Border News Agency
ပုဏ္ဏားကျွန်း၊ အောက်တိုဘာ ၄။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတခုကို အောက်တိုဘာလ ၄ ရက်၊ဒီနေ့ ညနေ ၅ နာရီခွဲခန့်မှာ အာဏာသိမ်းစစ်တပ်က ပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ခြောက်ဦးထက်မနည်းသေဆုံးပြီး ဆယ်ဦးခန့်ဒဏ်ရာရရှိခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ သရက်ချိုကျေးရွာအနီးမှာရှိတဲ့ ကန်သာယာစစ်ဘေးရှောင်စခန်းကို လေကြောင်းကနေ ရွယ်ရည်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်စခန်းမှာ နေထိုင်ကြတဲ့ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူတွေကိုလည်း ဆေးကုသမှုခံယူနိုင်ဖို့ ပို့ဆောင်ထားပါတယ်။
စစ်ဘေးရှောင်စခန်းအတွင်း ထိခိုက်သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်တာကြောင့် သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာနိုင်တာမို့ Border News Agency ကဆက်လက်ဖော်ပြပါမယ်။










