Border News Agency
ရန်ကုန်၊ နိုဝင်ဘာ ၂၂။
နိုင်ငံတကာတရားရုံး (ICJ) ရဲ့ စီရင်ချက်နဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံတတိယကော်မတီရဲ့ ဆုံးဖြတ်ချက်တွေအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကိုအပြည့်အဝထောက်ခံကြိုဆိုတယ်လို့ ရခိုင့်ဦးဆောင်ပါတီ (AFP) ဗဟိုအလုပ်အမှုဆောင်ကော်မတီက နိုဝင်ဘာလ ၂၂ ရက်၊ဒီနေ့ သဘောထားထုတ်ပြန်ပါတယ်။
ရခိုင်ပြည်အတွင်း ၂၀၂၆ နဲ့ ၂၀၂၇ ခုနှစ်တွေကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ ARSA အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့ကန့်သတ်စစ်ဆင်ရေးသာဖြစ်ပြီး လူမျိုးသုဉ်းစေလိုတဲ့ ရည်ရွယ်ချက်လုံးဝမရှိဘူးလို့ ဆိုပါတယ်။
အဲဒီအပြင် ARSA အဖွဲ့ကြောင့်သာ ဒေသခံတိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေ နေရပ်စွန့်ခွာခဲ့ရတဲ့ အမှန်တရားကို ICJ က လျစ်လျူရှုထားတဲ့အတွက် စိတ်ပျက်မိတယ်လို့ဆိုပါတယ်။
ICJ ရဲ့ တရားစီရင်ရေးစံနှုန်းတွေနဲ့အညီ သံသယကင်းလွတ်တဲ့အထိ သက်သေပြဖို့လိုအပ်ချက်ကနေသွေဖည်ပြီး တဆင့်ကြားအချက်အလက်တွေသာ ပါဝင်တဲ့ FFM နဲ့ NGOs အစီရင်ခံစာတွေအပေါ် အခြေခံဆုံးဖြတ်ထားတဲ့ စီရင်ချက်ဟာ တရားမျှတမှုနဲ့ကင်းကွာနေတယ်လို့ AFP က ဝေဖန်ထားပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်မှုနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကိုလေးစားပြီး ပကတိအခြေအနေမှန်တွေကို ဓမ္မဓိဋ္ဌာန်ကျကျရှုမြင်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။
နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို နိုင်ငံ့အချုပ်အခြာအာဏာနဲ့ ဒေသခံတိုင်းရင်းသားပြည်သူတွေရဲ့ အကျိုးစီးပွားမထိခိုက်စေဘဲ ဆက်လက်ဆောင်ရွက်သွားမယ့် ရပ်တည်ချက်အပေါ် အပြည့်အဝထောက်ခံပူးပေါင်းသွားမယ်လို့လည်းဆိုပါတယ်။








