Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ဘေးရှောင် စီးပွားရေး သတင်း

ပုဏ္ဏားကျွန်းမြို့နယ်မှာ သောက်သုံးရေကန်တွေ စတင်ခမ်းခြောက်နေ

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
12
VIEWS
Share on FacebookShare on Twitter

Border News Agency
ပုဏ္ဏားကျွန်း၊ ဒီဇင်ဘာ ၆။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ သောက်သုံးရေကန်တွေ စတင်ခမ်းခြောက်နေလို့ သောက်သုံးရေအကူအညီတွေ လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင်ကျေးရွာအနီးရှိ သောက်သုံးရေကန်တွေမှာ နိုဝင်ဘာလနောက်ဆုံးပတ်မှ စတင်ခမ်းခြောက်လာနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီလိုရေကန်တွေမှာ ရေခမ်းခြောက်နေလို့ ကျေးရွာသားတွေအပါအဝင်အနီးရှိ စစ်ဘေးရှောင်တွေလည်း သောက်သုံးရေအခက်အခဲဖြစ်နေတာကြောင့် အကူအညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

“ရေကလုံးဝခမ်းသွားပြီ။ နွေတောင်မရောက်သေးဘူး။ ကန်မှာရေကမရှိတော့ဘူး။ ခုကတည်းကရေအခက်အခဲဖြစ်နေပြီ။ နွေရာသီတလျောက်လုံးလည်းရေအခက်အခဲဖြစ်မှာ။ သောက်သုံးဖို့အတွက် ရေအကူညီတွေလိုအပ်နေကြပါတယ်။”လို့ ဂဏန်းတောင်စိုက်ပျိုးရေးခြံ စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးမောင်သန်းမြင့်က Border News Agency ကို ပြောပါတယ်။

အဲဒီရေကန်ထဲမှာ ရေအနည်းငယ်စိမ့်ထွက်နေတဲ့ရေမျက်တွင်းမှ စစ်ဘေးရှောင်တွေမှာအချိန်အကြာကြီးစောင့်ဆိုင်းပြီး ရေခွက်တွေနဲ့တခွက်ချင်းခပ် ယူအသုံးပြုနေကြရတယ်လို့ ဆိုကြပါတယ်။

အဲဒီရေတွေမှာ အနည်မထိုင်ဘဲနောက်ကျိနေတဲ့အတွက် သောက်သုံးရတဲ့အခါသန့်ရှင်းမှုမရှိလို့ ဝမ်းရောဂါတွေဖြစ်ပွားကြမှာကို စိုးရိမ်နေကြတယ်လို့ စစ်
ဘေးရှောင်တွေက ဆိုကြပါတယ်။

“ကန်ထဲမှာတော့ရေထွက်တဲ့ရေမျက်တွင်းတော့ရှိတယ်။ နည်းနည်းပဲထွက်တယ်။ အဲဒီရေတွေကိုအချိန်အကြာကြီးစောင့်ပြီးခပ်ရတယ်။ ရေတအိုးခွက်ရဖို့ကမလွယ်ဘူး။ နာရီနဲ့ချီစောင့်ရတယ်။ ရေနည်းတော့ ခွက်နဲ့ခပ်လိုက်တာနဲ့ ရေကနှောင်သွားတယ်။ အကြည်မရဘူး။” လို့ ဂဏန်းတောင်စိုက်ပျိုးရေးခြံစစ်ဘေးရှောင်စခန်းမှ မသန်းဦးဌေးက Border News Agency ကိုပြောပါတယ်။

အဲဒီစစ်ဘေးရှောင်စခန်းမှာ နွေရာသီမရောက်ခင်ကနေသောက်သုံးရေအခက်အခဲဖြစ်နေကြတာဟာ ရေကန်တွေ တိ မ်ကောတာ၊စစ်ဘေးရှောင်လူဦးရေများပြားလို့ရေသုံးစွဲမှုပမာဏများပြားတာတွေကြောင့်ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

အဲဒီစစ်ဘေးရှောင်တွေဟာ အနီးအနားကျေးရွာတွေက တနေ့မှာမိသားစုတစုကို သောက်သုံးရေနှစ်ဗူးကျစီခွဲဝေကူညီပေးတာနဲ့ ရေအခက်အခဲကိုဖြေရှင်းနေကြရတယ်လို့ ဆိုကြပါတယ်။

မိသားစုဝင်တွေများပြားတဲ့ စစ်ဘေးရှောင်တွေဟာ တနေ့မှာရရှိတဲ့ ရေနှစ်ဗူးနဲ့သောက်သုံးတာ၊ ချက်ပြုတ်တာ၊ အဝတ်တွေလျှော်ဖွတ်တာ၊ ရေချိုးတာတွေနဲ့ လုံလောက်မှုမရှိကြဘူးလို့လည်း ဆိုကြပါတယ်။

အဲဒီအပြင် စစ်ဘေးရှောင်တွေဟာ အနီးအနားကျွေးရွာတွေရဲ့ရေကန်တွေကနေ ရေခပ်ယူသုံးစွဲခွင့်ရရှိနေပေမယ့် နွေရာသီနီးကပ်လာတာမို့ ရေခပ်ယူခွင့်မရှိတော့တဲ့အတွက် အကူအညီတွေလိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

“ခုကကန်တွေမှာရေပြည့်နေတော့ရေ ခပ်ခွင့်ရတယ်။ နွေရာသီနီးလာရင်တော့မရတော့ဘူး။ အဲဒီရွာတွေမှာလည်း လူများတော့ရေခမ်းပြီးမလုံလောက်မှာစိုးလို့တားကြတယ်။ နောက်နှစ်တွေမှာရေအခက်အခဲမရှိရအောင် ရေကန်တွေတူးဖော်ပေးတာတွေလုပ်ပေးဖို့တောင်းဆိုချင်တယ်။ ခုက ရေကန်တူးလည်းမိုးကုန်တော့ရေမရတော့ဘူးလေ။ မနှစ်ကလည်း ရေအခက်အခဲဖြစ်လို့အကူညီတွေမရတော့ ဒီနှစ်အကူအညီတွေရစေချင်ပါတယ်။”လို့ ဂဏန်းတောင်စိုက် ပျိုးရေးခြံစစ်ဘေးရှောင်စခန်းမှ အမျိုးသားတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီဂဏန်းတောင် စိုက်ပျိုးရေးခြံစစ်ဘေးရှောင်စခန်းမှာ သောက်ရေအပြင်စားနပ်ရိက္ခာနဲ့ ဆောင်းရာသီအတွက် အနွေးထည်၊ စောင်တွေပါအကူအညီလိုအပ်နေကြတယ်လို့ဆိုပါတယ်။

အဲဒီစစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၃၁၂စု၊ ကျား ၅၆၉ဦး၊ မ ၆၈၀ ဦး၊ စုစုပေါင်း ၁၂၄၉ဦးရှိတယ်လို့ဆိုပါတယ်။

အဲဒီအပြင် ဂဏန်းတောင်မီးရထားဘူတာ စစ်ဘေးရှောင်စခန်းက သောက်သုံးရေကန်မှာ ရေခြောက်ပေခန့်သာကျန်တော့တယ်လို့ ဆိုပါတယ်။

သောက်သုံးရေခပ်ယူသုံးစွဲမှာများပြားခြင်းအပြင် ပူပြင်းလှတဲ့ရာသီဥတုဒဏ်ကြောင့် တနေ့မှာရေနှစ်လက်မခန့်ပုံမှန် ခမ်းပါးလာနေတယ်လို့လည်း ဆိုကြပါတယ်။

အဲဒီသောက်ရေကန်ကိုဂဏန်းတောင်ကျေးရွာ၊ ဂဏန်းတောင်မီးရထားဘူတာ စစ်ဘေးရှောင်စခန်း၊ အထက်မြတ်လေးစစ်ဘေးရှောင်စခန်း၊ စိုက်ပျိုးရေးခြံစစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်တွေ မှီခိုသုံးစွဲနေကြတာလို့လည်း ဆိုကြပါတယ်။

အာရက္ခဒေသမှာ နှစ်စဉ်မိုးရေချိန်လက်မ နှစ်ရာကျော်ခန့်ထိ မိုးရွာသွန်းမှုရှိပေမဲ့ နှစ်စဉ်နွေရာသီမရောက်ခင်ကနေ ရေခမ်းခြောက်ပြီး ရေရှားပါးမှုပြဿနာတွေနဲ့ ကြုံတွေ့နေကြရပါတယ်။

အဲဒါကြောင့် အာရက္ခပြည်သူ့အစိုးရအနေနဲ့ရေအရင်းအမြစ်ကို စနစ်တကျစီမံခန့်ခွဲပြီး ရေရှားပါးမှုပြဿနာကို ဖြေရှင်းပေးဖို့လိုအပ်တယ်လို့ ပြည်သူတွေကဆိုကြပါတယ်။

PrevPreviousမတူပီတော်လှန်ရေးအဖွဲ့ချုပ် အခြေခံစစ်ပညာသင်တန်းဆင်း (ဓာတ်ပုံသတင်း)
Nextဒီပဲယင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံးNext
Previous Post

မတူပီတော်လှန်ရေးအဖွဲ့ချုပ် အခြေခံစစ်ပညာသင်တန်းဆင်း (ဓာတ်ပုံသတင်း)

Next Post

ဒီပဲယင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဓာတ်ပုံ - ​CCDAC Myanmar

ချမ်းမြသာစည်မှာ ၁ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၉ ကီလိုကျော် ဖမ်းမိ

August 10, 2026

အာရက္ခအမျိုးသားတက္ကသိုလ်မှာ ဂုဏ်ထူးတန်းသင်တန်းသား လျှောက်လွှာခေါ်

August 10, 2026

လယ်ဒိုမှာ အာဏာသိမ်းစစ်သားလေးဦး KNLA ဆီ အလင်းဝင်

August 10, 2026
ဓာတ်ပုံ - အာရက္ခတပ်တော်

​သံတွဲကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ်ဦးသေဆုံး

August 10, 2026

ရွှေဘိုမှာ ရေဘေးသင့်ပြည်သူတွေ အကူအညီလိုအပ်နေ (ဓာတ်ပုံသတင်း)

အမ်းကိုစစ်တပ်လေကြောင်းတိုက်ခိုက်လို့ နှစ်ဦးသေပြီးသုံးဦးဒဏ်ရာရ

လက်နက်ကိုင်တပ်ဖွဲ့ထဲမှ လိင်ပိုင်းဆိုင်ရာစော်ကားမှု – ၃

ဒီပဲယင်းမှာ ကျေးရွာနှစ်ဆယ့်တရွာ ရေဘေးသင့်နေ

ခင်ဦးမှာ ရေဘေးသင့်ကျေးရွာတဆယ့်ကိုးရွာ အကူအညီလိုအပ်နေ

မင်းကင်းမြို့မှာ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက်နှစ်လက်မကျော်နေ

Releated Post

ရွှေဘိုမှာ ရေဘေးသင့်ပြည်သူတွေ အကူအညီလိုအပ်နေ (ဓာတ်ပုံသတင်း)

August 10, 2026

အမ်းကိုစစ်တပ်လေကြောင်းတိုက်ခိုက်လို့ နှစ်ဦးသေပြီးသုံးဦးဒဏ်ရာရ

August 9, 2026

လက်နက်ကိုင်တပ်ဖွဲ့ထဲမှ လိင်ပိုင်းဆိုင်ရာစော်ကားမှု – ၃

August 9, 2026
ဓာတ်ပုံ - ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ဒီပဲယင်းမှာ ကျေးရွာနှစ်ဆယ့်တရွာ ရေဘေးသင့်နေ

August 9, 2026
ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

ခင်ဦးမှာ ရေဘေးသင့်ကျေးရွာတဆယ့်ကိုးရွာ အကူအညီလိုအပ်နေ

August 9, 2026

မင်းကင်းမြို့မှာ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက်နှစ်လက်မကျော်နေ

August 9, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page