Saw Shin Nyo

Saw Shin Nyo

ပုဏ္ဏားကျွန်းမြို့နယ်မှာ သောက်သုံးရေကန်တွေ စတင်ခမ်းခြောက်နေ

Border News Agencyပုဏ္ဏားကျွန်း၊ ဒီဇင်ဘာ ၆။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ သောက်သုံးရေကန်တွေ စတင်ခမ်းခြောက်နေလို့ သောက်သုံးရေအကူအညီတွေ လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။ အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင်ကျေးရွာအနီးရှိ သောက်သုံးရေကန်တွေမှာ နိုဝင်ဘာလနောက်ဆုံးပတ်မှ စတင်ခမ်းခြောက်လာနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။...

ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေ အကူအညီတွေလိုအပ်နေ

Border News Agencyပုဏ္ဏားကျွန်း၊ ဒီဇင်ဘာ ၅။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ရှိစစ်ဘေးရှောင်တွေ အကူအညီတွေလိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။ အဲဒီပုဏ္ဏားကျွန်းမြို့နယ်ကစစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာအပြင် စောင်နဲ့အနွေးထည်တွေအရေးပေါ်လိုအပ်နေတယ်လို့ ဆိုကြပါတယ်။ အဲဒီစစ်ဘေးရှောင်စခန်းတွေမှာ စားနပ်ရိက္ခာတွေပြတ်လပ်မှုနဲ့ရင်ဆိုင်နေကြရပြီး ဆန်၊ ဆီ၊ ဆားစတဲ့အခြေခံစားသောက်ကုန်တွေ လုံလောက်မှုမရှိတော့ပါဘူးလို့...

ဓာတ်ပုံ - ကရင်နီပြည်လူငယ်များသမဂ္ဂက

လွိုင်ကော်မှာ စစ်ကော်မရှင်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ကမ်ပိန်းပြုလုပ်

Border News Agencyလွိုင်ကော်၊ ဒီဇင်ဘာ ၅။ ကရင်နီပြည်၊ လွိုင်ကော်အရှေ့ဘက်ခြမ်းဒေသမှာ စစ်ကော်မရှင်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ရေးကမ်ပိန်းပြုလုပ်ခဲ့တယ်လို့ ကရင်နီပြည်လူငယ်များသမဂ္ဂက ဒီဇင်ဘာလ ၅ ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေးဓာတ်ပုံကမ်ပိန်းကို ဒီဇင်ဘာလ ၃ ရက်နေ့က...

ကျောက်ဖြူမှာ စစ်ကော်မရှင်တပ်ဒရုန်းနဲ့တိုက်ခိုက်လို့ အမျိုးသမီးနှစ်ဦးသေဆုံး

Border News Agencyကျောက်ဖြူ၊ ဒီဇင်ဘာ ၅။ ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင်တပ်ဒရုန်းနဲ့တိုက်ခိုက်လို့ အမျိုးသမီးနှစ်ဦးသေဆုံးပြီး တဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီကျောက်ဖြူမြို့နယ်၊ လိပ်ပြင်ကျိန်ကျေးရွာအနီးစပါးခင်းမှာ စပါးရိတ်သိမ်းနေချိန် ဒီဇင်ဘာလ ၃ ရက်၊ မနက် ၉ နာရီအချိန်ခန့်က စစ်ကော်မရှင်တပ်မှ...

အပြင်မထွက်အသံတိတ်သပိတ်ကို ဒီဇင်ဘာလဆယ်ရက်နေ့မှာပြုလုပ်မယ်

Border News Agencyရန်ကုန်၊ ဒီဇင်ဘာ ၅။ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့အပြင်မထွက်၊ အသံတိတ်သပိတ်ကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ လာမယ့်ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)က အသိပေးထုတ်ပြန်ပါတယ်။ “Our Voice, Our Fight, Our Rights”ဆိုတဲ့...

ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေတွေ့ဆုံပွဲ

Border News Agencyဖရူဆို၊ ဒီဇင်ဘာ ၄။ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းတနေရာမှာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူလူထုတသားတည်းရှိနေကြောင့် ပြသဖို့အတွက်တွေ့ဆုံပွဲပြုလုပ်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်( KNDF) တပ်ရင်း ၄ ကထုတ်ပြန်ပါတယ်။ အဲဒီတွေ့ဆုံပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၉ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး...

မြန်မာဟာ ဘိန်းစိုက်ပျိုးမှုအများဆုံးနိုင်ငံဖြစ်နေ

Border News Agenyရန်ကုန်၊ ဒီဇင်ဘာ ၃ ။ မြန်မာဟာ ဆယ်နှစ်အတွင်းဘိန်းစိုက်ပျိုးမှုအများဆုံးနိုင်ငံဖြစ်တယ်လို့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာအဖွဲ့ရုံး(UNODC)က ဒီဇင်ဘာလ ၃ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီဆယ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံရဲ့ဘိန်းစိုက်ပျိုးမှုဟာစံချိန်အမြင့်ဆုံးရောက်ခဲ့ပြီး ထွက်ရှိလာတဲ့ဘိန်းဖြူ(Heroin)ကို အနောက်နိုင်ငံဈေးကွက်သို့ ကူးသန်းရောင်းဝယ်နေတာကို တွေ့ရတယ်လို့ဆိုပါတယ်။...

ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး

မင်းလက်ပံဧရိယာမှတရုတ်နိုင်ငံသား ခုနှစ်ဆယ်ကျော်ကိုရွှေ့ပြောင်းပေး

Border News Agencyမြဝတီ၊ ဒီဇင်ဘာ ၃။ မင်းလက်ပံ ကျားဖြန့်ဧရိယာ Shunda Park scam ခြံဝင်းနေရာမှ တရုတ်နိုင်ငံသားခုနှစ်ဆယ်ငါးဦးကို ထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်းပေးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဒီဇင်ဘာလ ၂ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီတရုတ်နိုင်ငံသားတွေဟာ...

ဓာတ်ပုံ - ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

စစ်ကော်မရှင်တပ်ကရထားတဲ့ လက်နက်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုပေး

Border News Agencyခင်ဦး၊ ဒီဇင်ဘာ ၃။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ တိုက်ပွဲအတွင်းသိမ်းဆည်းရမိခဲ့တဲ့ လက်နက်တချို့ကို တိုက်နယ်ပကဖတွေနဲ့ UG ပကဖတွေဆီ ဂုဏ်ပြုပေးခဲ့ပါတယ်။ အဲဒီတော်လှန်ရေးရဲဘော်တွေအတွက် MA1သေနတ်ဆယ်လက်နဲ့ G3သေနတ်လေးလက်၊ စုစုပေါင်းသေနတ်ဆယ့်လေးလက်ကို ဒီဇင်ဘာလ ၂...

ဓာတ်ပုံ - အညာမြေအရပ်ဖက်လူမှုကူညီရေးအဖွဲ့

မြိုင်မြို့နယ်မှ ကျေးရွာတချို့ကို စစ်ကော်မရှင်တပ်တွေ မီးရှို့ဖျက်ဆီးခဲ့

Border News Agencyမြိုင်၊ ဒီဇင်ဘာ ၂။ မြိုင်မြို့နယ်မှကျေးရွာတချို့ကို စစ်ကော်မရှင်တပ်စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အညာမြေအရပ်ဖက်လူမှုကူညီရေးအဖွဲ့မှ ထုတ်ပြန်ထားပါတယ်။ စစ်ကော်မရှင်တပ်စစ်ကြောင်းဟာ ဒီဇင်ဘာလ ၁ ရက်နေ့က ပန်းတိုင်းတောရွာ၊ အိုင်းမရွာနဲ့ညောင်တွင်းအနောက်ရွာမှာ စစ်ကြောင်းထိုးညအိပ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီစစ်ကြောင်းဟာ နိုဝင်ဘာလ ၃...

Page 75 of 86 1 74 75 76 86

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here