Border News Agency
ဖားအံ၊ ဩဂုတ် ၂၃။
အာဏာသိမ်းစစ်တပ်ဆီ အဓမ္မစစ်မှုထမ်းစုဆောင်းတာခံရတဲ့ တပ်သားနှစ်ဦးလက်နက်တွေနဲ့အတူ ဖားအံခရိုင်၊ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)တပ်မဟာ ၇ ဆီအလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံးက သြဂုတ်လ ၂၂ ရက်နေ့ကထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ခမရ-၃၅၇ တပ်ရင်းမှ အသက်နှစ်ဆယ့်ငါးနှစ်အရွယ်ဇော်မျိုးထက်နဲ့ အသက်နှစ်ဆယ့်လေးနှစ်အရွယ် တပ်သားဇော်မိုးတို့ဖြစ်ပါတယ်။
သူတို့ဟာ MA-2 လက်နက်နှစ်လက်၊ကျည်ဘောက်ခြောက်ခု၊ကျည်ဆံနှစ်ရာတောင့်နဲ့ ကျည်ကာအင်္ကျီနှစ် ထည်တို့ကိုယူလာပြီး သြဂုတ်လ ၁၅ ရက်နေ့မှာအလင်းဝင်လာကြတာလို့ဆိုပါတယ်။
KNLA တပ်မဟာ ၇ ကအလင်းဝင်ရောက်လာတဲ့ တပ်သားနှစ်ဦးအား တဦး ကျပ်ဆယ်သိန်းစီဆုချီးမြှင့်ခဲ့ပါတယ်။
မတရားအဓမ္မ စစ်မှုထမ်းစေခိုင်းခံနေရတဲ့ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေအနေနဲ့ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေဆီ အလင်းဝင်ပူးပေါင်းကြဖို့လည်း KNU က တိုက်တွန်းထားပါတယ်။











