Border News Agency
ဝီရဌာနီ၊ နိုဝင်ဘာ ၂၃။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဝီရဌာနီမြို့နယ်၊ သဝင်ချောင်းကျေးရွာကို နိုဝင်ဘာလ ၂၀ ရက်၊ည ၁၂ နာရီအချိန်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတွေဒဏ်ရာရပြီး နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းက နေအိမ်အဆောက်အအုံတွေထိခိုက်ပျက်စီးခဲ့သလို မြေပြင်မှာလည်း ဗုံးကျင်းကြီးတွေနဲ့ ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တာကို မှတ်တမ်းဓာတ်ပုံတွေမှာတွေ့ရပါတယ်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထိန်းချုပ်နယ်မြေက အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ထိခိုက်ပျက်စီးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာပါ။


















