်းကိုမြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM)က ထည့်သွင်းပြောကြားခဲ့တာပါ။

အဲဒီအစီရင်ခံစာထဲမှာ ရခိုင်နဲ့ဆိုင်တဲ့အချက်တွေက ဘာတွေပါလဲ။

မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစ မ်းစစ်ဆေးရေးယန္တရား(IIMM)မှာ စုံစမ်းစစ်ဆေးရေးလုပ်ငန်းအဖွဲ့နှစ်ခုကို ဖွဲ့ထားပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကိုစုံစမ်းနေပြီး တခြားလူမျိုး စုတွေအပေါ်မှာကျူးလွန်နေတဲ့ ရာဇဝ တ်မှုတွေကိုလည်း စုံစမ်းနေတာပါ။

၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေထဲမှာ အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်တဲ့ရာဇဝတ်မှုတွေဟာ ဆက်ရှိနေပါတယ်။

ချင်း၊ ကချင်၊ ကယား၊ ရခိုင်၊ ရှမ်း၊ မကွေးနဲ့ စစ်ကိုင်းတွေမှာ ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုအထောက်အထားတွေကို စစ်ဆေးမှုတွေ ပြုလုပ်ထားတယ်လို့မြန်မာ နိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ် ဆေးရေးယန္တရား(IIMM)က.ဆိုပါတယ်။

ပြီးခဲ့တဲ့ရာဇဝတ်မှုတွေအပြင် အသစ်ဖြစ်နေတဲ့ ရာဇဝတ်မှုအားလုံးကိုပါ စုံစမ်းစစ်ဆေးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစ မ်းစစ်ဆေးရေးယန္တရား(IIMM)က စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်တွေအ ကြောင်းကိုလည်းအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အရပ်သားတွေ၊အရပ်ဘက်အဆောက်အအုံတွေကို မခွဲခြားဘဲရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်တာ၊အရပ်တွေကိုသတ်ဖြတ်တာ၊စစ်ပွဲအတွင်းဖမ်းဆီးထားတဲ့တိုက်ခိုက်ရေးတပ်သားတွေကို သတ်ဖြတ်တာတွေဖြစ်ပါတယ်။

အဲဒီ​အပြင် လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေပါဝင်ပါတယ်။

အရပ်သားတွေကို သတ်ဖြတ်မှုတွေ၊ဖ မ်းဆီးရမိတဲ့တဖက်တပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်မှုတွေဟာ ပိုပြီးများပြားလာနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (IIMM)က ဆိုပါတယ်။

အဲဒီကျူးလွန်မှုတွေနဲ့ပတ်သက်လို့စစ် တပ်အပါအဝင် အခြားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ရာဇဝတ်မှုအထောက်အထားတွေကို မြန်မာနိုင်ငံဆိုင်ရာလွတ်လ ပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (IIMM)က လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီရာဇဝတ်မှုတွေကျူးလွန်ခံရတဲ့ ထိ ခိုက်နစ်နာသူတွေဟာ သက်ဆိုင်ရာအင် အားစုတွေကို ကြောက်လန့်မှုတွေရှိနေပြီး အခက်အခဲတွေကြားထဲက ခိုင်မာတဲ့အထောက်အထားတွေရရှိအောင်ဆောင်ရွက်နေခဲ့တယ်လို့ မြန်မာနိုင်ငံဆို င်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM)က ဆိုပါတယ်။

စစ်တပ်ထဲမှာတင်မက ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေ၊တခြားလက်နက် ကိုင်အဖွဲ့အစည်းတွေထဲမှာပါ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုကျူးလွန်တာတွေရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လ ပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (IIMM)က ပြောပါတယ်။

ရခိုင်မှာပြီးခဲ့တဲ့နှစ်အစောပိုင်းကပင် ဆန့်ကျင့်ဘက်လက်နက်ကိုင်အုပ်စုတွေကြားမှာ အရပ်သားတွေရဲ့ထိခိုက်ခံစားနေကြရတာတွေကို စတင်စုဆောင်းခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM) က ဆိုပါတယ်။

ရခိုင်၊ရိုဟင်ဂျာ၊တခြားလူမှုအသိုင်းအဝန်းတွေအပေါ်မှာ ကျူးလွန်တဲ့ရာဇဝ တ်မှု အထောက်အထားတွေကို မြန်မာ နိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ် ဆေးရေးယန္တရား(IIMM)က ရရှိထားတ ယ်လို့ ဆိုပါတယ်။

ရခိုင်က စုံစမ်းစစ်ဆေးနေတဲ့အချက်တွေထဲမှာ အရပ်သားတွေကိုဖမ်းဆီးချုပ်နှောင်ထားတာ၊ညှင်းပန်းနှိပ်စက်တာ၊ရပ်ရွာမှအတင်းအကြပ်နေရာရွေ့ပြောင်းခိုင်းတာတွေလို့ မြန်မာနိုင်ငံဆို င်ရာလွတ်လပ်သောစုံစမ်းစစ် ဆေးရေးယန္တရား(IIMM)ရဲ့အစီရင်ခံစာမှာဖော်ပြပါတယ်။

အဲဒီအပြင် အရပ်သားတွေကို ခွဲခြားမှုမရှိဘဲသတ်ဖြတ်တာ၊အမျိုးသမီး၊က လေးသူငယ်နဲ့သက်ကြီးရွယ်အိုတွေကိုသတ်ဖြတ်တာ၊အရပ်သားပြည်သူတွေ ဝင်ထွက်သွားလာမှုကိုကန့်သတ်ပိတ်ဆို့တာ၊လူသားချင်းစာနာမှုအကူအညီတွေကိုပိတ်ပင်တာ၊စစ်တွေဧရိယာမှာ အ ခြေခံလိုအပ်ချက်တွေကို ထောက်ပံမှုကို ကန့်သတ်တာတွေ ပါဝင်ပါတယ်။

အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ အရပ်သားတွေ၊အရပ်သားအဆောက်အအုံတွေကိုခွဲခြားမှုမရှိဘဲ ရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်တာ၊ ရခိုင်လူမှုအသိုင်းအဝန်းဆီလူ သားချင်းစာနာမှုအကူအညီတွေ မရော က်အောင်ပိတ်ပင်ထားတာစတဲ့အချက်တွေ ပါဝင်ပါတယ်။

အဲဒီအချက်တွေနဲ့ပတ်သက်ပြီး ခိုင်မာတဲ့အထောက်အထားတွေရရှိထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM)ကဆိုပါတယ်။

အဲဒီအပြင် အာရက္ခတပ်တော်(AA)တပ် ဖွဲ့ ဝင်အချို့ ကျူးလွန်ထားတဲ့ ရာဇဝတ် မှုတွေကိုလည်း စုံစမ်းဖို့ အစပြုနေပြီလို့ ကုလလုံခြုံရေးကောင်စီကိုတင်သွင်းထားတဲ့ အစီရင်ခံစာအပိုဒ် ၂၂ မှာ မြန် မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM)က ဖော်ပြပါတယ်။

ကိုးကား – https://www.unognewsroom.org/story/en/2760/independent-investigative-mechanism-for-myanmar-press-conference-launch-of-annual-report-12-august-2025

PrevPreviousရခိုင်မှာ ကယ်ဆယ်ရေးအကူအညီတွေပေးခွင့်ပြုဖို့ WFP တောင်းဆို
Nextမူးမှာ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေ၊ ခြောက်ဦးဒဏ်ရာရNext
Previous Post

ရခိုင်မှာ ကယ်ဆယ်ရေးအကူအညီတွေပေးခွင့်ပြုဖို့ WFP တောင်းဆို

Next Post

မူးမှာ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေ၊ ခြောက်ဦးဒဏ်ရာရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

Photo - Ye Guerrilla Force No.8001 Battalions Medical Teams

ရာမညမွန်တပ်တော်ရဲ့ရှေ့ဦးသူနာပြုစုနည်းသင်တန်း

March 11, 2026

အမ်းရှိစစ်သုံ့ပန်းစခန်းကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အကျည်သား နှစ်ရာခန့်သေဆုံး

March 11, 2026

​အီရန်ဒုံးကျည်ကို အစ္စရေးစစ်တပ်ကြားဖြတ်ပစ်ချရာမှ အပျက်အစီးတွေလူနေရပ်ကွက်ကျရောက်

March 11, 2026

နီပေါရွေးကောက်ပွဲမှာ ရာစထရိယဆွာတန်တရပါတီဦးဆောင်နေ

March 11, 2026

ရာမညမွန်တပ်တော်ရဲ့ရှေ့ဦးသူနာပြုစုနည်းသင်တန်း

ညောင်လေးပင်မှာ စစ်ကော်မရှင်တပ်ကြောင့် ဒဏ်ရာရလာတဲ့အရပ်သားတွေကို ပကဖမှဆေးကုပေး

အမ်းရှိစစ်သုံ့ပန်းစခန်းကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အကျည်သား နှစ်ရာခန့်သေဆုံး

မဲဆောက်မှာ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိတဲ့ မြန်မာ ၃ ဦးဖမ်းဆီးခံရ

​အီရန်ဒုံးကျည်ကို အစ္စရေးစစ်တပ်ကြားဖြတ်ပစ်ချရာမှ အပျက်အစီးတွေလူနေရပ်ကွက်ကျရောက်

နီပေါရွေးကောက်ပွဲမှာ ရာစထရိယဆွာတန်တရပါတီဦးဆောင်နေ

Releated Post

Photo - Ye Guerrilla Force No.8001 Battalions Medical Teams

ရာမညမွန်တပ်တော်ရဲ့ရှေ့ဦးသူနာပြုစုနည်းသင်တန်း

March 11, 2026

ညောင်လေးပင်မှာ စစ်ကော်မရှင်တပ်ကြောင့် ဒဏ်ရာရလာတဲ့အရပ်သားတွေကို ပကဖမှဆေးကုပေး

March 11, 2026

အမ်းရှိစစ်သုံ့ပန်းစခန်းကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အကျည်သား နှစ်ရာခန့်သေဆုံး

March 11, 2026
ဓာတ်ပုံ-တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန

မဲဆောက်မှာ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိတဲ့ မြန်မာ ၃ ဦးဖမ်းဆီးခံရ

March 11, 2026

​အီရန်ဒုံးကျည်ကို အစ္စရေးစစ်တပ်ကြားဖြတ်ပစ်ချရာမှ အပျက်အစီးတွေလူနေရပ်ကွက်ကျရောက်

March 11, 2026

နီပေါရွေးကောက်ပွဲမှာ ရာစထရိယဆွာတန်တရပါတီဦးဆောင်နေ

March 11, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page