အာရက္ခဒေသမှာ အခြေခံစားသောက် ကုန်တွေ စျေးတက်နေ
Border News Agencyမြောက်ဦး၊ ဇူလိုင် ၆။ အာရက္ခဒေသသို့ ကုန်စည်တွေတင်သွင်းရာလမ်းကြောင်းတလျှောက်လမ်းပိုင်းတချို့ပျက်နေလို့ စက်သုံးဆီတွေ၊အခြေခံစားသောက်ကုန်တွေစျေးတက် နေတယ်လို့ ကုန်သည်တွေ၊ပြည်သူတွေက ဆိုကြပါတယ်။ အဲဒီကုန်စည်တွေ၊ ဆေးဝါးတွေကို အိမ်နီးချင်းနိုင်ငံတွေ၊အိမ်နီးချင်းဒေသတွေကတဆင့် တင်သွင်းသယ်ယူနေကြရတာပါ။ အဲဒီလမ်းကြောင်းတလျှောက်ကားလ မ်းပိုင်းတချို့ ပျက်နေတာမို့ ဈေးပိုတက်သွားတာလို့ ကုန်သည်တွေက...









