Border News Agency
ဝီရဌာနီ၊ နိုဝင်ဘာ ၂၃။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ဝီရဌာနီမြို့နယ်၊နန်းတက်ကျွန်းကျေးရွာကို နိုဝင်ဘာလ ၂၂ ရက်၊မနက် ၈ နာရီခွဲအချိန်မှာ အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတွေသေဆုံးဒဏ်ရာ ရရှိခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းက အဆောက်အအုံတွေပျက်စီးပြီး မြေပြင်မှာ ဗုံးကျင်းကြီးတွေဖြစ်ပေါ်ခဲ့သလို သေဆုံးဒဏ်ရာရသူတွေရှိခဲ့တာကို မှတ်တမ်းဓာတ်ပုံတွေမှာ တွေ့ရပါတယ်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေက အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ထိခိုက်သေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာပါ။


















