Border News Agency
ဝီရဌာနီ၊ နိုဝင်ဘာ ၂၂။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဝီရဌာနီမြို့နယ်၊ နန်းတက်ကျွန်းကျေးရွာနဲ့ ဘုန်းတော်ကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က ပေါင်ငါးရာ ဗုံးနှစ်လုံးနဲ့လေကြောင်းတိုက်ခိုက်လို့ ငါးလသားအရွယ်ကလေးငယ်တဦးအပါအဝင်လေးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီ နန်းတက်ကျွန်းကျေးရွာနဲ့ ဘုန်းတော်ကြီးကျောင်းကို နိုဝင်ဘာလ ၂၂ ရက်၊ ဒီနေ့ မနက် ၈ နာရီ ၃၂ မိနစ်အချိန်မှာ အာဏာသိမ်းစစ်တပ် ရွယ်ရည်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ငါးလသားအရွယ်မောင်ရန်နိုင်စိုး အသက်တဆယ့်ခြောက်နှစ်အရွယ် မသက်သက်ဝင်း၊ အသက်နှစ်ဆယ်အရွယ်မောင်ကျော်မင်းဌေးနဲ့ အသက်လေးဆယ့်သုံးနှစ်အရွယ် ဒေါ်နုချေ တို့သေဆုံးခဲ့ကြပါတယ်။
အဲဒီအပြင် အသက်နှစ်ဆယ့်လေးနှစ်အရွယ် မောင်စိုးစိုး၊အသက်ငါးနှစ်အရွယ် မစိုးနွယ်ဦး၊ အသက်တနှစ်အရွယ် မပိုးနွယ်ချေ၊ အသက်တဆယ့်နှစ်နှစ်အရွယ် မချိုသဲဝင်း၊ အသက်သုံးဆယ့်ရှစ်နှစ်အရွယ် ဒေါ်ချိုချိုသန်း၊ အသက်ခုနှစ်ဆယ့်ငါးနှစ်အရွယ် ဒေါ်စိန်စုခိုင်၊ အသက် လေးဆယ်အရွယ် ဦးမောင်ဇံ၊ အသက်ကိုးနှစ်အရွယ် မမျိုးချစ်နွယ်နဲ့ အသက်ခုနှစ်နှစ်အရွယ် မရွှေခိုင်ဦး တို့ ဒဏ်ရာရသွားခဲ့တယ်။
အဲဒီဝီရဌာနီမြို့နယ်၊သဝင်ချောင်းကျေးရွာကိုလည်း နိုဝင်ဘာလ ၂၁ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားလေးဦးဒဏ်ရာရသွားခဲ့ပါတယ်။













