Border News Agency
ပုဏ္ဏားကျွန်း၊ နိုဝင်ဘာ ၁၅။
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ နိုဝင်ဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့ထိ အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်လို့ ကလေးသူငယ်တွေအပါအဝင် အရပ်သားသုံးဆယ်နှစ်ဦးသေဆုံးပြီး ခုနှစ်ဆယ်ခုနှစ်ဦးဒဏ်ရာရသွားပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ ဗျာလစစ်ဘေးရှောင်စခန်းကို နိုဝင်ဘာလ ၁၃ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ စစ်ဘေးရှောင်အရပ်သား ဆယ့်နှစ်ဦးသေဆုံးပြီး ဆယ့်ရှစ်ဦးဒဏ်ရာ ရသွားခဲ့ပါတယ်။
အဲဒီအပြင် မြောက်ဦးမြို့၊ ကြက်ဈေးရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားငါးဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီကျောက်တော်၊မြောက်ဦး၊ ဝီရဌာနီနဲ့ ကျောက်ဖြူမြို့နယ်လေးခုကိုလည်း နိုဝင်ဘာလ ၁ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ မွေးကင်းစကလေးငယ်တဦးအပါအဝင် ဆယ့်နှစ်ဦးသေဆုံးပြီး သုံးဆယ့်နှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီကျောက်တော်မြိုန့ယ်၊ ဝါးတောင်ကျေးရွာနဲ့ ပန်းဖဲချောင်းကျေးရွာကြားရှိ ယိုးချောင်းတံတားကို နိုဝင်ဘာလ ၁ ရက်၊ ညနေ ၅ နာရီခွဲအချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ လမ်းသွားလမ်းလာ ခရီးသွားပြည်သူ ခုနှစ်ဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရသွားခဲ့သလို တံတားနဲ့ယာဉ်မော်တော်တွေပါ ပျက်စီးသွားခဲ့ပါတယ်။
အဲဒီအပြင်မြောက်ဦးမြို့နယ်၊ ထမ္မရာဇ်ရပ်ကွက် ငွေတောင်ပေါက်အနီးရှိ ယာယီဆေးကုခန်းနဲ့ သားဖွားဆောင်တို့ကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ မွေးကင်းစကလေးငယ်တဦးအပါအဝင် ငါးဦးသေဆုံးခဲ့ပြီး ဆေးဝန်ထမ်းတွေအပါအဝင် ကိုးဦးဒဏ်ရာရရှိခဲ့တဲ့အပြင် ဆေးခန်းအဆောင်တွေနဲ့လူနေအိမ်အချို့ ပျက်စီးသွားခဲ့ပါတယ်။
အဲဒီအပြင်ကျောက်ဖြူမြို့နယ်၊ စနဲမင်းပြင်ကျေးရွာကိုလည်း အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဆယ့်တဦးဒဏ်ရာရသွားခဲ့ပါတယ်။
နောက်ပြီး ညနေ ၄ နာရီအချိန်ကလည်း ဝီရဌာနီမြိုပေါ်နဲ့ ရွာချောင်းကြီးကျေးရွာတို့ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ငါးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်၊ စနဲမင်းပြင်ရွာအနီးဝန်းကျင်ရှိ စစ်ရှောင်စခန်းကို နိုဝင်ဘာလ ၂ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ စစ်ရှောင်နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအပြင် မြောက်ဦးမြို့နယ်၊ နန်းကျားရွာကို နိုဝင်ဘာလ ၅ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကိုယ်ဝန်ဆောင်တဦးသေဆုံးပြီး ဆယ့်နှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လိုသေဆုံးဒဏ်ရာရသူတွေထဲမှာ အမျိုးသား၊အမျိုးသမီး၊ ကလေး သူငယ်တွေ၊သက်ကြီးရွယ်အိုတွေ၊ကိုယ်ဝန်ဆောင်မိခင်တွေလည်းပါဝင်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေရှိ စစ်ဘေးရှောင်စခန်းတွေ စာသင်ကျောင်း၊ဆေးရုံ၊ဈေးနဲ့အရပ်သားပြည်သူတွေနေထိုင်ရာရပ်ကွက်၊ကျေးရွာတွေကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်နေပါတယ်။






