Saw Shin Nyo

Saw Shin Nyo

ခင်ဦးမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးသေဆုံး

Border News Agencyခင်ဦး၊ ဇန်နဝါရီ ၆။ ခင်ဦးမြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးသေဆုံးပြီးဆယ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီခင်ဦးမြို့နယ်၊အရှေ့ဖက်ခြမ်းမြေနီလျှိုလမ်းဆုံမှ အမှတ် ၃ လမ်းအနီးစစ်ရှောင်တွေနေကြတဲ့ကုန်းကြီးကျေးရွာ စာသင်ကျောင်းကို ဇန်နဝါရီလ ၅ ရက်၊ ညနေ ၈ နာရီခွဲအချိန်ကစစ်ကော်မရှင်တပ်ရွယ်ရည်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။...

ကရင်နီမှာ တလအတွင်းစစ်ကော်မရှင်လူ့အခွင့်အရေးချိုးဖောက်မှုအကြိမ်နှစ်ဆယ်လုပ်ခဲ့

Border News Agencyမော်ချီး၊ ဇန်နဝါရီ ၆။ ကရင်နီမှာ ဒီဇင်ဘာလတလအတွင်း စစ်ကော်မရှင်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း အကြိမ်နှစ်ဆယ်ထိပြုလုပ်ခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က (KnHRG)ဇန်နဝါရီလ ၅ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီကရင်နီပြည်၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖယ်ခုံ၊ ဖရူဆို၊...

(ဓာတ်ပုံ - မောင်တောမြို့နေရာတချို့ကိုဇန်နဝါရီလ ၆ ရက်၊ ဒီနေ့တွေ့ရပုံ / BNA)

မောင်တောမြို့နယ်ပေါ်မှာအအေးဓာတ်များနေ

Border News Agencyမောင်တော၊ ဇန်နဝါရီ ၆။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်မှာ အအေးဓာတ်များနေတာမို့ အနွေးထည်ထူထူတွေဝတ်ထားကြရတယ်လို့ မောင်တောမြို့ခံတွေက ဆိုကြပါတယ်။ အဲဒီလိုအအေးဓာတ်များနေတာဟာ ဒီဇင်ဘာလ ၂၉ ရက်နေ့မှ ဇန်နဝါရီလ ၆ ရက်နေ့ထိကြာနေပြီးလာမယ့်ရက်တွေထိဆက်အေးနိုင်တယ်လို့ ဆိုကြပါတယ်။ အဲဒါကြောင့်မောင်တောမြို့နယ်ရှိစစ်ဘေးရှောင်တွေအတွက်...

ဓာတ်ပုံ - အာရက္ခဒေသ၊ မြောက်ဦးဆေးရုံကြီးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတွေသေဆုံးနေတာကို တွေ့ရပုံ

နိုင်ငံတဝှမ်း စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ တလအတွင်း အရပ်သားတရာကျော်သေဆုံး

Border News Agencyမြောက်ဦး၊ ဇန်နဝါရီ ၅။ မြန်မာနိုင်ငံတဝှမ်း ဒီဇင်ဘာလအတွင်း စစ်ကောင်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတရာ့တဆယ့်ကိုးဦး သေဆုံးပြီး သုံးရာ့နှစ်ဆယ့်ငါးဦး ဒဏ်ရာရသွားတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDIS) က ဇန်နဝါရီလ ၅ ရက်၊...

ကလေးတဦးနဲ့ အမျိုးသမီးနှစ်ဦးကို ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေ ဖမ်းဆီးထား

Border News Agencyမောင်တော၊ ဇန်နဝါရီ ၅။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မောင်တောမြို့၊ ဝိမလာရပ်ကွက်မှ ကလေးတဦးနဲ့အမျိုးသမီးနှစ်ဦးကို ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေ ဖမ်းဆီးထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆေးကုသမှုခံယူဖို့သွားတဲ့ အရပ်သားရှစ်ဦးဟာ မောင်တော - ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှာ ဇန်နဝါရီလ ၄ ရက်နေ့က...

နှစ်နှစ်ပြည့်ယောတပ်တော်အခမ်းအနား

Border News Agencyယောမြို့၊ ဇန်နဝါရီ ၅။ ယောတပ်တော် (Yaw Army - YA) တည်ထောင်တာ နှစ်နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကို ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က ယောတပ်တော်အခြေစိုက်စခန်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။...

ကော်သူးလေး လွတ်လပ်ရေးနေ့မှာ စစ်သုံ့ပန်းတွေကို လွှတ်ပေး

Border News Agencyကရင်၊ ဇန်နဝါရီ ၅။ ကော်သူးလေးလွတ်လပ်ရေးနေ့မှာ သူတို့ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းဆယ့်ငါးဦး ပြန်လွှတ်ပေးလိုက်ပါတယ်။ အဲဒီစစ်သုံ့ပန်းတွေကို ဇန်နဝါရီလ ၅ ရက်၊ ဒီနေ့မှာကျရောက်တဲ့ ၇၈ နှစ်မြောက် ကရင်အမျိုးသားလွတ်လွပ်ရေးနေ့မှာ ပြန်လွှတ်ပေးခဲ့တာပါ။ အဲဒီဖမ်းဆီးရမိထားတဲ့ တပ်ကြပ်ကြီး...

Photo - Bangladesh Coast Guard

မွတ်ဆလင်ကုန်သည် ဆယ့်ရှစ်ဦးကို ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်ဖမ်း

Border News Agencyမောင်တော၊ ဇန်နဝါရီ ၅။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေကို ဘိလပ်မြေတွေနဲ့ ဒီဇယ်ဆီတွေတင်သွင်းနေတဲ့ မွတ်ဆလင်ကုန်သည် ဆယ့်ရှစ်ဦးကို ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်မှ ဖမ်းဆီးခဲ့တယ်လို့ ဇန်နဝါရီလ ၄ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီစိန့်မာတင်ကျွန်းအနီး ပင်လယ်ပြင်မှာ မွတ်ဆလင်တဆယ့်တဦးကို ဇန်နဝါရီလ၂...

ဓာတ်ပုံ - လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့

လောင်းလုံးမှာ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကိုမီးရှို့

Border News Agencyတနင်္သာရီ၊ ဇန်နဝါရီ ၅။ တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အဲဒီဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါး WY ဆေးပြား တထောင့်ရှစ်ရာသုံးပြားကို မြန်မာနိုင်ငံ...

၇၈ နှစ်မြောက်ကရင်လွတ်လပ်ရေးနေ့

Border News Agencyမြဝတီ၊ ဇန်နဝါရီ ၅။ ကရင်ပြည်၊ မြဝတီမြို့နယ်မှာ ၇၈ နှစ်မြောက် ကရင့်လွတ်လပ်ရေးနေ့ကို ဇန်နဝါရီ ၅ ရက်၊ ဒီနေ့မနက်မှာပြုလုပ်ခဲ့တယ်လို့ ကော်သူးလေတပ်မတော် (KTLA) က ထုတ်ပြန်ပါတယ်။ ဒီဇန်နဝါရီလ ၅...

Page 43 of 66 1 42 43 44 66

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here