ဒေလီဆန္ဒပြပွဲမှာ သတင်းထောက်တဦးကျည်ထိမှန်
Border News Agencyအိန္ဒိယ၊ဇူလိုင် ၂၅။ အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့မှာ ပြုလုပ်ခဲ့တဲ့စာမေးပွဲမသမာမှုဆန့်ကျင်ရေးဆန္ဒပြပွဲအတွင်း Outlook သတင်းဌာနမှ အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ် အားကစားသတင်းထောက်တဦး ပလတ်စတစ်ကျည် ထိမှန်လို့ ဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီသတင်းထောက်ဟာ ဇူလိုင်လ ၂၀ ရက်နေ့က Chalo Sansad ဆန္ဒပြပွဲမှာ...









