Border News Agency
ကစယ်ဒို၊ နိုဝင်ဘာလ ၁၄။
တနင်္သာရီတိုင်း၊မြိတ်ထားဝယ်ခရိုင်၊ကစယ်ဒိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်လို့ ပြည်သူပိုင်နေအိမ်ငါးလုံးထိခိုက်ပျက်စီးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ နိုဝင်ဘာလ ၁၄ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီကစယ်ဒိုမြို့နယ်၊ကတွဲကျေးရွာအုပ်စု၊ ရငဲကျေးရွာကို နိုဝင်ဘာလ ၁၂ ရက်၊ နေ့လည် ၁၂နာရီအချိန်ခန့်က အာဏာသိမ်းစစ်တပ်မှတိုက်ပွဲဖြစ်ပွားတာတွေမရှိဘဲ ၁၂၀မမ လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလိုပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူပိုင်ငါးလုံးထိခိုက်ပျက်စီးသွားတယ်လို့ဆိုပါတယ်။
အဲဒီအပြင် လက်နက်ကြီးပစ်ခတ်မှုအတွင်း အရပ်သားထိခိုက်သေဆုံးမှုမရှိခဲ့ပေမယ့်လည်း ကျေးရွာအတွင်းရှိပြည်သူတွေမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့နေကြရတယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ကော်သူးလေအုပ်ချုပ်မှုနယ်မြေအတွင်းရှိ အရပ်သားနေထိုင်ရာကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားတာတွေမရှိဘဲ လေကြောင်း၊လက်နက်ကြီးတွေနဲ့ပစ်မှတ်ထားတိုက်ခိုက်နေပြီး အရပ်သားတွေကိုဖမ်းဆီးသတ်ဖြတ်တာနဲ့ စစ်ရာဇ၀တ်မှုတွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။











