Border News Agency
မြိတ်၊ နိုဝင်ဘာ ၁၆။
မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ တောင်ပျောက်ကျေးရွာအုပ်စုသို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး လေကြောင်းပါတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး- မြိတ်ထားဝယ်ခရိုင် သတင်းပြန်ကြားရေးကထုတ်ပြန်ပါတယ်။
အဲဒီတောင်ပျောက်ကျေးရွာအုပ်စုသို့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်လေကြောင်းမှ နှစ်ကြိမ်ထိတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဝင်းကဖော်ကျေးရွာအတွင်းသို့ ညနေ ၃ နာရီအချိန်က K-8W တိုက်လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံး နှစ်လုံးနဲ့တိုက်ခိုက်ခဲ့တဲ့အပြင် 23mm စက်သေနတ်နဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် ဒုတိယအကြိမ်အဖြစ် ညနေ ၄ နာရီအချိန်မှာ အလယ်စုကျေးရွာကိုလည်း ပေါင် ၂၅၀ ဗုံး နှစ်လုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့သလို 23mm စက်သေနတ်နဲ့လည်း ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းထိုးဝင်ရောက်လာတာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ထိတ်လန့်ကြောက်ရွံ့ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။








