NUG အစိုးရအတွင်း ဆွေမျိုးကောင်းစားရေးဝါဒကို အမြစ်ဖြတ်ဖို့ ICCSO တောင်းဆို
Border News Agencyမကွေး၊ မတ် ၂။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ဝန်ကြီးဌာနတွေအတွင်းမှာ ဆွေမျိုးသားချင်းတွေကို ရာထူးနေရာကြီးတွေပေးအပ်တာမျိုးမဖြစ်စေဖို့အတွက် ဆွေမျိုးကောင်းစားရေးဝါဒဆန့်ကျင်ရေးမူဝါဒကို တစ်စိုက်မတ်မတ်ကျင့်သုံးသွားဖို့ လွတ်လပ်သောCDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့အစည်း (ICCSO)က တောင်းဆိုလိုက်ပါတယ်။ အခုလိုတောင်းဆိုရတာဟာ တော်လှန်ရေးအစိုးရရဲ့ လုပ်ငန်းစဉ်တွေမှာပိုမိုသန့်ရှင်းပြီး ဘက်လိုက်မှုကင်းတဲ့ စနစ်တစ်ခုပေါ်ပေါက်လာစေဖို့အတွက်...









