Border News Agency
မန္တလေး၊ နိုဝင်ဘာ ၃။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန ပြည်သူ့လုံခြုံရေးဌာနမှ စစ်ဘေးရှောင်ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးနေတယ်လို့ နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ နိုဝင်ဘာလ ၃ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ဆင်ရေးနယ်မြေရှိကျေးရွာနေပြည်သူ့နေအိမ်တွေကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်မီးရှို့ဖျက်ဆီးတာ၊ ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်တာတွေ ပြုလုပ်နေတယ်လို့ဆိုပါတယ်။
အဲဒီအပြင် ကျေးရွာနေပြည်သူ့နေရာတွေကို ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ လေကြောင်းမှ Jet fighter၊Drone ၊Paramo
torတွေအသုံးပြုပြီး တိုက်ခိုက်တာစတဲ့ စစ်ရာဇဝတ်မှုကျူးလွန်တာ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေကို ဆက်တိုက်ကျူးလွန်နေတယ်လို့ဆိုပါတယ်။
အဲဒါကြောင့် ပြည်သူတွေအနေနဲ့ တော်လှန်သတိ၊ အသိအမြဲရှိနေဖို့၊ လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်ကြိုတင်ကာကွယ်ဖို့ဆောင်ရန်၊ ရှောင်ရန် သတင်းထုတ်ပြန်ချက်တွေကို တိကျစွာလိုက်နာကြဖို့ အသိပေးထားပါတယ်။
ပြည်တွင်းပြည်ပရှိ တော်လှန်မိဘပြည်သူများအနေနဲ့ ကျနော်တို့စစ်ဆင်ရေးနယ်မြေရပ်ဝန်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလှူတန်းချင်ရင် ပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည်တော်တိုင်းစစ်တိုင်းပြည်သူ့လုံခြုံရေးဌာနမှတဆင့် တိုက်ရိုက်ချိတ်ဆက် ကူညီလှူတန်းနိုင်တယ်လို့လည်း အသိပေးထားပါတယ်။










