မြေပုံမြို့နယ်မှာ ကားမှောက်လို့ တဦးသေပြီးတဦးဒဏ်ရာရ
Border News Agencyမြေပုံ၊ အောက်တိုဘာ ၂၂။ မြေပုံမြို့နယ်မှာ ကားမှောက်လို့ တဦးသေဆုံးပြီးတဦးဒဏ်ရာရရှိသွားတယ်လို့ မြေပုံဒေသခံတွေက ဆိုကြပါတယ်။ အဲဒီကားမှောက်မှုကြောင့် မင်းပြားမြို့ နယ်၊ မေလွမ်းကျေးရွာက အသက်နှစ်ဆယ့်နှစ်နှစ်အရွယ် ကိုမျိုးချစ်အောင်သေသွားပြီး ကျောက်တော်မြို့နယ်၊ ပြောင်းဆိပ်ကျေးရွာက အသက်နှစ်ဆယ့်သုံးနှစ်အရွယ် ကိုမင်းမင်းဒဏ်ရာရသွားပါတယ်။...




