Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
In-depth Report မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

ပြည်သူ့အစာအိမ်ကိုထိမှန်သွားသည့် အိန္ဒိယဈေးလေကြောင်းတိုက်ခိုက်မှု

Author picture

By

Saw Shin Nyo
Reading Time: 4 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

ကောင်းကျော်ဇံရေးသည်။

In-depth Report

Border News Agency

ကျောက်တော်၊နိုဝင်ဘာ ၂၃။

စိမ်းပြာရောင်ကစ္ဆပနဒီမြစ်ကမ်းနံဘေးတွင် ဆိုက်ကပ်ထားသည့် မော်တော်ဘုတ်နှင့် စက်လှေများပေါ်မှကုန်ပစ္စည်းများကို ချွေးဒီးဒီးကျအောင် အတင်အချပြုလုပ်နေကြသူများ၊ ဈေးဝယ်သူများနှင့်အနယ်နယ်အရပ်ရပ်မှလာရောက်ကြသည့် ဈေးသည်များဖြင့် ကျောက်တော်မြို့ရှိ အိန္ဒိယဈေးသည် တချိန်ကအသက်ဝင်စည်ကားနေခဲ့သည်။

ထိုအိန္ဒိယစျေးသည် ၂,၅၁၂.၅ ပေရှ ည်လျားသောကစ္စပနဒီတံတား၏ဘယ်ဖက်အဆင်း ဘယ်ဖက်အနားတွင်တည်ရှိပြီး ထိုတံတားသည် ကစ္စပနဒီမြစ်ဝဲယာနှစ်ဘက်မှသွားလာရသည့်မြို့နယ်များကို အဓိကဆက်သွယ်ပေးထားသည်။

ထိုတံတားဘယ်ဖက်၊ကျောက်တော်မြို့မှတဆင့် ရန်ကုန်-စစ်တွေကားလမ်းမကြီးအတိုင်းဆက်သွားပါက ပုဏ္ဏားကျွ န်းမြို့သို့ရောက်ပြီး ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းအတိုင်းဆက်သွားပါက ရသေ့တောင်မြို့နယ်မှတဆင့်ဘူးသီးတောင်မြို့နယ်နှင့်မောင်တောမြို့ နယ်ထိသွားရောက်နိုင်သည်။

ထိုရသေ့တောင်လမ်းခွဲအတိုင်းဆက်မသွားဘဲ ကားလမ်းမကြီးအတိုင်းဆက်သွားပါက မင်းချောင်းတံတားကို ကျော်လျှင် အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားသည့်စစ်တွေမြို့နယ်တွင် အဆုံး သတ်သည်။

ထိုကစ္စပနဒီတံတားညာဖက်အတိုင်းဆ က်သွားပါက မြောက်ဦးမြို့နယ်၊မင်းပြားမြို့နယ်၊မြေပုံမြို့နယ်၊အမ်းမြို့နယ်မှတဆင့်တခြားပြည်နယ်နှင့်တိုင်းဒေသကြီးများသို့လည်း သွားရောက်နိုင်သ ည်။

ထိုအပြင် အမ်းမှတဆင့်တောင်ကုတ်၊သံတွဲ၊ဂွ၊စသည့်မြို့နယ်များသို့လည်းသွားရောက်နိုင်ပြီး ဂွမြို့နယ်မှတဆင့်ဧရာဝတီတိုင်းဒေသကြီးသို့သွားရောက်နိုင်သည်။

ထိုကြောင့်ကျောက်တော်မြို့အနီးရှိကစ္စပနဒီတံတားသည် လမ်းပန်ဆက်သွယ်ရေးအတွင်သာမကဘဲ ဒေသဖွံ့ဖြိုရေးအတွက်လည်း အလွန်အရေးပါသည်။

ထိုကျောက်တော်မြို့နံနက်ခင်းတိုင်း ဈေးအတွင်းရှိ ကျောချင်းကပ်ဆိုင်ခန်းငယ်လေးများတွင် လူသုံးကုန်၊ဆေးဝါး၊ပလက်စတစ်ပစ္စည်း၊အချိုရည်နှင့်မုန့်ပဲသရေစာများကို သပ်သပ်ရပ်ရပ် ခင်း

ကျင်းရောင်းချနေကြသလို ကုန်တင်ကု န်ချအလုပ်သမားများ၏အသံများဖြင့်လည်း ဆူညံနေလေ့ရှိသည်။

ထိုကစ္ဆပနဒီတံတားအောက်တွင် တည် ရှိသည့် အိန္ဒိယဈေးသည် အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်မှတင်သွင်းလာသည့် ကုန်စည်များကို အာရက္ခတပ်တော်(AA) ထိန်းချုပ်နယ်မြေအနှံ့ဖြန့်ဖြူးရာအဓိ ကကုန်သွယ်ရေးဗဟိုချက်ဖြစ်သကဲ့သို့ ပုဏ္ဏားကျွန်း၊စစ်တွေ၊မြောက်ဦးနှင့်မ င်းပြားဒေသခံများအတွက် အဓိကအ သက်မွေးဝမ်းကျောင်းပြုရာနေရာလ ည်းဖြစ်ခဲ့သည်။

ထိုကျောက်တော်မြို့နယ်သည် ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အာရက္ခတပ်တော်၏ထိန်းချုပ်မှုအော က်သို့ရောက်ရှိခဲ့ပြီဖြစ်သော်လည်း အာ ဏာသိမ်းစစ်တပ်က လေကြောင်းတိုက် ခိုက်မှုများကို ယနေ့ထိဆက်တိုက်ပြုလု ပ်နေဆဲဖြစ်သည်။

ထိုကဲ့သို့သော စစ်ရေးအခြေအနေများကြားမှာပင် အိန္ဒိယဈေးသည် ဒေသခံများသာမက စစ်ဘေးရှောင်ပြည်သူ များအတွက်ပါ အဓိကမှီခိုအားထားရာ နေရာတခုအဖြစ် ဆက်လက်ရပ်တည်နေခဲ့သည်။

စစ်တွေမြို့နယ်မှရောက်ရှိလာကြသည့် စစ်ဘေးရှောင်များသည် ကယ်ဆယ်ရေးစာရင်းတွင်မပါဝင်သေးသည့်အခါ ရင်းနှီးရာမိတ်ဆွေများထံ မှီခိုနေထိုင်ရင်းဈေးအတွင်း၌ ကြုံရာကျပန်း အလု ပ်လုပ်ကိုင်ကာ စားဝတ်နေရေးကို ဖြေရှင်းကြရသည်။

ထိုဈေးအတွင်း၌ အမျိုးသမီးစစ်ဘေးရှောင်များနှင့်ကလေးလုပ်သားများက အချိုရည်ဖာများ၊မုန့်ဖာများသယ်ပို့ခြ င်း၊ဈေးဆိုင်အရောင်းဝန်ထမ်းလုပ်ကိုင်ခြင်းအပြင် ကြက်သွန်၊ငရုတ်သီး၊ဂျင်းရွေးသည့် နေ့စားအလုပ်များကို လုပ်ကို င်ကြသည်။

သို့သော် ထိုအလုပ်အကိုင်များသည် လုံခြုံမှုမရှိပေ။ထိုအိန္ဒိယစျေးကောင်းကင်ယံတွင်စစ်လေယာဉ်များ ဝဲပျံလာသည့်နေ့များဆိုလျှင် စစ်ဘေးရှောင်များမှာ အပြင်မထွက်ရဲကြဘဲ မြေပြင်တွင်သာ ဝပ်နေကြရသည်ဟု ဆိုကြသည်။

ထိုကျောက်တော်မြို့ရှိ အိန္ဒိယစျေးနှင့်ကစ္ဆပနဒီတံတားအနီးဝန်းကျင်ကို ပြီးခဲ့သည့်စက်တင်ဘာလ ၂၈ ရက်နေ့၊နေ့ လယ် ၁၂ နာရီကျော်အချိန်ခန့်တွင် အာဏာသိမ်းစစ်တပ်ကလေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုကဲ့သို့လေကြောင်းဗုံးကြဲတိုက်ခိုက်နေချိန်တွင် ဒေသခံပြည်သူများ၊ စျေးရောင်းချနေကြသူများ၊စျေးအတွင်းရှိနေကြသူများသည် ကမ္ဘာပျက်သည့်အလား စိုးရိမ်ကြောက်လန့်တုန်လှုပ်ခဲ့ကြရသည်ဟု ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ကြရသူများကဆိုကြသည်။

“ဗုံးကျတဲ့အချိန်မှာ ကျွန်မဆိုင်ထဲမှာ ပစ္စည်းရှင်းနေတာ။ရုတ်တရက် မြေကြီးက လှုပ်သွားပြီး မီးခိုးတွေ ဖုံးသွားတ ယ်။ဘေးနားက လူတွေ အော်ဟစ်နေတာပဲ ကြားရတယ်။”ဟု တိုက်ခိုက်မှုအတွင်းဒဏ်ရာရရှိခဲ့သည့် ဈေးတွင်း အရောင်းဝန်ထမ်းတဦးက ပြန်ပြောပြသည်။

ထိုလေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် လူဦးရေငါးဆယ်သေဆုံးပြီးငါးဆယ်ခုနှစ်ဦးဒဏ်ရာရခဲ့ကြောင့် အာရက္ခတပ်တော်ထုတ်ပြန်သည်။

ထိုအပြင် စျေးအတွင်းစျေးဆိုင်ခန်းများအပါအဝင် စျေးအနီးအနားရှိနေအိ မ်များလည်း ပျက်စီးသွားခဲ့သည်။

အာရက္ခတပ်တော်ပါဝင်သည့်ညီ နောင်မဟာမိတ်သုံးဖွဲ့၏’’၁၀၂၇ စစ်ဆင်ရေး ‘’အဖြစ် အာရက္ခဒေသတွင် ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့ကစတင်ပြီး အာဏာသိမ်းစစ်တပ်၏တပ် စခန်းများကို အာရက္ခတပ်တော်တိုက် ခိုက်သိမ်းပိုက်ခဲ့သည်။

ထိုအာရက္ခအဆုံးအဖြတ်စစ်ပွဲသည် ပြီးခဲ့သည့်နိုဝင်ဘာလ ၁၃ ရက်နေ့တွင် သုံးနှစ်ပြည့်ခဲ့ပြီး အာရက္ခအဆုံးအဖြတ်စ စ်ပွဲတွင် အာရက္ခတပ်တော်သည်ပလက်ဝမြို့နယ်အပါအဝင် တဆယ့်ငါးမြို့န ယ်ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားသည်။

ထိုအပြင် အာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စ ပ်၊အာရက္ခ-အိန္ဒိယနယ်စပ်ကို အပြီးသ တ်ထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားများ ဖော်ဆောင်နေသည်။

ထိုအာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်သည့်နေ့ကစတင်ပြီး အာဏာသိမ်းစစ်တပ်သည် အာရက္ခဒေသရှိကုန်းလမ်း၊ရေလ မ်းအားလုံးကို ပိတ်လိုက်သကဲ့သို့ ကုန်စည်စီးဆင်းမှုအားလုံးကိုလည်း တား ဆီးကန့်ကတ်လိုက်သည်။

ထိုကြောင့် အာရက္ခတပ်တော်အပါအ ဝင်အာရက္ခပြည်သူအားလုံးသည် အိမ် နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်အိန္ဒိယနိုင် ငံ၊မီဇိုရမ်ပြည်နယ်ကို အဓိကအားကိုးအားထားပြုပြီးအခြေခံကုန်ပစ္စည်းများကိုတင်သွင်းနေကြရသည်။

ထိုကဲ့သို့တင်သွင်းနေကြရသည့်အထဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတရားဝင်တင်သွင်းဖို့ခက်ခဲနေကြပြီး အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်ကမူ လူသားချင်းစာနာထောက်ထားမှုအရ နားလည်မှုဖြင့် တရားဝင်သဘောတင်သွင်းခွင့်ရနေကြသည်။

ထိုကုန်စည်များကို မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်မှတဆင့် ချင်းပြည်၊ပလက်ဝကို ခက်ခဲစွာဖြတ်သန်းပြီးကျောက်တော်မြို့ရှိ အိန္ဒိယစျေးသို့ ကုလားတန်မြစ်ကြောင်းအတိုင်းသယ်ယူ

လာကြရသည်။

ထို့ကြောင့် ထိုစျေးကို အိန္ဒိယစျေးဟုဒေသခံများက အလွယ်တကူခေါ်ဝေါ်ကြပြီး ထိုစျေးသည် အာရက္ခတပ်တော်က ကျောက်တော်မြို့ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ပြီးနောက် အာရက္ခတပ်တော်ကစျေးဆိုင်ခန်းအခွန်ကောက်၊ခွင့်ပြုဆောက်ခိုင်းကာ တည်ဆောက်ထားခြင်းဖြစ်သည်။

ထိုကျောက်တော်မြို့နယ်၊ကစ္စပနဒီတံတားအောက်တွင်စီးဆင်းနေသည့်ကုလားတန်မြစ်ခေါ်ကစ္စပနဒီမြစ်သည်အိန္ဒိယနိုင်ငံ၏ကုလားတန်ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိ န်း(Kaladan Multi-Modal Transit Transport Project – KMMTTP)ဖြတ်သန်းရာမြစ်ကြောင်းလည်းဖြစ်သည်။

ထိုစီမံကိန်းသည် အိန္ဒိယနိုင်ငံ၏ကာလကတ္တား(Kolkata)ဆိပ်ကမ်းနှင့်အိန္ဒိယအရှေ့မြောက်ပိုင်းရှိ မီဇိုရမ်ပြည်နယ် (Mizoram)ကို မြန်မာနိုင်ငံ ရခိုင်ပြည်နှင့်ချင်းပြည်မှတဆင့် ရေလမ်း၊ကုန်း လမ်းဖြင့် ချိတ်ဆက်ပေးမည့် အိန္ဒိယ – မြန်မာနှစ်နိုင်ငံပူးတွဲစီမံကိန်းဖြစ်ပါသ ည်။

ထိုစီမံကိန်းကို အိန္ဒိယအစိုးရ၏ငွေ ကြေးထောက်ပံ့မှုဖြင့် ၂၀၀၈ ခုနှစ်တွင် နှစ်နိုင်ငံ သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါပြီးအိန္ဒိယအရှေ့မြောက်ပြည်နယ်များကြား ကုန်စည်စီးဆင်းမှုအ ကွာအဝေးနှင့်အချိန်ကို လျှော့ချရန်ရည်ရွယ်ပါသည်။

ထိုအပြင် ဒေသတွင်းပေါင်းစည်းဆက်သွယ်ရေး၊အိန္ဒိယ၏အရှေ့မျှော်မူဝါဒ (Act East Policy)အရ အရှေ့တောင်အာရှနိုင်ငံများနှင့်စီးပွားရေး၊ကုန်သွယ်ရေးချိတ်ဆက်မှုကို မြှင့်တင်ရန်ဖြစ်သည်။

ထိုစီမံကိန်းတခုလုံးသည်၂၀၂၇ ခုနှစ်တွင် အပြည့်အဝစတင်လည်ပတ်နိုင်ရန် အိန္ဒိယအစိုးရရည်ရွယ်အကောင်အထ ည်ဖော်နေသော်လည်း ရခိုင်ရှိစီမံကိန်းဧရိယာများကို လက်နက်ကိုင်နှစ်ဖွဲ့ကထိန်းချုပ်ထားသည်။

ထိုစီမံကိန်းလမ်းကြောင်း၊ကုလားတန်မြစ်ကြောင်းတလျှောက်ရှိ ပုဏ္ဏားကျွန်းမြို့နယ်၊ကျောက်တော်မြို့နယ်၊ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော်ထိန်းချုပ်ထားသဖြင့် အာရက္ခတပ်တော်ထိ န်းချုပ်နယ်မြေအားလုံးက ဒေသခံပြည်သူများကိုအိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်သို့ ဝင်ထွက်သွားလာကုန်စည်ကူးသန်းခွင့်ပြုထားသည်။

ထိုကဲ့သို့ကုန်စည်စီးဆင်းမှုဗဟိုချက်အိန္ဒိယစျေးတည်ရှိရာကျောက်တော်မြို့နယ်ကို အာဏာသိမ်းစစ်တပ်ကလေ ကြောင်းကင်းထောက်ခြင်း၊လေကြောင်းတိုက်ခိုက်ခြင်းများ မကြာခဏပြုလုပ်နေသည်။

ထိုကျောက်တော်မြို့ပေါ်ရှိ ယခင်စိုက်ပျိုးရေးသိပ္ပံကျောင်းနှင့်အနီးဝန်းကျင်ကို ပြီးခဲ့သည့်နိုဝင်ဘာလ ၁၆ ရက်နေ့၊ ည ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အာဏာသိမ်းစစ်တပ်က တိုက်လေယာဥ်သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် စိုက်ပျိုးရေးသိပ္ပံကျောင်းဆောင်များအားလုံးမှာ လုံးဝပျက်စီးသွားခဲ့ပြီး ကျောင်းအနီးဝန်းကျင်မှ အရပ်သားပြည်သူသုံးဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြသည်။

ထိုကဲ့သို့လေကြောင်းတိုက်ခိုက်မှုများကြောင့် ကျောက်တော်မြို့ခံများအပါအဝင် စစ်ဘေးရှောင်များသည် ကိုယ်စိ တ်နှစ်ပါးစိုးရိမ်ကြောက်လန့်စိတ်များဖြင့် နေ့စဥ်ရှင်သန်နေထိုင်နေကြရသည်ဟု ဆိုကြသည်။

“ဗုံးလာကြဲပြီဆိုရင် အရမ်းစိတ်ထိခိုက်ရပါတယ်။နှလုံးတွေတုန်ပြီး ထမင်းတောင် မစားချင်တော့ပါဘူး။ဒီနေ့ ကို ယ်များ သေသွားမလားဆိုတဲ့ ကြောက်စိတ်နဲ့အိပ်မပျော်တဲ့ရက်တွေ များလာလို့ မျက်တွင်းတွေတောင်ကျနေပါပြီ။” ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ကြံခင်းစစ်ဘေးရှောင်စခန်းမှအသက်လေးဆယ်အရွယ် ကလေးနှစ်ဦးမိခင် ဒေါ်လှမြသိန်းက ပြောသည်။

ထိုကဲ့သို့လေကြောင်းရန်ခြိမ်းခြောက်မှုများကြောင့် စစ်ဘေးရှောင်များသည် စိုးရိမ်လွန်ကဲမှု၊စိတ်ကျရောဂါနှင့် စိတ်ဒဏ်ရာလွန်ဝေဒနာ(PTSD)လက္ခဏာများကိုပါ ရင်ဆိုင်ခံစားနေကြရသည်ဟု စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေကြသူများက ဆိုကြသည်။

ထို့အပြင်စစ်ဘေးရှောင်စခန်းများအတွင်း မိသားစုဆယ်စုလျှင် အိမ်သာတလုံးနှုန်းသာရှိခြင်း၊ရေချိုးခန်းမလုံလော က်ခြင်းနှင့်အမျိုးသမီးလစဉ်သုံးပစ္စည်းများရှားပါးခြင်းတို့ကြောင့် စစ်ဘေးရှောင်အမျိုးသမီးများအတွက် ရှင်သန်ရပ်တည်ရေးအလွန်ခက်ခဲနေကြသည်ဟု စစ်ဘေးရှောင်များက ဆိုကြသည်။

ထိုအပြင် သောက်သုံးရေရှားပါးခြင်းများကြောင့် စစ်ဘေးရှောင်အမျိုးသမီးများသည် နေ့စဥ်ရေချိုးသန့်စင်ရန်အ တွက်အလွန်ခက်ခဲကသည်ဟုလည်း စ စ်ဘေးရှောင်များက ဆိုကြသည်။

“ဒီစခန်းထဲ ရောက်စတုန်းက ရေချိုးဖို့နေရာမရှိလို့ ရေမချိုးဘဲသုံးရက်တောင် နေခဲ့ရပါတယ်။”ဟု စစ်တွေမြို့မှ စစ်ဘေးရှောင်လာသည့်အသက်နှစ်ဆယ်ငါးနှစ်အရွယ် မမြတ်အေးဆွေက ဆိုသည်။

ထိုအပြင်နေ့စဥ်ပုံမှန်ဝင်ငွေမရှိသည့်အတွက် စစ်ဘေးရှောင်အများစုသည် ရွာလမ်းကြားများရှိ ကန်စွန်းရွက်နှင့်မြင်း ခွာရွက်များကို ခူးယူစားသောက်ကြရသကဲ့သို့ ရပ်ရွာအတွင်းခွဲခြားဆက်ဆံခံရမှုများကြောင့် သိမ်ငယ်စိတ်များကိုလည်း ခံစားနေကြရသည်ဟု စစ်ဘေးရှောင်များကဆိုကြသည်။

ထိုစစ်ဘေးရှောင်အများစုသည် စစ်တွေမြို့နယ်မှစစ်ဘေးရှောင်လာကြသူများဖြစ်ကြပြီး စစ်တွေမြို့နယ်အတွင်းတိုက်ပွဲများမကြာခဏဖြစ်ပွားနေသကဲ့ သို့စစ်ရေးတင်းမာမှုများဆက်ရှိနေသဖြင့် နေရပ်မပြန်နိုင်ကြသူများဖြစ်သည်။

ထို့ကြောင့် စစ်တွေမြို့နယ်မှစစ်ဘေးရှောင်လာကြသူများသည် ပုဏ္ဏားကျွန်းမြို့နယ်နှင့်ကျောက်တော်မြို့နယ်တွင်အဆင်ပြေသကဲ့သို့နေထိုင်လုပ်ကိုင်စားသောက်နေကြရပြီး ထိုစစ်ဘေးရှောင်အများစုသည် ကစ္စပနဒီမြစ်ကမ်းဘေးရှိ အိန္ဒိယစျေးကိုသာ အဓိကမှီခိုလုပ်ကိုင်စားသောက်နေကြရသည်ဟု ဆိုကြသည်။

ထိုကဲ့သို့နေ့စဥ်ရုန်းကန်ရှာဖွေစားသောက်နေထိုင်ပြီး အသက်ရှင်ရပ်တည်ရေး

ကြိုးစားနေကြရသော်လည်း ဒေသခံပြည်သူအချို့၏ခွဲခြားဆက်ဆံမှုများကို

ကြုံတွေ့ကြရသည်ဟု စစ်ဘေးရှောင်များက ဆိုကြသည်။

“စစ်ဘေးရှောင်တွေ ရေလာခပ်ရင် မကြိုက်ကြပါဘူး။ကျွန်မတို့ မိသားစုမှာ ဆန်တခုတည်းပဲ ဝယ်စားနိုင်တဲ့အတွက် ခြုံတိုးပြီးဟင်းရွက်တွေခူးတော့လည်း အမြစ်ကနေနှုတ်ပစ်ကြတာတွေ ကြုံဖူးပါတယ်။”ဟု စစ်တွေမြို့န ယ်မှစစ်ဘေးရှောင်လာသည့်အသက်နှစ်ဆယ်ကိုးနှစ်အရွယ် မစောနှင်းနွယ်က ရင်ဖွင့်ပြောပြသည်။

ထိုအာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ကတည်းက နိုင်ငံတကာလူသားချင်းစာနာ

ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့များကို အာဏာသိမ်းစစ်တပ်က တားဆီးကန့်သတ်ထားသဖြင့် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများရှိစစ်ဘေးရှောင်များသည် နိုင်ငံတကာလူ သားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ တရားဝင်မရရှိကြပေ။

ထို့ကြောင့် စစ်ဘေးရှောင်များသည် နေ့စဥ်စားဝတ်နေရေးအလွန်ခက်ခဲနေကြပြီး အသက်ရှင်ရပ်တည်ရေးအတွက် အိန္ဒိယစျေးကို အဓိကမှီခိုလုပ်ကိုင်စားသောက်နေကြရချိန်တွင် အာဏာသိမ်းစစ်တပ်က စစ်ဘေးရှောင်များ၏နေ့စဥ်ဝင်ငွေအသက်ရှင်သန်ရေးကို ဗုံးကြဲဖျက်ဆီးလိုက်သည်။

ထိုစစ်ဘေးရှောင်များကို နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အချို့၊ဒေသခံအရပ်ဖက်အဖွဲ့နှင့်အရ ပ်ဖက်လူမှုကယ်ဆယ်ရေးအဖွဲ့အချို့ကကူညီထောက်ပံ့ပေးကြသော်လည်း ပုံမှန်မရရှိကြသည့်အပြင် ရရှိကြသည့်အ ချိန်တွင်လည်း မလုံလောက်ကြဟု စစ်ဘေးရှောင်များက ဆိုကြသည်။

ထိုအပြင် အာဏာသိမ်းစစ်တပ်က လေကြောင့်ကင်းထောက်ခြင်းများ၊လေကြောင်းတိုက်ခိုက်မှုများ နေ့စဥ်ရက်ဆ က်ပြုလုပ်နေသဖြင့် စစ်ဘေးရှောင်များမကြာခဏအတိုး၊အလျော့ဖြစ်နေကြသဖြင့် စစ်ဘေးရှောင်စခန်းကောက်ယူရာတွင် အပြောင်းအလဲအမြဲဖြစ်နေသည်ဟု စစ်ဘေးရှောင်အရေးကူညီဆော င်ရွက်နေကြသူများကဆိုကြသည်။

ထို့ကြောင့် စစ်ဘေးရှောင်များအား ကူ ညီထောက်ပံ့ပေးကြရာတွင်လည်း စာ ရင်းမတည်ငြိမ်သဖြင့် စစ်ဘေးရှောင်များလည်း ကူညီထောက်ပံ့မှုများမရရှိကြသူများလည်းရှိသည်ဟု ဒေသတွင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ဆိုကြသည်။

“ကယ်ဆယ်ရေးက အိမ်ထောင်စုသုံးရာစာဆိုရင် NGO နဲ့ CSO တွေက စာရင်းအရင်လာကောက်တယ်။ဒါပေမယ့်နောက်တနေ့ကျရင် နောက်ထပ်စစ်ရှောင်တွေ ထပ်ရောက်လာတတ်ပါတယ်။”ဟု ဒေသတွင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသည့်ဝန်ထမ်းတးဦးက ရှင်းပြသည်။

ထိုစစ်ဘေးရှောင်များကို ရက္ခိုင်အမျိုး သားအဖွဲ့ချုပ်(ULA)၏ လူသားချင်းစာ နာထောက်ထားရေးနှင့်ပူးပေါင်းဆောင် ရွက်ရေးရုံး(HDCO)သည် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ ၊အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ပရဟိတအဖွဲ့များနှင့်ပူးပေါင်းပြီး စစ်ဘေးရှောင်ကူညီထောက် ပံ့ရေး၊လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးစသည်တို့ကို ဆောင်ရွက်ပေးနေသည်။

သို့သော်လည်း အာရက္ခတပ်တော်ထိန်း ချုပ်နယ်မြေများတွင် စစ်ဘေးရှောင်များသည် နေ့စဥ်ပုံမှန်ဝင်ငွေရသည့်အ လုပ်အကိုင်များမရှိသည့်အပြင် နေ့စဥ်စားဝတ်နေရေးအတွက် အနီးအနားတွင်ငါးရှာ၊ဟင်းခူးစသည့် တနပ်စာရှာဖွေမှုများပင်ခက်ခဲလာနေပြသည့်ဟု စစ်ဘေးရှောင်များက ဆိုကြသည်။

ထို့ကြောင့် စစ်ဘေးရှောင်များသည် အ သက်ရှင်သန်ရေးအတွက် အရှက်တ ရားကို ဘေးဖယ်ထားကြပြီး စျေးများ၊လမ်းများ၊လူစည်ကားရာနေရာများနှင့်ကျေးရွာများတွင် တောင်းရမ်းစားသောက်နေကြရသည်ဟု ဒေသခံပြည်သူများက ဆိုကြသည်။

ထိုကဲ့သို့အငတ်ဘေးကိုကျော်ဖြတ်ကြဖို့အတွက် အရှက်တရားကိုဘေးဖယ်ထားကြပြီး တောင်းရမ်းစားသောက်ရှင်သန်နေကြသော်လည်း နေ့စဥ်ရက်ဆက်တောင်းရမ်းမရကြသဖြင့် အငတ်ဘေးကိုရင်မဆိုင်နိုင်ကြဘဲ မိမိကိုယ်ကိုသေ ကြောင်းကြံသတ်သေခြင်း၊သတ်သေဖို့ကြိုးစားခြင်းများထိဖြစ်နေကြသည်ဟုအာရက္ခပြည်သူများက ဆိုကြသည်။

ထိုကဲ့သို့ တောင်းရမ်းစားသောက်အသက်ဆက်ဖို့ကြိုးစားနေကြသူများထဲတွင် အာရက္ခတပ်တော်(AA)တပ်ဖွဲဝင်အချို့၏ မိသားစုဝင်များထိပါဝင်နေကြသည်ဟု အာရက္ခပြည်သူများကဆိုကြသည်။

ထိုစစ်ဘေးရှောင်အားလုံးအသက်ရှင်ရပ်တည်ရေးအတွက် အရှက်တရားကို ဘေးထားတောင်းရမ်းစားသောက်နေကြရခြင်းသည် စစ်ပွဲ၊အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှု၊နေရပ်စွန့်ခွာရမှုနှင့်ဝင်ငွေကျဆင်းမှုများပေါင်းစပ်နေသည်ဟု အရပ်ဖက်လူမှုအဖွဲ့အစည်းများက ဆိုကြသည်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများတွင် စစ်ဘေးရှောင်များနှင့်ဒေသခံအချို့သည် ၂၀၂၄ ခုနှစ်ကစတင်ပြီး တောင်းရမ်းစားသောက်နေကြသူများတိုးလာနေသော်လည်း ၂၀၂၆ ခုနှစ်တွင် ပိုများလာသည်ဟု အာရက္ခပြည်သူများက ဆိုကြသည်။

ထိုအထဲတွင်း စစ်ဘေးရှောင်ကလေးများ၊သက်ကြီးရွယ်အိုများအပါအဝင်

အလုပ်အကိုင်အခွင့်အလမ်းများပျောက်ဆုံးသွားသည့် မိသားစုဝင်များလည်းပါဝင်နေကြသည်ဟု အရပ်ဖက်လူမှုကူ ညီရေးအဖွဲ့များက ဆိုကြသည်။

“အရင်ကဆိုရင် ဘယ်လောက်ပဲခက်ခက်ဒီလိုတောင်းစားတာမျိုး လုံးဝမရှိခဲ့ဘူး။ အခုတော့ တနေ့စာဝမ်းဝဖို့အတွက် လမ်းပေါ်ထွက်ပြီး လက်ဖြန့်တောင်းရတဲ့အထိ ဒုက္ခရောက်နေကြရပါပြီ။”ဟု စစ်ရှောင်အရေးကူညီပေးနေသူ အမျိုးသားတဦးက Border News Agency ကို ပြောသည်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများတွင် လက်ရှိကြုံတွေ့နေရသည့် စားဝတ်နေရေးအကျပ်အတည်းသည် အ လုပ်အကိုင်မရှိတာတခုတည်းကြောင့် မဟုတ်ကြောင့် စစ်ဘေးရှောင်များက ဆိုကြသည်။

ထိုကဲ့သို့အလုပ်လုပ်လို့ရသည့် လမ်းကြောင်းများကို စစ်ရေးအခြေအနေများအရ ပိတ်ထားခြင်း၊ကုန်သွယ်ရေးနှင့်သွားလာရေးကန့်သတ်ထားခြင်း၊လုပ်ငန်းများရပ်နားနေရခြင်း၊ရှာဖွေရရှိသည့်ဝင်ငွေက ကုန်ကျစရိတ်ကို မကာမိခြင်းစသည့် ပြဿနာကို ပိုမိုနက်ရှိုင်းစေသည်ဟု စစ်ဘေးရှောင်တွေက ဆိုကြသည်။

“အလုပ်လုပ်ချင်ပေမယ့် လုပ်စရာနေရာလည်းမရှိပါဘူး။သွားလို့လာလို့လည်း မရတော့ပါဘူး။လက်ထဲမှာ ရှိတာလေးတွေကုန်သွားတော့ ငတ်မသေရုံတမယ် ရုန်းကန်နေရတာပါ။”ဟု မြေပုံမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသမီးတဦးက Border News Agency ကို ပြောသည်။

အာရက္ခဒေသတွင် လက်နက်ကိုင်ပဋိပ က္ခများနှင့်အတူ ရေကြီးခြင်း၊မုန်တိုင်းတိုက်ခတ်ခြင်းစသည့် သဘာဝဘေးမျာကိုလည်း ရင်ဆိုင်နေကြရသည်ဟု အာရက္ခပြည်သူများက ဆိုကြသည်။

(အာရက္ခတပ်တော် ၁၅ နှစ်ပြည့်၊တပ်မှူးချုပ်၊ဗိုလ်ချုပ်ထွန်းမြတ်နိုင်သဝဏ် လွှာ)

အာရက္ခတပ်တော်(AA)တည်ထောင်သည့်ဧပြီလ ၁၀ ရက်၊၂၀၂၄ ခုနှစ်၊၁၅ နှစ်မြောက်၊တပ်တော်နေ့တွင် အာရက္ခတပ်တော်၊တပ်မှူးချုပ်၊ဗိုလ်ချုပ်ထွန်းမြတ်နိုင်သဝဏ်လွှာပေးပို့ခဲ့သည်။

ထိုသဝဏ်လွှာတွင် ‘’စစ်တွေ၊ကျောက်ဖြူတို့ကဲ့သို့ ရန်သူထိန်းချုပ်နယ်မြေမှာ ပိတ်မိနေတဲ့ ပြည်သူများအနေနဲ့အဆင် ပြေရင်ပြေသလိုနည်းလမ်းအမျိုးမျိုးနဲ့ မကြာခင်အချိန်တခုအတွင်းမှာ လွတ်မြောက်နယ်မြေများမှာ လာရောက်နေ ထိုင်ကြဖို့ အကြံပြုလိုပါတယ်။အဆုံးအဖြတ်တိုက်ပွဲကြီးအတွက် ပြင်ဆင်စရာများကိုပြင်ဆင်ရပါမည်။’’ဟု သ တိပေးတိုက်တွန်းခဲ့ဖူးသည်။

ထို့နောက် စစ်တွေမြို့နယ်နှင့်ကျောက် ဖြူမြို့နယ်မှဒေသခံပြည်သူအများအပြားသည် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများအပါအဝင် အခြားဒေသများသို့ အမြန်ထွက်ခွာခဲ့ကြသည်။

ထိုစစ်တွေမြို့နယ်မှစစ်ဘေးရှောင်လာကြသူများသည် ပုဏ္ဏားကျွန်းမြို့နယ်နှင့်ကျောက်တော်မြို့နယ်တွင် အဆင်ပြေသလို စစ်ဘေးရှောင်နေကြသော်လည်းနေ့စဥ်စားဝတ်နေရေးအလွန်ခက်ခဲနေကြသဖြင့် ထိုအိန္ဒိယစျေးကို အဓိကမီခိုရပ်တည်နေခဲ့ရကြသည်ဟု ဆိုကြသည်။

ထိုတပ်တော်နေ့သဝဏ်လွှာတွင် ‘’ကျွန်ု ပ်တို့ ရခိုင်ပြည်စစ်မြေပြင်တွင် အာရက္ခတပ်တော်နှင့် စစ်တပ်အချင်းချင်း မယှဉ်နိုင်သည့်အခြေအနေတွင် အကြမ်းဖက်နည်းလမ်းများအပါအဝင် လူမဆန်ယုတ်ညံ့သောနည်းလမ်းပေါင်းစုံနှင့် ထောင့်ပေါင်းစုံက စစ်မျက်နှာဖွင့်ပြီး အလုံးစုံပျက်သုဉ်းရေးအတွက် တိုက်ခိုက်လျက်ရှိပါသည်။’’

၁။ ရခိုင်ပြည်သူများ အထွေထွေအကျပ်အတည်းနှင့် အငတ်ဘေးဆိုက်အောင် ကုန်း၊ ရေ၊ လေ ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်းများ အားလုံးကို ဖြတ်တောက်ပိတ်ဆို့ထားခြင်း၊

၂။ အပြစ်မဲ့လူထု အဆောက်အအုံများဖြစ်သည့် ကျောင်း၊ ဆေးရုံ၊ သာသနိကအဆောက်အအုံ၊ လမ်းတံတား၊ လူနေရပ်ကွက်၊ ဈေးများကို ရည်ရွယ်ချက်ရှိရှိ အမြောက်ကြီးများ၊ ဒုံးကျည်များနှင့် ပြောင်ပြောင်တင်းတင်း အကြမ်းဖက်တိုက်ခိုက်ခြင်း၊ အပြစ်မဲ့အရပ်သားပြည်သူများကို ဥပဒေမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်း၊

၃။ ဈေးများ၊ ဈေးဆိုင်များကို မီးတိုက်ဖျက်ဆီးပြီး အရပ်သားပိုင်နေအိမ်များကို ဖောက်ထွင်းခိုးယူလုယက်ခြင်း၊ သတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှုကြီးများနဲ့ လူသားမျိုးနွယ်ကို ပြစ်မှုကျူးလွန်ခြင်းများကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ လူမျိုးရေးအမုန်းတရားများနှင့် ကျူးလွန်နေခြင်း၊

၄။ ရခိုင်လူထုကို အများအပြားထိခိုက်ပျက်စီးလိုတဲ့ ယုတ်ညံ့တဲ့ရည်ရွယ်ချက်များနှင့် စစ်တွေ၊ ကျောက်ဖြူတို့ကဲ့သို့ အဓိကကျတဲ့ မြို့များမှာ ပြည်သူများကို အတင်းအဓမ္မ ပိတ်လှောင်ပြီး အာရက္ခတပ်တော်ကို စစ်မြှူခေါ်သွင်းကာ အများပြည်သူနေထိုင်သည့် မြို့ရွာလူထုများကြားမှာ စစ်မြေပြင်ဖန်တီးဖို့အတွက် ပရိယာယ်အမျိုးမျိုးနှင့် လုပ်ဆောင်လာနေသည်ကို တွေ့မြင်နေရခြင်း၊

၅။ စစ်ကောင်စီတပ်များ တိုက်ပွဲများမှာ ရှုံးနိမ့်ပြီး သူတို့ထိန်းချုပ်မှုအောက်မှာ မရှိတော့တဲ့ မြို့ရွာများကို လေကြောင်းတိုက်ခိုက်မှုများ၊ဗုံးကြဲဖျက်ဆီးသတ် ဖြတ်မှုများကို ဆက်တိုက်ကျူးလွန်ခြင်း၊

၆။ အာရက္ခဒေသအတွင်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပေါ်လာဖို့အတွက် ARSA ၊ ARA များနှင့်ဒေသခံအစွန်းရောက်စစ်သွီးကြွများကို စစ်သင်တန်းပေး လက်နက်တပ်ဆင်ပြီး ပြဿနာများကို ပိုမိုရှုပ်ထွေးလာအောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးလျက်ရှိပါသည်။

ဖက်ဆစ်စစ်ကောင်စီသည် ရခိုင်ဒေသကို “လူမကျန်လျှင်ပင် မြေကျန်ရမည်” အလုံးစုံပျက်သုဉ်းရေးမူဝါဒကို ချမှတ်ပြီး လုပ်ဆောင်နေပါသည်။

ရခိုင်ပြည်တွင်းသာမက ရခိုင်ပြည်ပြင်ပ ရန်ကုန်၊ မန္တလေးနှင့် တခြားဒေသများမှာပါ ၁၁/ မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ ရခိုင်လူမျိုးများကို လူမျိုးရေးခွဲခြားကာ ကန့်သတ်ချုပ်ချယ်ခြင်း၊ဥပ ဒေမဲ့ဖမ်းဆီးချုပ်နှောင်ခြင်း၊အာဏာပြငွေညှစ်ခြင်းနှင့်သတ်ဖြတ်ဖျောက်ဖျ က်ခြင်းများကိုပါ လုပ်ဆောင်လာပါသ ည်။

ကျွန်ုပ်တို့ အာရက္ခတပ်တော်သည် ဤမတရားမှုများကို လုံးဝသည်းခံသွားမည်မဟုတ်။ လက်တုံ့ပြန်ဆောင်ရွက်သွားမည်။ စစ်ရေးအရပြင်းထန်စွာ ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်သကဲ့သို့ စစ်ရာဇဝတ်ကောင်များကို နည်းလမ်းအမျိုးမျိုးနှင့် ဖမ်းဆီးအရေးယူကာ နစ်နာဆုံးရှုံးခံရသည့် ပြည်သူများအတွက် တရားမျှတမှုများရှိအောင် ပြတ်ပြတ်သားသား လုပ်ဆောင်သွားမည်ဖြစ်သည်။’’ဟု တပ်မှူးချုပ်၊ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။

ထိုအာရက္ခအဆုံးအဖြတ်စစ်ပွဲ သုံးနှစ်ကျော်လာသော်လည်း အာရက္ခဒေသရှိကုန်းလမ်း၊ရေလမ်းအားလုံးကို အာဏာ သိမ်းစစ်တပ်က တားဆီးကန့်သတ်ပိတ်ဆို့ထားသကဲ့သို့ ကုန်စည်စီးဆင်းမှုအားလုံးကိုလည်း တားမြစ်ပိတ်ဆို့ထားဆဲဖြစ်သည်။

ထို့ကြောင့် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများတွင် အခြေခံစားသောက်ကုန်များဈေးအဆမတန်ကြီးလာခဲ့ပြီးစစ်ဘေးရှောင်များအပါအဝင် အခြေခံလူတန်းစားများသည် ငတ်မသေရုံကာစားသောက်ရှင်သန်နေကြရသည်ဟု ဆိုကြသည်။

ထိုအပြင် ကုန်ပစ္စည်းအားလုံးဈေးကြီးလာချိန်တွင် ပုံမှန်ဝင်ငွေမရှိသည့်စစ်ဘေးရှောင်များအပါအဝင်အခြေခံလူ တန်းစားမိသားစုများသည် တနေ့တာစားသောက်ရေးကိုတောင် မနည်းဖြေရှင်းနေကြရသည်ဟု အာရက္ခပြည်သူ များက ဆိုကြသည်။

ထိုကဲ့သို့ကုန်ဈေးနှုန်းများ မြင့်တက်လာပြီး အလုပ်အကိုင်အလွန်ရှားပါးလာသည့်အတွက် စစ်ဘေးရှောင်များအပါ အဝင်အခြေခံလူတန်းစားများသည်ရွေးချယ်စရာနည်းလာပြီး “ငတ်မသေဖို့”တောင်းရမ်းစားသောက် အသက်ဆက်နေကြရသောအခြေအနေထိ ရောက်လာကြသည်ဟူ အာရက္ခပြည်သူများက ဆိုကြသည်။

ထို့ကြောင့် ကုန်စည်ပြတ်လပ်မှု၊ကုန်ဈေးနှုန်းမြင့်တက်မှုနှင့်အလုပ်အကိုင်ရှားပါးမှုများက ပြည်နယ်တဝှမ်းလုံးတွင် ဆက်တိုက်တိုးလာနေသည်ဟု အာရက္ခပြည်သူများကဆိုကြသည်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမဖြစ်ခင်က ဒေသခံအများအပြားသည် ငါးဖမ်းလုပ်ငန်း၊ပုဇွန်လုပ်ငန်း၊ငါးဒိုင်၊ပုဇွန်ဒိုင်နှင့် ရေခဲစက်ရုံများကို မှီခိုစားသောက်ခဲ့ကြသည်ဟု အာရက္ခပြည်သူများက ဆိုကြသည်။

လက်ရှိစစ်ရေးအခြေအနေ၊လုံခြုံရေးအန္တရာယ်များနှင့်သွားလာရေးကန့်သတ်ချက်များကြောင့် ထိုလုပ်ငန်းများရပ် နားသွားခြင်း၊ပုံမှန်မလည်ပတ်နိုင်ခြင်းများဖြစ်နေသည်ဟုလည်း အာရက္ခပြည်သူများက ဆိုကြသည်။

ထို့ကြောင့် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများတွင် တောင်းရမ်းစားသောက်သူဦးရေ ယခင်ကထက်နှစ်ဆခန့်တိုးလာသည်ဟု လူမှုကူညီရေးလုပ်ကိုင်သူများက ဆိုကြသည်။

(အာရက္ခတပ်တော် ၁၅ နှစ်ပြည့်၊တပ်မှူးချုပ်၊ဗိုလ်ချုပ်ထွန်းမြတ်နိုင်သဝဏ်လွှာ)

ထိုစစ်ဘေးရှောင်များကို စားနပ်ရိက္ခာထောက်ပံ့မှုနှင့်လူမှုကူညီရေးလုပ်ငန်းများရှိနေသော်လည်း လိုအပ်ချက်နှင့်နှိုင်းယှဉ်ပါက မလုံလောက်ကြဟုလည်း စစ်ဘေးရှောင်အရေးကူညီဆောင်

ရွက်ပေးနေကြသူများက ဆိုကြသည်။

ထိုကဲ့သို့ နေ့စဉ်လိုအပ်ချက်များက များများလာပြီး ထောက်ပံ့မှုများက အချိန်နှင့်အရေအတွက်အရမတည်ငြိမ်သည့်အ ခါမိသားစုအချို့အတွက် တောင်းရမ်းခြင်းကခဏတာအဖြေဖြစ်လာသော်လည်း အာဏာသိမ်းစစ်တပ် လေကြောင်းရန်ကို အချိန်တိုင်းစိုးရိမ်နေကြရသည်ဟု အာရက္ခပြည်သူများကဆိုကြသည်။

“စစ်ရှောင်တွေကို ထောက်ပံ့တာတွေရှိပေမဲ့ မလုံလောက်ပါဘူး။တချို့ရက်တွေဆို ဘာမှမရတဲ့အတွက် မိသားစုစားဝတ်နေရေးအတွက် တောင်းရမ်းရတဲ့အထိဖြစ်လာတာပါ။”ဟု စစ်ရှောင်အရေးကူညီနေသူတဦးက ပြောသည်။

ထို့ကြောင့်ကျေးရွာများတွင်အလုပ်အကိုင်နည်းပါးလာသည့်အတွက် စစ်ဘေးရှောင်မိသားစုအချို့သည် အလုပ်အခွ င့်အလမ်းပိုရှိမယ်ထင်သောမြို့ပေါ်ကို ပြောင်းရွှေ့လာကြသည်ဟု စစ်ဘေးရှောင်များကဆိုကြသည်။

သို့သော်လည်း အာဏာသိမ်းစစ်တပ်က လေကြောင်းကင်းထောက်ခြင်း၊လေ

ကြောင်းတိုက်ခိုက်ခြင်းများနေ့စဥ် ပြုလုပ်နေသဖြင့် စစ်ဘေးရှောင်များအပါအဝင် ဒေသခံပြည်သူများနေ့စဥ်ပုံမှန်အလုပ်လုပ်ရန်အလွန်ခက်ခဲနေကြသည်ဟု ဆိုကြသည်။

ထို့ကြောင့် အာဏာသိမ်းစစ်တပ်၏လေတပ်သည် အရပ်သားပစ်မှတ်များကိုခွဲခြားမှုမရှိဘဲ တိုက်ခိုက်နေခြင်းမှာ စစ်ရာဇဝတ်မှုမြောက်ကြောင်း ၂၀၂၆ ခုနှစ်၊စက်တင်ဘာလ ၂၂ ရက်နေ့တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA )က ရှုတ်ချထုတ်ပြန်ခဲ့သည်။

သို့သော် ထိုထုတ်ပြန်ချက် ထွက်ပေါ်ပြီး ခြောက်ရက်အကြာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် အိန္ဒိယဈေးသည် လေကြောင်းတိုက်ခိုက်မှု၏ပစ်မှတ်ဖြစ်လာခဲ့ပြီး အာဏာသိမ်းစစ်တပ်၏လေယာ ဉ်တစီးက ဈေးအလယ်ပိုင်းနှင့် မြစ်ကမ်းနားရှိ ကုန်တင်ကုန်ချပြုလုပ်နေသည့် နေရာတို့ကိုပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုနေ့မှစ၍ စည်ကားခဲ့သော ကျောက်တော်မြို့သည် လူသူကင်းမဲ့သည့် မြို့ပျက်တစ်မြို့သဖွယ် ခြောက်ကပ်သွားခဲ့ပြီး အိန္ဒိယဈေး ပိတ်လိုက်ရပြီးနောက် စစ်ဘေးရှောင်များ၊သုံးဘီးယာဉ် မောင်းများ၊ စက်လှေသမားများနှင့် ဈေးသည်များ အလုပ်လက်မဲ့ဖြစ်သွားကြကာ ယခင်နှစ်ကကျပ်ရှစ်သောင်းကျော်မှ ကိုးသောင်းဝန်းကျင်သာရှိခဲ့သည့် ဆန်တအိတ်ဈေးမှာလည်း နှစ်ဆနီးပါးထိခုန်တက်သွားခဲ့သည်ဟု ကျောက်တော်ဒေသခံများကဆိုကြသည်။

ဤတိုက်ခိုက်မှုသည် ကျောက်တော်တမြို့တည်းကိုသာမက ရခိုင်ပြည်တခုလုံး၏ ကုန်သွယ်ရေးလမ်းကြောင်းကိုပါ ပြင်းထန်စွာထိခိုက်စေခဲ့ပြီး ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလထိ ဈေးကိုလုံးဝနီးပါးပိတ်ထားဆဲဖြစ်သဖြင့် အချို့ဆိုင်ခန်းပိုင်ရှင်များက နေအိမ်များတွင် ဆိုင်ခန်းနံပါတ်များ ချိတ်ဆွဲရောင်းချခြင်းနှင့် အင်တာနက်၊ မော်တော်စက်လှေများမှတဆင့် မှာယူပို့ဆောင်ခြင်းတို့ဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေကြရသည်။

“ဗုံးမကျခင်က ကျွန်မယောက်ျားက အိန္ဒိယဈေးမှာ ပျံကျအလုပ်လုပ်ပါတယ်။ ကလေးတွေလည်း ကျောင်းတက်ရပါတယ်။ အခုတော့ကျွန်မလည်းကျန်းမာရေးမကောင်းဘူး။ဈေးပြန်ဖွင့်မယ်ဆိုရင်တော့ ပျော်တာပေါ့။” ဟု ကျောက်တော်မြို့နယ်မှ အိမ်ထောင်ရှင် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။

ULA/AA အနေဖြင့် အာဏာသိမ်းစစ်တပ်၏ အရပ်သားပစ်မှတ်တိုက်ခိုက်မှုများကို ဆက်လက်ရှုတ်ချထားသော်လည်း လက်ရှိအချိန်ထိ အိန္ဒိယဈေးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တိကျသည့်အစီအစဉ်မရှိသေးဟုစျေးဆိုင်ပိုင်ရှင်များက ဆိုကြသည်။

ထို့ကြောင့် စစ်ဘေးရှောင်များသည် ပြည်ပရောက် သားသမီးများ၏ထောက်ပံ့ငွေ၊ထင်းခြွေရောင်းချသည့်အလုပ်နှင့် ကယ်ဆယ်ရေးအထောက်အပံ့များကိုမျှော်ကိုးရင်း တချိန်ကမိမိတို့၏အစာအိမ်ကို ဖြည့်တင်းပေးခဲ့သည့် ထိုဈေးကလေးပြန်လည်အသက်ဝင်လာမည့်နေ့ကိုသာ နောက်ဆုံးမျှော်လင့်ချက်အဖြစ် စောင့်မျှော်နေကြဆဲဖြစ်သည်။

အာဏာသိမ်းစစ်တပ်သည် ကစ္စပနဒီတံတားအောက်ရှိ အာရက္ခတပ်တော်(AA)၏စစ်ဆေးရေးမောင်းတံဂိတ်ကို ပစ်မှ တ်ထားတိုက်ခိုက်ခြင်းဖြစ်ချင်ဖြစ်နိုင်သော်လည်း အာရက္ခတပ်တော်တပ်ဖွဲ့ဝင် အင်အားဆယ်ဦးကျော်ထက်အလွန်ပိုလွန်းသည့် စစ်ဘေးရှောင်များအပါအဝင် အရပ်သားပြည်သူထောင်ပေါင်းများစွာ၏အစာအိမ်ကိုကာ ထိမှန်ပေါက်ကွဲစေခဲ့သည်မှာ အမှန်သာဖြစ်တော့သည်။

PrevPreviousမြန်မာအခြေစိုက်အွန်လိုင်းလိမ်လည်မှုကွန်ရက်နဲ့ ဆက်နွှယ်တဲ့ငွေလဲလှယ်ရေးလုပ်ငန်းကို ထိုင်းရဲဖမ်းဆီး
Previous Post

မြန်မာအခြေစိုက်အွန်လိုင်းလိမ်လည်မှုကွန်ရက်နဲ့ ဆက်နွှယ်တဲ့ငွေလဲလှယ်ရေးလုပ်ငန်းကို ထိုင်းရဲဖမ်းဆီး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ-ALP

ICJ ဆုံးဖြတ်ချက်မှာ ရခိုင်နဲ့ ဟိန္ဒူတွေသတ်ဖြတ်ခံရမှုကို ထည့်သွင်းစဉ်းစားဖို့ ပျက်ကွက်ခဲ့တယ်လို့ ALP ဆို

November 23, 2026

“အာရက္ခဒေသရဲ့အနာဂတ်ဟာ ရခိုင်လူမျိုးတမျိုးတည်းရဲ့ အနာဂတ်မဟုတ်ပါဘူး။ဒီဒေသမှာ အတူနေထိုင်ကြတဲ့ လူမျိုးစုအားလုံးရဲ့ အနာဂတ်ဖြစ်ပါတယ်။”

November 23, 2026

အာရက္ခတက္ကသိုလ်မှာ အင်္ဂလိပ်စာသင် ဘွဲ့လွန်ဒီပလိုမာသင်တန်းခေါ်နေ

November 23, 2026

ကုလသမဂ္ဂလုံခြုံရေးကောင်စီထဲက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး – ၂

November 23, 2026

ဝီရဌာနီနဲ့ မြောက်ဦးကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားလေးဦးသေဆုံးပြီး ဆယ့်သုံးဦးဒဏ်ရာရ

သဝင်ချောင်းကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတွေဒဏ်ရာရပြီး နေအိမ်တွေပျက်စီး

နန်းတက်ကျွန်းရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတွေ သေဆုံးဒဏ်ရာရ

ICJ စီရင်ချက်နဲ့ပတ်သက်လို့ ULA/AA အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ SCEF ဆို

ဘင်္ဂလားဒေ့ရှ် တပ်မတော်နေ့အခမ်းအနား

ICJ စီရင်ချက်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ကို AFP ထောက်ခံ

Releated Post

​ဓာတ်ပုံ - AA Info Desk

ဝီရဌာနီနဲ့ မြောက်ဦးကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားလေးဦးသေဆုံးပြီး ဆယ့်သုံးဦးဒဏ်ရာရ

November 23, 2026
​ဓာတ်ပုံ - AA Info Desk

သဝင်ချောင်းကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတွေဒဏ်ရာရပြီး နေအိမ်တွေပျက်စီး

November 23, 2026
​ဓာတ်ပုံ - AA Info Desk

နန်းတက်ကျွန်းရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတွေ သေဆုံးဒဏ်ရာရ

November 23, 2026
ဓာတ်ပုံ-AA

ICJ စီရင်ချက်နဲ့ပတ်သက်လို့ ULA/AA အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ SCEF ဆို

November 22, 2026
​ဓာတ်ပုံ - Bangladesh Army

ဘင်္ဂလားဒေ့ရှ် တပ်မတော်နေ့အခမ်းအနား

November 22, 2026
ဓာတ်ပုံ-AFP

ICJ စီရင်ချက်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ကို AFP ထောက်ခံ

November 22, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page