Border News Agency
မတူပီ၊နိုဝင်ဘာ ၁၆။
မဟာမိတ်တပ်ဦးတွေနဲ့အတူ စစ်ရေးနဲ့နိုင်ငံရေးလုပ်ငန်းစဉ်တွေကို အရှိန်အဟုန်မြှင့်ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CNF/CNA) ဖွဲ့စည်းတည်ထောင်ခြင်း ၁ နှစ်ပြည့်မြောက်သည့်နေ့မှာကြေညာလိုက်ပါတယ်။
ဒီနေ့ကျရောက်တဲ့ ၁ နှစ်ပြည့် အခါသမယအတွင်း တော်လှန်ရေးကာလတလျှောက်အသက်ပေးလှူသွားကြတဲ့ အာဇာနည်ရဲဘော်တွေ၊ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်တွေနဲ့မဟာမိတ်တပ်ဖွဲ့တွေကို လေးစားစွာဦးညွှတ်ဂါရဝပြုကြောင်း ဖော်ပြထားပါတယ်။
အဲဒီအပြင် တော်လှန်ရေးမှာ တက်ကြွစွာပူးပေါင်းပါဝင်နေကြတဲ့ ဒေသခံပြည်သူတွေ၊ရဲဘော်တွေနဲ့ပြည်တွင်းပြည်ပမှ ဝိုင်းဝန်းကူညီပံ့ပိုးပေးနေကြသူတွေကိုအထူးကျေးဇူး
တင်ရှိကြောင်းနဲ့ဆက်လက်ကူညီကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
နောက်ပြီး ဗမာ့ထွက်ရပ်ရဲဘော်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အတူတကွတိုက်ဝင်နေတဲ့ မဟာမိတ်အဖွဲ့အစည်းတွေကိုလည်း လှိုက်လှိုက်လှဲလှဲကျေးဇူးတင်တယ်လို့လည်းဆိုပါတယ်။
နောင်လာမယ့်ကာလတွေမှာလည်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်အနေနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုရရှိရေးအတွက် မဟာမိတ်တပ်ဦးတွေနဲ့အတူ စစ်ရေး၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။







