Border News Agency
မောင်တော၊ ဇန်နဝါရီ ၆။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်မှာ အအေးဓာတ်များနေတာမို့ အနွေးထည်ထူထူတွေဝတ်ထားကြရတယ်လို့ မောင်တောမြို့ခံတွေက ဆိုကြပါတယ်။
အဲဒီလိုအအေးဓာတ်များနေတာဟာ ဒီဇင်ဘာလ ၂၉ ရက်နေ့မှ ဇန်နဝါရီလ ၆ ရက်နေ့ထိကြာနေပြီးလာမယ့်ရက်တွေထိဆက်အေးနိုင်တယ်လို့ ဆိုကြပါတယ်။
အဲဒါကြောင့်မောင်တောမြို့နယ်ရှိစစ်ဘေးရှောင်တွေအတွက် အနွေးထည်တွေ၊ စောင်တွေ အကူအညီတွေလိုအပ်နေကြတယ်လို့ ဆိုကြပါတယ်။












