Saw Shin Nyo

Saw Shin Nyo

စစ်ကော်မရှင်စစ်ကြောင်းကိုတိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေသိမ်းမိ

Border News Agencyမြဝတီ၊ နိုဝင်ဘာ ၃။ စစ်ကော်မရှင်တပ် စစ်ကြောင်းကိုတိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေ သိမ်းမိတယ်လို့ ကျားသစ်နက်စစ်ကြောင်းက နိုဝင်ဘာလ ၂ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်တပ်ရဲ့ ရွေးကောက်ပွဲဖြစ်မြောက်ဖို့ ရည်ရွယ်ချက်နဲ့သာလွန်အင်အား၊ နည်းပညာမြင့်ဒရုန်းတွေ လက်နက်ကြီးပစ်ကူတွေ၊...

ဓာတ်ပုံ - နေပြည်တော်တိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်

စစ်ဘေးရှောင်တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ အကူအညီပေး (ဓာတ်ပုံသတင်း)

Border News Agencyမန္တလေး၊ နိုဝင်ဘာ ၃။ အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)၊ ကာကွယ်​ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်​ရေးတပ်မ​တော်၊ နေပြည်​တော်တိုင်းစစ်ဌာန ပြည်သူ့လုံခြုံ​ရေးဌာနမှ စစ်ဘေးရှောင်ပြည်သူတွေကို လူသားချင်းစာနာ​​ထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးနေတယ်လို့ နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ နိုဝင်ဘာလ ၃ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ စစ်ဆင်​ရေးနယ်​မြေရှိကျေးရွာ​နေပြည်သူ့​နေအိမ်တွေကို စစ်ကော်မရှင်တပ် စစ်​ကြောင်းထိုးဝင်​ရောက်မီးရှို့ဖျက်ဆီးတာ၊...

(ဓာတ်ပုံ - မောင်တောမြို့နယ်မှာ ကွင်းဆင်းသတင်းနေယူတဲ့သတင်းထောက်တဦး / BNA)

မြန်မာဟာ သတင်းထောက်တွေဖမ်းဆီးထောင်ချခံရမှု အများဆုံးနိုင်ငံမှာပါဝင်

Border News Agencyမောင်တော၊ နိုဝင်ဘာ ၂။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာသတင်းထောက်တွေ ဖမ်းဆီးအကျဉ်းချမှုအများဆုံးထဲမှာ တနိုင်ငံအပါအဝင်ဖြစ်တယ်လို့ ယူကေအစိုးရက ထုတ်ပြန်ပါတယ်။ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စာနယ်ဇင်းသတင်းသမားခုနှစ်ဦးဟာ စစ်အာဏာရှင်ရဲ့သတ်ဖြတ်တာခံခဲ့ရပြီး သတင်းသမားနှစ်ရာကျော်လည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီအပြင်...

နတ်ရေကန်ကစစ်ကော်မရှင်တပ်ဖွဲ့ဝင် နှစ်ဆယ့်ခြောက်ဦးဖမ်းမိ (ဓာတ်ပုံသတင်း)

Border News Agencyငဖဲ၊ နိုဝင်ဘာ ၂။ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာကုန်းသို့စစ်ကူလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဆယ့်ခြောက်ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းမိခဲ့ကြောင်း နိုဝင်ဘာလ၂ရက်၊ ဒီနေ့မချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Asho ထုတ်ပြန်ပါတယ်။ အဲဒီစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ နတ်ရေကန်ဗျူဟာကုန်းသို့လာကြချိန်မှာ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေနဲ့ CDF-Asho တပ်ဖွဲ့ဝင်တွေ...

(ဓာတ်ပုံ - ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာရွာကို အောက်တိုဘာ ၃၁ရက်၊ ဒီနေ့စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ သေဆုံးသွားသူ / ပေးပို့)

စစ်ကော်မရှင်တပ်ကြောင်း သုံးရက်အတွင်း အမျိုးသမီးခုနှစ်ဦးသေဆုံး

Border News Agencyကျောက်ဖြူ၊ နိုဝင်ဘာ ၁။ စစ်ကော်မရှင်တပ် ပစ်ခတ်တိုက်ခိုက်လို့သုံးရက်အတွင်း အမျိုးသမီးခုနှစ်ဦးသေဆုံးပြီး ဆယ့်လေးဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီပေါက်တော၊ ရသေ့တောင်၊ ကျောက်ဖြူလေးမြို့နယ်ကို အောက်တိုဘာ လ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့ထိ စစ်ကော်မရှင်တပ်က ပစ်ခတ်တိုက်ခိုက်ခဲ့လို့...

တအာင်းပြည်မှာ စစ်ကော်မရှင်တပ်ပစ်ခတ်လို့ တလအတွင်း လေးဆယ်ကိုးဦးသေဆုံး

Border News Agencyတအာင်းပြည်၊ နိုဝင်ဘာလ ၁။ တအာင်းပြည်မှာ စစ်ကော်မရှင်တပ်ပစ်ခတ်လို့ အောက်တိုဘာလအတွင်း သံဃာတော်အပါအဝင် အရပ်သားလေးဆယ်ကိုးဦးသေဆုံးပြီး ခုနှစ်ဆယ်တဦး ဒဏ်ရာရခဲ့ပါတယ်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)က နိုဝင်ဘာလ ၁ ရက်၊ ဒီနေ့မှာထုတ်ပြန်တာပါ။ စစ်ကော်မရှင်တပ်တိုက်ခိုက်လို့ သေဆုံးခဲ့သူလေးဆယ်ကိုးဦးထဲမှာ သံဃာတော်နှစ်ပါး၊...

စစ်တောင်းမြစ်ကမ်းပါးပြိုလို့ နေအိမ်နှစ်ဆယ့်ခုနှစ်လုံးရေစီးမျှောပါ (ဓာတ်ပုံသတင်း)

Border News Agencyမူး၊ အောက်တိုဘာလ ၃၁။ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်မှာ စစ်တောင်းမြစ်ကမ်းပါးပြိုလို့ နေအိမ်နှစ်ဆယ့်ခုနှစ်လုံးရေစီးနဲ့ မျှောပါသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ အောက်တိုဘာလ ၃၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီမူးမြို့နယ်၊ ခုံမြောင်(လက်ပံခုံ)ကျေးရွာမှာ အောက်တိုဘာလ ၂၀...

လယ်ဒိုမြို့နယ်မှာ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ နေအိမ်နှစ်လုံးပျက်စီး

Border News Agencyလယ်ဒို၊ အောက်တိုဘာ ၃၁။ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်မှာ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ပြည်သူပိုင်နေအိမ်နှစ်လုံး ပျက်စီးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ အောက်တိုဘာလ ၃၁ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီလယ်ဒိုမြို့နယ်၊ တောင်ခင်ကျေးရွာကို အောက်တိုဘာလ ၂၈...

(ဓာတ်ပုံ - ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာရွာကို အောက်တိုဘာ ၃၁ရက်၊ ဒီနေ့စစ်ကော်မရှင်တပ်လေကြောင်း တိုက်ခိုက်လို့သေဆုံးသွားသူ / ပေးပို့)

ပုဏ္ဏားကျွန်းမြို့နယ်ပန်းနီလာရွာကို စစ်ကော်မရှင်တပ်တိုက်ခိုက်လို့ လေးဦးသေဆုံး

Border News Agencyပုဏ္ဏားကျွန်း၊ အောက်တိုဘာ ၃၁။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာရွာကို အောက်တိုဘာ ၃၁ ရက်၊ ဒီနေ့နေ့လည်က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ လေးဦးသေဆုံးပြီးကိုးဦးဒဏ်ရာရသွားပါတယ်။ အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ရွာမှ အသက်ငါးနှစ်အရွယ် မောင်ထက်မြက်နိုင်၊ အသက်သုံးဆယ်ခြောက်နှစ်အရွယ်...

(ဓာတ်ပုံ - မြေမြုပ်မိုင်းကြောင့်မသန်စွမ်းဖြစ်သွားသူတဦး / BNA)

မသန်စွမ်းဖြစ်ပွားမှုနှုန်းအမြင့်ဆုံးထဲမှာ ရခိုင်ပါဝင်

Border News Agencyပုဏ္ဏားကျွန်း၊ အောက်တိုဘာ ၂၈။ မြန်မာနိုင်ငံတဝှမ်းမှာ မသန်စွမ်းဖြစ်ပွားမှုနှုန်းလူဦးရေ ၂.၂၉သန်း၊ ၇.၆ ရာခိုင် နှုန်းရှိပြီး မသန်စွမ်းဖြစ်ပွားမှုနှုန်းအမြင့်ဆုံးထဲမှာ ရခိုင်ပါဝင်နေတယ်လို့ ဆိုပါတယ်။ အဲဲဒီမသန်စွမ်းမှုနဲ့ ပတ်သက်လို့အမြင်၊ အကြား၊ ပစ္စည်းကိုင်တွယ်၊ လမ်းလျှောက်၊ လှေကားတက်၊...

Page 61 of 64 1 60 61 62 64

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here