ဘာသာပြန်ဆောင်းပါး
Border News Agency
ကော့စ်ဘဇာ၊ သြဂုတ် ၃၁။
ရိုဟင်ဂျာစင်္ကြန်လမ်းစီမံကိန်းပျက်သွားပေမယ့် ရိုဟင်ဂျာဒုက္ခသည်တွေကို လက်နက်တပ်ဆင်လေ့ကျင့်ပြီး နေ ရပ်ပြန်ပို့မယ့်စီမံကိန်းတခု အရှိန်အဟုန်နဲ့ဖြစ်ပေါ်လာနေပါတယ်။
ဘင်္ဂလားဒေ့ရှ်အိမ်စောင့်အစိုးရဟာ သူနဲ့ကပ်နေပြီး ပြဿနာတွေရင်ဆိုင်နေရတဲ့အာရက္ခဒေသမှာ လက်နက်ကိုင်လှုပ်ရှားမှုပြီးမြောက်အောင်ဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်။
အဲဒါကြောင့် အာရက္ခဒေသဟာ လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုကြီးရဲ့အကျိုးဆက်တွေကို ပိုမိုခံစားရဖို့ အလားအလာရှိနေပါတယ်။
အဲဒီအကြမ်းဖက်တိုက်ခိုက်မှုမဟာ ဗျူ ဟာကိုစတင်လာတဲ့အချက်အလက်များစွာပေါင်းစုဖြစ်လာပေမယ့် ၁၉၇၀ ခုနှစ်နောက်ပိုင်း မြန်မာစစ်တပ်က ပထမဆုံးအကြိမ်လုပ်ဆောင်ခဲ့တဲ့ ရိုဟင်ဂျာရှင်းလင်းရေးစစ်ဆင်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားမှာ သန်းချီတဲ့ရိုဟင်ဂျာတွေ ဝင်ရောက်လာပြီး ဘင်္ဂလားဒေ့ရှ်အပေါ်ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်လာတာက အစပြုခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုတွေနဲ့ ပြစ်မှုများစွာမှာ ရိုဟင်ဂျာတွေရဲ့ ပါဝင်ပတ်သတ်မှုတွေကို အသေအချာ မှတ်တမ်းတင်ထားတာတွေ ရှိပါတယ်။
ဒုက္ခသည်စခန်းတွေမှာ အနည်းဆုံး ရိုဟင်ဂျာလက်နက်ကိုင်လေးဖွဲ့လှုပ်ရှားနေပြီး ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့(RSO)ဟာ အချိန်ကြာမြင့်စွာအ ထောက်အပံ့တွေမရှိလို့ ငြိမ်သက်နေပေမယ့် ပြီးခဲ့တဲ့သုံးနှစ်ခန့်ကစပြီး အရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်လာနေပါတ ယ်။
လွန်ခဲ့တဲ့နှစ်နှစ်ကစပြီး အာရက္ခဒေသမှာ အာရက္ခတပ်တော်ရဲ့ မြန်မာစစ်တပ်အပေါ် စစ်ရေးအောင်မြင်မှုတွေဟာ ဘင်္ဂလားဒေ့ရှ်အစိုးရဲ့ ရိုဟင်ဂျာတွေနေရပ်ပြန်ပို့ရေးစိတ်အားထက်သန်မှုတွေမှာ အကြောက်တရားတိုးလာစေပါတယ်။
အာရုက္ခဒေသရှိ တဆယ့်ခုနှစ်မြို့နယ်ထဲကတဆယ့်လေးမြို့နယ်ထိ အာရက္ခတပ်တော်က ထိမ်းချုပ်ထားပြီးဘင်္ဂလားဒေ့ရှ်နဲ့ကပ်နေတဲ့ရိုဟင်ဂျာအများစုနေထိုင်ရာမောင်တောမြို့နယ်လည်း ပါဝင်ပါတယ်။
အာရက္ခဒေသမှာ အာရက္ခတပ်တော်နဲ့ မြန်မာစစ်တပ်ကြားတိုက်ပွဲတွေဆက်ဖြစ်နေတာမို့ ရိုဟင်ဂျာဒုက္ခသည်တွေ ပိုပြီးတော့ ဘင်္ဂလားဒေ့ရှ်ကို အရှိန်အဟုန်နဲ့ဝင်လာမှာကို ဒါကာက စိုးရိမ်နေပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရဟာဒုက္ခသည်တွေနေရပ်ပြန်ပို့ရေး မအောင်မြင်သေးတာမို့ ဆိုးကျိုးတွေကို နိုင်ငံက ခံစားနေရတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်ဟာ ရိုဟင်ဂျာအရေးကို အမြန်ဖြေရှင်းဖို့နည်းလမ်းပေါင်းစုံရှာဖွေနေသလို အဖြေရှာမယ့်ဆွေးနွေးပွဲတွေကိုလည်း ပြုလုပ်နေပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့စ်ဘဇားမှာ ပြီးခဲ့တဲ့သြဂုတ်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိပြုလုပ်ခဲ့တဲ့ရိုဟင်ဂျာညီလာ ခံဟာ ဘင်္ဂလားဒေ့ရှ်အစိုးရကြိုးပမ်းမှုတွေကို သက်သေပြနေပါတယ်။
အဲဒီအပြင် နယူးယောက်မှာလာမယ့် စက်တင်ဘာလ ၃၀ ရက်နဲ့ကာတာနိုင်ငံမှာ လာမယ့်ဒီဇင်ဘာလ ၆ ရက်နေ့မှာ ကျင်းပဖို့ရှိနေပါတယ်။
ရခိုင်စင်္ကြန်လမ်းစိတ်ကူးနောက်ကွယ်
ဘင်္ဂလားဒေ့ရှ်အိမ်စောင့်အစိုးရက ရခို င်စင်္ကြန်လမ်းကိုတင်ပြခဲ့ပါတယ်။ရခိုင်စင်္ကြန်လမ်းဆိုတာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအစီစဉ်တွေနဲ့ ထောက်ပံ့ပို့ဆောင်ရေးပစ္စည်းတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့စ်ဘဇားမှအာရက္ခဒေသကို ဆက်သွယ်ပေးမယ်လို မှန်းဆရပါတယ်။
အဲဒီစိတ်ကူးစိတ်သန်းက အပြည့်အဝ အကာကွယ်ပေးနိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ စောင့်ကြည့်ရေးလမ်းကြောင်းတည် ဆောက်ပြီး အကူအညီတွေလိုအပ်နေကြတဲ့ပြည်သူတွေကို ထောက်ပံ့ပေးမှာဖြစ်ပါတယ်။
အာရက္ခဒေသက ထွက်ပြေးလာတဲ့ရိုဟ င်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်ပို့နိုင်ရေးအဓိကရည်ရွယ်တာဖြစ်ပါတယ်။
အဲဒီရခိုင်စင်္ကြန်လမ်းကို အမေရိကန်ကထောက်ပံ့ပေးမယ်လို့ဖော်ပြခဲ့ပြီးဒေသတွင်းတရုတ်နိုင်ငံရဲ့ပါဝင်ပတ်သတ်မှု ကြီးထွားလာတာကို တန်ပြန်တဲ့အနေနဲ့အမေရိကန်က ခြေကုတ်ရဖို့ ကြိုးစာလာတာလို့ မြင်ကြပါတယ်။
လူသားချင်းးစာနာထောကျထားမှုဆိုင်ရာစီမံကိန်းလို့ဆိုပမေယ့် ဒီစင်္ကြန်လမ်းဟာ အငြင်းပွားဖွယ်ရာပထဝီနိုင်ငံရေးမဟာဗျူဟာအခြေအနေနဲ့ဒေသတွင်းအင်အားကြီးနိုင်ငံတွေရဲ့ပါဝင်ပတ်သတ်မှုကို ဖော်ပြနေပါတယ်။
ဘင်္ဂလားဒေ့ရှ်အိမ်စောင့်အစိုးရရဲ့အဓိကဦးတည်ချက်အစစ်အမှန်ဟာ စင်္ကြန်လမ်းနောက်ကွယ်မှာ ရိုဟင်ဂျာတွေအတွက်ဘေးကင်းလုံခြုံရေးဇုန်(Safe Zone)ကို အာရက္ခမြေမှာတည်ထောင်ဖို့ ဖြစ်တယ်လို့ အခိုင်အမာဆိုကြပါတယ်။
အဲဒီစင်္ကြန်လမ်းစီမံချက်ဟာ တက္ကနပ်ဖ်ကိုဖြတ်သန်းလာရမှာဖြစ်ပြီး အာရက္ခတပ်တော်က ကန့်ကွက်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရအစီစဉ်ဟာ ရိုဟင်ဂျာလက်နက်ကိုင်တွေအတွက် အထောက်အပံ့ကြီးတွေကို ယူလာနိုင်ပြီး ပိုမိုအင်အားကြီးထွားလာစေကာ အာရက္ခဒေသမှာ ရိုဟင်ဂျာတွေမလုံခြုံမှုကို အကြောင်းပြပြီး အကူအညီအထောက်အ ပံ့တွေကို လုယက်နိုင်မယ့်အခြေနေဆိုး အောင်လုပ်ဆောင်လာနိုင်တယ် သတင်းရင်းမြစ်တချို့က စွပ်စွဲကြပါတယ်။
ရခိုင်မှာ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်း သိမ်းရေးတပ်ဖွဲ့(U.N. Peacekeeping Force)တခု တပ်စွဲထားရန်လည်းအစီ အစဉ်ရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်အဖွဲ့ဝင် ၅,၆၁၉ ဦးကို ဆယ်နိုင်ငံမှာ တာဝန်ချထားပေးပြီဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ နောက်ထပ်အစီစဉ်တခုကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန် မာနှစ်နိုင်ငံစစ်တပ်ထောက်ပံ့ပေးထားတဲ့ လက်နက်ကိုင်ရိုဟင်ဂျာကေဒါတွေကို အာရက္ခဒေသထဲ စိမ့်ဝင်လှုပ်ရှားစေရေးဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေက အခိုင်မာဆိုကြပါတယ်။
ပြီးခဲ့တဲ့နှစ်က မောင်တောတိုက်ပွဲမှာ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာလက်နက် ကိုင်တွေနဲ့ အခိုင်အမာမဟာမိတ်ဖွဲ့ပြီး အာရက္ခတပ်တော်ကို ခုခံတိုက်ခိုက်ခဲ့ပါတယ်။
စင်္ကြန်လမ်းပျက်ပေမယ့် အစီစဉ်ဆက်ရှိနေ
ပထဝီနိုင်ငံရေးမဟာဗျူဟာအနိုင်ရရေးအတွက် အမေရိကန်ပြည်ထောင်စုကထောက်ပံ့ပေးမယ့် စင်္ကြန်လမ်းအစီ စဉ်ပျက်သွားမှုဟာ ဘင်္ဂလားဒေ့ရှ်ရဲ့အ ချုပ်ခြာအာဏာနဲ့ သက်ဆိုင်နေပါတယ် ။
နိုင်ငံရေးပါတီအများစုနဲ့လက်ဝဲပါတီတွေအပါအဝင် ဘင်္ဂလားဒေ့ရှ်အမျိုး သားပါတီ(BNP)ဟာ အဲဒီအစီစဉ်ကို ကန့်ကွက်တာဟာ အံ့ဩစရာတော့ မဟုတ်ပါဘူး။
ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်ဝါကာအုစ်ဇမန်လည်း မေလနောက်ဆုံးပတ်က အဲဒီစီမံကိန်းကို အပြင်းအထန်ကန့်ကွက်ခဲ့ပြီး အစိုးရကို ဖျက်သိမ်းဖို့ သတိပေးခဲ့ပါတယ်။
ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်အစိုးရဟာ အမေရိကန်ပြည်ထောင်စုအထောက်ပံ့နဲ့ သူတို့ရည် မှန်းချက်ကို ဆက်လက်အ ကောင်ထည်ဖော်နေပြီး ရိုဟင်ဂျာတွေအတွက် ဘေးကင်းလုံခြုံရေးဇုန်(Safe Zone)ကို ရအောင်လုပ်ဆောင်နေတယ်လို့ လေ့လာသူတွေအသေအချာပြောနေကြပါတယ်။
“ဒါကာရဲ့အစီစဉ်က လေ့ကျင့်ပြီး လက်နက်ကောင်းကောင်း တပ်ဆင်ထားတဲ့ ကေဒါတွေကို ရိုဟင်ဂျာတိုက်ခိုက်ရေးသမားတွေအဖြစ် မြန်မာအာဏာသိမ်းစစ်တပ်နဲ့ပူးပေါင်းပြီးအာရက္ခတပ်တော်ကိုတိုက်ခိုက်ခိုင်းမှာဖြစ်တယ်။ဘင်္ဂလားဒေ့ရှ်အစိုးရမျှော်လင့်တာက အာရက္ခတပ်တော်ဟာ စစ်မျက်နှာနှစ်ခုကို ရင်ဆိုင်ရနိုင်ပြီး ရလာဒ်အနေနဲ့ ရိုဟင်ဂျာတွေအတွက် ဘေးကင်းလုံခြုံရေးဇုန်(Safe Zone)ကို မောင်တောဒေသမှာ ဖန်တီးဖို့ဖြစ်တယ်။” လို့ အိန္ဒိယအ စိုးရက The Diplomat ကို တရားဝင်ပြောဖူးပါတယ်။
“ဒီကိစ္စကို ဘင်္ဂလားဒေ့ရှ်အရာရှိကြီးတွေဟာ နေပြည်တော်မှာ အကြိမ်ရေ တော်တော်များများ ဆွေးနွေးပြီး ဖြစ်တယ်။” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာတွေကိုစစ်ပညာလေ့ကျင့်သင်ကြားပေးမှုတွေပိုမိုလုပ်ဆောင်နေတယ်လို့ သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
မြန်မာနယ်စပ်အနီးရှိဘင်္ဂလားဒေ့ရှ်စစ်စခန်းဟာ ရိုဟင်ဂျာတချို့ကို လက်နက်တပ်တင်လေ့ကျင့်သင်ကြားပေးနေတဲ့အဓိကနေရာတွေထဲက တခုဖြစ်ပါတ ယ်။
ကော့စ်ဘာဇားနဲ့ဘင်ဂျာဟတ်အပါအဝင် တခြားနေရာတွေမှာလည်း ဖြန့်ကျက်ထားပြီး အဲဒီနေရာတွေမှာ ဘင်္ဂလားဒေ့ရှ်စစ်တပ်ကရွေးချယ်ထားတဲ့ရိုဟင်ဂျာလက်နက်ကိုင်တွေကို အထူးလေ့ကျင့်သင်ကြားပေးနေပါတယ်။
RSO နဲ့ ARSA က လူမှုကွန်ရက်တွေပေါ်မှာဝါဒဖြန့်နေကြတာတွေအရလည်း လ က်နက်ကိုင်ထားတဲ့ တိုက်ခိုက်ရေးသမားအရေအတွက် တိုးလာနေတာကို သက်သေပြနေပါတယ်။
ပြီးခဲ့တဲ့ဩဂုတ်လ ၂ဝရက်နေ့က RSO မှဖေ့စဘုတ်ပေါ်တင်ထားတဲ့ပို့စ်တခုမှာလက်နက်ကိုင်ထားတဲ့တိုက်ခိုက်ရေးသမားတစုစစ်ချီနေတဲ့ ဗွီဒီယိုဖိုင်ဖြစ်ပြီး RSO ရဲ့ အထူးတိုက်ခိုက်ရေးသမားတွေဟာ အာရက္ခဒေသထဲမှာ ရန်သူကိုတိုက်ခိုက်ဖို့ချီတက်နေ” ဆိုပြီး အောက်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
တရက်တည်းမှာပဲ နောက်ထပ်ဗွီဒီယိုဖိုင်တခုမှာ တိုက်ခိုက်ရေးသမားတစုဟာ တိုက်ပွဲဝင်ပုံစံလေ့ကျင့်နေတာကို တွေ့ရပါတယ်။
သူတို့ကိုင်ထားတဲ့ လက်နက်အများစုဟာ မြန်မာစစ်တပ်ကိုင်ဆောင်လေ့ရှိတဲ့ G-3 အမျိုးအစား ရိုင်ဖယ်တွေဖြစ်တာ တွေ့ရပါတယ်။
အခွင့်အရေးကိုဆုပ်ကိုင်လာတဲ့ ပါကစ္စတန်
နိုင်ငံရေးအခြေအနေပြောင်းလဲလာတဲ့ ဘင်္ဂလားဒေ့ရှ်ကြောင့် ပါကစ္စတန်ဟာ အင်အားကောင်းလာတဲ့ အစွန်းရောက်ဝါဒီအုပ်စုတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာ နေပါတယ်။
ဘင်္ဂလားဒေ့ရှ်ကသတင်းအရင်းမြစ်တွေရဲ့အဆိုအရ ပါကစ္စတန်ကိုယ်စား လှယ်အဖွဲ့နဲ့ဘင်္ဂလားဒေ့ရှ်လုံခြုံရေး အေဂျင်စီ Directorate General of Forces Intelligence (DGFI)က အရာ ရှိတွေဟာ တက္ကနပ်ဖ်မှ အာရက္ခနယ်စပ်အနီး နတ်မြစ်တဖက်ကမ်းရှိကော့စ်ဘဇားကရှာပိုရာဒွိကမ်းခြေတလျှောက်မှာ စစ်တမ်းတခု ကောက်ယူခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် စစ်တမ်းဟာ ဘာအတွက် ရည်ရွယ်ပြီး ကောက်သလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
အိန္ဒိယအစိုးရကတော့ ပါကစ္စတန်ဟာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကို ဦးတည်ချက်ထားပြီး ထောက်ပံ့ပေးမှာ မဟုတ်ဘဲ အိန္ဒိယကိုပဲ နှောက်ယှက်ဖျက်စီးဖို့လုပ်ဆောင်နေတာဖြစ်ကြောင်း ယုံကြ ည်တယ်လို့ ဆိုပါတယ်။
“ငါတို့ အရှေ့ကနေ စလုပ်မယ်။” လို့ ပါကစ္စတန်အကြီးတန်းစစ်ဗိုလ်ချုပ်တယောက်က မကြာသေးခင်က The Economist နဲ့ ပြုလုပ်တဲ့ အင်တာဗျုးတစ်ခုမှာ ပြောဖူးပါတယ်။
ဆိုလိုတာကတော့ ပါကစ္စတန်ဟာ ဘင်္ဂလားဒေ့ရှ်ကို အခြေခံပြီး အိန္ဒိယကို ဆန့် ကျင်တဲ့စစ်ဆင်ရေးတွေကို အရှေ့ဖက်ခြမ်းမှာလုပ်ဆောင်မယ်လို့ပြောချင်တာပါ။
ပြီးခဲ့တဲ့နှစ်ကအဝါမီလိဂ်အစိုးရ ပြုတ်ကျသွားကတည်းက ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်ဆက်ဆံရေး သိသိသာသာတိုး တက်လာခဲ့ပါတယ်။
အိန္ဒိယနယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BSF) ကတော့ ဩဂုတ် ၂၅ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်နဲ့ ဒါကာမှာ ကျင်းပမယ့် နယ်စပ်လုံခြုံရေး အစည်းဝေးမှာ အစွန်းရောက်ဝတ်စုံတွေနဲ့ အိန္ဒိ ယကိုမလိုလားတဲ့ လှုပ်ရှားမှုတွေ ဘင်္ဂလားဒေ့ရှ်မှာ ဖောင်းပွလာတဲ့အကြောင်းကို တင်ပြမယ်လို့ ဆိုပါတယ်။
အာရက္ခဒေသမှာ အာရက္ခတပ်တော်ကလည်း စစ်ပွဲအတွက် ပြင်ဆင်မှုတွေကို အရှိန်အဟုန်မြင့်ပြုလုပ်နေပါတယ်။
အာရက္ခတပ်တော်ရဲ့နိုင်ငံရေးဦးဆောင် အဖွဲ့ဖြစ်တဲ့ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)က အမျိုးသားကာကွယ်ရေးဆိုင် ရာအရေးပေါ်ပြဋ္ဌာန်းချက်(National Defense Emergency Provision (NDEP)ကို ပြဋ္ဌာန်းလိုက်ပြီး အသက် ၄၅ နှစ်ထိ အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းရမယ်လို့ ဆိုပါတယ်။
အဲဒီအသက်အုပ်စုအတွင်းမှာရှိအရွယ် ရောက်ပြီးသူတိုင်းကိုလည်း ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ အာရက္ခပြည်ပြင်ပသို့ ထွက်ခွာခွင့်ပိတ်ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ အာရက္ခတပ်တော်ကြားမှာ ပုံမှန်တွေ့ဆုံမှုတွေ ပြီးခဲ့တဲ့နှစ်နှစ်ကတည်းကလုပ်ဆောင်ခဲ့ကြပါတယ်။
မောင်တောဒေသက ရိုဟင်ဂျာတွေ နေ ရပ်ပြန်နိုင်ရေး နည်းလမ်းတွေကို ရှာဖွေခဲ့ကြပါတယ်။ အာရက္ခတပ်တော်က တော့ ဘဏ္ဍာရေးဆိုင်ရာထောက်ပံ့မှု၊ပြန်လည်ထူထောင်ရေးအစီစဉ်တွေနဲ့ကျန်းမာရေးဆောင်ရွက်မှုတွေမရှိတဲ့ ခုလိုအခြေနေမျိုးမှာ ရိုဟင်ဂျာတွေ နေ ရပ်ပြန်ရးဟာ မဖြစ်နိုင်သေးကြောင်းပြောဆိုပြီး အခြေနေကို ထိန်းထားခဲ့ပါတယ်။
အဲဒီအခြေအနေတွေဟာ ဘင်္ဂလားဒေ့ရှ်အစိုးရကို နိုင်ငံတကာအထောက်ပံ့တွေ ရရှိဖို့နဲ့သီးသန့်ဆွေးနွေးပွဲတွေ နိုင်ငံတချို့မှာစီစဉ်နိုင်အောင် လှုံ့ဆော်ပေးနေပါတယ်။
ရခိုင်စင်္ကြန်လမ်းစိတ်ကူးဟာ ကျဆုံးသွားပြီဆိုပေမယ့် ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးကြိုးပမ်းမှုတွေ ဆက်ရှိနေပါတယ်။
နည်းဗျူဟာတွေသာ ပြောင်းလဲလာပေမယ့် ပိုမိုဆိုးရွားတဲ့ဆူပူလှုပ်ရှားမှုတွေနဲ့ သွေးထွက်သံယိုမှုတွေ အာရက္ခဒေသမှာ ဖြစ်ပေါ်လာနိုင်ပါတယ်။
(Rajiv Bhattacharya ဟာ အိန္ဒိယအ ရှေ့မြောက်ဖက်အာသံအခြေစိုက်အ ကြီးတန်းသတင်းထောက်ဖြစ်ပါတယ်။
Rajeev Bhattacharya: The Diplomat Bangladesh’s Lethal Gameplan in Myanmar’s Arakan ကို နရမိတ်လှဘာသာပြန်ထားပါတယ်။)