Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်တွေခရိုင် စစ်တွေမြို့နယ် စစ်ရေး စီးပွားရေး နိုင်ငံရေး သတင်း အာရက္ခဒေသ

ရခိုင်မှာ ကယ်ဆယ်ရေးအကူအညီတွေပေးခွင့်ပြုဖို့ WFP တောင်းဆို

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
10
VIEWS
Share on FacebookShare on Twitter

Border News Agency
စစ်တွေ၊သြဂုတ် ၁၃။

ရခိုင်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ပိုမိုပေးအပ်နိုင်ရန် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP)က သြဂုတ်လ ၁၂ ရက်၊ မနေ့ကအရေးတကြီးတိုက်တွန်းတောင်းဆိုလို က်ပါတယ်။

ရခိုင်မှာ လက်နက်ကိုင်ပဋိပက္ခအပါအဝင် စစ်ကော်မရှင်ကပိတ်ဆို့တားဆီးမှုတွေ၊ နိုင်ငံတကားအသိုင်းအဝိုင်းက ရန် ပုံငွေဖြတ်တောက်တာတွေကြောင့် ရခို င်ပြည်သူတွေဟာ ဆာလောင်မွတ်သိပ်မှုတွေ၊အာဟာရချို့တဲ့မှုတွေ မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။

ရခိုင်မှာ အခြေခံစားနပ်ရိက္ခာကိုပင် ပြည့်မီအောင်မစားသုံးနိုင်တဲ့မိသားစုဟာပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလက ၃၃ ရာခိုင် နှု န်းရှိခဲ့ပေမယ့် ၅၇ ရာခိုင်နှုန်းထိရောက်ရှိနေပြီလို့ ဆိုပါတယ်။

ရခိုင်မှာ စားနပ်ရိက္ခာဖူလုံမှုဟာအလွန်စိုးရိမ်ဖွယ်ရာအတိုင်းအတာထိရောက်ရှိနေပြီ အာဟာရချို့တဲ့မှုဟာလည်း ပိုမိုဆိုးရွားလာနေတယ်လို့ ဆိုပါတယ်။

ရခိုင်မှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် သွားလာခွင့်ကန့်သတ်မှုတွေဟာ ပိုမိုဆိုးရွားနေမယ်လို့ ခန့်မှန်းထားပါတယ်။

“လူတွေက ပဋိပက္ခတွေအကြား ပိတ်ဆို့ခံရနေရပါတယ်။ကိုယ့်ဝမ်းစာကိုယ်ရှာ စားခွင့်ဆုံးရှုံးနေကြပါတယ်။လူသားချင်းစာနာမှုအကူအညီအကာအကွယ်မဲ့နေကြပါတယ်။ဒီလိုအဆိုးကျော့သံသ ရာထဲမှာပဲ တဝဲလည်လည်ပိတ်မိနေကြရပါတယ်။”ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်(WFP)ရဲ့မြန်မာနိုင်ငံဆိုင်ရာဌာ နေကိုယ်စားလှယ် Michael Dunford က ပြောပါတယ်။

ရခိုင်ပြည်သူတွေဟာ မိသားစုဘဝရှင်သန်ရပ်တည်ရေးအတွက် အကြွေးယူတာ၊ တောင်းရမ်းစားသောက်တာ၊ အိမ်တွင်းအကြမ်းဖက်တာ၊ ကျောင်းထွက်တာ၊ လူမှုရေးတင်းမာတာ၊လူကုန်ကူးမှုတွေထိဖြစ်နေကြတယ်လို့ ဆိုပါတယ်။

“ဝမ်းဆာလို့ငိုကြွေးနေတဲ့ကလေးတွေ၊ စားစရာမရှိလို့ မစားလိုက်ရတဲ့မိခင်တွေရဲ့အကြောင်းလို ကြေကွဲစရာ ဇာတ် လမ်းတွေကို ကျွန်တော်တို့ နေ့တိုင်းကြားနေရပါတယ်။မိသားစုတွေက သူတို့တတ်နိုင်သမျှ ကြိုးစားရုန်းကန်နေကြပေမယ့် ဒီလိုအခြေအနေမှာ သူတို့ရုန်းကန်အားတခုတည်းနဲ့ ရှင်သန်ဖို့ ခက်ခဲပါတယ်။”လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်(WFP)ရဲ့မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Michael Dunford က ပြောပါတယ်။

ရခိုင်မှာ တိုက်ပွဲတွေရှည်ကြာနေတာ၊ သွားလာခွင့်ကန့်သတ်ထားတာတွေ၊ စားသောက်ကုန်ဈေးနှုန်းတွေမြင့်တက်နေတာတွေ၊လူသားချင်းစာနာထောက် ထားမှုဆိုင်ရာရန်ပုံငွေတွေလျော့နည်းသွားတာတွေ၊အထောက်အပံ့တွေ လျှော့ချခံရတာတွေဟာ အရပ်သားပြ ည်သူတွေကို အငတ်ဘေးပိုဆိုက်အော င်တွန်းအားပေးနေတယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် မြေပြင်ရှိအာဏာပိုင်တွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ​တွေအတားအဆီးမဲ့ဝင်ရောက်ကူညီခွင့်ပေးဖို့ ကမ္ဘာ့စားနပ် ရိက္ခာအစီအစဥ်(WFP)တောင်းဆိုလိုက်ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်(WFP)ဟာလာမယ့်ခြောက်လအတွက် ရခိုင်လူဦးရေ နှစ်သိန်းခုနှစ်သောင်းကို ကူညီဖို့အမေရိကန်ဒေါ်လာသန်းသုံးဆယ်လိုအ ပ်နေတယ်လို့ ဆိုပါတယ်။

“အခုချက်ချင်းတုံ့ပြန်ဆောင်ရွက်ကြဖို့လိုပါတယ်။ဒီလိုမှမဟုတ်ရင် ဒီအကျပ် အတည်းဟာ တကယ့်ကို ဆိုးရွားတဲ့ က ပ်ဆိုးကြီးတခုအဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။”လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်(WFP)ရဲ့မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Michael Dunford က ပြောပါတယ်။

အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ် မြေတွေမှာနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေလိုအပ်နေကြသူခြောက်သိန်းကျော်ရှိနေတယ်လို့ သြဂုတ်လ ၁၁ ရက်နေ့ကသတင်းစာရှင်းလင်းပွဲမှာ အာရက္ခတပ်တော်က ဆိုပါတယ်။

စစ်ကော်မရှင်ထိိန်းချုပ်ထားဆဲစစ်တွေမြို့မှာငတ်မွတ်မှုဒဏ်ကိုမခံနိုင်လို့အရ ပ်သားပြည်သူတွေဟာ မိသားစုလိုက်သတ်သေတာတွေရှိနေကြပါတယ်။

အဲဒီစစ်တွေမြို့မှာ ငတ်မွတ်မှုဒဏ်ကိုမခံနိုင်လို့မိသားစုလိုက်သတ်သေကြတာမိသားစုငါးစုထက်လူဦးရေနှစ်ဆယ်ထက်မနည်းရှိနေပြီဖြစ်တာကို Border News Agency က လက်လှမ်းမီပြုစုထားတဲ့စာရင်းမှာတွေ့ရပါတယ်။

“ဒါကို နိုင်ငံတကာက မျက်နှာလွှဲလိုက်လို့ မရပါဘူး။” ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်(WFP)ရဲ့မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Michael Dunford က ပြောပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာလည်း စစ်ဘေးရှောင်တွေအပါ အဝင်အရပ်သားပြည်သူတွေဟာ အင တ်ဘေးကို ရင်ဆိုင်နေကြရတယ်လို့ဆိုကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ကတ ည်းကစစ်ကော်မရှင်ဟာ ကုန်းလမ်း၊ရေ လမ်းအားလုံးကို ပိတ်ဆို့ထားသလို နိုင် ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကုအညီပေးရေးတွေကိုလ ည်း တားဆီးကန့်သတ်ထားပါတယ်။

အာရက္ခတပ်တော်ကလည်း အရပ်သားပြည်သူတွေကို သူတို့ထိန်းချုပ်နယ်မြေပြင်ပသို့ထွက်ခွာသွားလာခွင့်ကို တရားဝင်တားဆီးကန့်သတ်ထားတာမို့ အရပ်သားပြည်သူတွေဟာ အငတ်ဘေးကို ပိုမိုရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက ဆိုကြပါတယ်။

PrevPreviousပေါက်မြို့နယ်ကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားငါးဦးသေဆုံး
NextIIMM ရဲ့ဂျီနီဗာသတင်းစာရှင်းလင်းပွဲမှ ရခိုင်နဲ့သက်ဆိုင်တဲ့အချက်တချို့Next
Previous Post

ပေါက်မြို့နယ်ကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားငါးဦးသေဆုံး

Next Post

IIMM ရဲ့ဂျီနီဗာသတင်းစာရှင်းလင်းပွဲမှ ရခိုင်နဲ့သက်ဆိုင်တဲ့အချက်တချို့

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ကိုးကား - နိုင်ငံတကာသတင်းတွေ

အီရန် နျူကလီးယားပိုင်ဆိုင်ခွင့် မရစေရဘူးလို့ထရမ့်ပြော

June 16, 2026

အာရက္ခအစိုးရ စတားလင့်အင်တာနက်ကို လိုင်စင်သုံးမျိုးသတ်မှတ်

June 16, 2026

တရုတ်နိုင်ငံခရီးစဉ်အောင်မြင်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

June 16, 2026

အာရက္ခဒေသတချို့မှာ အင်တာနက်အသုံးပြုမှု လုံခြုံရေးအရ ကန့်သတ်

June 16, 2026

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

Releated Post

ဓာတ်ပုံ - 7 EAO Alliance

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

June 9, 2026
ဓာတ်ပုံ - မီဇိုရမ်ရဲတပ်ဖွဲ့

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

June 9, 2026
ဓာတ်ပုံ - Al Jazeera

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

June 9, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

June 9, 2026
(ဓာတ်ပုံ - ကြိုးဆွဲချသေဆုံးသွားသူ/ပေးပို့)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

June 9, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

June 9, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page